< တောလည်ရာ 18 >

1 ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား``သင်​နှင့်​တ​ကွ သင်​၏​သား​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် ငါ​စံ​တော်​မူ​ရာ​တဲ​တော်​နှင့်​ဆိုင်​သော​ဝတ်​ကို ဆောင်​ရွက်​ရာ​၌ မှား​ယွင်း​ချွတ်​ချော်​ခဲ့​သော် အ​ပြစ်​ဒဏ်​ကို​သင်​တို့​ခံ​ရ​ကြ​မည်။ သို့​ရာ တွင်​ယဇ်​ပု​ရော​ဟိတ်​တာ​ဝန်​ကို​ထမ်း​ဆောင် ရာ​၌​မှား​ယွင်း​ချွတ်​ချော်​ခဲ့​လျှင်​မူ​ကား သင် နှင့်​သင်​၏​သား​တို့​သာ​အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ​မည်။-
And the Lord sayd vnto Aaron, Thou, and thy sonnes and thy fathers house with thee, shall beare the iniquitie of the Sanctuarie: both thou and thy sonnes with thee shall beare the iniquitie of your Priestes office.
2 သင်​နှင့်​သင်​၏​သား​တို့​သည်​တဲ​တော်​နှင့်​ဆိုင် သော​ဝတ်​တို့​ကို​ဆောင်​ရွက်​ရာ​၌ သင်​၏​ဆွေ မျိုး​သား​ချင်း​များ​ဖြစ်​သော​လေ​ဝိ​အ​နွယ် ဝင်​တို့​အား​သင်​တို့​ကို​ကူ​ညီ​စေ​လော့။-
And bring also with thee thy brethren of the tribe of Leui of ye familie of thy father, which shalbe ioyned with thee, and minister vnto thee: but thou, and thy sonnes with thee shall minister before the Tabernacle of the Testimonie:
3 သူ​တို့​သည်​သင့်​ဝေ​ယျာ​ဝစ္စ​နှင့်​တဲ​တော် ဝေ​ယျာ​ဝစ္စ​ကို​ဆောင်​ရွက်​ရ​ကြ​မည်။ သို့​ရာ တွင်​သူ​တို့​သည်​သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် ဆိုင်​သော​ပစ္စည်း​များ​ကို​လည်း​ကောင်း၊ ယဇ် ပလ္လင်​ကို​လည်း​ကောင်း​မ​ထိ​မ​ကိုင်​ရ။ အ​ကယ် ၍​ထိ​ကိုင်​မိ​လျှင်​သင်​နှင့်​တ​ကွ​သူ​တို့​သည် သေ​ဒဏ်​ခံ​ရ​ကြ​မည်။-
And they shall keepe thy charge, euen the charge of all the Tabernacle: but they shall not come neere the instruments of the Sanctuary, nor to the altar, lest they die, both they and you:
4 သူ​တို့​သည်​သင်​နှင့်​အ​တူ​တဲ​တော်​နှင့်​ဆိုင် သော​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​ရ​မည်။ လေ​ဝိ အ​နွယ်​ဝင်​မှ​တစ်​ပါး​အ​ခြား​မည်​သူ​မျှ သင်​နှင့်​အ​တူ​တဲ​တော်​တာ​ဝန်​ကို​မ​ဆောင် ရွက်​စေ​ရ။-
And they shalbe ioyned with thee, and keepe the charge of the Tabernacle of the Congregation for all the seruice of the Tabernacle: and no stranger shall come neere vnto you:
5 သင်​နှင့်​သင်​၏​သား​များ​သာ​လျှင်​သန့်​ရှင်း ရာ​ဌာ​န​တော်​နှင့်​ယဇ်​လ္လင်​ဆိုင်​ရာ​တာ​ဝန် များ​ကို​ထမ်း​ဆောင်​ရ​မည်။ သို့​မှ​သာ​လျှင် ငါ​သည်​နောက်​တစ်​ဖန်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အ​မျက်​ထွက်​တော်​မူ​မည် မ​ဟုတ်။-
Therefore shall ye keepe the charge of the Sanctuarie, and the charge of the altar: so there shall fall no more wrath vpon the children of Israel.
6 ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မှ သင် ၏​ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​သော​လေ​ဝိ အ​နွယ်​ဝင်​တို့​ကို သင်​တို့​အ​တွက်​လှူ​ဖွယ် ဝတ္ထု​အ​ဖြစ်​ငါ​ရွေး​ချယ်​၏။ သူ​တို့​သည် တဲ​တော်​ဝေ​ယျာ​ဝစ္စ​ကို​ထမ်း​ဆောင်​စေ​ရန် ငါ့​အ​တွက်​ဆက်​ကပ်​ထား​သူ​များ​ဖြစ်​သည်။-
For lo, I haue taken your brethren the Leuites from among the children of Israel, which as a gift of yours, are giuen vnto the Lord, to do the seruice of the Tabernacle of the Congregation.
7 သို့​ရာ​တွင်​သင်​နှင့်​သင်​၏​သား​များ​က​သာ ယဇ်​ပလ္လင်​နှင့်​အ​လွန်​သန့်​ရှင်း​သော​ဌာ​န​တော် နှင့်​ဆိုင်​သော ယဇ်​ပု​ရော​ဟိတ်​ဝတ်​ရှိ​သ​မျှ ကို​ဆောင်​ရွက်​ရ​မည်။ မ​ဆိုင်​သူ​တစ်​စုံ​တစ် ယောက်​သည်​ချဉ်း​ကပ်​မိ​လျှင် ထို​သူ​အား​သေ ဒဏ်​စီ​ရင်​ရ​မည်။ ငါ​သည်​သင်​တို့​အား​ယဇ် ပု​ရော​ဟိတ်​ရာ​ထူး​ချီး​မြှင့်​ထား​သည်​ဖြစ် ရာ သင်​တို့​သည်​ဤ​တာ​ဝန်​များ​ကို​ထမ်း ဆောင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
But thou, and thy sonnes with thee shall keepe your Priestes office for all things of the altar, and within the vaile: therefore shall ye serue: for I haue made your Priestes office an office of seruice: therefore the stranger that cometh neere, shalbe slayne.
8 ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရုန်​အား``မီး​ရှို့​ရာ ယဇ်​မ​ဟုတ်​သော​အ​ထူး​ပူ​ဇော်​သကာ​ဟူ သ​မျှ​တို့​ကို သင်​နှင့်​သင်​၏​သား​တို့​အား ငါ​ပေး​သည်။ ဤ​ဝေ​စု​ကို​သင်​နှင့်​သင်​၏ သား​အ​စဉ်​အ​ဆက်​တို့​အား​ငါ​ပေး​၏။-
Againe the Lord spake vnto Aaron, Behold, I haue giuen thee the keeping of mine offrings, of all the hallowed things of the children of Israel: vnto thee I haue giuen them for the anoyntings sake, and to thy sonnes, for a perpetuall ordinance.
9 မီး​ရှို့​ရာ​သ​ကာ​မ​ဟုတ်​သည့်​ထူး​မြတ်​သော သ​ကာ​များ​အ​နက် သင်​ပိုင်​ဆိုင်​သော​သ​ကာ များ​မှာ​ဘော​ဇဉ်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ သ​ကာ​နှင့်​အ​ပြစ်​ဒဏ်​ပြေ​ရာ​သ​ကာ​တို့ ဖြစ်​သည်။ ငါ့​အား​ဆက်​သ​သော​သ​ကာ ဟူ​သ​မျှ​သည်​သင်​နှင့်​သင်​၏​သား​များ ပိုင်​ဆိုင်​၏။-
This shalbe thine of the most holy things, reserued from the fire: all their offering of all their meate offring, and of all their sinne offring, and of all their trespasse offring, which they bring vnto me, that shalbe most holy vnto thee, and to thy sonnes.
10 ၁၀ သ​ကာ​များ​ကို​သန့်​ရှင်း​သော​ဌာ​န​တွင်​စား​ရ မည်။ အ​မျိုး​သား​များ​သာ​လျှင်​စား​ရ​မည်။ ထို အ​စာ​သည်​သန့်​ရှင်း​သော​အ​စာ​ဖြစ်​၏။
In the most holy place shalt thou eate it: euery male shall eate of it: it is holy vnto thee.
11 ၁၁ ``ထို့​အ​ပြင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဆက် သ​သော အ​ခြား​အ​ထူး​ပူ​ဇော်​သကာ​များ​သည် လည်း​သင်​တို့​နှင့်​ဆိုင်​၏။ ထို​ပူ​ဇော်​သကာ​များ သည် သင်​နှင့်​သင်​၏​သား​မြေး​အ​စဉ်​အ​ဆက် တို့​ခံ​စား​ရ​မည့်​ဝေ​စု​ဖြစ်​သည်။ သင့်​အိမ်​ထောင် ၌​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​သူ​တိုင်း ထို​အ​စား​အ​စာ​ကို​စား​နိုင်​သည်။
This also shalbe thine: the heaue offering of their gift, with all the shake offerings of the children of Israel: I haue giuen them vnto thee and to thy sonnes and to thy daughters with thee, to be a duetie for euer al the cleane in thine house shall eate of it.
12 ၁၂ ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ငါ့​အား​နှစ် စဉ်​ဆက်​သ​သော​အ​ဦး​သီး​သော​အ​သီး​အ​နှံ များ​မှ​အ​ကောင်း​ဆုံး​သံ​လွင်​ဆီ၊ အ​ကောင်း​ဆုံး စ​ပျစ်​ရည်​နှင့်​အ​ကောင်း​ဆုံး​စ​ပါး​တို့​ကို သင့်​အား​ငါ​ပေး​၏။-
All the fat of the oyle, and all the fat of the wine, and of the wheate, which they shall offer vnto the Lord for their first fruites, I haue giuen them vnto thee.
13 ၁၃ ထို​အ​စား​အ​စာ​များ​သည်​သင်​နှင့်​ဆိုင်​၏။ သင့်​အိမ်​ထောင်​၌​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​သူ​တိုင်း​ထို​အ​စား​အ​စာ​ကို​စား နိုင်​သည်။
And the first ripe of al that is in their land, which they shall bring vnto Lord, shalbe thine: all the cleane in thine house shall eate of it.
14 ၁၄ ``ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ငါ့​အား အ​ပြီး အ​ပိုင်​ဆက်​ကပ်​ထား​သ​မျှ​တို့​သည်​သင် တို့​နှင့်​ဆိုင်​၏။
Euery thing separate from the common vse in Israel, shalbe thine.
15 ၁၅ ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ငါ့​အား ဆက်​သ​သော​သား​ဦး​ဖြစ်​သော​လူ​ဖြစ်​စေ၊ တိ​ရစ္ဆာန်​ဖြစ်​စေ​သင်​တို့​နှင့်​ဆိုင်​၏။ သို့​ရာ​တွင် သား​ဦး​ကို​ဖြစ်​စေ၊ အ​နာ​အ​ဆာ​ရှိ​သော တိ​ရစ္ဆာန်​သား​ဦး​ကို​ဖြစ်​စေ ငွေ​ဖြင့်​ရွေး​ယူ ခြင်း​ကို​လက်​ခံ​ရ​မည်။-
All that first openeth the matrice of any flesh, which they shall offer vnto the Lord, of man or beast, shalbe thine: but the first borne of man shalt thou redeeme, and the first borne of the vncleane beast shalt thou redeeme.
16 ၁၆ တစ်​လ​သား​အ​ရွယ်​က​လေး​များ​ကို​ကျပ် ချိန်​တော်​အ​ရ ငွေ​သား​ငါး​ကျပ်​ဖြင့်​ရွေး​ယူ စေ​ရ​မည်။-
And those that are to bee redeemed, shalt thou redeeme from the age of a moneth, according to thy estimation, for the money of fiue shekels, after the shekel of the Sanctuarie, which is twentie gerahs.
17 ၁၇ သို့​ရာ​တွင် နွား၊ သိုး၊ ဆိတ်​တို့​၏​သား​ဦး​များ​ကို ရွေး​ယူ​ပိုင်​ခွင့်​မ​ရှိ။ ယင်း​တို့​ကို​ငါ့​အား​ဆက် ကပ်​ထား​ပြီး​ဖြစ်​၍​ပူ​ဇော်​ရ​မည်။ ထို​ယဇ်​ကောင် တို့​၏​သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​သို့​ပက်​ဖျန်း​၍ အ​ဆီ​ကို​ပူ​ဇော်​သ​ကာ​အ​ဖြစ်​မီး​ရှို့​ရ​မည်။ ထို​ရ​နံ့​ကို​ငါ​နှစ်​သက်​တော်​မူ​၏။-
But the first borne of a kow, or the first borne of a sheepe, or the first borne of a goate shalt thou not redeeme: for they are holy: thou shalt sprinkle their blood at the altar, and thou shalt burne their fat: it is a sacrifice made by fire for a sweete sauour vnto the Lord.
18 ၁၈ အ​ထူး​ပူ​ဇော်​သ​ကာ​မှ​ရင်​ပုံ​သား​နှင့်​ယာ ဘက်​ပေါင်​သည် သင်​တို့​နှင့်​ဆိုင်​သ​ကဲ့​သို့ ယင်း​တို့​၏​အ​သား​သည်​လည်း​သင်​တို့​နှင့် ဆိုင်​၏။
And the flesh of them shalbe thine, as the shake breast, and as the right shoulder shalbe thine.
19 ၁၉ ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ငါ့​အား ဆက်​သ​သော အ​ထူး​ပူ​ဇော်​သကာ​ရှိ​သ​မျှ​တို့ ကို​သင်​နှင့်​သင်​၏​သား​မြေး​အ​စဉ်​အ​ဆက် တို့​အား​ငါ​ပေး​၏။ ဤ​ပဋိညာဉ်​သည်​ငါ​နှင့်​သင် ၏​အ​ဆက်​အ​နွယ်​တို့​ပြု​ထား​သော ထာ​ဝ​စဉ် တည်​မြဲ​သည့်​ပ​ဋိ​ညာဉ်​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။
All the heaue offrings of the holy things which the children of Israel shall offer vnto the Lord, haue I giuen thee, and thy sonnes, and thy daughters with thee, to be a duetie for euer: it is a perpetual couenant of salt before the Lord, to thee, and to thy seede with thee.
20 ၂၀ ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား``ဣ​သ​ရေ​လ နိုင်​ငံ​တွင် သင်​အ​မွေ​ခံ​ရန်​ပစ္စည်း၊ သင်​ပိုင်​မြေ ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​မှီ​ခို​အား​ထား​ရာ​ဖြစ်​သည်'' ဟု​မိန့်​တော် မူ​၏။
And the Lord sayde vnto Aaron, Thou shalt haue none inheritance in their lande, neyther shalt thou haue any parte among them: I am thy part and thine inheritance among the children of Israel.
21 ၂၁ ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က ငါ့​အား​ဆက်​သ​သော​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ရှိ​သ​မျှ​ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​အား ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ထိန်း​သိမ်း​ခ​အ​ဖြစ် ငါ​ပေး​ပြီ။-
For beholde, I haue giuen the children of Leui all the tenth in Israel for an inheritance, for their seruice which they serue in the Tabernacle of the Congregation.
22 ၂၂ အ​ခြား​သော​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တို့​သည် တဲ​တော်​အ​နီး​သို့​မ​ချဉ်း​ကပ်​ရ၊ ချဉ်း​ကပ်​မိ သော​သူ​တို့​သည်​သေ​ဒဏ်​ခံ​ရ​မည်။-
Neyther shall the children of Israel any more come neere the Tabernacle of the Congregation, lest they susteine sinne, and die.
23 ၂၃ ယ​ခု​မှ​စ​၍​လေ​ဝိ​အ​နွယ်​ဝင်​တို့​က​သာ​လျှင် တဲ​တော်​ကို​ထိန်း​သိမ်း​၍ တဲ​တော်​နှင့်​ဆိုင်​သော ဝေ​ယျာ​ဝစ္စ​ရှိ​သ​မျှ​ကို​တာ​ဝန်​ခံ​ဆောင်​ရွက် ရ​မည်။ ဤ​ပ​ညတ်​ကို​သင်​၏​သား​မြေး​အ​စဉ် အ​ဆက်​စောင့်​ထိန်း​ရ​မည်။ ငါ့​အား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​က​အ​ထူး​အ​လှူ​အ​ဖြစ် ဆက် သ​သော​ဆယ်​ဖို့​တစ်​ဖို့​ကို​လေ​ဝိ​အ​နွယ်​ဝင် တို့​ကို​ငါ​ပေး​ထား​ပြီ​ဖြစ်​သော​ကြောင့် ဣ​သ ရေ​လ​နိုင်​ငံ​တွင်​ပစ္စည်း​ဥစ္စာ​မ​ပိုင်​ဆိုင်​ရ။ သို့ ဖြစ်​၍​သူ​တို့​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ပစ္စည်း​ဥစ္စာ​မ​ပိုင်​ရ​ဟု​ငါ​အ​မိန့်​ရှိ​ခဲ့​ပြီ'' ဟု​မိန့်​တော်​မူ​၏။
But the Leuites shall do the seruice in the Tabernacle of the Congregation, and they shall beare their sinne: it is a law for euer in your generations, that among the children of Israel they possesse none inheritance.
24 ၂၄
For the tythes of the children of Israel, which they shall offer as an offring vnto the Lord, I haue giuen the Leuites for an inheritance: therfore I haue said vnto them, Among the children of Israel ye shall possesse none inheritance.
25 ၂၅ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် လေ​ဝိ အ​နွယ်​ဝင်​တို့​အား``ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ ကို​သင်​တို့​အား​ပေး​သော​အ​ခါ သင်​တို့​သည် ထို​အ​လှူ​၏​ဆယ်​ဖို့​တစ်​ဖို့​ကို​ထာ​ဝ​ရ​ဘု​ရား အား အ​ထူး​အ​လှူ​အ​ဖြစ်​ဆက်​သ​ရ​မည်။-
And the Lord spake vnto Moses, saying,
26 ၂၆
Speake also vnto the Leuites and say vnto them, When ye shall take of the children of Israel the tithes, which I haue giuen you of them for your inheritance, then shall ye take an heaue offring of that same for the Lord, euen the tenth part of the tithe.
27 ၂၇ ထို​အ​ထူး​အ​လှူ​ကို​လယ်​သ​မား၊ ခြံ​သ​မား ဆက်​သ​သော​ကောက်​သစ်၊ စ​ပျစ်​ရည်​သစ် အ​လှူ​ကဲ့​သို့​ငါ​မှတ်​ယူ​မည်။-
And your heaue offering shalbe reckened vnto you, as the corne of the barne, or as the abundance of the wine presse.
28 ၂၈ ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ထံ​မှ ရ​ရှိ​သော​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ရှိ​သ​မျှ​ကို ငါ့​အား​အ​ထူး​အ​လှူ အ​ဖြစ်​ဆက်​သ​ရ​မည်။ သင်​တို့​သည်​ငါ့​အား ဆက်​သ​သော ဤ​အ​ထူး​အ​လှူ​ကို​ယဇ်​ပု ရော​ဟိတ်​အာ​ရုန်​အား​ပေး​အပ်​ရ​မည်။-
So ye shall also offer an heaue offring vnto the Lord of all your tithes, which ye shall receiue of the children of Israel, and ye shall giue thereof the Lords heaue offring to Aaron the Priest.
29 ၂၉ သင်​တို့​ရ​ရှိ​သော​အ​လှူ​ထဲ​မှ​အ​ကောင်း​ဆုံး ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​ရ​မည်။-
Ye shall offer of all your gifts al the Lords heaue offrings: of all the fat of the same shall ye offer the holy things thereof.
30 ၃၀ လယ်​သ​မား၊ ခြံ​သ​မား​သည်​ထာ​ဝရ​ဘုရား အ​တွက် လှူ​စ​ရာ​သီး​နှံ​များ​ကို​ဆက်​သ​ပြီး နောက် ကျန်​ရှိ​သ​မျှ​ကို​မိ​မိ​စား​သုံး​နိုင်​သ​ကဲ့ သို့ သင်​တို့​သည်​အ​ကောင်း​ဆုံး​ကို​ဆက်​သ​ပြီး လျှင် ကျန်​ရှိ​သ​မျှ​ကို​စား​သုံး​နိုင်​သည်။-
Therefore thou shalt say vnto them, When ye haue offred the fat thereof, then it shalbe couted vnto the Leuites, as the encrease of the corne floore, or as the encrease of the wine presse.
31 ၃၁ ကျန်​ရှိ​သ​မျှ​သော​အ​လှူ​သည်​သင်​တို့​တဲ တော်​၌ အ​မှု​ဆောင်​သည့်​အ​တွက်​ခံ​ထိုက်​သော အ​ခ​ဖြစ်​ခြင်း​ကြောင့် ထို​အ​လှူ​ကို​သင်​နှင့် သင်​၏​မိ​သား​စု​တို့​သည်​မည်​သည့်​နေ​ရာ ၌​မ​ဆို​စား​သုံး​နိုင်​သည်။-
And ye shall eate it in al places, ye, and your housholdes: for it is your wages for your seruice in the Tabernacle of the Congregation.
32 ၃၂ အ​လှူ​ထဲ​မှ​အ​ကောင်း​ဆုံး​ကို​ထာ​ဝ​ရ​ဘု​ရား အား ဆက်​သ​ပြီး​မှ​စား​သုံး​လျှင်​သင်​တို့​၌ အ​ပြစ်​မ​ရှိ။ သို့​ရာ​တွင်​သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ပေး​သော အ​လှူ​မှ​အ​ကောင်း​ဆုံး ကို​ထာ​ဝ​ရ​ဘု​ရား​အား​မ​ဆက်​သ​မီ​စား​သုံး ခြင်း​အား​ဖြင့် အ​လှူ​ကို​မ​ညစ်​ညူး​မိ​စေ​ရန် သ​တိ​ပြု​လော့။ ညစ်​ညူး​မိ​လျှင်​သင်​တို့​သည် သေ​ဒဏ်​သင့်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
And ye shall beare no sinne by the reason of it, when ye haue offred the fatte of it: neither shall ye pollute the holy things of the children of Israel, lest ye die.

< တောလည်ရာ 18 >