< တောလည်ရာ 17 >

1 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊
တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
2 ``ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​နွယ်​၏​ဦး​စီး​ခေါင်း ဆောင်​တို့​ထံ​မှ တစ်​ဦး​လျှင်​တောင်​ဝှေး​တစ်​ချောင်း ကျ​ဖြင့် တောင်​ဝှေး​တစ်​ဆယ့်​နှစ်​ချောင်း​ကို​သင့် ထံ​သို့​ယူ​ဆောင်​လာ​စေ​လော့။ ခေါင်း​ဆောင်​တစ် ဦး​စီ​သည်​မိ​မိ​၏​နာ​မည်​ကို​တောင်​ဝှေး​ပေါ် တွင်​ရေး​ရ​မည်။-
သင်သည် ဣသရေလအမျိုးသားတို့အား ဆင့် ဆိုပြီးမှ၊ ဘိုးဘအဆွေအမျိုးအလိုက် ဣသရေလ ဆယ်နှစ် မျိုး၌ မင်းပြုသောသူအသီးအသီးပေးရသော လှံတံဆယ် နှစ်ချောင်းတို့ကို ယူ၍၊ လူတိုင်းအမည်ကို သူ့လှံတံပေါ်မှာ ရေးထားလော့။
3 လေ​ဝိ​အ​နွယ်​၏​တောင်​ဝှေး​ပေါ်​တွင်​အာ​ရုန် ၏​နာ​မည်​ကို​ရေး​ရ​မည်။ အ​နွယ်​ဦး​စီး​ခေါင်း ဆောင်​တစ်​ဦး​လျှင်​တောင်​ဝှေး​တစ်​ချောင်း ရှိ​ရ​မည်။-
လေဝိအမျိုး၏လှံတံပေါ်မှာ အာရုန်အမည်ကို ရေးထားလော့။ ဘိုးဘအဆွေအမျိုးသူကြီးတဦးလျှင် လှံတံတချောင်းစီရှိရမည်။
4 တောင်​ဝှေး​များ​ကို​ငါ​စံ​တော်​မူ​ရာ​တဲ တော်​သို့​ယူ​ဆောင်​၍​သင့်​ကို​ငါ​တွေ့​ဆုံ​ရာ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​ထား​လော့။-
ထိုလှံတံတို့ကို ငါဗျာဒိတ်ပေးရာ အရပ်၊ ပရိသတ် စည်းဝေးရာ တဲတော်အတွင်း၊ သက်သေခံချက်ရှေ့မှာ တင်ထားလော့။
5 ငါ​ရွေး​ကောက်​သော​သူ​၏​တောင်​ဝှေး​မှ အ​ညှောက်​ထွက်​လိမ့်​မည်။ ဤ​နည်း​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သင့်​အား မ​ကြာ​ခ​ဏ​ညည်း​ညူ​အ​ပြစ်​တင်​ခြင်း ပြု​တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
ငါရွေးကောက်သောသူ၏ လှံတံသည် အပွင့် ပွင့်လိမ့်မည်။ ထိုသို့ပြုမှ ဣသရေလအမျိုးသားတို့သည် သင်၌ အပြစ်တင်၍ မြည်တမ်းခြင်းကို နောက်တဖန် ငါနားမငြီးရာဟု မိန့်တော်မူသည်အတိုင်း၊
6 သို့​ဖြစ်​၍​မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ဆင့်​ဆို​သ​ဖြင့် အ​နွယ်​ဦး​စီး ခေါင်း​ဆောင်​တစ်​ဦး​စီ​က​တောင်​ဝှေး​တစ် ချောင်း​ကျ တောင်​ဝှေး​တစ်​ဆယ့်​နှစ်​ချောင်း​ကို သူ့​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​သည်။ အာ​ရုန်​၏ တောင်​ဝှေး​သည်​တစ်​ဆယ့်​နှစ်​ချောင်း​တွင် ပါ​ဝင်​၏။-
မောရှေသည် ဣသရေလအမျိုးသားတို့အား ဆင့်ဆို၍၊ မင်းအပေါင်းတို့သည် ဘိုးဘအဆွေအမျိုး အလိုက်၊ မင်းတဦးလျှင် လှံတံတချောင်းစီ လှံတံဆယ်နှစ် ချောင်းတို့ကို ပေးကြ၏။ အာရုန်၏လှံတံသည် လှံတံများ ၌ ပါသတည်း။
7 ထို​နောက်​မော​ရှေ​သည်​တဲ​တော်​ထဲ​ရှိ​ထာ​ဝ​ရ ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​ရှေ့​တွင်​တောင်​ဝှေး များ​ကို​ထား​လေ​သည်။
မောရှေသည် ထိုလှံတံတို့ကို သက်သေခံချက် တဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်၌ တင်ထား လေ၏။
8 နောက်​တစ်​နေ့​တွင်​မော​ရှေ​သည်​တဲ​တော်​ထဲ သို့​ဝင်​သော​အ​ခါ လေ​ဝိ​အ​နွယ်​ဝင်​အာ​ရုန် ၏​တောင်​ဝှေး​မှ​အ​ညှောက်​ထွက်​လျက်​ရှိ​သည် ကို​တွေ့​မြင်​ရ​လေ​သည်။ ထို​တောင်​ဝှေး​မှ အ​ဖူး၊ အ​ပွင့်​များ​ဖူး​ပွင့်​၍​ဗာ​ဒံ​သီး​မှည့် များ​သီး​လျက်​ရှိ​ပေ​သည်။-
နက်ဖြန်နေ့၌ သက်သေခံချက်တဲတော်အတွင်း သို့ မောရှေဝင်သောအခါ၊ လေဝိအမျိုးနှင့်ဆိုင်သော အာရုန်၏လှံတံသည် အရွက်ထွက်လျက်၊ ငုံလျက်၊ ပွင့် လျက်၊ ဗာတံသီးကို သီးလျက်ရှိ၏။
9 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား တောင်​ဝှေး​အား​လုံး​ကို​ထုတ်​ပြ​ရာ​သူ တို့​သည်​ဖြစ်​ခဲ့​သော​အ​ခြင်း​အ​ရာ​ကို​တွေ့ မြင်​ကြ​၏။ ဦး​စီး​ခေါင်း​ဆောင်​တို့​သည်​မိ​မိ တို့​ဆိုင်​ရာ​တောင်​ဝှေး​ကို​ပြန်​ယူ​ကြ​လေ​သည်။-
မောရှေသည် လှံတံရှိသမျှတို့ကို ထာဝရဘုရား ထံတော်က ဣသရေလအမျိုးသားတို့ ရှေ့သို့ ထုတ်ဆောင် သဖြင့်၊ သူတို့သည် ကြည့်ရှု၍၊ လူတိုင်း မိမိလှံတံကို ယူပြန် လေ၏။
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​က``အာ​ရုန်​၏​တောင်​ဝှေး​ကို သေတ္တာ​တော်​ရှေ့​တွင်​ပြန်​ထား​လော့။ ပုန်​ကန် တတ်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​အ​ပြစ်​တင်​ညည်း​ညူ​နေ​လျှင် အ​သက် သေ​ဆုံး​ရ​မည်​ဖြစ်​ကြောင်း​သ​တိ​ပေး​သည့် အ​နေ​ဖြင့်​အာ​ရုန်​၏​တောင်​ဝှေး​ကို​ထို နေ​ရာ​၌​ထား​ရ​မည်'' ဟု​မိန့်​တော်​မူ ၏။-
၁၀ထာဝရဘုရားကလည်း၊ ပုန်ကန်သောသူတို့ တဘက်၌ သက်သေဖြစ်စေခြင်းငှါ၊ အာရုန်၏ လှံတံကို သက်သေခံချက်ရှေ့၌ ပြန်ထား၍ အမြဲရှိစေလော့။ ထိုသို့ သူတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း၊ သူတို့ အပြစ်တင်၍ မြည်တမ်းခြင်းကို ငါနားမငြီးရာဟု၊
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း မော​ရှေ​ဆောင်​ရွက်​လေ​သည်။
၁၁မောရှေအား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် ပြုလေ၏။
12 ၁၂ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​မော​ရှေ အား``အ​ကျွန်ုပ်​တို့​၏​ဘ​ဝ​ဆုံး​ရှုံး​ပါ​ပြီ။-
၁၂ဣသရေလအမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့ သည် သေကြေပျက်စီးကြပါ၏။ တယောက်မျှမကြွင်း ပျက်စီးရကြပါ၏။
13 ၁၃ တဲ​တော်​အ​နီး​သို့​ချဉ်း​ကပ်​မိ​သူ​တိုင်း​သေ ရ​မည်​ဆို​လျှင် အ​ကျွန်ုပ်​တို့​အား​လုံး​သေ​ဆုံး ရ​ပါ​တော့​မည်'' ဟု​ဆို​ကြ​လေ​သည်။
၁၃ထာဝရဘုရား၏ တဲတော်ကို ချဉ်းကပ်သော သူ တိုင်း သေပါလိမ့်မည်။ အကျွန်ုပ်တို့ ရှိသမျှသည် သေဘေး သင့်၍ ဆုံးရှုံးခြင်းသို့ ရောက်ရကြပါဦးမည်လောဟု မောရှေအား လျှောက်ဆိုကြ၏။

< တောလည်ရာ 17 >