< တောလည်ရာ 14 >

1 ထို​အ​ခါ​လူ​အ​ပေါင်း​တို့​သည်​တစ်​ည​လုံး ငို​ကြွေး​မြည်​တမ်း​ကြ​လေ​သည်။-
HOOKIEKIE ae la ke anaina kanaka a pau i ko lakou leo, a hooho ae la; a uwe iho la na kanaka ia po.
2 သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​အား``ငါ​တို့ သည်​အီ​ဂျစ်​ပြည်​၌​ဖြစ်​စေ၊ ဤ​တော​ကန္တာ​ရ ၌​ပင်​ဖြစ်​စေ​သေ​ရ​ခြင်း​က​သာ​၍​ကောင်း ပါ​သေး​သည်။-
Ohumu ae la na mamo a pau a Iseraela ia Mose a me Aarona: i aku la ke anaina kanaka a pau ia laua, E aho ko makou make ma ka aina o Aigupita! E aho ko makou make ma keia waonahele!
3 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ်​ကြောင့်​ငါ​တို့ ကို​ထို​ပြည်​သို့​ပို့​ဆောင်​ရ​ပါ​သ​နည်း။ ငါ​တို့ သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​ပါ​လိမ့်​မည်။ ငါ တို့​၏​သား​မ​ယား​တို့​သည်​လည်း​ရန်​သူ​ဖမ်း သွား​ခြင်း​ခံ​ရ​ပါ​လိမ့်​မည်။ အီ​ဂျစ်​ပြည်​သို့ ပြန်​လျှင်​ကောင်း​မည်'' ဟု​ညည်း​ညူ​ကြ​လေ သည်။-
No ke aha la hoi i lawe mai nei o Iehova ia kakou i keia aina, e make i ka pahikaua, a e lilo at ka kakou mau wahine a me na keiki i i pio? E aho paha e hoi kakou i Aigupita.
4 ထို​ကြောင့်​သူ​တို့​က``ငါ​တို့​ကို​အီ​ဂျစ်​ပြည်​သို့ ပြန်​၍ ပို့​ဆောင်​မည့်​ခေါင်း​ဆောင်​တစ်​ဦး​ကို​ရွေး ကြ​ပါ​စို့'' ဟူ​၍​အ​ချင်း​ချင်း​ပြော​ဆို​ကြ လေ​သည်။
I ae la lakou i kekahi i kekahi, E hoonoho kakou i luna no kakou, a e hoi aku i Aigupita.
5 ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် လူ အ​ပေါင်း​တို့​ရှေ့​တွင်​မြေ​ပေါ်​၌​ပျပ်​ဝပ် လျက်​နေ​ကြ​၏။-
Alaila moe iho la o Mose laua o Aarona ilalo ke alo imua o ke anaina kanaka a pau i akoakoa o na mamo a Iseraela.
6 ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ခဲ့​သူ​များ အ​နက် နှစ်​ဦး​ဖြစ်​ကြ​သော​နုန်​၏​သား​ယော​ရှု နှင့်​ယေ​ဖုန္နာ​၏​သား​ကာ​လက်​တို့​သည် ဝမ်း​နည်း သည့်​အ​နေ​ဖြင့်​မိ​မိ​တို့​၏​အ​ဝတ်​အင်္ကျီ​များ ကို​ဆုတ်​ဖြဲ​လျက်၊-
A o Iosua ke keiki a Nuna, a o Kaleba ke keiki a Iepune, o laua kekahi o na mea i makaikai i ka aina, haehae ae la laua i ko laua kapa.
7 ``ငါ​တို့​စုံ​စမ်း​ထောက်​လှမ်း​ခဲ့​သော​ပြည် သည်​အ​လွန်​နေ​ထိုင်​ဖွယ်​ကောင်း​သော​ပြည် ဖြစ်​သည်။-
Olelo aku la laua i ka poe mamo a pau a Iseraela, i aku la, O ka aina a makou i kaahele ai e makaikai, he aina maikai loa ia.
8 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​စိတ်​တော်​နှင့် တွေ့​လျှင်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍ မြေ​သြ ဇာ​ထက်​သန်​သော​ထို​ပြည်​သို့​ပို့​ဆောင်​လျက် အ​ပိုင်​စား​ပေး​တော်​မူ​မည်။-
Ina i oluolu mai o Iehova ia ka kou, alaila e kai aku oia ia kakon i ua aina la, a e haawi mai hoi ia no kakou; he aina e kahe ana ka waiu a me ka meli
9 ထာ​ဝ​ရ​ဘု​ရား​ကို​မ​ပုန်​ကန်​ကြ​ပါ​နှင့်။ ခါ​နာန်​ပြည်​သား​တို့​ကို​လည်း​မ​ကြောက်​ရွံ့ ကြ​ပါ​နှင့်။ ငါ​တို့​သည်​သူ​တို့​ကို​လွယ်​ကူ စွာ​တိုက်​ခိုက်​အောင်​မြင်​နိုင်​ပါ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၍ သူ​တို့​ကို​ကွယ်​ကာ​စောင့်​ရှောက်​သော​ဘု​ရား များ​ကို​လည်း နှိမ်​နင်း​အောင်​မြင်​တော်​မူ​ပြီး ဖြစ်​၍​မ​ကြောက်​ရွံ့​ကြ​ပါ​နှင့်'' ဟု​လူ​တို့ အား​ပြော​ကြ​၏။-
Aka, mai kipi aku oukou ia Iehova, mai makau hoi i na kanaka o ka aina; no ka mea, he mea ai lakou na kakou: ua hala aku la ko lakou malu mai o lakou aku la, me kakou no hoi o Iehova; mai makau ia lakou.
10 ၁၀ လူ​အ​ပေါင်း​တို့​သည်​ထို​စ​ကား​ကို​ကြား လျှင် သူ​တို့​နှစ်​ဦး​ကို​ကျောက်​ခဲ​ဖြင့်​ပစ်​သတ် ရန်​ကြိုး​စား​အား​ထုတ်​ကြ​လေ​သည်။ သို့​ရာ တွင်​ထို​ခ​ဏ​ချင်း​၌​ထာ​ဝ​ရ​ဘု​ရား​၏ ဘုန်း​ရောင်​ခြည်​တော်​သည် တဲ​တော်​ပေါ်​တွင် ထွန်း​တောက်​နေ​သည်​ကို​သူ​တို့​မြင်​ကြ​၏။
Aka. kena ae la ke anaina kanaka a pau e hailuku ia laua i ua pohaku Alaila ikea ae la ka nani o Iehova ma ka halelewa o ke anaina, imua o na mamo a pau a Iseraela.
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဤ​လူ​တို့ သည်​မည်​မျှ​ကာ​လ​ပတ်​လုံး​ငါ့​ကို​ပစ်​ပယ် ကြ​မည်​နည်း။ ငါ​သည်​သူ​တို့​တွင်​အံ့​သြ​ဖွယ် အ​မှု​များ​စွာ​တို့​ကို​ပြ​ခဲ့​သော်​လည်း သူ​တို့ သည်​မည်​မျှ​ကာ​လ​ပတ်​လုံး​ငါ့​ကို​မ​ယုံ ကြည်​မ​ကိုး​စား​ဘဲ​နေ​ကြ​မည်​နည်း။-
I mai la o Iehova ia Mose, Pehea la ka loihi o ka hoonaukiuki ana mai o keia poe kanaka ia'u? Ahea la hoi lakou e manaoio mai ai ia'u no na mea mana a pau a'u i hoike ai iwaena o lakou?
12 ၁၂ ငါ​သည်​သူ​တို့​ကို​ကပ်​ရော​ဂါ​ဖြင့်​ဖျက်​ဆီး ပစ်​မည်။ သို့​ရာ​တွင်​ငါ​သည်​သင့်​အား​သူ​တို့ ထက်​သာ​၍​များ​ပြား​၍ တန်​ခိုး​ကြီး​သော​လူ မျိုး​၏​ဖ​ခင်​ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။
E luku aku au ia lakou i ke ahulau, a e pai ia lakou i ka aina hooili; a e hoolilo au ia oe i lahuikanaka e oi aku ana ka nui a me ka ikaika i ko lakou.
13 ၁၃ ထို​အ​ခါ​မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား အား``ကိုယ်​တော်​သည်​ဤ​လူ​မျိုး​ကို​တန်​ခိုး တော်​အား​ဖြင့် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော် မူ​ခဲ့​ပါ​သည်။ အီ​ဂျစ်​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​၏​လူ​မျိုး​တော်​အား ကိုယ်​တော်​ဘေး ဒဏ်​သင့်​စေ​ကြောင်း​ကြား​ရ​သော​အ​ခါ၊-
Olelo aku la o Mose ia Iehova, Alaila e lohe ai ko Aigupita, (no ka mea, ma kou mana kau i lawe mai ai i keia poe kanaka mawaena mai o lakou, )
14 ၁၄ သူ​တို့​က​ဤ​ပြည်​ရှိ​ပြည်​သား​တို့​အား​သ​တင်း ပြော​ကြား​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊ ကိုယ်​တော်​၏​မိုး​တိမ်​သည်​အ​ကျွန်ုပ် တို့​၏​အ​ထက်​တွင်​ထင်​ရှား​စွာ​တည်​နေ​ကြောင်း ကို​လည်း​ကောင်း၊ ကိုယ်​တော်​သည်​နေ့​အ​ချိန်​တွင် မိုး​တိမ်​တိုင်၊ ည​အ​ချိန်​တွင်​မီး​တိမ်​တိုင်​အား ဖြင့်​အ​ကျွန်ုပ်​တို့​ရှေ့​မှ​ကြွ​သွား​တော်​မူ​ကြောင်း ကို​လည်း​ကောင်း ဤ​ပြည်​ရှိ​ပြည်​သား​များ​သိ ရ​ပြီး​ဖြစ်​ပါ​သည်။-
A e hai aku lakou ia i na kanaka o keia aina. Ua lohe lakou, e Iehova, o oe no mo keia poe kanaka, a ua ikeia hoi oe, e Iehova, he maka no he maka; a ua ku hoi kou ao maluna o lakou; a ua hele hoi oe imua o lakou i ko ao ma ke kia ao, a ma ke kia ahi i ka po.
15 ၁၅ ယ​ခု​တွင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​သုတ်​သင် ပယ်​ရှင်း​တော်​မူ​လျှင် ကိုယ်​တော်​၏​ဂုဏ်​သ​တင်း ကို​ကြား​ခဲ့​ဖူး​သော​လူ​မျိုး​များ​က၊-
A i pepehi mai oe i keia poe kanaka e like me ke kanaka hookahi, alaila e olelo mai na lahuikanaka i lohe i kou kaulana ana, i ka i ana,
16 ၁၆ ကိုယ်​တော်​သည်​ပေး​မည်​ဟု​က​တိ​ထား​တော်​မူ သော​ပြည်​သို့​မ​ပို့​ဆောင်​နိုင်​သော​ကြောင့် ဤ​သူ တို့​ကို​တော​ကန္တာ​ရ​၌​အ​ဆုံး​စီ​ရင်​တော်​မူ သည်​ဟု​ပြော​ကြ​ပါ​လိမ့်​မည်။-
No ka hiki ole ia Iehova ke hookomo aku i keia poe kanaka i ka aina ana i hoohiki ai no lakou, nolaila na pepehi oia ia lakou ma ka waouahele.
17 ၁၇ သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​ကိုယ်​တော် ၏​တန်​ခိုး​တော်​ကို​ပြ​တော်​မူ​ပါ။ ကိုယ်​တော်​က`ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သည်း​ခံ​သော​သ​ဘော​ရှိ ၏။ မေတ္တာ​က​ရု​ဏာ​နှင့်​ကြွယ်​ဝ​၍​ဒု​စ​ရိုက်​အ​ပြစ် နှင့်​ပုန်​ကန်​ခြင်း​အ​ပြစ်​တို့​ကို​လွှတ်​တော်​မူ​၏။ သို့ သော်​လည်း​မိ​ဘ​တို့​၏​အ​ပြစ်​အ​တွက်​သူ​တို့ ၏​သား​မြေး​မှ​စ​၍​တ​တိ​ယ​မျိုး​ဆက်၊ စတုတ္ထ မျိုး​ဆက်​သို့​တိုင်​အောင်​ပင်​ဒဏ်​ခတ်​တော်​မူ​မည်' ဟု​က​တိ​ထား​တော်​မူ​သည့်​အ​တိုင်း​ပြု​တော် မူ​ပါ။-
Ano la, ku nonoi aku nei au ia oe, i nui ka mana o kuu Haku. e like me ka olelo au i olelo mai ai, penei,
18 ၁၈
Ua altonui o Iehova, a ua nui kona lokomaikai, e kala ana i ka hew a a me ka lawehala ana, aole loa hoi e hoapono wale ana mai; e hoopai ana nae i ko ka tnakua lawehala maluna o na keiki a hiki aku i ke kuakahi a me ke kualua.
19 ၁၉ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဤ​သူ တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ချိန်​မှ ယ​နေ့ အ​ထိ​သူ​တို့​ကူး​လွန်​ခဲ့​သော​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​ခဲ့​သည့်​နည်း​တူ ကိုယ်​တော် ၏​ကြီး​မား​သော​မေတ္တာ​က​ရု​ဏာ​တော်​နှင့် အ​ညီ ယ​ခု​လည်း​သူ​တို့​ပြု​မိ​သော​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​ရန်​အ​ကျွန်ုပ် တောင်း​လျှောက်​ပါ​၏'' ဟု​ဆု​တောင်း​လေ သည်။
Ke noi aku nei au ia oe, e kala mai oe i ka hala o keia poe kanaka, e like me ka nui o kou lokomaikai; e like hoi me kau i kala mai ai i keia poe kanaka mai Aigupita mai, a hiki i keia manawa.
20 ၂၀ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​တောင်း​ပန် သည့်​အ​တိုင်း ငါ​သည်​သူ​တို့​၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။-
I mai la o Iehova, Ua kala aku no wau, e like me kau i olelo mai ai.
21 ၂၁ ငါ​သည်​အ​သက်​ရှင်​၍​ငါ​၏​ဘုန်း​အ​သ​ရေ တော်​သည် တစ်​ကမ္ဘာ​လုံး​တွင်​ပျံ့​နှံ့​လျက်​ရှိ သည်​အ​တိုင်း၊-
Aka, me au e ola nei, e hoopihaia auanei ka honua i ka nani o Iehova.
22 ၂၂ ဤ​သူ​တို့​အ​နက်​မည်​သူ​မျှ​ထို​ပြည်​သို့​မ​ဝင် ရ။ သူ​တို့​သည်​ငါ​၏​တောက်​ပ​သော​ဘုန်း​အ​သ ရေ​တော်​ကို​လည်း​ကောင်း၊ အီ​ဂျစ်​ပြည်​နှင့်​တော ကန္တာ​ရ​တွင်​ငါ​ပြု​ခဲ့​သော​အံ့​သြ​ဖွယ်​အ​မှု များ​ကို​လည်း​ကောင်း​တွေ့​မြင်​ခဲ့​ရ​သော်​လည်း သူ​တို့​သည်​ငါ့​ကို​အ​ကြိမ်​ကြိမ်​မ​ထီ​လေး​စား ပြု​၍​ငါ့​စ​ကား​ကို​လည်း​နား​မ​ထောင်​ခဲ့​ကြ။-
No ka men, o kela poe kanaka a pau, ka poe i ike mai i kuu na-ni, a me na mea mana a'u i hana'i ma Aigupita, a ma ka waonahele, a he umi ko lakou aa ana mai ia'u. aole hoi i hooloho mai i kuu leo;
23 ၂၃ သူ​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး​မည်​ဟု​က​တိ ထား​သော​ပြည်​သို့​သူ​တို့​မ​ဝင်​ရ။ ငါ့​ကို​ပစ်​ပယ် သူ​မှန်​သ​မျှ​ထို​ပြည်​သို့​မ​ဝင်​ရ။-
Aole loa lakou e ike i ka aina a'u i hoohiki ai no ko lakou poe kupuna, aole hoi kekahi o ka poe i hoonaukiuki mai ia'u e ike aku in wahi:
24 ၂၄ သို့​သော်​လည်း​ငါ​၏​အ​စေ​ခံ​ကာ​လက်​သည် အ​ခြား​သူ​တို့​နှင့်​ခြား​နား​သော​သ​ဘော​ရှိ​၍ ငါ​၏​စ​ကား​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ သူ​ဖြစ်​ခြင်း​ကြောင့် သူ​စုံ​စမ်း​ထောက်​လှမ်း​ခဲ့ သော​ပြည်​သို့​သူ့​ကို​ငါ​ပို့​ဆောင်​မည်။ သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​အာ​မ​လက်​အ​မျိုး သား​နှင့်​ခါ​နာန်​အ​မျိုး​သား​တို့​ယ​ခု​နေ​ထိုင် ရာ​ချိုင့်​ဝှမ်း​များ​ရှိ​ရာ​နယ်​မြေ​ကို​အ​ပိုင်​ရ လိမ့်​မည်။ နက်​ဖြန်​နေ့​တွင်​သင်​သည်​ပြန်​လှည့် ၍​အာ​ကာ​ဘာ​ပင်​လယ်​ကွေ့​ဘက်​ရှိ​တော ကန္တာ​ရ​သို့​သွား​လော့'' ဟု​မော​ရှေ​အား မိန့်​တော်​မူ​၏။
Aka, o ka'u kauwo, o Kaleha, no ka mea, he manao okoa maloko ona, a ua hahai pono mai oia ia'u, oia ka'u e hookomo ai i ka aina ana i hele aku ai; a e loaa i kana poe keiki ia aina.
25 ၂၅
(Ua noho no ka Ameleka a me ka Kanaana ma ke awawa.) Apopo, e huli oukou, a e komo aku iloko o ka waonahele, ma ke ala e hiki ai i ke Kaiula.
26 ၂၆ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​နှင့်​အာ​ရုန်​တို့​အား၊-
Olelo mai la o Iehova ia Mose a me Aarona, i mai la,
27 ၂၇ ``ဤ​ဆိုး​ယုတ်​သော​သူ​တို့​သည်​မည်​မျှ​ကာ​လ ပတ်​လုံး​ညည်း​ညူ​လျက်​ရှိ​ကြ​မည်​နည်း။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ညည်း​ညူ​သံ​ကို​ငါ ကြား​ရ​ဖန်​များ​လှ​ပြီ။-
Pehea la ka loihi o ko keia anaina kanaka ino e ohumu mai ai ia'u? Ua lohe no wau i na ohumu ana a na mamo a Iseraela i ohumu mai ai ia'u.
28 ၂၈ ယ​ခု​သူ​တို့​အား​ဤ​သို့​ပြန်​ပြော​လော့။ `ငါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကိုယ်​ကို​တိုင်​တည်​၍ သင်​တို့​တောင်း​ဆို​သည့်​အ​တိုင်း​ငါ​ပြု​မည်။-
E hai aku oe ia lakou, Ke i mai nei o Iehova, He oiaio, me ka oukou i olelo mai ai maloko o ko'u mau pepeiao, pela hoi ka'u e hana aku ai ia oukou.
29 ၂၉ သင်​တို့​သည်​တော​ကန္တာ​ရ​၌​ပင်​သေ​ဆုံး ကြ​လိမ့်​မည်။ ဤ​တော​သည်​သင်​တို့​၏​သင်္ချိုင်း ဖြစ်​လိမ့်​မည်။ သင်​တို့​သည်​ငါ့​ကို​အ​ပြစ်​တင် ညည်း​ညူ​ကြ​သော​ကြောင့် အ​သက်​နှစ်​ဆယ် ကျော်​သူ​တစ်​ယောက်​မျှ​ထို​ပြည်​သို့ မ​ဝင်​ရ။-
E hanle no auanei ko oukou kupapau ma keia waonahele; a o ka poe a pau o oukou i heluia, ma ka huiualielu okoa o oukou, mai ka iwakalua o ka makahiki a keu aku, o ka poe i ohumu mai ia'u,
30 ၃၀ သင်​တို့​ကို​နေ​ထိုင်​စေ​မည်​ဟု​က​တိ​ထား သော​ပြည်​သို့ ကာ​လက်​နှင့်​ယော​ရှု​မှ​တစ်​ပါး မည်​သူ​မျှ​မ​ဝင်​ရ။-
Aole loa oukou e komo aku iloko o ka aina a'u i hoohiki ai e hoonoho ia oukou ilaila; o laua wale no, o Kaleba ke keiki a Iepune, a o Iosua ke keiki a Nuna,
31 ၃၁ သင်​တို့​၏​သား​သ​မီး​များ​ကို​ရန်​သူ​ဖမ်း​သွား လိမ့်​မည်​ဟု​သင်​တို့​ဆို​ကြ​၏။ သို့​ရာ​တွင်​ငါ သည်​သင်​တို့​မ​သွား​လို​သော​ပြည်​သို့​သင်​တို့ ၏​က​လေး​များ​ကို​ပို့​ဆောင်​သ​ဖြင့် သူ​တို့ သည်​ထို​ပြည်​တွင်​နေ​ထိုင်​ရ​လိမ့်​မည်။-
Aka, o ka oukou poe keiki, na mea a oukou i olelo ai e lilo ana lakou i pio, o lakou ka'u e hookomo aku ai iloko, a e ike auanei lakou i ka aina a oukou i hoowahawaha ai.
32 ၃၂ သင်​တို့​မူ​ကား​ဤ​တော​ကန္တာ​ရ​၌​သေ​ဆုံး​ရ ကြ​မည်။-
Aka, o oukou, e haule auanei ko oukou mau kupapau ma ka waonahele.
33 ၃၃ သင်​တို့​ယုံ​ကြည်​မှု​ကင်း​မဲ့​သော​ကြောင့်​ဤ တော​ကန္တာ​ရ​၌​သင်​တို့​အ​နက် နောက်​ဆုံး​သော သူ​ကွယ်​လွန်​သည်​အ​ထိ​သင်​တို့​၏​သား​သ​မီး များ​သည်​နှစ်​ပေါင်း​လေး​ဆယ်​တိုင်​တိုင်​တော ကန္တာ​ရ​၌​လှည့်​လည်​နေ​ထိုင်​ရ​ကြ​မည်။-
A e aea ana ka oukou poe keiki ma ka waonahele i na makahiki he kanaha, a e halihali lakou i ko oukou moekolohe ana, a hiki i ka nalo ana o ko oukou mau kupapau maloko o ka waonahele.
34 ၃၄ သင်​တို့​ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ခဲ့ သော​ရက်​ပေါင်း​လေး​ဆယ်​အ​တွက် တစ်​ရက်​လျှင် တစ်​နှစ်​ကျ​ဖြင့်​သင်​တို့​၏​အ​ပြစ်​ဒဏ်​ကို​နှစ် ပေါင်း​လေး​ဆယ်​ခံ​ရ​ကြ​မည်။ သင်​တို့​သည်​ငါ ၏​ပစ်​ပယ်​ခြင်း​ဒဏ်​ကို​ခံ​ရ​ကြ​လိမ့်​မည်။-
E like me ka helu ana o na la a oukou i makaikai ai i ka aina, hookahi kanaha la; o kekahi la no ka makahiki hookahi, pela oukou e lawe ai i ko oukou hewa, hookahi kanaha makahiki, a e ike auanei oukou i ko'u haalele ana ia oukou.
35 ၃၅ ငါ့​ကို​ဆန့်​ကျင်​ဘက်​ပြု​သော​ဆိုး​သွမ်း​သည့် သင်​တို့​အ​ပေါင်း​ကို ငါ​သည်​မု​ချ​ဒဏ်​ခတ်​မည်။ သင်​တို့​ရှိ​သ​မျှ​သည်​တော​ကန္တာ​ရ​တွင်​သေ ကြေ​ပျက်​စီး​လိမ့်​မည်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
Owau o Iehova ka mea i olelo, a he oiaio no, e hana aku no wau ia i keia anaina kanaka ino a pau, i ka poe i akoakoa e ku e ia'u. Ma keia waonahele lakou e hoopauia'i, a ilaila hoi e make ai lakou.
36 ၃၆ ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ရန်​မော​ရှေ စေ​လွှတ်​သော​သူ​တို့​သည် မ​မှန်​သ​တင်း​ကို​ယူ ဆောင်​ခဲ့​ကြ​သ​ဖြင့် ကြား​ရ​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​အ​ပြစ်​တင်​ညည်း​တွား ကြ​၏။ ထို့​ကြောင့်​ထာဝ​ရ​ဘု​ရား​သည်​မ​မှန် သ​တင်း​ယူ​ဆောင်​လာ​ခဲ့​သူ​တို့​အား ကပ် ရော​ဂါ​ဖြင့်​သေ​ဆုံး​စေ​တော်​မူ​၏။-
A o na kanaka a Mose i hoouna aku ai e makaikai i ka aina, a i ka hoi ana mai, hoolilo ae la lakou i ke anaina kanaka a pau i ka ohumu ia ia, i ka lakou olelo alapahi ana i ka aina;
37 ၃၇
O ua mau kanaka la, ka poe i olelo hoino i ka aina, make iho la lakou i ke ahnlau imua o Iehova.
38 ၃၈ စုံ​စမ်း​ထောက်​လှမ်း​သူ​တစ်​ဆယ့်​နှစ်​ဦး​အ​နက် ယော​ရှု​နှင့်​ကာ​လက်​သာ​လျှင်​အ​သက်​ချမ်း သာ​ရာ​ရ​လေ​သည်။
Aka, o Iosua ke keiki a Nuna, a o Kaleba ke keiki a Iepune, o laua kekahi mau mea i hele e makaikai i ka aina, ola no laua.
39 ၃၉ မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြန်​ကြား သော​အ​ခါ သူ​တို့​သည်​အ​လွန်​ဝမ်း​နည်း ကြေ​ကွဲ​ကြ​၏။-
Hai aku la o Mose ia mau olelo i na mamo a Iseraela; a uwe nui iho la na kanaka.
40 ၄၀ နောက်​တစ်​နေ့​နံ​နက်​စော​စော​အ​ချိန်​တွင် သူ​တို့ သည်​တောင်​ကုန်း​ဒေ​သ​ကို​ဝင်​ရောက်​သိမ်း​ပိုက် ရန်​စ​တင်​ချီ​တက်​ကြ​လေ​သည်။ သူ​တို့​က``ထာ ဝ​ရ​ဘု​ရား​က​တိ​ထား​တော်​မူ​သော​ပြည်​သို့ ယ​ခု​ငါ​တို့​သွား​ပါ​မည်။ ငါ​တို့​ပြစ်​မှား​မိ ကြောင်း​ဝန်​ခံ​ပါ​၏'' ဟု​ဆို​ကြ​လေ​သည်။
Ala ae la lakou i kakahiaka nui, a pii ae la maluna pono o ka pun, me ka i ana, Eia no kakon, e hele aku hoi kakou i kahi a Iehova i olelo mai ai; no ka mea, ua hana hewa makou.
41 ၄၁ သို့​ရာ​တွင်​မော​ရှေ​က``သင်​တို့​အ​ဘယ်​ကြောင့် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို ယ​ခု​မ​နာ ခံ​ကြ​သ​နည်း။ သင်​တို့​အ​ကြံ​အောင်​မြင်​မည် မ​ဟုတ်။-
Olelo aku la o Mose, No ke aha la oukou e hoohala nei i ke kauoha a Iehova? aka aole ia e hiki.
42 ၄၂ မ​သွား​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ နှင့်​အ​တူ​မ​ရှိ​သ​ဖြင့် ရန်​သူ​တို့​သည်​သင် တို့​ကို​အ​နိုင်​ရ​လိမ့်​မည်။-
Mai noho a pii aku oukou, aole o Iehova me oukou; o pepehiia auanei oukou imua o ko oukou poe enemi.
43 ၄၃ သင်​တို့​သည်​အာ​မ​လက်​အ​မျိုး​သား၊ ခါ​နာန် အ​မျိုး​သား​တို့​နှင့်​ယှဉ်​ပြိုင်​တိုက်​ခိုက်​သော​အ​ခါ သင်​တို့​ကျ​ဆုံး​ကြ​လိမ့်​မည်။ သင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​ပစ်​ခြင်း​ကြောင့် ကိုယ်​တော်​သည်​သင် တို့​နှင့်​အ​တူ​ရှိ​တော်​မူ​မည်​မ​ဟုတ်'' ဟု​ဆို လေ​၏။
No ka mea, aia no ka Ameleka a me ka Kanaana imua o oukou. a e haule auanei oukou i ka pahikana; no ka mea, ua huli ae oukou mai o Iehova aku; no ia mea, aole o Iehova me oukou.
44 ၄၄ ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် လည်း​ကောင်း၊ မော​ရှေ​သည်​လည်း​ကောင်း​စ​ခန်း​မှ မ​ထွက်​ခွာ​သော်​လည်း သူ​တို့​သည်​တောင်​ကုန်း ဒေ​သ​သို့​အ​ရဲ​စွန့်​၍​ချီ​တက်​ကြ​လေ​သည်။-
Aka, ua aa lakou e pii maluna pono o ka puu: aole nae i hele aku ka pahuberita o Iehova a me Mose, iwaho o kahi hoomoana.
45 ၄၅ ထို​အ​ရပ်​၌​နေ​ထိုင်​ကြ​သော​အာ​မ​လက် အ​မျိုး​သား​နှင့် ခါ​နာန်​အ​မျိုး​သား​တို့​သည် သူ​တို့​တိုက်​ခိုက်​အောင်​မြင်​၍ သူ​တို့​ကို​ဟော မာ​မြို့​တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​လေ​သည်။
Alaila, iho mai la ka Ameleka a me ka Kanaana e noho ana ma ia puu, pepehi iho la ia lakou, a hoopuehu aku la a hiki i Horema.

< တောလည်ရာ 14 >