< တောလည်ရာ 13 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
וַיְדַבֵּ֥ר יְהוָ֖ה אֶל־מֹשֶׁ֥ה לֵּאמֹֽר׃
2 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ငါ​ပေး​မည့် ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ရန် အ​နွယ် တစ်​ဆယ့်​နှစ်​နွယ်​မှ​ခေါင်း​ဆောင်​တစ်​ဦး​ကျ​စီ ကို​ရွေး​လော့'' ဟု​မိန့်​တော်​မူ​၏။-
שְׁלַח־לְךָ֣ אֲנָשִׁ֗ים וְיָתֻ֙רוּ֙ אֶת־אֶ֣רֶץ כְּנַ֔עַן אֲשֶׁר־אֲנִ֥י נֹתֵ֖ן לִבְנֵ֣י יִשְׂרָאֵ֑ל אִ֣ישׁ אֶחָד֩ אִ֨ישׁ אֶחָ֜ד לְמַטֵּ֤ה אֲבֹתָיו֙ תִּשְׁלָ֔חוּ כֹּ֖ל נָשִׂ֥יא בָהֶֽם׃
3 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း အောက်​ဖော်​ပြ​ပါ​ခေါင်း​ဆောင်​တို့​ကို ပါ​ရန်​တော​ကန္တာ​ရ​မှ​စေ​လွှတ်​လိုက်​လေ​သည်။ အ​နွယ် ခေါင်း​ဆောင် ရု​ဗင် ဇက္ကုရ​၏​သား​ရှ​မွာ ရှိ​မောင် ဟော​ရိ​၏​သား​ရှာ​ဖတ် ယု​ဒ ယေ​ဖုန္နာ​၏​သား​ကာ​လက် ဣ​သ​ခါ ယော​သပ်​၏​သား​ဣ​ဂါ​လ ဧ​ဖ​ရိမ် နုန်​၏​သား​သြ​ရှေ ဗင်္ယာ​မိန် ရာ​ဖု​၏​သား​ပါ​တ​လိ ဇာ​ဗု​လုန် သော​ဒိ​၏​သား​ဂါ​ဒျေ​လ မ​နာ​ရှေ သု​သိ​၏​သား​ဂဒ္ဒိ ဒန် ဂေ​မလ္လိ​၏​သား​အ​မျေလ အာ​ရှာ မိက္ခေလ​၏​သား​သေ​သု​ရ န​ဿ​လိ ဝါ​ဖ​သိ​၏​သား​နာ​ဘိ ဂဒ် မာ​ခိ​၏​သား​ဂွေ​လ
וַיִּשְׁלַ֨ח אֹתָ֥ם מֹשֶׁ֛ה מִמִּדְבַּ֥ר פָּארָ֖ן עַל־פִּ֣י יְהוָ֑ה כֻּלָּ֣ם אֲנָשִׁ֔ים רָאשֵׁ֥י בְנֵֽי־יִשְׂרָאֵ֖ל הֵֽמָּה׃
4
וְאֵ֖לֶּה שְׁמֹותָ֑ם לְמַטֵּ֣ה רְאוּבֵ֔ן שַׁמּ֖וּעַ בֶּן־זַכּֽוּר׃
5
לְמַטֵּ֣ה שִׁמְעֹ֔ון שָׁפָ֖ט בֶּן־חֹורִֽי׃
6
לְמַטֵּ֣ה יְהוּדָ֔ה כָּלֵ֖ב בֶּן־יְפֻנֶּֽה׃
7
לְמַטֵּ֣ה יִשָּׂשכָ֔ר יִגְאָ֖ל בֶּן־יֹוסֵֽף׃
8
לְמַטֵּ֥ה אֶפְרָ֖יִם הֹושֵׁ֥עַ בִּן־נֽוּן׃
9
לְמַטֵּ֣ה בִנְיָמִ֔ן פַּלְטִ֖י בֶּן־רָפֽוּא׃
10 ၁၀
לְמַטֵּ֣ה זְבוּלֻ֔ן גַּדִּיאֵ֖ל בֶּן־סֹודִֽי׃
11 ၁၁
לְמַטֵּ֥ה יֹוסֵ֖ף לְמַטֵּ֣ה מְנַשֶּׁ֑ה גַּדִּ֖י בֶּן־סוּסִֽי׃
12 ၁၂
לְמַטֵּ֣ה דָ֔ן עַמִּיאֵ֖ל בֶּן־גְּמַלִּֽי׃
13 ၁၃
לְמַטֵּ֣ה אָשֵׁ֔ר סְת֖וּר בֶּן־מִיכָאֵֽל׃
14 ၁၄
לְמַטֵּ֣ה נַפְתָּלִ֔י נַחְבִּ֖י בֶּן־וָפְסִֽי׃
15 ၁၅
לְמַטֵּ֣ה גָ֔ד גְּאוּאֵ֖ל בֶּן־מָכִֽי׃
16 ၁၆ ဤ​သူ​တို့​သည်​ကား​ခါ​နာန်​ပြည်​ကို​စုံ​စမ်း ထောက်​လှမ်း​ရန် မော​ရှေ​စေ​လွှတ်​သော​သူ​လျှို များ​ဖြစ်​ကြ​သည်။ မော​ရှေ​သည်​နုန်​၏​သား သြ​ရှေ​ကို​ယော​ရှု​ဟူ​သော​နာ​မည်​သို့​ပြောင်း ၍​မှည့်​ခေါ်​လေ​သည်။
אֵ֚לֶּה שְׁמֹ֣ות הָֽאֲנָשִׁ֔ים אֲשֶׁר־שָׁלַ֥ח מֹשֶׁ֖ה לָת֣וּר אֶת־הָאָ֑רֶץ וַיִּקְרָ֥א מֹשֶׁ֛ה לְהֹושֵׁ֥עַ בִּן־נ֖וּן יְהֹושֻֽׁעַ׃
17 ၁၇ မော​ရှေ​သည်​သူ​တို့​ကို​မ​စေ​လွှတ်​မီ``သင်​တို့ သည်​ဤ​အ​ရပ်​မှ​မြောက်​ဘက်​သို့​သွား​၍ ခါ​နာန် ပြည်​တောင်​ပိုင်း​သို့​ဝင်​ပြီး​လျှင်​တောင်​ကုန်း ဒေ​သ​ပေါ်​သို့​တက်​လော့။-
וַיִּשְׁלַ֤ח אֹתָם֙ מֹשֶׁ֔ה לָת֖וּר אֶת־אֶ֣רֶץ כְּנָ֑עַן וַיֹּ֣אמֶר אֲלֵהֶ֗ם עֲל֥וּ זֶה֙ בַּנֶּ֔גֶב וַעֲלִיתֶ֖ם אֶת־הָהָֽר׃
18 ၁၈ ထို​ပြည်​သည်​မည်​ကဲ့​သို့​သော​ပြည်​ဖြစ်​သည်၊ လူ​ဦး​ရေ​မည်​မျှ​ရှိ​သည်၊ အင်​အား​မည်​မျှ တောင့်​တင်း​သည်​ကို​စုံ​စမ်း​ထောက်​လှမ်း​လော့။-
וּרְאִיתֶ֥ם אֶת־הָאָ֖רֶץ מַה־הִ֑וא וְאֶת־הָעָם֙ הַיֹּשֵׁ֣ב עָלֶ֔יהָ הֶחָזָ֥ק הוּא֙ הֲרָפֶ֔ה הַמְעַ֥ט ה֖וּא אִם־רָֽב׃
19 ၁၉ ထို​ပြည်​သည်​နေ​ထိုင်​ဖွယ်​ကောင်း​သည်​မ​ကောင်း သည်​ကို​လည်း​ကောင်း၊ မြို့​များ​သည်​တံ​တိုင်း အ​ကာ​အ​ရံ​ရှိ​သည်​မ​ရှိ​သည်​ကို​လည်း ကောင်း​စုံ​စမ်း​ထောက်​လှမ်း​လော့။-
וּמָ֣ה הָאָ֗רֶץ אֲשֶׁר־הוּא֙ יֹשֵׁ֣ב בָּ֔הּ הֲטֹובָ֥ה הִ֖וא אִם־רָעָ֑ה וּמָ֣ה הֶֽעָרִ֗ים אֲשֶׁר־הוּא֙ יֹושֵׁ֣ב בָּהֵ֔נָּה הַבְּמַֽחֲנִ֖ים אִ֥ם בְּמִבְצָרִֽים׃
20 ၂၀ ထို​ပြည်​သည်​မြေ​သြ​ဇာ​ထက်​သန်​သည်​မ​ထက် သန်​သည် တော​ထူ​ထပ်​သည်​မ​ထူ​ထပ်​သည်​ကို လည်း​စုံ​စမ်း​ထောက်​လှမ်း​လော့။ ထို​ပြည်​မှ​ထွက် သော​သစ်​သီး​အ​ချို့​ကို​လည်း​ယူ​ခဲ့​လော့'' ဟု မှာ​ကြား​လေ​သည်။ (ထို​အ​ချိန်​သည်​စ​ပျစ် သီး​မှည့်​စ​အ​ချိန်​ဖြစ်​၏။)
וּמָ֣ה הָ֠אָרֶץ הַשְּׁמֵנָ֨ה הִ֜וא אִם־רָזָ֗ה הֲיֵֽשׁ־בָּ֥הּ עֵץ֙ אִם־אַ֔יִן וְהִ֨תְחַזַּקְתֶּ֔ם וּלְקַחְתֶּ֖ם מִפְּרִ֣י הָאָ֑רֶץ וְהַ֨יָּמִ֔ים יְמֵ֖י בִּכּוּרֵ֥י עֲנָבִֽים׃
21 ၂၁ သို့​ဖြစ်​၍​သူ​တို့​သည်​မြောက်​ဘက်​သို့​သွား​ပြီး လျှင် ထို​ပြည်​တောင်​ဘက်​ဇိ​န​ခေါ်​တော​ကန္တာ​ရ မှ​မြောက်​ဘက်​ဟာ​မတ်​တောင်​ကြား​အ​နီး​ရှိ ရ​ဟော​ဘ​မြို့​သို့​တိုင်​အောင်​ပြည်​ကို​စုံ​စမ်း ထောက်​လှမ်း​ကြ​သည်။-
וַֽיַּעֲל֖וּ וַיָּתֻ֣רוּ אֶת־הָאָ֑רֶץ מִמִּדְבַּר־צִ֥ן עַד־רְחֹ֖ב לְבֹ֥א חֲמָֽת׃
22 ၂၂ ပ​ထ​မ​ဦး​စွာ​သူ​တို့​သည်​ပြည်​၏​တောင်​ပိုင်း သို့​ဝင်​ရောက်​၍ ကိုယ်​ခန္ဓာ​အ​လွန်​ထွား​ကျိုင်း သည့်​အာ​န​က​အ​မျိုး​သား​တို့​၏​အ​ဆက် အ​နွယ်​များ​ဖြစ်​သော​အ​ဟိ​မန်​သား​ချင်း​စု၊ ရှေ​ရှဲ​သား​ချင်း​စု​နှင့်​တာ​လ​မဲ​သား​ချင်း​စု တို့​နေ​ထိုင်​ရာ​ဟေ​ဗြုန်​မြို့​သို့​ရောက်​ရှိ​ကြ သည်။ (ဟေ​ဗြုန်​မြို့​သည်​အီ​ဂျစ်​ပြည်​ရှိ​ဇော​န မြို့​မ​တည်​မီ​ခု​နစ်​နှစ်​အ​ထက်​က​တည်​ခဲ့ သော​မြို့​ဖြစ်​သ​တည်း။-)
וַיַּעֲל֣וּ בַנֶּגֶב֮ וַיָּבֹ֣א עַד־חֶבְרֹון֒ וְשָׁ֤ם אֲחִימַן֙ שֵׁשַׁ֣י וְתַלְמַ֔י יְלִידֵ֖י הָעֲנָ֑ק וְחֶבְרֹ֗ון שֶׁ֤בַע שָׁנִים֙ נִבְנְתָ֔ה לִפְנֵ֖י צֹ֥עַן מִצְרָֽיִם׃
23 ၂၃ ထို​နောက်​သူ​တို့​သည်​ဧ​ရှ​ကော​လ​ချိုင့်​ဝှမ်း သို့​ရောက်​၍ စ​ပျစ်​သီး​တစ်​ခိုင်​ကို​ဖြတ်​ယူ​ကြ သည်။ ထို​စ​ပျစ်​ခိုင်​မှာ​အ​လွန်​လေး​လံ​သ​ဖြင့် လူ​နှစ်​ယောက်​ထမ်း​ပိုး​လျှို​၍​ထမ်း​ရ​သည်။ သူ တို့​သည်​သ​လဲ​သီး​နှင့်​သ​ဖန်း​သီး​အ​ချို့ ကို​လည်း​ယူ​ခဲ့​ကြ​သည်။-
וַיָּבֹ֜אוּ עַד־נַ֣חַל אֶשְׁכֹּ֗ל וַיִּכְרְת֨וּ מִשָּׁ֤ם זְמֹורָה֙ וְאֶשְׁכֹּ֤ול עֲנָבִים֙ אֶחָ֔ד וַיִּשָּׂאֻ֥הוּ בַמֹּ֖וט בִּשְׁנָ֑יִם וּמִן־הָרִמֹּנִ֖ים וּמִן־הַתְּאֵנִֽים׃
24 ၂၄ (ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စ​ပျစ် ခိုင်​ကို​ဖြတ်​ယူ​သ​ဖြင့် ထို​အ​ရပ်​သည်​ဧ​ရှ ကော​လ​ချိုင့်​ဝှမ်း​ဟု​ခေါ်​တွင်​လေ​သည်။)
לַמָּקֹ֣ום הַה֔וּא קָרָ֖א נַ֣חַל אֶשְׁכֹּ֑ול עַ֚ל אֹדֹ֣ות הָֽאֶשְׁכֹּ֔ול אֲשֶׁר־כָּרְת֥וּ מִשָּׁ֖ם בְּנֵ֥י יִשְׂרָאֵֽל׃
25 ၂၅ သူ​လျှို​တို့​သည်​ခါ​နာန်​ပြည်​ကို​ရက်​ပေါင်း လေး​ဆယ်​စုံ​စမ်း​ထောက်​လှမ်း​ပြီး​နောက်၊-
וַיָּשֻׁ֖בוּ מִתּ֣וּר הָאָ֑רֶץ מִקֵּ֖ץ אַרְבָּעִ֥ים יֹֽום׃
26 ၂၆ မော​ရှေ၊ အာ​ရုန်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​စ​ခန်း​ချ​ရာ​ပါ​ရန် တော​ကန္တာ​ရ ရှိ​ကာ​ဒေ​ရှ​စ​ခန်း​သို့​ပြန်​လာ​ကြ​လေ​သည်။ သူ​တို့​သည်​ထို​ပြည်​၌​တွေ့​မြင်​ခဲ့​သ​မျှ​ကို ပြန်​ကြား​၍ သူ​တို့​ယူ​ဆောင်​ခဲ့​သော​သစ်​သီး များ​ကို​ပြ​ကြ​၏။-
וַיֵּלְכ֡וּ וַיָּבֹאוּ֩ אֶל־מֹשֶׁ֨ה וְאֶֽל־אַהֲרֹ֜ן וְאֶל־כָּל־עֲדַ֧ת בְּנֵֽי־יִשְׂרָאֵ֛ל אֶל־מִדְבַּ֥ר פָּארָ֖ן קָדֵ֑שָׁה וַיָּשִׁ֨יבוּ אֹותָ֤ם דָּבָר֙ וְאֶת־כָּל־הָ֣עֵדָ֔ה וַיַּרְא֖וּם אֶת־פְּרִ֥י הָאָֽרֶץ׃
27 ၂၇ သူ​တို့​က​မော​ရှေ​အား``အ​ကျွန်ုပ်​တို့​သည်​ထို ပြည်​သို့​သွား​ရောက်​စုံ​စမ်း​ထောက်​လှမ်း​၍ ထို ပြည်​သည်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍ မြေ သြ​ဇာ​ထက်​သန်​ကြောင်း​သိ​ရှိ​ရ​ပါ​၏။ ဤ သစ်​သီး​များ​သည်​ထို​ပြည်​မှ​ထွက်​သော သစ်​သီး​ဖြစ်​ပါ​သည်။-
וַיְסַפְּרוּ־לֹו֙ וַיֹּ֣אמְר֔וּ בָּ֕אנוּ אֶל־הָאָ֖רֶץ אֲשֶׁ֣ר שְׁלַחְתָּ֑נוּ וְ֠גַם זָבַ֨ת חָלָ֥ב וּדְבַ֛שׁ הִ֖וא וְזֶה־פִּרְיָֽהּ׃
28 ၂၈ သို့​ရာ​တွင်​ထို​ပြည်​၌​နေ​ထိုင်​သူ​တို့​သည် အင်​အား​ကြီး​၍ တံ​တိုင်း​အ​ကာ​အ​ရံ​ရှိ သော​မြို့​ကြီး​များ​တွင်​နေ​ထိုင်​ကြ​ပါ​သည်။ ထို​မျှ​မ​က​အ​လွန်​ထွား​ကြိုင်း​သော​လူ​မျိုး ၏​အ​ဆက်​အ​နွယ်​များ​ကို​လည်း​တွေ့​မြင် ခဲ့​ရ​ပါ​သည်။-
אֶ֚פֶס כִּֽי־עַ֣ז הָעָ֔ם הַיֹּשֵׁ֖ב בָּאָ֑רֶץ וְהֶֽעָרִ֗ים בְּצֻרֹ֤ות גְּדֹלֹת֙ מְאֹ֔ד וְגַם־יְלִדֵ֥י הֽ͏ָעֲנָ֖ק רָאִ֥ינוּ שָֽׁם׃
29 ၂၉ အာ​မ​လက်​အ​မျိုး​သား​တို့​သည်​ထို​ပြည်​၏ တောင်​ပိုင်း​တွင်​နေ​ထိုင်​၍ ဟိတ္တိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား တို့​သည်​တောင်​ကုန်း​များ​ပေါ်​၌​လည်း​ကောင်း၊ ခါ​နာန်​အ​မျိုး​သား​တို့​သည်​မြေ​ထဲ​ပင် လယ်​ကမ်း​ခြေ​နှင့်​ယော်​ဒန်​မြစ်​ဝှမ်း​တစ် လျှောက်​၌​လည်း​နေ​ထိုင်​ကြ​ပါ​သည်'' ဟု ဆို​ကြ​၏။
עֲמָלֵ֥ק יֹושֵׁ֖ב בְּאֶ֣רֶץ הַנֶּ֑גֶב וְ֠הַֽחִתִּי וְהַיְבוּסִ֤י וְהָֽאֱמֹרִי֙ יֹושֵׁ֣ב בָּהָ֔ר וְהַֽכְּנַעֲנִי֙ יֹשֵׁ֣ב עַל־הַיָּ֔ם וְעַ֖ל יַ֥ד הַיַּרְדֵּֽן׃
30 ၃၀ သို့​ရာ​တွင်​ကာ​လက်​သည်​မော​ရှေ​၏​ရှေ့​တွင် ညည်း​ညူ​သူ​တို့​အား``ငါ​တို့​သည်​ယ​ခု​ပင်​ထို ပြည်​သို့​ဝင်​ရောက်​တိုက်​ခိုက်​သိမ်း​ပိုက်​ကြ​ပါ စို့။ ငါ​တို့​သည်​ထို​ပြည်​ကို​တိုက်​ခိုက်​အောင် မြင်​နိုင်​စွမ်း​ရှိ​ပါ​သည်'' ဟု​ဆို​၍​လူ​တို့​ကို ငြိမ်​ဝပ်​သွား​စေ​၏။
וַיַּ֧הַס כָּלֵ֛ב אֶת־הָעָ֖ם אֶל־מֹשֶׁ֑ה וַיֹּ֗אמֶר עָלֹ֤ה נַעֲלֶה֙ וְיָרַ֣שְׁנוּ אֹתָ֔הּ כִּֽי־יָכֹ֥ול נוּכַ֖ל לָֽהּ׃
31 ၃၁ သို့​သော်​လည်း​ကာ​လက်​နှင့်​အ​တူ​လိုက်​ပါ သွား​သူ​တို့​က``ငါ​တို့​သည်​ထို​ပြည်​ကို​တိုက် ခိုက်​အောင်​မြင်​နိုင်​စွမ်း​မ​ရှိ​ပါ။ ထို​ပြည်​သား တို့​သည်​ငါ​တို့​ထက်​အင်​အား​ကြီး​ပါ​သည်'' ဟု​ဆို​ကြ​၏။-
וְהָ֨אֲנָשִׁ֜ים אֲשֶׁר־עָל֤וּ עִמֹּו֙ אָֽמְר֔וּ לֹ֥א נוּכַ֖ל לַעֲלֹ֣ות אֶל־הָעָ֑ם כִּֽי־חָזָ֥ק ה֖וּא מִמֶּֽנּוּ׃
32 ၃၂ သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​စုံ​စမ်း​ထောက် လှမ်း​ခဲ့​သော​ပြည်​အ​ကြောင်း မ​ဟုတ်​မ​မှန် သ​တင်း​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ တွင်​ဖြန့်​ကြ​သည်။ သူ​တို့​က``ထို​ပြည်​၌​ထို ပြည်​သား​တို့​အ​တွက်​ပင်​လျှင်​သီး​နှံ​လောက် အောင်​မ​ထွက်​ပါ။ ငါ​တို့​တွေ့​မြင်​ခဲ့​သော​သူ အ​ပေါင်း​တို့​သည်​အ​လွန်​အ​ရပ်​မြင့်​ကြ​၏။-
וַיֹּוצִ֜יאוּ דִּבַּ֤ת הָאָ֙רֶץ֙ אֲשֶׁ֣ר תָּר֣וּ אֹתָ֔הּ אֶל־בְּנֵ֥י יִשְׂרָאֵ֖ל לֵאמֹ֑ר הָאָ֡רֶץ אֲשֶׁר֩ עָבַ֨רְנוּ בָ֜הּ לָת֣וּר אֹתָ֗הּ אֶ֣רֶץ אֹכֶ֤לֶת יֹושְׁבֶ֙יהָ֙ הִ֔וא וְכָל־הָעָ֛ם אֲשֶׁר־רָאִ֥ינוּ בְתֹוכָ֖הּ אַנְשֵׁ֥י מִדֹּֽות׃
33 ၃၃ အ​လွန်​ထွား​ကျိုင်း​သော​အာ​န​က​လူ​မျိုး​၏ အ​ဆက်​အ​နွယ်​များ​ကို​လည်း ငါ​တို့​တွေ့​မြင် ခဲ့​ရ​သည်။ ငါ​တို့​အ​မြင်​အား​ဖြင့်​ငါ​တို့​သည် သူ​တို့​ရှေ့​တွင်​နှံ​ကောင်​များ​သ​ဖွယ်​သေး​ငယ် ပါ​၏။ သူ​တို့​သည်​ငါ​တို့​ကို​နှံ​ကောင်​များ သ​ဖွယ်​မြင်​ပါ​မည်'' ဟု​ဆို​ကြ​လေ​သည်။
וְשָׁ֣ם רָאִ֗ינוּ אֶת־הַנְּפִילִ֛ים בְּנֵ֥י עֲנָ֖ק מִן־הַנְּפִלִ֑ים וַנְּהִ֤י בְעֵינֵ֙ינוּ֙ כּֽ͏ַחֲגָבִ֔ים וְכֵ֥ן הָיִ֖ינוּ בְּעֵינֵיהֶֽם׃

< တောလည်ရာ 13 >