< တောလည်ရာ 14 >
1 ၁ ထိုအခါလူအပေါင်းတို့သည်တစ်ညလုံး ငိုကြွေးမြည်တမ်းကြလေသည်။-
HOOKIEKIE ae la ke anaina kanaka a pau i ko lakou leo, a hooho ae la; a uwe iho la na kanaka ia po.
2 ၂ သူတို့သည်မောရှေနှင့်အာရုန်တို့အား``ငါတို့ သည်အီဂျစ်ပြည်၌ဖြစ်စေ၊ ဤတောကန္တာရ ၌ပင်ဖြစ်စေသေရခြင်းကသာ၍ကောင်း ပါသေးသည်။-
Ohumu ae la na mamo a pau a Iseraela ia Mose a me Aarona: i aku la ke anaina kanaka a pau ia laua, E aho ko makou make ma ka aina o Aigupita! E aho ko makou make ma keia waonahele!
3 ၃ ထာဝရဘုရားသည်အဘယ်ကြောင့်ငါတို့ ကိုထိုပြည်သို့ပို့ဆောင်ရပါသနည်း။ ငါတို့ သည်စစ်ပွဲတွင်ကျဆုံးကြပါလိမ့်မည်။ ငါ တို့၏သားမယားတို့သည်လည်းရန်သူဖမ်း သွားခြင်းခံရပါလိမ့်မည်။ အီဂျစ်ပြည်သို့ ပြန်လျှင်ကောင်းမည်'' ဟုညည်းညူကြလေ သည်။-
No ke aha la hoi i lawe mai nei o Iehova ia kakou i keia aina, e make i ka pahikaua, a e lilo at ka kakou mau wahine a me na keiki i i pio? E aho paha e hoi kakou i Aigupita.
4 ၄ ထိုကြောင့်သူတို့က``ငါတို့ကိုအီဂျစ်ပြည်သို့ ပြန်၍ ပို့ဆောင်မည့်ခေါင်းဆောင်တစ်ဦးကိုရွေး ကြပါစို့'' ဟူ၍အချင်းချင်းပြောဆိုကြ လေသည်။
I ae la lakou i kekahi i kekahi, E hoonoho kakou i luna no kakou, a e hoi aku i Aigupita.
5 ၅ ထိုအခါမောရှေနှင့်အာရုန်တို့သည် လူ အပေါင်းတို့ရှေ့တွင်မြေပေါ်၌ပျပ်ဝပ် လျက်နေကြ၏။-
Alaila moe iho la o Mose laua o Aarona ilalo ke alo imua o ke anaina kanaka a pau i akoakoa o na mamo a Iseraela.
6 ၆ ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းခဲ့သူများ အနက် နှစ်ဦးဖြစ်ကြသောနုန်၏သားယောရှု နှင့်ယေဖုန္နာ၏သားကာလက်တို့သည် ဝမ်းနည်း သည့်အနေဖြင့်မိမိတို့၏အဝတ်အင်္ကျီများ ကိုဆုတ်ဖြဲလျက်၊-
A o Iosua ke keiki a Nuna, a o Kaleba ke keiki a Iepune, o laua kekahi o na mea i makaikai i ka aina, haehae ae la laua i ko laua kapa.
7 ၇ ``ငါတို့စုံစမ်းထောက်လှမ်းခဲ့သောပြည် သည်အလွန်နေထိုင်ဖွယ်ကောင်းသောပြည် ဖြစ်သည်။-
Olelo aku la laua i ka poe mamo a pau a Iseraela, i aku la, O ka aina a makou i kaahele ai e makaikai, he aina maikai loa ia.
8 ၈ ထာဝရဘုရားသည်ငါတို့ကိုစိတ်တော်နှင့် တွေ့လျှင်အစာရေစာပေါကြွယ်ဝ၍ မြေသြ ဇာထက်သန်သောထိုပြည်သို့ပို့ဆောင်လျက် အပိုင်စားပေးတော်မူမည်။-
Ina i oluolu mai o Iehova ia ka kou, alaila e kai aku oia ia kakon i ua aina la, a e haawi mai hoi ia no kakou; he aina e kahe ana ka waiu a me ka meli
9 ၉ ထာဝရဘုရားကိုမပုန်ကန်ကြပါနှင့်။ ခါနာန်ပြည်သားတို့ကိုလည်းမကြောက်ရွံ့ ကြပါနှင့်။ ငါတို့သည်သူတို့ကိုလွယ်ကူ စွာတိုက်ခိုက်အောင်မြင်နိုင်ပါမည်။ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၍ သူတို့ကိုကွယ်ကာစောင့်ရှောက်သောဘုရား များကိုလည်း နှိမ်နင်းအောင်မြင်တော်မူပြီး ဖြစ်၍မကြောက်ရွံ့ကြပါနှင့်'' ဟုလူတို့ အားပြောကြ၏။-
Aka, mai kipi aku oukou ia Iehova, mai makau hoi i na kanaka o ka aina; no ka mea, he mea ai lakou na kakou: ua hala aku la ko lakou malu mai o lakou aku la, me kakou no hoi o Iehova; mai makau ia lakou.
10 ၁၀ လူအပေါင်းတို့သည်ထိုစကားကိုကြား လျှင် သူတို့နှစ်ဦးကိုကျောက်ခဲဖြင့်ပစ်သတ် ရန်ကြိုးစားအားထုတ်ကြလေသည်။ သို့ရာ တွင်ထိုခဏချင်း၌ထာဝရဘုရား၏ ဘုန်းရောင်ခြည်တော်သည် တဲတော်ပေါ်တွင် ထွန်းတောက်နေသည်ကိုသူတို့မြင်ကြ၏။
Aka. kena ae la ke anaina kanaka a pau e hailuku ia laua i ua pohaku Alaila ikea ae la ka nani o Iehova ma ka halelewa o ke anaina, imua o na mamo a pau a Iseraela.
11 ၁၁ ထာဝရဘုရားကမောရှေအား``ဤလူတို့ သည်မည်မျှကာလပတ်လုံးငါ့ကိုပစ်ပယ် ကြမည်နည်း။ ငါသည်သူတို့တွင်အံ့သြဖွယ် အမှုများစွာတို့ကိုပြခဲ့သော်လည်း သူတို့ သည်မည်မျှကာလပတ်လုံးငါ့ကိုမယုံ ကြည်မကိုးစားဘဲနေကြမည်နည်း။-
I mai la o Iehova ia Mose, Pehea la ka loihi o ka hoonaukiuki ana mai o keia poe kanaka ia'u? Ahea la hoi lakou e manaoio mai ai ia'u no na mea mana a pau a'u i hoike ai iwaena o lakou?
12 ၁၂ ငါသည်သူတို့ကိုကပ်ရောဂါဖြင့်ဖျက်ဆီး ပစ်မည်။ သို့ရာတွင်ငါသည်သင့်အားသူတို့ ထက်သာ၍များပြား၍ တန်ခိုးကြီးသောလူ မျိုး၏ဖခင်ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
E luku aku au ia lakou i ke ahulau, a e pai ia lakou i ka aina hooili; a e hoolilo au ia oe i lahuikanaka e oi aku ana ka nui a me ka ikaika i ko lakou.
13 ၁၃ ထိုအခါမောရှေကထာဝရဘုရား အား``ကိုယ်တော်သည်ဤလူမျိုးကိုတန်ခိုး တော်အားဖြင့် အီဂျစ်ပြည်မှထုတ်ဆောင်တော် မူခဲ့ပါသည်။ အီဂျစ်အမျိုးသားတို့သည် ကိုယ်တော်၏လူမျိုးတော်အား ကိုယ်တော်ဘေး ဒဏ်သင့်စေကြောင်းကြားရသောအခါ၊-
Olelo aku la o Mose ia Iehova, Alaila e lohe ai ko Aigupita, (no ka mea, ma kou mana kau i lawe mai ai i keia poe kanaka mawaena mai o lakou, )
14 ၁၄ သူတို့ကဤပြည်ရှိပြည်သားတို့အားသတင်း ပြောကြားကြပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အတူရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်၏မိုးတိမ်သည်အကျွန်ုပ် တို့၏အထက်တွင်ထင်ရှားစွာတည်နေကြောင်း ကိုလည်းကောင်း၊ ကိုယ်တော်သည်နေ့အချိန်တွင် မိုးတိမ်တိုင်၊ ညအချိန်တွင်မီးတိမ်တိုင်အား ဖြင့်အကျွန်ုပ်တို့ရှေ့မှကြွသွားတော်မူကြောင်း ကိုလည်းကောင်း ဤပြည်ရှိပြည်သားများသိ ရပြီးဖြစ်ပါသည်။-
A e hai aku lakou ia i na kanaka o keia aina. Ua lohe lakou, e Iehova, o oe no mo keia poe kanaka, a ua ikeia hoi oe, e Iehova, he maka no he maka; a ua ku hoi kou ao maluna o lakou; a ua hele hoi oe imua o lakou i ko ao ma ke kia ao, a ma ke kia ahi i ka po.
15 ၁၅ ယခုတွင်ကိုယ်တော်၏လူမျိုးတော်ကိုသုတ်သင် ပယ်ရှင်းတော်မူလျှင် ကိုယ်တော်၏ဂုဏ်သတင်း ကိုကြားခဲ့ဖူးသောလူမျိုးများက၊-
A i pepehi mai oe i keia poe kanaka e like me ke kanaka hookahi, alaila e olelo mai na lahuikanaka i lohe i kou kaulana ana, i ka i ana,
16 ၁၆ ကိုယ်တော်သည်ပေးမည်ဟုကတိထားတော်မူ သောပြည်သို့မပို့ဆောင်နိုင်သောကြောင့် ဤသူ တို့ကိုတောကန္တာရ၌အဆုံးစီရင်တော်မူ သည်ဟုပြောကြပါလိမ့်မည်။-
No ka hiki ole ia Iehova ke hookomo aku i keia poe kanaka i ka aina ana i hoohiki ai no lakou, nolaila na pepehi oia ia lakou ma ka waouahele.
17 ၁၇ သို့ဖြစ်၍ အို ထာဝရဘုရား၊ ယခုပင်ကိုယ်တော် ၏တန်ခိုးတော်ကိုပြတော်မူပါ။ ကိုယ်တော်က`ငါ ထာဝရဘုရားသည်သည်းခံသောသဘောရှိ ၏။ မေတ္တာကရုဏာနှင့်ကြွယ်ဝ၍ဒုစရိုက်အပြစ် နှင့်ပုန်ကန်ခြင်းအပြစ်တို့ကိုလွှတ်တော်မူ၏။ သို့ သော်လည်းမိဘတို့၏အပြစ်အတွက်သူတို့ ၏သားမြေးမှစ၍တတိယမျိုးဆက်၊ စတုတ္ထ မျိုးဆက်သို့တိုင်အောင်ပင်ဒဏ်ခတ်တော်မူမည်' ဟုကတိထားတော်မူသည့်အတိုင်းပြုတော် မူပါ။-
Ano la, ku nonoi aku nei au ia oe, i nui ka mana o kuu Haku. e like me ka olelo au i olelo mai ai, penei,
Ua altonui o Iehova, a ua nui kona lokomaikai, e kala ana i ka hew a a me ka lawehala ana, aole loa hoi e hoapono wale ana mai; e hoopai ana nae i ko ka tnakua lawehala maluna o na keiki a hiki aku i ke kuakahi a me ke kualua.
19 ၁၉ အို ထာဝရဘုရား၊ ကိုယ်တော်သည်ဤသူ တို့အီဂျစ်ပြည်မှထွက်ခွာလာချိန်မှ ယနေ့ အထိသူတို့ကူးလွန်ခဲ့သောအပြစ်များ ကိုဖြေလွှတ်တော်မူခဲ့သည့်နည်းတူ ကိုယ်တော် ၏ကြီးမားသောမေတ္တာကရုဏာတော်နှင့် အညီ ယခုလည်းသူတို့ပြုမိသောအပြစ် များကိုဖြေလွှတ်တော်မူရန်အကျွန်ုပ် တောင်းလျှောက်ပါ၏'' ဟုဆုတောင်းလေ သည်။
Ke noi aku nei au ia oe, e kala mai oe i ka hala o keia poe kanaka, e like me ka nui o kou lokomaikai; e like hoi me kau i kala mai ai i keia poe kanaka mai Aigupita mai, a hiki i keia manawa.
20 ၂၀ ထိုအခါထာဝရဘုရားက``သင်တောင်းပန် သည့်အတိုင်း ငါသည်သူတို့၏အပြစ်ကို လွှတ်တော်မူမည်။-
I mai la o Iehova, Ua kala aku no wau, e like me kau i olelo mai ai.
21 ၂၁ ငါသည်အသက်ရှင်၍ငါ၏ဘုန်းအသရေ တော်သည် တစ်ကမ္ဘာလုံးတွင်ပျံ့နှံ့လျက်ရှိ သည်အတိုင်း၊-
Aka, me au e ola nei, e hoopihaia auanei ka honua i ka nani o Iehova.
22 ၂၂ ဤသူတို့အနက်မည်သူမျှထိုပြည်သို့မဝင် ရ။ သူတို့သည်ငါ၏တောက်ပသောဘုန်းအသ ရေတော်ကိုလည်းကောင်း၊ အီဂျစ်ပြည်နှင့်တော ကန္တာရတွင်ငါပြုခဲ့သောအံ့သြဖွယ်အမှု များကိုလည်းကောင်းတွေ့မြင်ခဲ့ရသော်လည်း သူတို့သည်ငါ့ကိုအကြိမ်ကြိမ်မထီလေးစား ပြု၍ငါ့စကားကိုလည်းနားမထောင်ခဲ့ကြ။-
No ka men, o kela poe kanaka a pau, ka poe i ike mai i kuu na-ni, a me na mea mana a'u i hana'i ma Aigupita, a ma ka waonahele, a he umi ko lakou aa ana mai ia'u. aole hoi i hooloho mai i kuu leo;
23 ၂၃ သူတို့၏ဘိုးဘေးတို့အားငါပေးမည်ဟုကတိ ထားသောပြည်သို့သူတို့မဝင်ရ။ ငါ့ကိုပစ်ပယ် သူမှန်သမျှထိုပြည်သို့မဝင်ရ။-
Aole loa lakou e ike i ka aina a'u i hoohiki ai no ko lakou poe kupuna, aole hoi kekahi o ka poe i hoonaukiuki mai ia'u e ike aku in wahi:
24 ၂၄ သို့သော်လည်းငါ၏အစေခံကာလက်သည် အခြားသူတို့နှင့်ခြားနားသောသဘောရှိ၍ ငါ၏စကားကိုတစ်သဝေမတိမ်းလိုက်နာ သူဖြစ်ခြင်းကြောင့် သူစုံစမ်းထောက်လှမ်းခဲ့ သောပြည်သို့သူ့ကိုငါပို့ဆောင်မည်။ သူ၏ အဆက်အနွယ်တို့သည်အာမလက်အမျိုး သားနှင့်ခါနာန်အမျိုးသားတို့ယခုနေထိုင် ရာချိုင့်ဝှမ်းများရှိရာနယ်မြေကိုအပိုင်ရ လိမ့်မည်။ နက်ဖြန်နေ့တွင်သင်သည်ပြန်လှည့် ၍အာကာဘာပင်လယ်ကွေ့ဘက်ရှိတော ကန္တာရသို့သွားလော့'' ဟုမောရှေအား မိန့်တော်မူ၏။
Aka, o ka'u kauwo, o Kaleha, no ka mea, he manao okoa maloko ona, a ua hahai pono mai oia ia'u, oia ka'u e hookomo ai i ka aina ana i hele aku ai; a e loaa i kana poe keiki ia aina.
(Ua noho no ka Ameleka a me ka Kanaana ma ke awawa.) Apopo, e huli oukou, a e komo aku iloko o ka waonahele, ma ke ala e hiki ai i ke Kaiula.
26 ၂၆ ထာဝရဘုရားကမောရှေနှင့်အာရုန်တို့အား၊-
Olelo mai la o Iehova ia Mose a me Aarona, i mai la,
27 ၂၇ ``ဤဆိုးယုတ်သောသူတို့သည်မည်မျှကာလ ပတ်လုံးညည်းညူလျက်ရှိကြမည်နည်း။ ဣသ ရေလအမျိုးသားတို့၏ညည်းညူသံကိုငါ ကြားရဖန်များလှပြီ။-
Pehea la ka loihi o ko keia anaina kanaka ino e ohumu mai ai ia'u? Ua lohe no wau i na ohumu ana a na mamo a Iseraela i ohumu mai ai ia'u.
28 ၂၈ ယခုသူတို့အားဤသို့ပြန်ပြောလော့။ `ငါ ထာဝရဘုရားသည်ငါ့ကိုယ်ကိုတိုင်တည်၍ သင်တို့တောင်းဆိုသည့်အတိုင်းငါပြုမည်။-
E hai aku oe ia lakou, Ke i mai nei o Iehova, He oiaio, me ka oukou i olelo mai ai maloko o ko'u mau pepeiao, pela hoi ka'u e hana aku ai ia oukou.
29 ၂၉ သင်တို့သည်တောကန္တာရ၌ပင်သေဆုံး ကြလိမ့်မည်။ ဤတောသည်သင်တို့၏သင်္ချိုင်း ဖြစ်လိမ့်မည်။ သင်တို့သည်ငါ့ကိုအပြစ်တင် ညည်းညူကြသောကြောင့် အသက်နှစ်ဆယ် ကျော်သူတစ်ယောက်မျှထိုပြည်သို့ မဝင်ရ။-
E hanle no auanei ko oukou kupapau ma keia waonahele; a o ka poe a pau o oukou i heluia, ma ka huiualielu okoa o oukou, mai ka iwakalua o ka makahiki a keu aku, o ka poe i ohumu mai ia'u,
30 ၃၀ သင်တို့ကိုနေထိုင်စေမည်ဟုကတိထား သောပြည်သို့ ကာလက်နှင့်ယောရှုမှတစ်ပါး မည်သူမျှမဝင်ရ။-
Aole loa oukou e komo aku iloko o ka aina a'u i hoohiki ai e hoonoho ia oukou ilaila; o laua wale no, o Kaleba ke keiki a Iepune, a o Iosua ke keiki a Nuna,
31 ၃၁ သင်တို့၏သားသမီးများကိုရန်သူဖမ်းသွား လိမ့်မည်ဟုသင်တို့ဆိုကြ၏။ သို့ရာတွင်ငါ သည်သင်တို့မသွားလိုသောပြည်သို့သင်တို့ ၏ကလေးများကိုပို့ဆောင်သဖြင့် သူတို့ သည်ထိုပြည်တွင်နေထိုင်ရလိမ့်မည်။-
Aka, o ka oukou poe keiki, na mea a oukou i olelo ai e lilo ana lakou i pio, o lakou ka'u e hookomo aku ai iloko, a e ike auanei lakou i ka aina a oukou i hoowahawaha ai.
32 ၃၂ သင်တို့မူကားဤတောကန္တာရ၌သေဆုံးရ ကြမည်။-
Aka, o oukou, e haule auanei ko oukou mau kupapau ma ka waonahele.
33 ၃၃ သင်တို့ယုံကြည်မှုကင်းမဲ့သောကြောင့်ဤ တောကန္တာရ၌သင်တို့အနက် နောက်ဆုံးသော သူကွယ်လွန်သည်အထိသင်တို့၏သားသမီး များသည်နှစ်ပေါင်းလေးဆယ်တိုင်တိုင်တော ကန္တာရ၌လှည့်လည်နေထိုင်ရကြမည်။-
A e aea ana ka oukou poe keiki ma ka waonahele i na makahiki he kanaha, a e halihali lakou i ko oukou moekolohe ana, a hiki i ka nalo ana o ko oukou mau kupapau maloko o ka waonahele.
34 ၃၄ သင်တို့ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းခဲ့ သောရက်ပေါင်းလေးဆယ်အတွက် တစ်ရက်လျှင် တစ်နှစ်ကျဖြင့်သင်တို့၏အပြစ်ဒဏ်ကိုနှစ် ပေါင်းလေးဆယ်ခံရကြမည်။ သင်တို့သည်ငါ ၏ပစ်ပယ်ခြင်းဒဏ်ကိုခံရကြလိမ့်မည်။-
E like me ka helu ana o na la a oukou i makaikai ai i ka aina, hookahi kanaha la; o kekahi la no ka makahiki hookahi, pela oukou e lawe ai i ko oukou hewa, hookahi kanaha makahiki, a e ike auanei oukou i ko'u haalele ana ia oukou.
35 ၃၅ ငါ့ကိုဆန့်ကျင်ဘက်ပြုသောဆိုးသွမ်းသည့် သင်တို့အပေါင်းကို ငါသည်မုချဒဏ်ခတ်မည်။ သင်တို့ရှိသမျှသည်တောကန္တာရတွင်သေ ကြေပျက်စီးလိမ့်မည်ဟု ငါထာဝရဘုရား မိန့်တော်မူပြီ'' ဟုမိန့်တော်မူ၏။
Owau o Iehova ka mea i olelo, a he oiaio no, e hana aku no wau ia i keia anaina kanaka ino a pau, i ka poe i akoakoa e ku e ia'u. Ma keia waonahele lakou e hoopauia'i, a ilaila hoi e make ai lakou.
36 ၃၆ ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းရန်မောရှေ စေလွှတ်သောသူတို့သည် မမှန်သတင်းကိုယူ ဆောင်ခဲ့ကြသဖြင့် ကြားရသောသူတို့သည် ထာဝရဘုရားအားအပြစ်တင်ညည်းတွား ကြ၏။ ထို့ကြောင့်ထာဝရဘုရားသည်မမှန် သတင်းယူဆောင်လာခဲ့သူတို့အား ကပ် ရောဂါဖြင့်သေဆုံးစေတော်မူ၏။-
A o na kanaka a Mose i hoouna aku ai e makaikai i ka aina, a i ka hoi ana mai, hoolilo ae la lakou i ke anaina kanaka a pau i ka ohumu ia ia, i ka lakou olelo alapahi ana i ka aina;
O ua mau kanaka la, ka poe i olelo hoino i ka aina, make iho la lakou i ke ahnlau imua o Iehova.
38 ၃၈ စုံစမ်းထောက်လှမ်းသူတစ်ဆယ့်နှစ်ဦးအနက် ယောရှုနှင့်ကာလက်သာလျှင်အသက်ချမ်း သာရာရလေသည်။
Aka, o Iosua ke keiki a Nuna, a o Kaleba ke keiki a Iepune, o laua kekahi mau mea i hele e makaikai i ka aina, ola no laua.
39 ၃၉ မောရှေသည်ထာဝရဘုရားမိန့်တော်မူသမျှ ကို ဣသရေလအမျိုးသားတို့အားပြန်ကြား သောအခါ သူတို့သည်အလွန်ဝမ်းနည်း ကြေကွဲကြ၏။-
Hai aku la o Mose ia mau olelo i na mamo a Iseraela; a uwe nui iho la na kanaka.
40 ၄၀ နောက်တစ်နေ့နံနက်စောစောအချိန်တွင် သူတို့ သည်တောင်ကုန်းဒေသကိုဝင်ရောက်သိမ်းပိုက် ရန်စတင်ချီတက်ကြလေသည်။ သူတို့က``ထာ ဝရဘုရားကတိထားတော်မူသောပြည်သို့ ယခုငါတို့သွားပါမည်။ ငါတို့ပြစ်မှားမိ ကြောင်းဝန်ခံပါ၏'' ဟုဆိုကြလေသည်။
Ala ae la lakou i kakahiaka nui, a pii ae la maluna pono o ka pun, me ka i ana, Eia no kakon, e hele aku hoi kakou i kahi a Iehova i olelo mai ai; no ka mea, ua hana hewa makou.
41 ၄၁ သို့ရာတွင်မောရှေက``သင်တို့အဘယ်ကြောင့် ထာဝရဘုရား၏အမိန့်တော်ကို ယခုမနာ ခံကြသနည်း။ သင်တို့အကြံအောင်မြင်မည် မဟုတ်။-
Olelo aku la o Mose, No ke aha la oukou e hoohala nei i ke kauoha a Iehova? aka aole ia e hiki.
42 ၄၂ မသွားကြနှင့်။ ထာဝရဘုရားသည်သင်တို့ နှင့်အတူမရှိသဖြင့် ရန်သူတို့သည်သင် တို့ကိုအနိုင်ရလိမ့်မည်။-
Mai noho a pii aku oukou, aole o Iehova me oukou; o pepehiia auanei oukou imua o ko oukou poe enemi.
43 ၄၃ သင်တို့သည်အာမလက်အမျိုးသား၊ ခါနာန် အမျိုးသားတို့နှင့်ယှဉ်ပြိုင်တိုက်ခိုက်သောအခါ သင်တို့ကျဆုံးကြလိမ့်မည်။ သင်တို့သည်ထာဝရ ဘုရားကိုစွန့်ပစ်ခြင်းကြောင့် ကိုယ်တော်သည်သင် တို့နှင့်အတူရှိတော်မူမည်မဟုတ်'' ဟုဆို လေ၏။
No ka mea, aia no ka Ameleka a me ka Kanaana imua o oukou. a e haule auanei oukou i ka pahikana; no ka mea, ua huli ae oukou mai o Iehova aku; no ia mea, aole o Iehova me oukou.
44 ၄၄ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် လည်းကောင်း၊ မောရှေသည်လည်းကောင်းစခန်းမှ မထွက်ခွာသော်လည်း သူတို့သည်တောင်ကုန်း ဒေသသို့အရဲစွန့်၍ချီတက်ကြလေသည်။-
Aka, ua aa lakou e pii maluna pono o ka puu: aole nae i hele aku ka pahuberita o Iehova a me Mose, iwaho o kahi hoomoana.
45 ၄၅ ထိုအရပ်၌နေထိုင်ကြသောအာမလက် အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် သူတို့တိုက်ခိုက်အောင်မြင်၍ သူတို့ကိုဟော မာမြို့တိုင်အောင်လိုက်လံတိုက်ခိုက်လေသည်။
Alaila, iho mai la ka Ameleka a me ka Kanaana e noho ana ma ia puu, pepehi iho la ia lakou, a hoopuehu aku la a hiki i Horema.