< တောလည်ရာ 18 >
1 ၁ ထာဝရဘုရားကအာရုန်အား``သင်နှင့်တကွ သင်၏သားများနှင့်လေဝိအနွယ်ဝင်တို့သည် ငါစံတော်မူရာတဲတော်နှင့်ဆိုင်သောဝတ်ကို ဆောင်ရွက်ရာ၌ မှားယွင်းချွတ်ချော်ခဲ့သော် အပြစ်ဒဏ်ကိုသင်တို့ခံရကြမည်။ သို့ရာ တွင်ယဇ်ပုရောဟိတ်တာဝန်ကိုထမ်းဆောင် ရာ၌မှားယွင်းချွတ်ချော်ခဲ့လျှင်မူကား သင် နှင့်သင်၏သားတို့သာအပြစ်ဒဏ်ကို ခံရကြမည်။-
E o SENHOR disse a Arão: Tu e teus filhos, e a casa de teu pai contigo, levareis o pecado do santuário: e tu e teus filhos contigo levareis o pecado de vosso sacerdócio.
2 ၂ သင်နှင့်သင်၏သားတို့သည်တဲတော်နှင့်ဆိုင် သောဝတ်တို့ကိုဆောင်ရွက်ရာ၌ သင်၏ဆွေ မျိုးသားချင်းများဖြစ်သောလေဝိအနွယ် ဝင်တို့အားသင်တို့ကိုကူညီစေလော့။-
E a teus irmãos também, a tribo de Levi, a tribo de teu pai, faze-os chegar a ti, e juntem-se contigo, e te servirão; e tu e teus filhos contigo servireis diante do tabernáculo do testemunho.
3 ၃ သူတို့သည်သင့်ဝေယျာဝစ္စနှင့်တဲတော် ဝေယျာဝစ္စကိုဆောင်ရွက်ရကြမည်။ သို့ရာ တွင်သူတို့သည်သန့်ရှင်းရာဌာနတော်နှင့် ဆိုင်သောပစ္စည်းများကိုလည်းကောင်း၊ ယဇ် ပလ္လင်ကိုလည်းကောင်းမထိမကိုင်ရ။ အကယ် ၍ထိကိုင်မိလျှင်သင်နှင့်တကွသူတို့သည် သေဒဏ်ခံရကြမည်။-
E guardarão o que tu ordenares, e o cargo de todo o tabernáculo: mas não chegarão aos utensílios santos nem ao altar, para que não morram eles e vós.
4 ၄ သူတို့သည်သင်နှင့်အတူတဲတော်နှင့်ဆိုင် သောတာဝန်များကိုထမ်းဆောင်ရမည်။ လေဝိ အနွယ်ဝင်မှတစ်ပါးအခြားမည်သူမျှ သင်နှင့်အတူတဲတော်တာဝန်ကိုမဆောင် ရွက်စေရ။-
Eles se juntarão, pois, contigo, e terão o cargo do tabernáculo do testemunho em todo o serviço do tabernáculo; nenhum estranho se há de chegar a vós.
5 ၅ သင်နှင့်သင်၏သားများသာလျှင်သန့်ရှင်း ရာဌာနတော်နှင့်ယဇ်လ္လင်ဆိုင်ရာတာဝန် များကိုထမ်းဆောင်ရမည်။ သို့မှသာလျှင် ငါသည်နောက်တစ်ဖန်ဣသရေလအမျိုး သားတို့အားအမျက်ထွက်တော်မူမည် မဟုတ်။-
E tereis a guarda do santuário, e a guarda do altar, para que não seja mais a ira sobre os filhos de Israel.
6 ၆ ငါသည်ဣသရေလအမျိုးသားတို့မှ သင် ၏ဆွေမျိုးသားချင်းများဖြစ်သောလေဝိ အနွယ်ဝင်တို့ကို သင်တို့အတွက်လှူဖွယ် ဝတ္ထုအဖြစ်ငါရွေးချယ်၏။ သူတို့သည် တဲတော်ဝေယျာဝစ္စကိုထမ်းဆောင်စေရန် ငါ့အတွက်ဆက်ကပ်ထားသူများဖြစ်သည်။-
Porque eis que eu tomei os vossos irmãos, os levitas, dentre os filhos de Israel, são dados a vós como presente da parte do SENHOR, para que sirvam no ministério do tabernáculo do testemunho.
7 ၇ သို့ရာတွင်သင်နှင့်သင်၏သားများကသာ ယဇ်ပလ္လင်နှင့်အလွန်သန့်ရှင်းသောဌာနတော် နှင့်ဆိုင်သော ယဇ်ပုရောဟိတ်ဝတ်ရှိသမျှ ကိုဆောင်ရွက်ရမည်။ မဆိုင်သူတစ်စုံတစ် ယောက်သည်ချဉ်းကပ်မိလျှင် ထိုသူအားသေ ဒဏ်စီရင်ရမည်။ ငါသည်သင်တို့အားယဇ် ပုရောဟိတ်ရာထူးချီးမြှင့်ထားသည်ဖြစ် ရာ သင်တို့သည်ဤတာဝန်များကိုထမ်း ဆောင်ရမည်'' ဟုမိန့်တော်မူ၏။
Porém tu e teus filhos contigo guardareis vosso sacerdócio em todo negócio do altar, e do véu dentro, e ministrareis. Eu vos dei como presente o serviço de vosso sacerdócio; e o estranho que se aproximar morrerá.
8 ၈ ထာဝရဘုရားသည်အာရုန်အား``မီးရှို့ရာ ယဇ်မဟုတ်သောအထူးပူဇော်သကာဟူ သမျှတို့ကို သင်နှင့်သင်၏သားတို့အား ငါပေးသည်။ ဤဝေစုကိုသင်နှင့်သင်၏ သားအစဉ်အဆက်တို့အားငါပေး၏။-
Disse mais o SENHOR a Arão: Eis que eu te dei também a guarda de minhas ofertas: todas as coisas consagradas dos filhos de Israel te dei por razão da unção, e a teus filhos, por estatuto perpétuo.
9 ၉ မီးရှို့ရာသကာမဟုတ်သည့်ထူးမြတ်သော သကာများအနက် သင်ပိုင်ဆိုင်သောသကာ များမှာဘောဇဉ်သကာ၊ အပြစ်ဖြေရာ သကာနှင့်အပြစ်ဒဏ်ပြေရာသကာတို့ ဖြစ်သည်။ ငါ့အားဆက်သသောသကာ ဟူသမျှသည်သင်နှင့်သင်၏သားများ ပိုင်ဆိုင်၏။-
Isto será teu da oferta das coisas santas separadas do fogo: toda oferta deles, toda oferta de alimentos deles, e toda expiação pelo pecado deles, que me restituirão, será coisa santíssima para ti e para os teus filhos.
10 ၁၀ သကာများကိုသန့်ရှင်းသောဌာနတွင်စားရ မည်။ အမျိုးသားများသာလျှင်စားရမည်။ ထို အစာသည်သန့်ရှင်းသောအစာဖြစ်၏။
No santuário a comerás; todo homem comerá dela: coisa santa será para ti.
11 ၁၁ ``ထို့အပြင်ဣသရေလအမျိုးသားတို့ဆက် သသော အခြားအထူးပူဇော်သကာများသည် လည်းသင်တို့နှင့်ဆိုင်၏။ ထိုပူဇော်သကာများ သည် သင်နှင့်သင်၏သားမြေးအစဉ်အဆက် တို့ခံစားရမည့်ဝေစုဖြစ်သည်။ သင့်အိမ်ထောင် ၌ဘာသာရေးထုံးနည်းအရသန့်စင်သူတိုင်း ထိုအစားအစာကိုစားနိုင်သည်။
Isto também será teu: a oferta elevada de suas doações, e todas as ofertas movidas dos filhos de Israel, dei a ti, e aos teus filhos, e às tuas filhas contigo, por estatuto perpétuo; todo o limpo na tua casa comerá delas.
12 ၁၂ ``ဣသရေလအမျိုးသားတို့ကငါ့အားနှစ် စဉ်ဆက်သသောအဦးသီးသောအသီးအနှံ များမှအကောင်းဆုံးသံလွင်ဆီ၊ အကောင်းဆုံး စပျစ်ရည်နှင့်အကောင်းဆုံးစပါးတို့ကို သင့်အားငါပေး၏။-
De azeite, e de mosto, e de trigo, tudo o mais escolhido, as primícias disso, que apresentarão ao SENHOR, a ti as dei.
13 ၁၃ ထိုအစားအစာများသည်သင်နှင့်ဆိုင်၏။ သင့်အိမ်ထောင်၌ဘာသာရေးထုံးနည်းအရ သန့်စင်သူတိုင်းထိုအစားအစာကိုစား နိုင်သည်။
As primícias de todas as coisas da terra deles, as quais trarão ao SENHOR, serão tuas: todo limpo em tua casa comerá delas.
14 ၁၄ ``ဣသရေလနိုင်ငံတွင်ငါ့အား အပြီး အပိုင်ဆက်ကပ်ထားသမျှတို့သည်သင် တို့နှင့်ဆိုင်၏။
Todo o consagrado por voto em Israel será teu.
15 ၁၅ ``ဣသရေလအမျိုးသားတို့က ငါ့အား ဆက်သသောသားဦးဖြစ်သောလူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေသင်တို့နှင့်ဆိုင်၏။ သို့ရာတွင် သားဦးကိုဖြစ်စေ၊ အနာအဆာရှိသော တိရစ္ဆာန်သားဦးကိုဖြစ်စေ ငွေဖြင့်ရွေးယူ ခြင်းကိုလက်ခံရမည်။-
Todo o que abrir madre em toda carne que oferecerão ao SENHOR, tanto de homens como de animais, será teu: mas farás resgatar o primogênito do homem: também farás resgatar o primogênito de animal impuro.
16 ၁၆ တစ်လသားအရွယ်ကလေးများကိုကျပ် ချိန်တော်အရ ငွေသားငါးကျပ်ဖြင့်ရွေးယူ စေရမည်။-
E de um mês farás efetuar o resgate deles, conforme tua avaliação, por preço de cinco siclos, ao siclo do santuário, que é de vinte óbolos.
17 ၁၇ သို့ရာတွင် နွား၊ သိုး၊ ဆိတ်တို့၏သားဦးများကို ရွေးယူပိုင်ခွင့်မရှိ။ ယင်းတို့ကိုငါ့အားဆက် ကပ်ထားပြီးဖြစ်၍ပူဇော်ရမည်။ ထိုယဇ်ကောင် တို့၏သွေးကိုယဇ်ပလ္လင်ပေါ်သို့ပက်ဖျန်း၍ အဆီကိုပူဇော်သကာအဖြစ်မီးရှို့ရမည်။ ထိုရနံ့ကိုငါနှစ်သက်တော်မူ၏။-
Mas o primogênito de vaca, e o primogênito de ovelha, e o primogênito de cabra, não resgatarás; são santificados; o sangue deles espargirás sobre o altar, e queimarás a gordura deles, como oferta queimada em cheiro suave ao SENHOR.
18 ၁၈ အထူးပူဇော်သကာမှရင်ပုံသားနှင့်ယာ ဘက်ပေါင်သည် သင်တို့နှင့်ဆိုင်သကဲ့သို့ ယင်းတို့၏အသားသည်လည်းသင်တို့နှင့် ဆိုင်၏။
E a carne deles será tua: como o peito da oferta movida e como a coxa direita, será tua.
19 ၁၉ ``ဣသရေလအမျိုးသားတို့ကငါ့အား ဆက်သသော အထူးပူဇော်သကာရှိသမျှတို့ ကိုသင်နှင့်သင်၏သားမြေးအစဉ်အဆက် တို့အားငါပေး၏။ ဤပဋိညာဉ်သည်ငါနှင့်သင် ၏အဆက်အနွယ်တို့ပြုထားသော ထာဝစဉ် တည်မြဲသည့်ပဋိညာဉ်ဖြစ်၏'' ဟုမိန့်တော် မူ၏။
Todas as ofertas elevadas das coisas santas, que os filhos de Israel oferecerem ao SENHOR, dei-as a ti, e a teus filhos e a tuas filhas contigo, por estatuto perpétuo: pacto de sal perpétuo é diante do SENHOR para ti e para tua descendência contigo.
20 ၂၀ ထာဝရဘုရားကအာရုန်အား``ဣသရေလ နိုင်ငံတွင် သင်အမွေခံရန်ပစ္စည်း၊ သင်ပိုင်မြေ ရလိမ့်မည်မဟုတ်။ ငါထာဝရဘုရားသည် သင်မှီခိုအားထားရာဖြစ်သည်'' ဟုမိန့်တော် မူ၏။
E o SENHOR disse a Arão: Da terra deles não terás herança, nem entre eles terás parte: Eu sou tua parte e tua herança em meio dos filhos de Israel.
21 ၂၁ ထာဝရဘုရားက``ဣသရေလအမျိုးသား တို့က ငါ့အားဆက်သသောဆယ်ဖို့တစ်ဖို့ အလှူရှိသမျှကို လေဝိအနွယ်ဝင်တို့အား ငါစံတော်မူရာတဲတော်ထိန်းသိမ်းခအဖြစ် ငါပေးပြီ။-
E eis que eu dei aos filhos de Levi todos os dízimos em Israel por herança, por seu ministério, porquanto eles servem no ministério do tabernáculo do testemunho.
22 ၂၂ အခြားသောဣသရေလအနွယ်ဝင်တို့သည် တဲတော်အနီးသို့မချဉ်းကပ်ရ၊ ချဉ်းကပ်မိ သောသူတို့သည်သေဒဏ်ခံရမည်။-
E não chegarão mais os filhos de Israel ao tabernáculo do testemunho, para que não levem pecado, pelo qual morram.
23 ၂၃ ယခုမှစ၍လေဝိအနွယ်ဝင်တို့ကသာလျှင် တဲတော်ကိုထိန်းသိမ်း၍ တဲတော်နှင့်ဆိုင်သော ဝေယျာဝစ္စရှိသမျှကိုတာဝန်ခံဆောင်ရွက် ရမည်။ ဤပညတ်ကိုသင်၏သားမြေးအစဉ် အဆက်စောင့်ထိန်းရမည်။ ငါ့အားဣသရေလ အမျိုးသားတို့ကအထူးအလှူအဖြစ် ဆက် သသောဆယ်ဖို့တစ်ဖို့ကိုလေဝိအနွယ်ဝင် တို့ကိုငါပေးထားပြီဖြစ်သောကြောင့် ဣသ ရေလနိုင်ငံတွင်ပစ္စည်းဥစ္စာမပိုင်ဆိုင်ရ။ သို့ ဖြစ်၍သူတို့သည်ဣသရေလနိုင်ငံတွင် ပစ္စည်းဥစ္စာမပိုင်ရဟုငါအမိန့်ရှိခဲ့ပြီ'' ဟုမိန့်တော်မူ၏။
Mas os levitas farão o serviço do tabernáculo do testemunho, e eles levarão sua iniquidade: estatuto perpétuo por vossas gerações; e não possuirão herança entre os filhos de Israel.
Porque aos levitas dei por herança os dízimos dos filhos de Israel, que oferecerão ao SENHOR em oferta; pelo qual lhes disse: Entre os filhos de Israel não possuirão herança.
25 ၂၅ ထာဝရဘုရားသည်မောရှေမှတစ်ဆင့် လေဝိ အနွယ်ဝင်တို့အား``ထာဝရဘုရားသည်ဣသ ရေလအမျိုးသားတို့၏ဆယ်ဖို့တစ်ဖို့အလှူ ကိုသင်တို့အားပေးသောအခါ သင်တို့သည် ထိုအလှူ၏ဆယ်ဖို့တစ်ဖို့ကိုထာဝရဘုရား အား အထူးအလှူအဖြစ်ဆက်သရမည်။-
E falou o SENHOR a Moisés, dizendo:
Assim falarás aos levitas, e lhes dirás: Quando receberdes dos filhos de Israel os dízimos que da parte deles vos dei por vossa herança, deles oferecereis em oferta movida ao SENHOR, o dízimo dos dízimos.
27 ၂၇ ထိုအထူးအလှူကိုလယ်သမား၊ ခြံသမား ဆက်သသောကောက်သစ်၊ စပျစ်ရည်သစ် အလှူကဲ့သို့ငါမှတ်ယူမည်။-
E a vossa oferta vos será contada como o grão da eira, e como a plenitude da prensa de uvas.
28 ၂၈ ဤနည်းအားဖြင့်သင်တို့သည်ဣသရေလ အမျိုးသားတို့ထံမှ ရရှိသောဆယ်ဖို့တစ်ဖို့ အလှူရှိသမျှကို ငါ့အားအထူးအလှူ အဖြစ်ဆက်သရမည်။ သင်တို့သည်ငါ့အား ဆက်သသော ဤအထူးအလှူကိုယဇ်ပု ရောဟိတ်အာရုန်အားပေးအပ်ရမည်။-
Assim também vós oferecereis uma oferta ao SENHOR de todos os vossos dízimos que receberdes dos filhos de Israel; e deles dareis a oferta do SENHOR ao sacerdote Arão.
29 ၂၉ သင်တို့ရရှိသောအလှူထဲမှအကောင်းဆုံး ကို ထာဝရဘုရားအားဆက်သရမည်။-
De todas as vossas doações oferecereis toda oferta ao SENHOR; de todo o melhor delas oferecereis a porção que será consagrada.
30 ၃၀ လယ်သမား၊ ခြံသမားသည်ထာဝရဘုရား အတွက် လှူစရာသီးနှံများကိုဆက်သပြီး နောက် ကျန်ရှိသမျှကိုမိမိစားသုံးနိုင်သကဲ့ သို့ သင်တို့သည်အကောင်းဆုံးကိုဆက်သပြီး လျှင် ကျန်ရှိသမျှကိုစားသုံးနိုင်သည်။-
E lhes dirás: Quando oferecerdes o melhor delas, será contado aos levitas por fruto da eira, e como produto da prensa de uvas.
31 ၃၁ ကျန်ရှိသမျှသောအလှူသည်သင်တို့တဲ တော်၌ အမှုဆောင်သည့်အတွက်ခံထိုက်သော အခဖြစ်ခြင်းကြောင့် ထိုအလှူကိုသင်နှင့် သင်၏မိသားစုတို့သည်မည်သည့်နေရာ ၌မဆိုစားသုံးနိုင်သည်။-
E o comereis em qualquer lugar, vós e vossa família; pois é vossa remuneração por vosso ministério no tabernáculo do testemunho.
32 ၃၂ အလှူထဲမှအကောင်းဆုံးကိုထာဝရဘုရား အား ဆက်သပြီးမှစားသုံးလျှင်သင်တို့၌ အပြစ်မရှိ။ သို့ရာတွင်သင်တို့သည်ဣသရေလ အမျိုးသားတို့ပေးသော အလှူမှအကောင်းဆုံး ကိုထာဝရဘုရားအားမဆက်သမီစားသုံး ခြင်းအားဖြင့် အလှူကိုမညစ်ညူးမိစေရန် သတိပြုလော့။ ညစ်ညူးမိလျှင်သင်တို့သည် သေဒဏ်သင့်လိမ့်မည်'' ဟုမိန့်တော်မူ၏။
E quando vós houverdes oferecido disso o melhor seu, não levareis por ele pecado: e não haveis de contaminar as coisas santas dos filhos de Israel, e não morrereis.