< တောလည်ရာ 19 >
1 ၁ ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့ မှတစ်ဆင့်၊
And Yahweh spake unto Moses and unto Aaron, saying:
2 ၂ ဣသရေလအမျိုးသားတို့အား အောက်ဖော် ပြပါပညတ်များကိုပြဋ္ဌာန်းပေးတော်မူ၏။ ဣသရေလအမျိုးသားတို့သည် အပြစ် အနာကင်း၍ထမ်းပိုးမတင်ရသေးသော နွားနီမတစ်ကောင်ကို၊-
This, is the statute of the law, which Yahweh hath commanded, saying, —Speak unto the sons of Israel—That they bring unto thee a red heifer, without defect wherein is no blemish, and whereupon hath come no yoke.
3 ၃ ယဇ်ပုရောဟိတ်ဧလာဇာထံသို့ယူဆောင်ခဲ့ ရသည်။ နွားကိုစခန်းအပြင်သို့ထုတ်၍ ယဇ်ပုရောဟိတ်၏ရှေ့မှောက်တွင်သတ်ရမည်။-
Then shall ye give her unto Eleazar the priest, and he shall take her forth unto the outside of the camp, and she shall be slain before him;
4 ၄ ဧလာဇာသည်သွေးကိုလက်ချောင်းဖြင့်တို့၍ တဲတော်ရှိရာဘက်ခုနစ်ကြိမ်ဖျန်းရမည်။-
and Eleazar the priest shall take of her blood with his finger, —and shall sprinkle towards the front of the tent of meeting: of her blood, seven times;
5 ၅ နွား၏အရေ၊ အသား၊ သွေးနှင့်အူမှစ၍တစ် ကောင်လုံးကို ယဇ်ပုရောဟိတ်ရှေ့တွင်မီးရှို့ ရမည်။-
and the heifer shall be burned up before his eyes, —her skin, and her flesh, and her blood, with her dung shall be burned up.
6 ၆ ထိုနောက်သူသည်အကာရှသစ်သား၊ ဟုဿုပ် ညွန့်နှင့်ချည်ကြိုးအနီတို့ကိုမီးပုံထဲသို့ ပစ်ချရမည်။-
Then shall the priest take cedar-wood and hyssop and crimson, —and cast into the midst of the burning up of the heifer.
7 ၇ ထို့နောက်သူသည်မိမိအဝတ်များကိုဖွပ် လျှော်၍ ရေချိုးပြီးလျှင်စခန်းတွင်းသို့ဝင် နိုင်သည်။ သို့ရာတွင်ဘာသာရေးထုံးနည်း အရ သူသည်ညနေခင်းသို့တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။-
And the priest shall wash his clothes and bathe his flesh in water, and afterwards come into the camp, —but the priest shall be unclean until the evening,
8 ၈ နွားမကိုမီးရှို့သောသူသည်လည်း မိမိ အဝတ်များကိုဖွပ်လျှော်၍ရေချိုးရမည်။ သူသည်လည်းညနေခင်းသို့တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။-
And, he that burneth her, shall wash his clothes in water, and bathe his flesh in water, —and be unclean until the evening,
9 ၉ ထိုနောက်ဘာသာရေးထုံးနည်းအရသန့်စင် သူတစ်ဦးက နွားမ၏ပြာကိုစုသိမ်း၍ စခန်းအပြင်ဘက်ရှိဘာသာရေးထုံးနည်း အရ သန့်သောနေရာတွင်ထားရမည်။ ဣသ ရေလအမျိုးသားတို့သည်ဘာသာရေး ထုံးနည်းအရ မသန့်စင်မှုကိုသန့်စင်စေမည့် ရေကိုဖော်စပ်ရာ၌ထိုပြာကိုအသုံးပြု ရမည်။ ဤဝတ်သည်အပြစ်ကင်းစေရန်ပြု သောဝတ်ဖြစ်သည်။-
Then shall a man that is clean gather up the ashes of the heifer, and put them by, outside the camp, in a clean place, —so shall they be for the assembly of the sons of Israel to keep for water of separation it is a taking away of sin.
10 ၁၀ နွားမ၏ပြာကိုစုသိမ်းသူသည်မိမိအဝတ် များကိုဖွပ်လျှော်ရမည်။ သူသည်လည်းည နေခင်းသို့တိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။ ဣသရေလအမျိုးသားတို့နှင့်တကွသူတို့ နှင့်အတူနေထိုင်သောလူမျိုးခြားများသည် ဤပညတ်ကိုအစဉ်အမြဲစောင့်ထိန်းရမည်။
Then shall he that gathered up the ashes wash his clothes, and be unclean until the evening, —so shall it be for the sons of Israel and for the sojourner that sojourneth in your midst by a statute age-abiding.
11 ၁၁ လူသေကောင်ကိုကိုင်တွယ်မိသူသည်ဘာသာ ရေးထုံးနည်းအရ ခုနစ်ရက်တိုင်အောင်မသန့် စင်ဘဲရှိလိမ့်မည်။-
He that toucheth the dead, even any human person, shall be unclean seven days.
12 ၁၂ သူသည်တတိယနေ့နှင့်သတ္တမနေ့များ တွင်သန့်စင်ခြင်းဝတ်ဆိုင်ရာရေဖြင့် မိမိ ကိုယ်ကိုသန့်စင်စေရမည်။ ထိုနောက်သူ သည်သန့်စင်လာလိမ့်မည်။ တတိယနေ့ နှင့်သတ္တမနေ့များတွင်သန့်စင်မှုမပြု လျှင် သူသည်သန့်စင်လိမ့်မည်မဟုတ်။-
He, shall cleanse himself from sin therewith on the third day, then on the seventh day, shall he be clean, —but if he cleanse not himself from sin on the third day, then on the seventh day, shall he not be clean,
13 ၁၃ လူသေကောင်ကိုကိုင်တွယ်မိသောသူသည် သန့်စင်ခြင်းဝတ်ဆိုင်ရာရေကိုကိုယ်ပေါ်သို့ ပက်၍ သန့်စင်မှုမပြုလျှင်မသန့်စင်ဘဲရှိ နေလိမ့်မည်။ ထိုသူသည်ထာဝရဘုရား၏ တဲတော်ကိုညစ်ညမ်းစေသဖြင့် ဘုရားသခင် ၏လူမျိုးတော်မှထုတ်ပယ်ခြင်းခံရမည်။
Whosoever toucheth the dead the person of the human being that dieth and doth not cleanse himself from sin, the habitation of Yahweh, hath he made unclean; that person therefore shall be cut off out of Israel, —because, the water of separation, was not dashed upon him, unclean, shall he be, his uncleanness is yet upon him.
14 ၁၄ တဲထဲတွင်လူတစ်ယောက်ယောက်သေဆုံးခဲ့ လျှင် ထိုအချိန်တွင်တဲတွင်း၌ရှိသောသူ နှင့်တဲထဲသို့ဝင်လာသောသူသည် ဘာသာ ရေးထုံးနည်းအရခုနစ်ရက်တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။-
This, is the law—When, a human being, shall die in a tent, every one who goeth into the tent and every one who is in the tent shall be unclean seven days.
15 ၁၅ တဲတွင်း၌အဖုံးမရှိသောအိုးခွက်ရှိသမျှ တို့သည်လည်းညစ်ညမ်းလိမ့်မည်။-
And, in the case of every open vessel, on which no cover is fastened, unclean, it is.
16 ၁၆ မြို့ပြင်တွင်အသတ်ခံရသူသို့မဟုတ် သဘာဝအလျောက်သေဆုံးသူ၏အလောင်း၊ အရိုး၊ သင်္ချိုင်းကိုကိုင်တွယ်မိသောသူသည် ခုနစ်ရက်တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။
And, whosoever toucheth on the face of the field, one slain with a sword, or one who hath died, or a human bone or a grave, shall be unclean seven days.
17 ၁၇ ထိုကဲ့သို့မသန့်စင်သူများကိုသန့်စင်လာ စေရန် အပြစ်ဖြေရာနွားနီမ၏ပြာအိုး တစ်လုံးတွင်စမ်းရေနှင့်ရော၍ထည့်ရမည်။-
And they shall take, for him that is unclean, of the ashes of the burning of the sin-bearer, —and living water shall be put thereon in a vessel,
18 ၁၈ အိမ်၌လူသေသဖြင့်မသန့်စင်မှုပေါ်ပေါက် ခဲ့သော် ဘာသာရေးထုံးနည်းအရသန့်စင် သူက ဟုဿုပ်ညွန့်ကိုရေထဲ၌နှစ်ပြီးလျှင် တဲကိုလည်းကောင်း၊ တဲထဲ၌ရှိသမျှသော ပစ္စည်းများနှင့်လူများကိုလည်းကောင်းဖျန်း ရမည်။ လူသေအရိုး၊ လူသေကောင်သို့မဟုတ် သင်္ချိုင်းကိုကိုင်တွယ်မိ၍ မသန့်စင်သူကို သန့်စင်သူကရေနှင့်ဖျန်းရမည်။-
Then shall a man that is clean take hyssop, and dip in the water, and sprinkle upon the tent, and upon all the vessels, and upon the persons who were there, —and upon him that touched the bone or him who had been slain, or him who had died of himself or the grave;
19 ၁၉ သန့်စင်သူကမသန့်စင်သူကိုတတိယနေ့ နှင့် သတ္တမနေ့များတွင်ရေနှင့်ဖျန်းရမည်။ မ သန့်စင်သူအားသန့်စင်ခြင်းဝတ်ကိုပြုလုပ် ပေးရမည်။ သတ္တမနေ့တွင်သန့်စင်သူကမိမိ ၏အဝတ်များကိုဖွတ်လျှော်၍ ရေချိုးပြီး နောက်နေဝင်ချိန်တွင်သန့်စင်လာလိမ့်မည်။
and the clean person shall sprinkle upon the unclean, on the third day, and on the seventh day, —so shall he cleanse himself from sin, on the seventh day, and shall wash his clothes, and bathe in water and be clean in the evening.
20 ၂၀ ဘာသာရေးထုံးနည်းအရမသန့်စင်သူ သည် သန့်စင်ခြင်းဝတ်ဆိုင်ရာရေကိုမိမိ ကိုယ်ပေါ်သို့ပက်၍ သန့်စင်မှုမပြုလျှင် မသန့်စင်ဘဲရှိနေလိမ့်မည်။ ထိုသူသည် ထာဝရဘုရား၏တဲတော်ကိုညစ်ညမ်း စေသဖြင့် ဘုရားသခင်၏လူမျိုးတော် မှထုတ်ပယ်ခြင်းခံရမည်။-
But in the case of the man who shall be unclean and shall not cleanse himself from sin, that person shall be cut off, out of the midst of the convocation, —for, the sanctuary of Yahweh, hath he made unclean, the water of separation, hath not been dashed upon him unclean, he is.
21 ၂၁ သင်တို့သည်ဤပညတ်ကိုနောင်အစဉ် အဆက်စောင့်ထိန်းရကြမည်။ သန့်စင်ခြင်း ဝတ်ဆိုင်ရာရေကိုဖျန်းပေးသောသူသည် လည်း မိမိ၏အဝတ်များကိုဖွပ်လျှော်ရမည်။ ထိုရေကိုထိကိုင်မိသောသူသည် ညနေသို့ တိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
So shall it be unto them for statute age-abiding, —and, he that sprinkleth the water of separation, shall wash his clothes, and he that toucheth the water of separation shall be unclean until the evening;
22 ၂၂ မသန့်စင်သူကိုင်တွယ်မိသမျှတို့သည်ညစ် ညမ်းလာသဖြင့် ထိုအရာဝတ္ထုများကိုကိုင် တွယ်မိသူသည်ညနေသို့တိုင်အောင်မသန့် စင်ဘဲရှိလိမ့်မည်။
and, whatsoever the unclean person toucheth, shall be unclean, —and the person who toucheth it shall be unclean until the evening.