< တောလည်ရာ 12 >
1 ၁ မောရှေသည်မိဒျန်အမျိုးသမီးတစ်ဦး နှင့်စုံဖက်သဖြင့် မိရိအံနှင့်အာရုန်တို့ ကသူ့အားအပြစ်တင်ကြလေသည်။-
Na ka whakahe a Miriama rau ko Arona ki a Mohi mo te wahine Kuhi i marenatia e ia: he wahine Kuhi hoki tana i marena ai.
2 ၂ သူတို့က``ထာဝရဘုရားသည်မောရှေအား ဖြင့်သာလျှင်မိန့်ကြားတော်မူသလော။ ငါ တို့အားဖြင့်လည်းမိန့်ကြားတော်မမူသလော'' ဟုဆိုကြ၏။ ထိုစကားကိုထာဝရဘုရား ကြားတော်မူသည်။-
A ka mea raua, Koia ranei i a Mohi anake nga korero a Ihowa? kahore ranei ana korero hoki i a maua? A ka rongo a Ihowa.
3 ၃ (မောရှေသည်စိတ်နှိမ့်ချသူဖြစ်၏။ ကမ္ဘာပေါ် တွင်သူကဲ့သို့စိတ်နှိမ့်ချသူတစ်ယောက်မျှ မရှိ။)
Na, he tangata mahaki rawa a Mohi i nga tangata katoa o te mata o te whenua.
4 ၄ ချက်ချင်းပင်ထာဝရဘုရားသည်မောရှေ၊ အာရုန်နှင့်မိရိအံတို့အား``သင်တို့သုံး ဦးစလုံးတဲတော်သို့လာခဲ့ကြလော့'' ဟု မိန့်တော်မူ၏။ သူတို့သည်တဲတော်သို့ရောက်ရှိ သောအခါ၊-
Na i ohorere tunu te korerotanga a Ihowa ki a Mohi ratou ko Arona, ko Miriama, Puta mai koutou tokotoru ki te tapenakara o te whakaminenga. A ka puta atu ratu tokotoru.
5 ၅ ထာဝရဘုရားသည်မိုးတိမ်တိုင်ဖြင့်ကြွ လာ၍ တဲတော်တံခါးဝတွင်ရပ်လျက်``အာရုန်၊ မိရိအံ'' ဟူ၍ခေါ်တော်မူ၏။ ထိုအခါသူ တို့နှစ်ဦးသည်ရှေ့သို့ထွက်လာသဖြင့်၊-
Na ka heke iho a Ihowa i roto i te pou kapua, a ka tu ki te whatitoka o te tapenakara, ka karanga hoki ki a Arona raua ko Miriama: a ka puta raua.
6 ၆ ``ငါမိန့်တော်မူသမျှကိုနားထောင်လော့။ သင် တို့တွင်ပရောဖက်များရှိသောအခါ ငါသည် သူတို့အားအိပ်မက်အားဖြင့်သော်လည်းကောင်း၊ ရူပါရုံအားဖြင့်သော်လည်းကောင်းဗျာဒိတ် ပေး၏။-
A ka mea ia, Tena, whakarongo ki aku korero: ki te mea he poropiti kei a koutou, ka whakaatu atu ahau, a Ihowa i ahau ki a ia, he mea whakakite, he korero moemoea ki a ia.
7 ၇ ငါ၏အစေခံမောရှေသည်ကားထိုကဲ့သို့ သောပရောဖက်မဟုတ်။ ငါ၏လူမျိုးတော် ဣသရေလအမျိုးသားအပေါင်းတို့ကို သူ၏လက်ဝယ်၌ငါအပ်ထားပြီ။-
Ehara taku pononga, a Mohi i te pera; he pono ia i toku whare katoa:
8 ၈ သို့ဖြစ်၍ငါသည်သူနှင့်မျက်နှာချင်းဆိုင်၍ ရှင်းလင်းပြတ်သားစွာစကားပြောဆို၏။ စကားဝှက်ဖြင့်ပြောဆိုလေ့မရှိ။ သူသည် ငါ၏ပုံသဏ္ဌာန်တော်ကိုပင်ဖူးတွေ့ခဲ့ရ၏။ သင်တို့သည်ငါ၏အစေခံမောရှေကို အဘယ်ကြောင့်အပြစ်တင်ပြောဆိုဝံ့ သနည်း'' ဟုမိန့်တော်မူ၏။
Ka korero ahau ki a ia, he mangai, he mangai, he korero mata nui, kahore hoki he kupu ngaro; a e kite ano ia i te ahua o Ihowa: he aha ra korua te wehi ai ki te whakahe mo taku pononga, mo Mohi?
9 ၉ ထာဝရဘုရားသည် သူတို့ကိုအမျက်ထွက် တော်မူ၏။ သို့ဖြစ်၍ကိုယ်တော်ပြန်လည်ကြွ သွားလျက်၊-
Na ka mutu te riri o Ihowa ki a raua, a haere ana ia.
10 ၁၀ တဲတော်ပေါ်မှမိုးတိမ်တက်သွားသည့်အခါ မိရိအံတွင် ကြောက်မက်ဖွယ်သောကိုယ်ရေပြား ရောဂါစွဲသဖြင့်တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူ လာလေ၏။ အာရုန်သည်မိရိအံကိုယ်၌ ရောဂါ စွဲသည့်အခြင်းအရာကိုတွေ့မြင်ရသော အခါ၊-
Na ka riro atu te kapua i runga i te tapenakara: na! he repera a Miriama, kua rite ki te hukarere: a ka titiro a Arona ki a Miriama, e! he repera.
11 ၁၁ မောရှေအား``အရှင်၊ အကျွန်ုပ်တို့၏မိုက်မဲ သောအပြစ်ကြောင့်ဒဏ်မခံရပါစေနှင့်။-
Na ka mea a Arona ki a Mohi, Aue, e toku ariki, kaua e utaina ki a maua tenei hara i poauau nei, i hara nei maua.
12 ၁၂ ဖွားစကပင်ကိုယ်ခန္ဓာတစ်ဝက်ကိုပုပ်ပျက် သော အသေကောင်ကဲ့သို့မိရိအံမဖြစ်ပါ စေနှင့်'' ဟုတောင်းပန်လေ၏။
Kei rite ia ki te mea kua mate, ki te mea kua pau tetahi wahi o ona kikokiko i te putanga mai i te kopu o tona whaea.
13 ၁၃ သို့ဖြစ်၍မောရှေသည်ထာဝရဘုရားအား``အို ဘုရားသခင်၊ မိရိအံ၏အနာရောဂါကို ပျောက်ကင်းစေတော်မူပါ'' ဟုအော်ဟစ်တောင်း လျှောက်လေ၏။
Na ka karanga atu a Mohi ki a Ihowa, ka mea, E te Atua, tena ra, whakaorangia ia.
14 ၁၄ ထာဝရဘုရားကမောရှေအား``အကယ်၍ သူ၏ဖခင်သည်သူ၏မျက်နှာကိုတံတွေး နှင့်ထွေးလျှင် သူသည်ခုနစ်ရက်ပတ်လုံး အရှက်ခွဲခြင်းခံရမည်မဟုတ်လော။ ထို ကြောင့်သူ့ကိုစခန်းအပြင်တွင်ခုနစ်ရက် မျှသီးခြားနေထိုင်စေလော့။ ရက်စေ့လျှင် သူ့ကိုစခန်းအတွင်းသို့ပြန်လည်ခေါ်ဆောင် ရမည်'' ဟုမိန့်တော်မူ၏။-
Na ka mea a Ihowa, ki a Mohi, Me i tuwha kau tona papa ki tona mata e kore ianei ia e whakama, a whitu noa nga ra? kia whitu nga ra e tutakina atu ai ia ki waho o te puni, a muri iho ka mauria mai ano.
15 ၁၅ ထို့ကြောင့်မိရိအံကိုစခန်းအပြင်သို့ ခုနစ် ရက်မျှသီးခြားနေထိုင်ရန်ထုတ်ထားကြသည်။ သူစခန်းထဲသို့ပြန်ရောက်မှလူများတို့သည် ခရီးဆက်ကြလေသည်။-
Na tutakina atu ana a Miriama ki waho o te puni, e whitu nga ra; kihai ano hoki te iwi i haere, kia whakahokia mai ra ano a Miriama.
16 ၁၆ ထိုနောက်သူတို့သည်ဟာဇရုတ်စခန်းမှ ထွက်ခွာ၍ ပါရန်ဟုခေါ်သောတောကန္တာရ တွင်စခန်းချကြလေသည်။
A muri iho ka turia e te iwi i Hateroto, a noho ana i te koraha o Parana.