< တောလည်ရာ 12 >

1 မော​ရှေ​သည်​မိ​ဒျန်​အ​မျိုး​သ​မီး​တစ်​ဦး နှင့်​စုံ​ဖက်​သ​ဖြင့် မိ​ရိ​အံ​နှင့်​အာ​ရုန်​တို့ က​သူ့​အား​အ​ပြစ်​တင်​ကြ​လေ​သည်။-
Tad Mirjame un Ārons runāja pret Mozu tās etiopiešu sievas dēļ ko viņš bija ņēmis, jo viņš vienu etiopieti bija ņēmis par sievu, un tie sacīja:
2 သူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား ဖြင့်​သာ​လျှင်​မိန့်​ကြား​တော်​မူ​သ​လော။ ငါ တို့​အား​ဖြင့်​လည်း​မိန့်​ကြား​တော်​မ​မူ​သ​လော'' ဟု​ဆို​ကြ​၏။ ထို​စ​ကား​ကို​ထာ​ဝ​ရ​ဘု​ရား ကြား​တော်​မူ​သည်။-
Vai Tas Kungs tikai caur Mozu vien runājis? Vai tas nav arī caur mums runājis? Un Tas Kungs to dzirdēja.
3 (မော​ရှေ​သည်​စိတ်​နှိမ့်​ချ​သူ​ဖြစ်​၏။ ကမ္ဘာ​ပေါ် တွင်​သူ​ကဲ့​သို့​စိတ်​နှိမ့်​ချ​သူ​တစ်​ယောက်​မျှ မ​ရှိ။)
Bet tas vīrs Mozus bija ļoti lēnprātīgs, vairāk nekā visi cilvēki virs zemes.
4 ချက်​ချင်း​ပင်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ၊ အာ​ရုန်​နှင့်​မိ​ရိ​အံ​တို့​အား``သင်​တို့​သုံး ဦး​စ​လုံး​တဲ​တော်​သို့​လာ​ခဲ့​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။ သူ​တို့​သည်​တဲ​တော်​သို့​ရောက်​ရှိ သော​အ​ခါ၊-
Tad Tas Kungs piepeši runāja uz Mozu un uz Āronu un uz Mirjami: nāciet ārā jūs trīs pie saiešanas telts; un tie trīs nāca ārā.
5 ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​တိုင်​ဖြင့်​ကြွ လာ​၍ တဲ​တော်​တံ​ခါး​ဝ​တွင်​ရပ်​လျက်``အာ​ရုန်၊ မိ​ရိ​အံ'' ဟူ​၍​ခေါ်​တော်​မူ​၏။ ထို​အ​ခါ​သူ တို့​နှစ်​ဦး​သည်​ရှေ့​သို့​ထွက်​လာ​သ​ဖြင့်၊-
Tad Tas Kungs nonāca padebeša stabā un stāvēja saiešanas telts durvīs; un viņš sauca Āronu un Mirjami, un tie abi nāca ārā.
6 ``ငါ​မိန့်​တော်​မူ​သ​မျှ​ကို​နား​ထောင်​လော့။ သင် တို့​တွင်​ပ​ရော​ဖက်​များ​ရှိ​သော​အ​ခါ ငါ​သည် သူ​တို့​အား​အိပ်​မက်​အား​ဖြင့်​သော်​လည်း​ကောင်း၊ ရူ​ပါ​ရုံ​အား​ဖြင့်​သော်​လည်း​ကောင်း​ဗျာ​ဒိတ် ပေး​၏။-
Un Viņš sacīja: klausiet jel Manu vārdu! Ja jūsu starpā viens pravietis, tad Es, Tas Kungs, viņam parādos parādīšanā, caur sapni Es ar viņu runāju.
7 ငါ​၏​အ​စေ​ခံ​မော​ရှေ​သည်​ကား​ထို​ကဲ့​သို့ သော​ပ​ရော​ဖက်​မ​ဟုတ်။ ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို သူ​၏​လက်​ဝယ်​၌​ငါ​အပ်​ထား​ပြီ။-
Tāds nav Mans kalps Mozus, kas visā Manā namā ir uzticīgs.
8 သို့​ဖြစ်​၍​ငါ​သည်​သူ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​၍ ရှင်း​လင်း​ပြတ်​သား​စွာ​စ​ကား​ပြော​ဆို​၏။ စ​ကား​ဝှက်​ဖြင့်​ပြော​ဆို​လေ့​မ​ရှိ။ သူ​သည် ငါ​၏​ပုံ​သဏ္ဌာန်​တော်​ကို​ပင်​ဖူး​တွေ့​ခဲ့​ရ​၏။ သင်​တို့​သည်​ငါ​၏​အ​စေ​ခံ​မော​ရှေ​ကို အ​ဘယ်​ကြောင့်​အ​ပြစ်​တင်​ပြော​ဆို​ဝံ့ သ​နည်း'' ဟု​မိန့်​တော်​မူ​၏။
Muti pret muti Es ar viņu runāju un ne caur tumšiem vārdiem, bet redzēdams viņš redz Tā Kunga vaigu; kādēļ tad jūs neesat bijušies runāt pret Manu kalpu, pret Mozu?
9 ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​အ​မျက်​ထွက် တော်​မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​ပြန်​လည်​ကြွ သွား​လျက်၊-
Un Tā Kunga bardzība iedegās pret tiem, un Viņš aizgāja.
10 ၁၀ တဲ​တော်​ပေါ်​မှ​မိုး​တိမ်​တက်​သွား​သည့်​အ​ခါ မိ​ရိ​အံ​တွင် ကြောက်​မက်​ဖွယ်​သော​ကိုယ်​ရေ​ပြား ရော​ဂါ​စွဲ​သ​ဖြင့်​တစ်​ကိုယ်​လုံး​ဆွတ်​ဆွတ်​ဖြူ လာ​လေ​၏။ အာ​ရုန်​သည်​မိ​ရိ​အံ​ကိုယ်​၌ ရော​ဂါ စွဲ​သည့်​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ရ​သော အ​ခါ၊-
Un tas padebesis atstājās no telts virsas, un redzi, Mirjame bija spitālīga kā sniegs, un Ārons uzlūkoja Mirjami, un redzi, tā bija spitālīga.
11 ၁၁ မော​ရှေ​အား``အ​ရှင်၊ အ​ကျွန်ုပ်​တို့​၏​မိုက်​မဲ သော​အ​ပြစ်​ကြောင့်​ဒဏ်​မ​ခံ​ရ​ပါ​စေ​နှင့်။-
Tad Ārons sacīja uz Mozu: lūdzams, mans kungs, nepielīdzini mums tos grēkus, ar ko mēs ģeķīgi esam darījuši un ar ko esam apgrēkojušies.
12 ၁၂ ဖွား​စ​က​ပင်​ကိုယ်​ခန္ဓာ​တစ်​ဝက်​ကို​ပုပ်​ပျက် သော အ​သေ​ကောင်​ကဲ့​သို့​မိ​ရိအံ​မ​ဖြစ်​ပါ စေ​နှင့်'' ဟု​တောင်း​ပန်​လေ​၏။
Lai viņa nav kā tas, kas nedzīvs iziet no mātes miesām, kam puse no miesas jau saēsta.
13 ၁၃ သို့​ဖြစ်​၍​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​အား``အို ဘု​ရား​သ​ခင်၊ မိ​ရိ​အံ​၏​အ​နာ​ရော​ဂါ​ကို ပျောက်​ကင်း​စေ​တော်​မူ​ပါ'' ဟု​အော်​ဟစ်​တောင်း လျှောက်​လေ​၏။
Tad Mozus brēca uz To Kungu un sacīja: Ak Dievs, lūdzams, dziedini jel viņu!
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အ​ကယ်​၍ သူ​၏​ဖ​ခင်​သည်​သူ​၏​မျက်​နှာ​ကို​တံ​တွေး နှင့်​ထွေး​လျှင် သူ​သည်​ခု​နစ်​ရက်​ပတ်​လုံး အ​ရှက်​ခွဲ​ခြင်း​ခံ​ရ​မည်​မ​ဟုတ်​လော။ ထို ကြောင့်​သူ့​ကို​စ​ခန်း​အ​ပြင်​တွင်​ခု​နစ်​ရက် မျှ​သီး​ခြား​နေ​ထိုင်​စေ​လော့။ ရက်​စေ့​လျှင် သူ့​ကို​စ​ခန်း​အ​တွင်း​သို့​ပြန်​လည်​ခေါ်​ဆောင် ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
Un Tas Kungs sacīja uz Mozu: kad viņas tēvs spļaudams viņas vaigā būtu spļāvis, vai tā septiņas dienas nekaunētos? Lai tā septiņas dienas ārā aiz lēģera top ieslēgta un pēc tam lai tā atkal top pieņemta.
15 ၁၅ ထို့​ကြောင့်​မိ​ရိ​အံ​ကို​စ​ခန်း​အ​ပြင်​သို့ ခု​နစ် ရက်​မျှ​သီး​ခြား​နေ​ထိုင်​ရန်​ထုတ်​ထား​ကြ​သည်။ သူ​စ​ခန်း​ထဲ​သို့​ပြန်​ရောက်​မှ​လူ​များ​တို့​သည် ခ​ရီး​ဆက်​ကြ​လေ​သည်။-
Tad Mirjame tapa ieslēgta ārā aiz lēģera septiņas dienas, un tie ļaudis negāja tālāki, kamēr Mirjame atkal tapa pieņemta.
16 ၁၆ ထို​နောက်​သူ​တို့​သည်​ဟာ​ဇ​ရုတ်​စ​ခန်း​မှ ထွက်​ခွာ​၍ ပါ​ရန်​ဟု​ခေါ်​သော​တော​ကန္တာ​ရ တွင်​စ​ခန်း​ချ​ကြ​လေ​သည်။
Bet pēc tam tie ļaudis cēlās no Hacerotas un apmetās Pārana tuksnesī.

< တောလည်ရာ 12 >