< တောလည်ရာ 11 >

1 လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​တွေ့​ကြုံ​ရ​သော ဆင်း​ရဲ​ဒုက္ခ​များ​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ညည်း​ညူ​သံ​ကို​ကြား​ရ​သော​အ​ခါ အ​မျက်​တော်​ထွက်​၍​သူ​တို့​အ​ပေါ်​တွင်​လောင် မီး​ကျ​စေ​၏။ မီး​သည်​စ​ခန်း​တစ်​ဘက်​စွန်း တွင်​ရှိ​သော​လူ​များ​ကို​လောင်​ကျွမ်း​စေ​၏။-
Попорул а кыртит ын гура маре ымпотрива Домнулуй, зикынд кэ-й мерӂе рэу. Кынд а аузит, Домнул С-а мыният. С-а апринс ынтре ей фокул Домнулуй ши а мистуит о парте дин марӂиня таберей.
2 ထို​အ​ခါ​လူ​တို့​သည်​မော​ရှေ​အား​အော်​ဟစ်​၍ အ​ကူ​အ​ညီ​တောင်း​ခံ​၏။ မော​ရှေ​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​သ​ဖြင့်​မီး​ငြိမ်း​သွား လေ​သည်။-
Попорул а стригат кэтре Мойсе. Мойсе с-а ругат Домнулуй, ши фокул с-а стинс.
3 သူ​တို့​အ​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​မှ​လောင် မီး​ကျ​သ​ဖြင့် ထို​အ​ရပ်​ကို​တ​ဗေ​ရ​ဟု သ​မုတ်​ကြ​၏။
Локулуй ачелуя й-ау пус нумеле Табеера, пентру кэ се апринсесе фокул Домнулуй принтре ей.
4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​လိုက် ပါ​လာ​သော နိုင်​ငံ​ခြား​သား​တို့​သည်​အ​သား ကို​တောင့်​တ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က​ပင်​လျှင်``အ​သား​ကို​စား​ချင်​လှ​ပါ​ဘိ။-
Адунэтурий де оамень каре се афлау ын мижлокул луй Исраел й-а венит пофтэ, ба кяр ши копиий луй Исраел ау ынчепут сэ плынгэ ши сэ зикэ: „Чине не ва да карне сэ мынкэм?
5 ငါ​တို့​သည်​အီ​ဂျစ်​ပြည်​တွင် ငါး​ကို​အ​ဖိုး အ​ခ​မ​ပေး​ရ​ဘဲ​လို​သ​လောက်​စား​ရ​၏။ သ​ခွား​သီး၊ ဖ​ရဲ​သီး၊ ကြက်​သွန်​မြိတ်၊ ကြက် သွန်​နီ၊ ကြက်​သွန်​ဖြူ​တို့​ကို​လည်း​စား​ရ​၏။-
Не адучем аминте де пештий пе каре-й мынкам ын Еӂипт ши каре ну не костау нимик, де кастравець, де пепень, де пражь, де чапэ ши де устурой.
6 ယ​ခု​ငါ​တို့​အင်​အား​ကုန်​ခန်း​ပါ​ပြီ။ တစ်​နေ့ နောက်​တစ်​နေ့​ဤ​မန္န​မုန့်​အ​ပြင်​စား​စ​ရာ မ​ရှိ​ပါ'' ဟု​ညည်း​တွား​ကြ​လေ​သည်။
Акум ни с-а ускат суфлетул: ну май есте нимик! Окий ноштри ну вэд декыт мана ачаста.”
7 (မန္န​မုန့်​သည်​ဝါ​ဖျော့​ဖျော့​အ​ရောင်​ရှိ​သော သစ်​စေ့​က​လေး​များ​နှင့်​တူ​၏။-
Мана семэна ку грэунтеле де кориандру ши ла ведере ера ка беделионул.
8 ည​အ​ခါ​နှင်း​နှင့်​အ​တူ​စခန်း​ထဲ​သို့​ကျ​၏။ နံ​နက်​အ​ချိန်​တွင်​လူ​တို့​သည်​မန္န​မုန့်​ကို​လှည့် လည်​စု​သိမ်း​ပြီး​လျှင်​ကြိတ်​၍​ဖြစ်​စေ၊ ထောင်း ၍​ဖြစ်​စေ​မုန့်​ညက်​ပြု​လုပ်​ကြ​၏။ ထို​နောက် မုန့်​ညက်​ကို​ပေါင်း​၍​မုန့်​ပြား​ပြု​လုပ်​ကြ​၏။ အ​ရ​သာ​သည်​သံ​လွင်​ဆီ​နှင့်​ဖုတ်​သော​မုန့် အ​ရ​သာ​နှင့်​တူ​၏။)
Попорул се рисипя ши о стрынӂя, о мэчина ла рышницэ сау о писа ынтр-о пиуэ; о фербя ын оалэ ши фэчя турте дин еа. Мана авя густул уней турте фэкуте ку унтделемн.
9
Кынд кэдя роуа ноаптя ын табэрэ, кэдя ши мана.
10 ၁၀ လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​တဲ​ဝ​အ သီး​သီး​တွင်​စု​ရုံး​ကာ ညည်း​ညူ​နေ​ကြ​သော အ​သံ​ကို​မော​ရှေ​ကြား​ရ​၏။ ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​သော​ကြောင့် မော​ရှေ​သည် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​၏။-
Мойсе а аузит пе попор плынгынд, фиекаре ын фамилия луй ши ла уша кортулуй луй. Мыния Домнулуй с-а апринс ку тэрие. Мойсе с-а ынтристат
11 ၁၁ မော​ရှေ​က``ကိုယ်​တော်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ် အား ဆင်း​ရဲ​ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​သည်​ရှေ့​တော်​၌​မျက်​နှာ မ​ရ​ပါ​သ​နည်း။ ဤ​သူ​အ​ပေါင်း​တို့​အ​တွက် အ​ကျွန်ုပ်​အား အ​ဘယ်​ကြောင့်​တာ​ဝန်​ပေး​တော် မူ​ပါ​သ​နည်း။-
ши а зис Домнулуй: „Пентру че мыхнешть Ту пе робул Тэу ши пентру че н-ам кэпэтат еу тречере ынаинтя Та, де ай пус песте мине сарчина ачестуй попор ынтрег?
12 ၁၂ အ​ကျွန်ုပ်​သည်​သူ​တို့​ကို​ဝမ်း​နှင့်​လွယ်​၍​မွေး ထုတ်​ရ​သူ​ဖြစ်​ပါ​သ​လော။ ကိုယ်​တော်​သည်​သူ တို့​၏​ဘိုး​ဘေး​တို့​အား​ပေး​မည်​ဟု က​တိ​ထား တော်​မူ​သော​ပြည်​သို့​သွား​ရာ​လမ်း​တစ်​လျှောက် လုံး​တွင် အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား​က​လေး ထိန်း​သ​ဖွယ်​သူ​တို့​ကို​ပိုက်​ချီ​ဆောင်​ယူ​သွား စေ​ပါ​သ​နည်း။-
Оаре еу ам зэмислит пе попорул ачеста? Оаре еу л-ам нэскут, ка сэ-мь зичь: ‘Поартэ-л ла сынул тэу, кум поартэ дойка пе копил, пынэ ын цара пе каре ай журат пэринцилор луй кэ й-о вей да’?
13 ၁၃ ဤ​သူ​အ​ပေါင်း​တို့​စား​ရန်​အ​သား​ကို​အ​ကျွန်ုပ် အ​ဘယ်​မှာ​ရှာ​၍​ရ​နိုင်​ပါ​မည်​နည်း။ သူ​တို့​သည် အ​သား​စား​လို​ပါ​သည်​ဟူ​၍ ညည်း​တွား​တောင်း ဆို​လျက်​ရှိ​ကြ​ပါ​သည်။-
Де унде сэ яу карне, ка сэ дау ла тот попорул ачеста? Кэч ей плынг ла мине, зикынд: ‘Дэ-не карне ка сэ мынкэм!’
14 ၁၄ ဤ​သူ​အ​ပေါင်း​တို့​အ​တွက်​အ​ကျွန်ုပ်​တစ်​ဦး တည်း​က​တာ​ဝန်​မ​ယူ​နိုင်​ပါ။ ထို​တာ​ဝန် သည်​အ​ကျွန်ုပ်​အ​တွက်​ကြီး​လွန်း​ပါ​၏။-
Еу сингур ну пот сэ порт пе тот попорул ачеста, кэч есте пря греу пентру мине.
15 ၁၅ အ​ကျွန်ုပ်​သည်​ဤ​တာ​ဝန်​ထမ်း​ဆောင်​ရ​မည် ဟု​ဆို​လျှင် ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား သ​နား​သ​ဖြင့်​ယ​ခု​ပင်​အ​သက်​သေ​စေ​၍ ဤ​ဆင်း​ရဲ​ဒုက္ခ​မှ​ကင်း​လွတ်​စေ​တော်​မူ​ပါ'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား​လေ သည်။
Декыт сэ Те порць аша ку мине, май бине омоарэ-мэ, Те рог, дакэ май ам врео тречере ынаинтя Та, ка сэ ну-мь май вэд ненорочиря.”
16 ၁၆ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​ထဲ​မှ​ဂုဏ်​အ​သ​ရေ​ရှိ​သူ ခေါင်း​ဆောင်​ခု​နစ်​ဆယ်​ကို ပ​ဋိ​ညာဉ်​တဲ​တော် သို့​လာ​ရောက်​စု​ရုံး​စေ​ပြီး​လျှင်​သင်​နှင့် အ​တူ​ရပ်​နေ​စေ​လော့။-
Домнул а зис луй Мойсе: „Адунэ ла Мине шаптезечь де бэрбаць, динтре бэтрыний луй Исраел, дин чей пе каре-й куношть ка бэтрынь ай попорулуй ши ку путере асупра лор; аду-й ла кортул ынтылнирий ши сэ се ынфэцишезе аколо ымпреунэ ку тине.
17 ၁၇ ငါ​သည်​ကြွ​လာ​၍​သင်​နှင့်​စ​ကား​ပြော​ဆို​မည်။ ငါ​သည်​သင့်​အား​ပေး​အပ်​ထား​သော​စွမ်း​ရည် အ​ချို့​ကို​ယူ​၍ သူ​တို့​အား​ပေး​အပ်​မည်။ ထို အ​ခါ​ဤ​သူ​များ​အ​တွက်​ထမ်း​ရ​သော​တာ​ဝန် ကို​သူ​တို့​သည်​သင့်​အား​ကူ​ညီ​ထမ်း​ရွက်​နိုင် သ​ဖြင့် ထို​တာ​ဝန်​ကို​သင်​တစ်​ဦး​တည်း​ထမ်း ရန်​မ​လို​တော့​ချေ။-
Еу Мэ вой коборы ши ыць вой ворби аколо; вой луа дин духул каре есте песте тине ши-л вой пуне песте ей, ка сэ поарте ымпреунэ ку тине сарчина попорулуй ши сэ н-о порць ту сингур.
18 ၁၈ ယ​ခု​သင်​သည်​သူ​တို့​အား​ဤ​သို့​မှာ​ကြား လော့။ သူ​တို့​သည်​နက်​ဖြန်​နေ့​အ​တွက်​မိ​မိ တို့​ကိုယ်​ကို​သန့်​စင်​စေ​ရ​မည်။ သူ​တို့​သည် အ​သား​ကို​စား​ရ​လိမ့်​မည်။ သူ​တို့​သည်​အီ​ဂျစ် ပြည်​၌​အ​သား​ကို​စား​ရ​ကြောင်း၊ ယ​ခု​သူ တို့​အ​သား​ကို​စား​လို​၍​ညည်း​ညူ​နေ​ကြောင်း ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​စား​ရန်​အ​သား​ကို​ပေး တော်​မူ​မည်​ဖြစ်​၍​သူ​တို့​စား​ရ​လိမ့်​မည်။-
Сэ спуй попорулуй: ‘Сфинцици-вэ пентру мыне ши авець сэ мынкаць карне, фииндкэ аць плынс ын аузул Домнулуй ши аць зис: «Чине не ва да карне сэ мынкэм? Кэч ной о дучям бине ын Еӂипт!» Домнул вэ ва да карне ши вець мынка.
19 ၁၉ သူ​တို့​သည်​အ​သား​ကို​တစ်​ရက်၊ နှစ်​ရက်၊ ငါး​ရက်၊ ဆယ်​ရက်၊ အ​ရက်​နှစ်​ဆယ်​မျှ​သာ စား​ကြ​ရ​မည်​မ​က​ဘဲ၊-
Авець сэ мынкаць карне ну о зи, нич доуэ зиле, нич чинч зиле, нич зече зиле, нич доуэзечь де зиле,
20 ၂၀ အ​သား​သည်​သူ​တို့​၏​နား​များ​မှ​ထွက်​၍ အ​သား​ကို​ရွံ​မုန်း​လာ​သည့်​တိုင်​အောင် တစ်​လ လုံး​လုံး​စား​ရ​ကြ​မည်။ ဤ​သို့​ဖြစ်​ရ​ခြင်း​မှာ သူ​တို့​သည်​အီ​ဂျစ်​ပြည်​ကို​တ​သ​လျက်​သူ တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကို​ပစ်​ပယ်​ကာ​ညည်း​ညူ​ကြ​သော​ကြောင့်​ဖြစ် သည်'' ဟု​မိန့်​တော်​မူ​၏။
чи о лунэ ынтрягэ, пынэ вэ ва еши пе нэрь ши вэ вець скырби де еа, пентру кэ н-аць аскултат де Домнул каре есте ын мижлокул востру ши пентру кэ аць плынс ынаинтя Луй, зикынд: «Пентру че ам ешит ной оаре дин Еӂипт?»’”
21 ၂၁ မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​မှာ လူ​ပေါင်း​ခြောက်​သိန်း​ရှိ​ပါ​၏။ ကိုယ်​တော်​က သူ​တို့​အား​တစ်​လ​ပတ်​လုံး​အ​သား​ကျွေး မည်​ဟု​မိန့်​တော်​မူ​ပါ​သည်။-
Мойсе а зис: „Шасе суте де мий де оамень каре мерг пе жос алкэтуеск попорул ын мижлокул кэруя сунт еу, ши Ту зичь: ‘Ле вой да карне ши вор мынка о лунэ ынтрягэ!’
22 ၂၂ သူ​တို့​ဝ​လင်​စွာ​စား​နိုင်​ရန်​သိုး​နွား​ဆိတ် အ​လုံ​အ​လောက်​ရ​နိုင်​ပါ​မည်​လော။ သူ​တို့ အ​တွက်​ပင်​လယ်​မှ​ငါး​အ​လုံ​အ​လောက် ရ​နိုင်​ပါ​မည်​လော'' ဟု​လျှောက်​ထား​လေ​၏။
Путем тэя оаре атытя ой ши атыця бой, ка сэ ажунгэ? Сау ну кумва авем сэ приндем тоць пештий мэрий, ка сэ ле ажунгэ?”
23 ၂၃ ထာ​ဝ​ရ​ဘု​ရား​က``ငါ​မ​တတ်​နိုင်​သည့်​အ​ရာ ရှိ​သ​လော။ ငါ​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​ဖြစ် မည်​မ​ဖြစ်​မည်​ကို​သင်​မ​ကြာ​မီ​တွေ့​မြင်​ရ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Домнул а рэспунс луй Мойсе: „Ну кумва с-а скуртат оаре мына Домнулуй? Вей ведя акум дакэ чея че ць-ам спус се ва ынтымпла сау ну.”
24 ၂၄ မော​ရှေ​သည်​တဲ​တော်​တွင်း​မှ​ထွက်​လာ​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​လူ အ​ပေါင်း​တို့​အား​ပြန်​ကြား​လေ​သည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​ခု​နစ် ဆယ်​ကို​ခေါ်​၍ တဲ​တော်​ပတ်​လည်​တွင်​ရပ်​နေ စေ​၏။-
Мойсе а ешит ши а спус попорулуй кувинтеле Домнулуй. А адунат шаптезечь де бэрбаць дин бэтрыний попорулуй ши й-а пус ын журул кортулуй.
25 ၂၅ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​ဖြင့် ကြွ​ဆင်း​လာ​၍ မော​ရှေ​နှင့်​စ​ကား​ပြော​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​ပေး​အပ် ထား​သော​စွမ်း​ရည်​အ​ချို့​ကို​ယူ​၍ ခေါင်း​ဆောင် ခု​နစ်​ဆယ်​တို့​အား​ပေး​အပ်​တော်​မူ​၏။ သူ​တို့ သည်​စွမ်း​ရည်​ကို​ခံ​ယူ​ရ​ရှိ​ကြ​သော​အ​ခါ ပ​ရော​ဖက်​များ​ကဲ့​သို့​ကြွေး​ကြော်​ကြ​၏။ သို့ ရာ​တွင်​တစ်​ကြိမ်​မျှ​သာ​ကြွေး​ကြော်​ကြ​၏။
Домнул С-а коборыт ын нор ши а ворбит луй Мойсе; а луат дин духул каре ера песте ел ши л-а пус песте чей шаптезечь де бэтрынь. Ши де ындатэ че духул с-а ашезат песте ей, ау ынчепут сэ пророчаскэ, дар дупэ ачея н-ау май пророчит.
26 ၂၆ ခေါင်း​ဆောင်​ခု​နစ်​ဆယ်​ထဲ​မှ​ဧ​လ​ဒဒ်​နှင့်​မေ​ဒဒ် ဆို​သူ​နှစ်​ဦး​သည် တဲ​တော်​သို့​မ​သွား​ဘဲ​စ​ခန်း ထဲ​တွင်​ကျန်​ရစ်​ခဲ့​ကြ​၏။ သူ​တို့​အ​ပေါ်​သို့​ဝိ​ညာဉ် တော်​သက်​ဆင်း​လာ​သော​အ​ခါ သူ​တို့​သည်​လည်း ပ​ရော​ဖက်​များ​ကဲ့​သို့​ကြွေး​ကြော်​ကြ​သည်။-
Дой оамень, унул нумит Елдад ши алтул Медад, рэмэсесерэ ын табэрэ, ши духул с-а ашезат ши песте ей, кэч ерау динтре чей скришь, мэкар кэ ну се дусесерэ ла корт. Ши ау ынчепут сэ пророчаскэ ши ей ын табэрэ.
27 ၂၇ လူ​ငယ်​တစ်​ဦး​က​ဧ​လ​ဒဒ်​နှင့်​မေ​ဒဒ်​တို့​ပြု မူ​ပုံ​ကို မော​ရှေ​ထံ​သို့​ပြေး​၍​ပြော​ကြား​၏။
Ун тынэр а алергат ши а дат де штире луй Мойсе, зикынд: „Елдад ши Медад пророческ ын табэрэ.”
28 ၂၈ ထို​အ​ခါ​ငယ်​စဉ်​က​တည်း​က​မော​ရှေ​ကို​ကူ ညီ​ခဲ့​သော​နုန်​၏​သား​ဖြစ်​သော ယော​ရှု​က မော​ရှေ​အား``အ​ရှင်၊ သူ​တို့​ကို​တား​မြစ် ပါ'' ဟု​တိုက်​တွန်း​လေ​သည်။
Ши Иосуа, фиул луй Нун, каре служя луй Мойсе дин тинереця луй, а луат кувынтул ши а зис: „Домнуле Мойсе, опреште-й.”
29 ၂၉ မော​ရှေ​က``ငါ​၏​အ​ကျိုး​ကို​ထောက်​၍​သင် ပြော​နေ​သ​လော။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ ၏​လူ​မျိုး​တော်​အား​လုံး​အ​ပေါ်​သို့​ဝိ​ညာဉ် တော်​ကို​ပေး​အပ်​သ​ဖြင့် သူ​တို့​သည်​ပ​ရော ဖက်​များ​ကဲ့​သို့​ကြွေး​ကြော်​နိုင်​ကြ​ပါ​စေ သော'' ဟု​ပြန်​ပြော​လေ​၏။-
Мойсе й-а рэспунс: „Ешть ӂелос пентру мине? Сэ дя Думнезеу ка тот попорул Домнулуй сэ фие алкэтуит дин пророчь ши Домнул сэ-Шь пунэ Духул Луй песте ей!”
30 ၃၀ ထို​နောက်​မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​ခု​နစ်​ဆယ်​တို့​သည် စ​ခန်း​သို့​ပြန် သွား​ကြ​၏။
Апой Мойсе с-а ынторс ын табэрэ, ел ши бэтрыний луй Исраел.
31 ၃၁ ထာ​ဝ​ရ​ဘု​ရား​သည်​ပင်​လယ်​ဘက်​မှ​လေ​ကို တိုက်​စေ​သ​ဖြင့် လေ​နှင့်​အ​တူ​ငုံး​ငှက်​များ​ပါ လာ​၏။ ထို​ငုံး​ငှက်​များ​သည်​မြေ​ပြင်​အ​ထက် သုံး​ပေ​အ​မြင့်​မှ​ပျံ​သန်း​လာ​၍ စ​ခန်း​အ​တွင်း နှင့်​စ​ခန်း​အ​ပြင်​မိုင်​များ​စွာ​ပတ်​လည်​နေ​ရာ အ​နှံ့​အ​ပြား​တွင်​နား​ကြ​လေ​သည်။-
Домнул а фэкут сэ суфле де песте маре ун вынт, каре а адус препелице ши ле-а рэспындит песте табэрэ кале кам де о зи ынтр-о парте ши кале кам де о зи де чялалтэ парте ын журул таберей. Авяу о ынэлциме де апроапе дой коць де ла фаца пэмынтулуй.
32 ၃၂ သို့​ဖြစ်​၍​လူ​တို့​သည်​တစ်​နေ့​လုံး၊ တစ်​ည​လုံး နှင့်​နောက်​တစ်​နေ့​လုံး​ငုံး​ငှက်​များ​ကို​ဖမ်း​ဆီး ကြ​၏။ ယုတ်​စွ​အ​ဆုံး​လူ​တစ်​ဦး​လျှင်​ငုံး​ငှက် တင်း​ငါး​ဆယ်​မျှ​ဖမ်း​ဆီး​မိ​သည်။ သူ​တို့​သည် စ​ခန်း​ပတ်​လည်​တွင်​ငှက်​များ​ကို​ဖြန့်​၍ အ​ခြောက်​လှန်း​ကြ​သည်။-
Ын тот тимпул зилей ачелея ши тоатэ ноаптя ши тоатэ зиуа урмэтоаре, попорул с-а скулат ши а стрынс препелице; чел че стрынсесе чел май пуцин авя зече омерь. Ей ши ле-ау ынтинс ын журул таберей.
33 ၃၃ ငုံး​ငှက်​သား​ပေါ​များ​လျက်​ရှိ​သေး​ချိန်​တွင် ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက်​၍​သူ တို့​တွင်​ကပ်​ရော​ဂါ​ကျ​ရောက်​စေ​၏။-
Пе кынд карня ера ынкэ ын динций лор, фэрэ сэ фие местекатэ, Домнул С-а апринс де мыние ымпотрива попорулуй ши Домнул а ловит попорул ку о урӂие фоарте маре.
34 ၃၄ ထို​အ​ရပ်​တွင်​အ​သား​ကို​တောင့်​တ​သူ​တို့​၏ အ​လောင်း​များ​ကို​မြုပ်​နှံ​ခဲ့​ရ​သ​ဖြင့် ကိ​ဗြုတ် ဟတ္တ​ဝါ​သို့​မ​ဟုတ်​တောင့်​တ​သူ​တို့​၏​သင်္ချိုင်း ဟူ​၍​နာ​မည်​မှည့်​ခေါ်​လေ​၏။
Ау пус локулуй ачелуя нумеле Киброт-Хатаава, пентру кэ аколо ау ынгропат пе попорул апукат де пофтэ.
35 ၃၅ သူ​တို့​သည်​ထို​အ​ရပ်​မှ​ခ​ရီး​ဆက်​ကြ​၍ ဟာ​ဇ​ရုတ်​အ​ရပ်​သို့​ရောက်​လျှင်​စ​ခန်း​ချ ကြ​လေ​သည်။
Де ла Киброт-Хатаава, попорул а плекат ла Хацерот ши с-а оприт ла Хацерот.

< တောလည်ရာ 11 >