< တောလည်ရာ 15 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​ပေး​တော်​မူ​မည့်​ပြည် တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လိုက်​နာ​ရန် ပ​ညတ်​များ​ကို၊-
တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊
2 မော​ရှေ​မှ​တစ်​ဆင့်​အောက်​ပါ​အ​တိုင်း ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။-
သင်တို့နေရာဖြစ်သော ငါပေးသော ပြည်သို့ ရောက်၍ နေကြသောအခါ
3 ``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့ ရာ​ယဇ်​ဖြစ်​စေ၊ သစ္စာ​ဝတ်​ဖြေ​ရာ​ယဇ်​ဖြစ် စေ၊ စေ​တ​နာ​အ​လျောက်​ပူ​ဇော်​သော​သ​ကာ ကို​ဖြစ်​စေ​ကျင်း​ပ​မြဲ​ဘာ​သာ​ရေး​ပွဲ​တော် များ​၌ ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​ကို​ဖြစ် စေ​ပူ​ဇော်​သည့်​အ​ခါ သိုး၊ နွား၊ ဆိတ်​တို့​ကို ပူ​ဇော်​နိုင်​သည်။ ဤ​သ​ကာ​တို့​၏​ရ​နံ့​ကို ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။-
သစ္စာဂတိရှိ၍ ပူဇော်သော်၎င်း၊ အလိုလို ပူဇော် သော်၎င်း၊ ပွဲသဘင်ခံ၍ ပူဇော်သော်၎င်း၊ မီးရှို့ရာယဇ် အစရှိသော အခြားသောယဇ်ကို မီးဖြင့်ပူဇော်၍ သိုးနွား အားဖြင့် ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ကို ပြုခြင်းငှါအလိုရှိလျှင်၊
4 ထာ​ဝ​ရ​ဘု​ရား​အား​သိုး​သို့​မ​ဟုတ်​ဆိတ်​ကို မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​သော​သူ​သည် ယဇ် ကောင်​နှင့်​အ​တူ​ဘော​ဇဉ်​သကာ​အ​ဖြစ် သံ​လွင် ဆီ​နှစ်​ပိုင့်​နှင့်​ရော​ထား​သော​မုန့်​ညက်​နှစ်​ပေါင် အ​ပြင် စ​ပျစ်​ရည်​နှစ်​ပိုင့်​ကို​လည်း​ယူ​ဆောင် ခဲ့​ရ​မည်။-
ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုသောသူသည်၊ သိုးသငယ်ကို ပူဇော်လျှင် မီးရှို့ရာယဇ်ဖြစ်စေ၊ အခြားသောယဇ်ဖြစ်စေ၊
5
ယဇ်နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာကို ဆီသုံးလောဃရောသော မုန့်ညက်တဩမဲကို၎င်း။ သွန်းလောင်းရာ ပူဇော်သက္ကာကို စပျစ်ရည် သုံးလောဃကို၎င်း၊ ပြင်ဆင်၍ ဆောင်ခဲ့ရမည်။
6 သိုး​ထီး​ကို​ပူ​ဇော်​သည့်​အ​ခါ​ဘော​ဇဉ် သကာ​အ​ဖြစ် သံ​လွင်​ဆီ​သုံး​ပိုင့်​နှင့်​ရော ထား​သော​မုန့်​ညက်​လေး​ပေါင်​အ​ပြင်၊-
သိုးကိုပူဇော်လျှင်၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေ ခြင်းငှါ၊
7 စ​ပျစ်​ရည်​သုံး​ပိုင့်​ကို​လည်း​ဆက်​သ​ရ​မည်။ ဤ​သ​ကာ​တို့​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​၏။-
ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီလေး လောဃရောသော မုန့်ညက်နှစ်ဩမဲကို ပြင်ဆင်၍ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည်လေးလောဃကို ပူဇော်ရမည်။
8 ထာ​ဝ​ရ​ဘု​ရား​အား​နွား​ထီး​ကို​မီး​ရှို့ ရာ​ယဇ်​သို့​မ​ဟုတ်​သစ္စာ​ဝတ်​ဖြေ​ရာ​ယဇ် သို့​မ​ဟုတ်​မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ ဇော်​သော​အ​ခါ၊-
ထာဝရဘုရားအား မီးရှို့ရာယဇ်၊ သစ္စာဂတိရှိ၍ ပူဇော်သောယဇ်၊ မိဿဟာယယဇ်ဘို့ နွားကို ပြင်ဆင်လျှင်၊
9 သံ​လွင်​ဆီ​လေး​ပိုင့်​နှင့်​ရော​ထား​သော​မုန့် ညက်​ခြောက်​ပေါင်​အ​ပြင်၊-
မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင် သော အနံ့ရှိစေခြင်းငှါ၊
10 ၁၀ စ​ပျစ်​ရည်​လေး​ပိုင့်​ကို​ဆက်​သ​ရ​မည်။ ဤ သကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။
၁၀နွားနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီ ခြောက်လောဃရောသော မုန့်ညက်သုံးဩမဲကို၎င်း၊ သွန်း လောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည် ခြောက်လောဃ ကို၎င်း ဆောင်ခဲ့ရမည်။
11 ၁၁ ဤ​သကာ​များ​သည် သိုး၊ နွား၊ ဆိတ်​တို့​နှင့်​ပူ​ဇော် ရ​မည့်​သကာ​များ​ဖြစ်​သည်။-
၁၁နွားတကောင်၊ သိုးတကောင်၊ သိုးသငယ်တကောင်၊ ဆိတ်သငယ်တကောင်ကို ယဇ်ပူဇော်သောအခါ ထိုသို့ပြုရမည်။
12 ၁၂ ယဇ်​ကောင်​တစ်​ကောင်​ထက်​ပို​၍​ပူ​ဇော်​သည့် အ​ခါ တွဲ​ဖက်​ပူ​ဇော်​ရ​မည့်​သကာ​များ​ကို လည်း​အ​ချိုး​ကျ​တိုး​မြှင့်​ပူ​ဇော်​ရ​မည်။-
၁၂ပြင်ဆင်သော သိုး နွားအရေအတွက်သို့ လိုက်၍၊ တကောင် ကောင်ကို ထိုသို့ပြုရမည်။
13 ၁၃ တိုင်း​ရင်း​ဖွား​ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော ရ​နံ့​အ​ဖြစ် သ​ကာ​ကို​ဆက်​သ​ရာ​၌​ထို​နည်း အ​တိုင်း​လိုက်​နာ​ရ​မည်။-
၁၃ပြည်သားအပေါင်းတို့သည် မီးဖြင့် ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ၊ ထိုသို့နှင့်အညီ ပြုရကြမည်။
14 ၁၄ အ​မြဲ​ဖြစ်​စေ၊ ယာ​ယီ​ဖြစ်​စေ​သင်​တို့​နှင့် အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​တစ်​ဦး​သည် ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော​ရ​နံ့ အ​ဖြစ်​သကာ​ကို​ဆက်​သ​သည့်​အ​ခါ ဖော်​ပြ ပါ​ပြ​ဋ္ဌာန်း​ချက်​များ​အ​တိုင်း​ဆက်​သ ရ​မည်။-
၁၄သင်တို့တွင် တည်းခိုသော တပါးအမျိုးသား ဖြစ်စေ၊ အခြားတပါးသောသူဖြစ်စေ၊ မီးဖြင့် ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ အလို ရှိလျှင်၊ သင်တို့ပြုသည်နည်းတူ သူသည်လည်း ပြုရမည်။
15 ၁၅ သင်​တို့​တွင်​တည်း​ခို​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​သည် ဤ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​နောင်​အ​စဉ် အ​ဆက်​စောင့်​ထိန်း​ရ​ကြ​မည်။ သင်​တို့​နှင့်​လူ မျိုး​ခြား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​တွင်​ညီ​တူ​ညီ​မျှ​ဖြစ်​ကြ​သ​ဖြင့်၊-
၁၅ပရိသတ်အဝင်ဖြစ်သောသူ၊ သင်တို့တွင် တည်း ခိုသော တပါးအမျိုးသားဖြစ်သောသူတို့သည်၊ သင်တို့ အမျိုးအစဉ်အဆက်စောင့်ရသော တပါးတည်းသော ထုံးစံရှိ၍၊ ထာဝရဘုရားရှေ့တော်၌ သင်တို့သည် ဖြစ် သည်နည်းတူ သူသည်လည်း ဖြစ်ရမည်။
16 ၁၆ သင်​တို့​နှင့်​သူ​တို့​အ​တွက်​ပြ​ဋ္ဌာန်း​ချက်​များ သည်​လည်း တ​ပြေး​ညီ​ဖြစ်​စေ​ရ​မည်။
၁၆သင်တို့ကိုယ်တိုင်မှစ၍ သင်တို့တွင် တည်းခို သော တပါးအမျိုးသားတို့သည် တပါးတည်းသော တရား၊ တပါးတည်းသော ထုံးစံရှိရကြမည်ဟု မိန့်တော်မူ၏။
17 ၁၇ ထာ​ဝ​ရ​ဘု​ရား​သည်​ပေး​တော်​မူ​မည့်​ပြည် တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လိုက်​နာ ရန်​ပ​ညတ်​များ​ကို မော​ရှေ​မှ​တစ်​ဆင့် အောက်​ပါ​အ​တိုင်း​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။-
၁၇တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
18 ၁၈
၁၈ငါပို့ဆောင်သော ပြည်သို့ သင်တို့သည် ရောက်၍၊
19 ၁၉ ထို​ပြည်​မှ​ထွက်​သော​သီး​နှံ​ကို​စား​သုံး​ကြ သော​အ​ခါ အ​ချို့​ကို​ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​သီး​သန့်​ထား​ရ​မည်။-
၁၉ထိုပြည်၌ဖြစ်သော မုန့်ကို စားကြသောအခါ၊ ထာဝရဘုရားအား ချီးမြှောက်ရာ ပူဇော်သက္ကာကို ဆက်ရ မည်။
20 ၂၀ ကောက်​သစ်​မှ​ရ​သော​မုန့်​ညက်​ဖြင့်​လုပ်​သည့် အ​ဦး​ဆုံး​မုန့်​ကို ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဆက်​သ​ရ​မည်။ ကောက်​နယ်​တ​လင်း​မှ​ရ​သော​စ​ပါး​ကို အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဆက်​သ​သည့်​နည်း တူ​ဤ​မုန့်​ကို​ဆက်​သ​ရ​မည်။-
၂၀အဦးနယ်သော မုန့်စိမ်းဖြင့် လုပ်သော မုန့်ပြား ကို ချီမြှောက်ရာ ပူဇော်သက္ကာပြု၍ ကောက်နယ်တလင်း ထဲက ချီမြှောက်ရာ ပူဇော်သက္ကာကို ပြုသကဲ့သို့ ချီမြှောက် ရမည်။
21 ၂၁ သင်​တို့​ဖုတ်​သော​မုန့်​မှ​ဤ​အ​ထူး​လှူ​ဖွယ် ကို​ထာ​ဝ​ရ​ဘု​ရား​အား သင်​တို့​အ​မျိုး အ​စဉ်​အ​ဆက်​ပူ​ဇော်​ဆက်​သ​ရ​မည်။
၂၁သင်တို့အမျိုးအစဉ်အဆက်တို့သည်၊ အဦးနယ် သော မုန့်စိမ်းထဲက ချီမြှောက်ရာ ပူဇော်သက္ကာကိုထာဝရ ဘုရားအား ဆက်ရကြမည်။
22 ၂၂ အ​ကယ်​၍​တစ်​စုံ​တစ်​ယောက်​သည်​ဤ​ပ​ညတ် အ​ချို့​ကို အ​မှတ်​မ​ထင်​ဖောက်​ဖျက်​မိ​လျှင် သော်​လည်း​ကောင်း၊-
၂၂ထာဝရဘုရားသည် မောရှေကို မှာထားသော နေ့မှစ၍၊ မောရှေအားဖြင့် သင်တို့၌ ထားတော်မူသော ပညတ်၊
23 ၂၃ နောင်​အ​ခါ​တွင်​တစ်​မျိုး​သား​လုံး​သည် မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​ပြ​ဋ္ဌာန်း သော​ပ​ညတ်​ရှိ​သ​မျှ​အ​တိုင်း​မ​ကျင့် လျှင်​သော်​လည်း​ကောင်း၊-
၂၃သင်တို့အမျိုးအစဉ်အဆက်၌ ထားတော်မူလတံ့ သော ပညတ်အလုံးစုံတို့ကို သင်တို့သည် မစောင့် မှား ယွင်းခြင်းသို့ ရောက်ကြသည်အမှုမှာ၊
24 ၂၄ မ​သိ​မှား​ယွင်း​ခြင်း​ဖြစ်​ခဲ့​သည်​ရှိ​သော် သူ​တို့​သည် နွား​ထီး​တစ်​ကောင်​ကို​မီး​ရှို့​ရာ ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ​မည်။ ထို​သ​ကာ​ရ​နံ့ ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။ ထို ယဇ်​ကောင်​နှင့်​အ​တူ​ဘော​ဇဉ်​သကာ​နှင့် စ​ပျစ်​ရည်​သကာ​တို့​ကို​လည်း​တွဲ​ဖက် ဆက်​သ​ရ​မည်။ ထို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ ယဇ်​အ​တွက်​ဆိတ်​ထီး​တစ်​ကောင်​ကို လည်း​ပူ​ဇော်​ရ​မည်။-
၂၄ပရိသတ်အပေါင်းတို့သည် မသိဘဲ သတိလစ်၍ မှားယွင်းခြင်းသို့ရောက်လျှင်၊ ပရိသတ်အပေါင်းတို့သည် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ၊ ထုံးဖွဲ့သော ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျိုသော နွားထီးဖြင့် မီးရှို့ရာယဇ်ကို၎င်း၊ ဆိတ်ဖြင့် အပြစ်ဖြေရာ ယဇ်ကို၎င်း ပူဇော်ရကြမည်။
25 ၂၅ ယဇ်​ပု​ရော​ဟိတ်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​အ​တွက် သန့်​စင်​ခြင်း​ဝတ် ကို​ပြု​ရ​မည်။ ထို​အ​ခါ​သူ​တို့​သည်​အ​ပြစ် လွတ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ တို့​သည်​အ​မှတ်​မ​ထင်​မှား​ယွင်း​မိ​၍ ပူ​ဇော် သကာ​အ​ဖြစ်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ယူ​ဆောင် ခဲ့​သော​ကြောင့်​ဖြစ်​သည်။-
၂၅ယဇ်ပုရောဟိတ်သည်၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အဘို့ အပြစ်ဖြေခြင်းကို ပြုရသဖြင့်၊ သူတို့သည် သတိလစ်၍ ပြစ်မှားသောကြောင့်၊ ထိုအပြစ် ကို လွှတ်ရလိမ့်မည်။ သူတို့သည်လည်း သတိလစ်သော အပြစ်ကြောင့်၊ အပြစ်ဖြေရာယဇ်နှင့်တကွ၊ မီးဖြင့်ပြုသော ပူဇော်သက္ကာကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရ ကြမည်။
26 ၂၆ လူ​ထု​တစ်​ရပ်​လုံး​တွင်​ပါ​ဝင်​သူ​တိုင်း​သည် အ​မှတ်​မ​ထင်​မှား​ယွင်း​မိ​သည်​ဖြစ်​ရာ ဣ​သ ရေ​လ​အ​မျိုး​သား​များ​နှင့်​သူ​တို့​နှင့်​အ​တူ နေ​ထိုင်​သော​လူ​မျိုး​ခြား​များ​၏​အ​ပြစ် လွတ်​လိမ့်​မည်။
၂၆ထိုသို့ပြုလျှင်၊ လူအပေါင်းတို့သည် ပြစ်မှားသော် လည်း၊ သတိလစ်၍ ပြစ်မှားသောကြောင့်၊ ဣသရေလ အမျိုးသားပရိသတ်အပေါင်းကို၎င်း၊ သူတို့ထံမှာ တည်းခို သော တပါးအမျိုးသားကို၎င်း ထိုအပြစ်မှ လွှတ်ရလိမ့် မည်။
27 ၂၇ အ​ကယ်​၍​တစ်​ဦး​တစ်​ယောက်​သည်​အ​မှတ် မ​ထင်​ပြစ်​မှား​မိ​လျှင် ထို​သူ​သည်​တစ်​နှစ် သား​ဆိတ်​မ​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ​မည်။-
၂၇လူတစုံတယောက်သည် သတိလစ်၍ ပြစ်မှား လျှင်၊ အပြစ်ဖြေရာ ယဇ်ဘို့အခါမလည်သော ဆိတ်မ တကောင်ကို ဆောင်ခဲ့ရမည်။
28 ၂၈ ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အ​တွက်​အ​ပြစ် ဖြေ​ရာ​ယဇ်​ကို​ပူ​ဇော်​သော​အား​ဖြင့် အ​ပြစ် မှ​လွတ်​လိမ့်​မည်။-
၂၈ထာဝရဘုရားရှေ့တော်၌ သတိလစ်၍ ပြစ်မှား မိသော ထိုသူအဘို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်း ကို ပြုရသဖြင့် ထိုအပြစ်ကို လွှတ်ရလိမ့်မည်။
29 ၂၉ ဤ​ပ​ညတ်​သည်​အ​မှတ်​မ​ထင်​အ​ပြစ်​ပြု မိ​သော တိုင်း​ရင်း​ဖွား​ဣ​သ​ရေ​လ​အ​မျိုး သား​အ​တွက်​ဖြစ်​စေ၊ အ​တူ​တ​ကွ​နေ​ထိုင် သော​လူ​မျိုး​ခြား​အ​တွက်​ဖြစ်​စေ အ​ပြစ် ဖြေ​ရန်​လိုက်​နာ​ရ​မည့်​ပညတ်​ဖြစ်​သည်။
၂၉ဣသရေလအမျိုးသားဖြစ်သောသူ၊ တည်းခို သော တပါးအမျိုးသားဖြစ်သောသူတို့သည် သတိလစ်၍ ပြစ်မှားသောအခါ၊ တပါးတည်းသော တရားကို စောင့်ရ ကြမည်။
30 ၃၀ တိုင်း​ရင်း​ဖွား​ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ​တ​မင်​သက်​သက်​အ​ပြစ် ပြု​မိ​လျှင်​မူ​ကား ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား အား​မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ဖြစ်​သော​ကြောင့် သူ့​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။-
၃၀ဣသရေလအမျိုးသားဖြစ်စေ၊ တပါးအမျိုးသား ဖြစ်စေ၊ ရဲရင့်စွာပြစ်မှားလျှင်၊ ထာဝရဘုရားကို မရိုသေ ရာသို့ ရောက်သည်ဖြစ်၍၊ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်း ရမည်။
31 ၃၁ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​ကို​ပစ်​ပယ်​၍ ပ​ညတ်​တော် ကို​တ​မင်​သက်​သက်​ချိုး​ဖောက်​သော​ကြောင့် ဖြစ်​သည်။ သူ​သည်​အ​ပြစ်​အ​လျောက်​သေ ဒဏ်​ခံ​ရ​မည်။
၃၁ထာဝရဘုရား၏စကားတော်ကို မထီမဲ့မြင်ပြု၍ ပညတ်တော်ကို လွန်ကျူးသောကြောင့်၊ ထိုသူကို ရှင်းရှင်း ပယ်ရှားရမည်။ မိမိအပြစ်ကို မိမိခံရမည်ဟု မိန့်တော်မူ ၏။
32 ၃၂ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တော​ကန္တာ​ရ ၌​ရှိ​သော​အ​ခါ တစ်​နေ့​သော​ဥ​ပုသ်​နေ့​၌​လူ တစ်​ယောက်​ထင်း​ခွေ​လျက်​နေ​သည်​ကို​တွေ့​ရှိ ကြ​သည်။-
၃၂ဣသရေလအမျိုးသားတို့သည် တော၌ ရှိကြ သောအခါ၊ တနေ့သောဥပုသ်နေ့၌ ထင်းခွေသောသူ တယောက်ကို တွေ့လေ၏။
33 ၃၃ ထို​သူ​အား​မော​ရှေ၊ အာ​ရုန်​နှင့်​ဣသ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ထံ​သို့​ခေါ် ဆောင်​ခဲ့​ကြ​သည်။-
၃၃တွေ့သောသူတို့သည်၊ ထိုသူကို မောရှေ၊ အာရုန်၊ ပရိသတ်အပေါင်းတို့ ရှေ့သို့ ခေါ်ခဲ့ကြ၏။
34 ၃၄ သူ့​အား​မည်​ကဲ့​သို့​စီ​ရင်​ရ​မည်​ကို​မ​သိ သ​ဖြင့်​ချုပ်​နှောင်​ထား​ကြ​သည်။-
၃၄သူ၏အမှုကို စီရင်ရာလမ်းမထင်ရှားသေးသော ကြောင့် ချုပ်ထားကြ၏။
35 ၃၅ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ထို​သူ အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဣသ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည်​စ​ခန်း​အ​ပြင်​၌​သူ့ ကို​ကျောက်​ခဲ​နှင့်​ပစ်​၍​သတ်​ရ​မည်'' ဟု မိန့်​တော်​မူ​၏။-
၃၅ထာဝရဘုရားကလည်း၊ ထိုသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည် တပ်ပြင်မှာ သူ့ကို ကျောက်ခဲနှင့်ပစ်ရကြမည်ဟု မောရှေ အား မိန့်တော်မူ၍၊
36 ၃၆ သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​ထို​သူ​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ် ပြီး​လျှင် ကျောက်​ခဲ​နှင့်​ပစ်​သတ်​ကြ​လေ​သည်။
၃၆ထိုအမိန့်တော်အတိုင်း ပရိသတ်အပေါင်းတို့ သည် ထိုသူကို တပ်ပြင်သို့ ဆောင်သွား၍၊ ကျောက်ခဲနှင့် ပစ်ကြသဖြင့် သူသည် အသေခံရ၏။
37 ၃၇ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုးသား​တို့​အား၊-
၃၇တဖန် မောရှေအား ထာဝရဘုရားက၊ သင် သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
38 ၃၈ ``သင်​တို့​၏​အ​ဝတ်​အင်္ကျီ​ထောင့်​စွန်း​များ တွင်​ပန်း​ပွား​များ​ပြု​လုပ်​၍ ပန်း​ပွား​တစ်​ခု စီ​တွင်​ကြိုး​ပြာ​တပ်​ထား​ရ​မည်။ သင်​တို့ အ​မျိုး​အ​စဉ်​အ​ဆက်​ဤ​ပ​ညတ်​ကို​စောင့် ထိန်း​ရ​မည်။-
၃၈သူတို့အမျိုး အစဉ်အဆက်တို့သည်၊ အဝတ်စွန်း တို့၌ ဆွဲစရာဘို့ ပန်းပွားတို့ကို လုပ်၍၊ ပြာသော ကြိုးနှင့် ချည်တွဲရကြမည်။
39 ၃၉ သင်​တို့​သည်​ပန်း​ပွား​များ​ကို​မြင်​သည့် အ​ခါ​တိုင်း ငါ​၏​ပ​ညတ်​ရှိ​သ​မျှ​ကို သ​တိ​ရ​၍​လိုက်​နာ​ကျင့်​ဆောင်​ကြ​လိမ့် မည်။ ထို​အ​ခါ​သင်​တို့​သည်​ငါ့​ကို​စွန့်​ပယ်​၍ မိ​မိ​တို့​အ​လို​အ​တိုင်း​ပြု​မူ​ကျင့်​ဆောင် ကြ​မည်​မ​ဟုတ်​တော့​ချေ။-
၃၉ထိုပန်းပွားတို့ကို သင်တို့သည် ကြည့်မြင်သော အခါ၊ ထာဝရဘုရား ပညတ်တော်မူသမျှတို့ကို အောက် မေ့၍ ကျင့်ကြမည်အကြောင်း၊ အထက်က ကိုယ်အလိုသို့ လိုက်လျက်၊ ကိုယ်ဉာဏ်ကို မှီဝဲလျက် မှားယွင်းသကဲ့သို့ မလိုက် မမှီဝဲ၊
40 ၄၀ ငါ​၏​ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း​ရန် ပန်း​ပွား​များ​က သင်​တို့​ကို​သ​တိ​ပေး သ​ဖြင့်​သင်​တို့​သည်​ငါ့​အ​တွက်​ဆက်​ကပ် ထား​သော​လူ​မျိုး​တော်​ဖြစ်​လိမ့်​မည်။-
၄၀ငါပညတ်သမျှတို့ကို အောက်မေ့၍ ကျင့်သဖြင့်၊ သင်တို့ ဘုရားသခင်အဘို့ သန့်ရှင်းမည်အကြောင်း ထိုသို့ ပြုရမည်။
41 ၄၁ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​သင်​တို့​၏ ဘု​ရား​ဖြစ်​အံ့​သော​ငှာ သင်​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​၏။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။
၄၁ငါသည် သင်တို့၏ ဘုရားသခင်ဖြစ်ခြင်းငှါ၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။

< တောလည်ရာ 15 >