< တောလည်ရာ 11 >
1 ၁ လူအပေါင်းတို့သည်မိမိတို့တွေ့ကြုံရသော ဆင်းရဲဒုက္ခများကြောင့် ထာဝရဘုရားထံ တော်သို့ညည်းညူသံကိုကြားရသောအခါ အမျက်တော်ထွက်၍သူတို့အပေါ်တွင်လောင် မီးကျစေ၏။ မီးသည်စခန်းတစ်ဘက်စွန်း တွင်ရှိသောလူများကိုလောင်ကျွမ်းစေ၏။-
Après il arriva que le peuple se plaignit de la fatigue, et l'Eternel l'ouït, et l'Eternel l'ayant ouï, sa colère s'embrasa, et le feu de l'Eternel s'alluma parmi eux, et en consuma [quelques-uns] à l'extrémité du camp.
2 ၂ ထိုအခါလူတို့သည်မောရှေအားအော်ဟစ်၍ အကူအညီတောင်းခံ၏။ မောရှေသည်ထာဝရ ဘုရားထံဆုတောင်းသဖြင့်မီးငြိမ်းသွား လေသည်။-
Alors le peuple cria à Moïse, et Moïse pria l'Eternel, et le feu s'éteignit.
3 ၃ သူတို့အပေါ်တွင်ထာဝရဘုရားမှလောင် မီးကျသဖြင့် ထိုအရပ်ကိုတဗေရဟု သမုတ်ကြ၏။
Et on nomma ce lieu-là Tabhérah, parce que le feu de l'Eternel s'était allumé parmi eux.
4 ၄ ဣသရေလအမျိုးသားတို့နှင့်အတူလိုက် ပါလာသော နိုင်ငံခြားသားတို့သည်အသား ကိုတောင့်တကြ၏။ ဣသရေလအမျိုးသား တို့ကပင်လျှင်``အသားကိုစားချင်လှပါဘိ။-
Et le peuple ramassé qui était parmi eux, fut épris de convoitise, et même les enfants d'Israël se mirent à pleurer, disant: Qui nous fera manger de la chair?
5 ၅ ငါတို့သည်အီဂျစ်ပြည်တွင် ငါးကိုအဖိုး အခမပေးရဘဲလိုသလောက်စားရ၏။ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်မြိတ်၊ ကြက် သွန်နီ၊ ကြက်သွန်ဖြူတို့ကိုလည်းစားရ၏။-
Il nous souvient des poissons que nous mangions en Egypte, sans qu'il nous en coûtât rien, des concombres, des melons, des poireaux, des oignons, et des aulx.
6 ၆ ယခုငါတို့အင်အားကုန်ခန်းပါပြီ။ တစ်နေ့ နောက်တစ်နေ့ဤမန္နမုန့်အပြင်စားစရာ မရှိပါ'' ဟုညည်းတွားကြလေသည်။
Et maintenant nos âmes sont asséchées; nos yeux ne voient rien que Manne.
7 ၇ (မန္နမုန့်သည်ဝါဖျော့ဖျော့အရောင်ရှိသော သစ်စေ့ကလေးများနှင့်တူ၏။-
Or la Manne était comme le grain de coriandre, et sa couleur était comme la couleur du Bdellion.
8 ၈ ညအခါနှင်းနှင့်အတူစခန်းထဲသို့ကျ၏။ နံနက်အချိန်တွင်လူတို့သည်မန္နမုန့်ကိုလှည့် လည်စုသိမ်းပြီးလျှင်ကြိတ်၍ဖြစ်စေ၊ ထောင်း ၍ဖြစ်စေမုန့်ညက်ပြုလုပ်ကြ၏။ ထိုနောက် မုန့်ညက်ကိုပေါင်း၍မုန့်ပြားပြုလုပ်ကြ၏။ အရသာသည်သံလွင်ဆီနှင့်ဖုတ်သောမုန့် အရသာနှင့်တူ၏။)
Le peuple se dispersait, et la ramassait, puis il la moulait aux meules, ou la pilait dans un mortier, et la faisait cuire dans un chauderon, et en faisait des gâteaux, dont le goût était semblable à celui d'une liqueur d'huile fraîche.
Et quand la rosée était descendue la nuit sur le camp, la Manne descendait dessus.
10 ၁၀ လူအပေါင်းတို့သည်မိမိတို့၏တဲဝအ သီးသီးတွင်စုရုံးကာ ညည်းညူနေကြသော အသံကိုမောရှေကြားရ၏။ ထာဝရဘုရား အမျက်ထွက်တော်မူသောကြောင့် မောရှေသည် စိတ်မချမ်းမသာဖြစ်၏။-
Moïse donc entendit le peuple pleurant dans leurs familles, chacun à l'entrée de sa tente; [et] l'Eternel en fut extrêmement irrité, et Moïse en fut affligé.
11 ၁၁ မောရှေက``ကိုယ်တော်အဘယ်ကြောင့်အကျွန်ုပ် အား ဆင်းရဲဒုက္ခရောက်စေတော်မူပါသနည်း။ အဘယ်ကြောင့်အကျွန်ုပ်သည်ရှေ့တော်၌မျက်နှာ မရပါသနည်း။ ဤသူအပေါင်းတို့အတွက် အကျွန်ုပ်အား အဘယ်ကြောင့်တာဝန်ပေးတော် မူပါသနည်း။-
Et Moïse dit à l'Eternel: Pourquoi as-tu affligé ton serviteur? et pourquoi n'ai-je pas trouvé grâce devant toi, que tu aies mis sur moi la charge de tout ce peuple?
12 ၁၂ အကျွန်ုပ်သည်သူတို့ကိုဝမ်းနှင့်လွယ်၍မွေး ထုတ်ရသူဖြစ်ပါသလော။ ကိုယ်တော်သည်သူ တို့၏ဘိုးဘေးတို့အားပေးမည်ဟု ကတိထား တော်မူသောပြည်သို့သွားရာလမ်းတစ်လျှောက် လုံးတွင် အဘယ်ကြောင့်အကျွန်ုပ်အားကလေး ထိန်းသဖွယ်သူတို့ကိုပိုက်ချီဆောင်ယူသွား စေပါသနည်း။-
Est-ce moi qui ai conçu tout ce peuple; ou l'ai-je engendré, pour me dire: Porte-le dans ton sein, comme le nourricier porte un enfant qui tette, [porte-le] jusqu'au pays pour lequel tu as juré à ses pères?
13 ၁၃ ဤသူအပေါင်းတို့စားရန်အသားကိုအကျွန်ုပ် အဘယ်မှာရှာ၍ရနိုင်ပါမည်နည်း။ သူတို့သည် အသားစားလိုပါသည်ဟူ၍ ညည်းတွားတောင်း ဆိုလျက်ရှိကြပါသည်။-
D'où aurais-je de la chair pour en donner à tout ce peuple? car il pleure après moi, en disant: Donne-nous de la chair, afin que nous en mangions.
14 ၁၄ ဤသူအပေါင်းတို့အတွက်အကျွန်ုပ်တစ်ဦး တည်းကတာဝန်မယူနိုင်ပါ။ ထိုတာဝန် သည်အကျွန်ုပ်အတွက်ကြီးလွန်းပါ၏။-
Je ne puis moi seul porter tout ce peuple, car il est trop pesant pour moi.
15 ၁၅ အကျွန်ုပ်သည်ဤတာဝန်ထမ်းဆောင်ရမည် ဟုဆိုလျှင် ကိုယ်တော်သည်အကျွန်ုပ်အား သနားသဖြင့်ယခုပင်အသက်သေစေ၍ ဤဆင်းရဲဒုက္ခမှကင်းလွတ်စေတော်မူပါ'' ဟုထာဝရဘုရားအားလျှောက်ထားလေ သည်။
Que si tu agis ainsi à mon égard, je te prie, si j'ai trouvé grâce devant toi, de me faire mourir, afin que je ne voie point mon malheur.
16 ၁၆ ထာဝရဘုရားကမောရှေအား``ဣသရေလ အမျိုးသားတို့အထဲမှဂုဏ်အသရေရှိသူ ခေါင်းဆောင်ခုနစ်ဆယ်ကို ပဋိညာဉ်တဲတော် သို့လာရောက်စုရုံးစေပြီးလျှင်သင်နှင့် အတူရပ်နေစေလော့။-
Alors l'Eternel dit à Moïse: Assemble-moi soixante et dix hommes d'entre les Anciens d'Israël, que tu connais être les Anciens du peuple et ses officiers, et les amène au Tabernacle d'assignation, et qu'ils se présentent là avec toi.
17 ၁၇ ငါသည်ကြွလာ၍သင်နှင့်စကားပြောဆိုမည်။ ငါသည်သင့်အားပေးအပ်ထားသောစွမ်းရည် အချို့ကိုယူ၍ သူတို့အားပေးအပ်မည်။ ထို အခါဤသူများအတွက်ထမ်းရသောတာဝန် ကိုသူတို့သည်သင့်အားကူညီထမ်းရွက်နိုင် သဖြင့် ထိုတာဝန်ကိုသင်တစ်ဦးတည်းထမ်း ရန်မလိုတော့ချေ။-
Puis je descendrai, et je parlerai là avec toi, et je mettrai à part de l'Esprit qui est sur toi, et je le mettrai sur eux; afin qu'ils portent avec toi la charge du peuple, et que tu ne la portes point toi seul.
18 ၁၈ ယခုသင်သည်သူတို့အားဤသို့မှာကြား လော့။ သူတို့သည်နက်ဖြန်နေ့အတွက်မိမိ တို့ကိုယ်ကိုသန့်စင်စေရမည်။ သူတို့သည် အသားကိုစားရလိမ့်မည်။ သူတို့သည်အီဂျစ် ပြည်၌အသားကိုစားရကြောင်း၊ ယခုသူ တို့အသားကိုစားလို၍ညည်းညူနေကြောင်း ကို ထာဝရဘုရားကြားတော်မူပြီ။ ထာဝရ ဘုရားသည်သူတို့စားရန်အသားကိုပေး တော်မူမည်ဖြစ်၍သူတို့စားရလိမ့်မည်။-
Et tu diras au peuple: Apprêtez-vous pour demain, et vous mangerez de la chair; parce que vous avez pleuré, l'Eternel l'entendant, et que vous avez dit: Qui nous fera manger de la chair? car nous étions bien en Egypte; ainsi l'Eternel vous donnera de la chair, et vous en mangerez.
19 ၁၉ သူတို့သည်အသားကိုတစ်ရက်၊ နှစ်ရက်၊ ငါးရက်၊ ဆယ်ရက်၊ အရက်နှစ်ဆယ်မျှသာ စားကြရမည်မကဘဲ၊-
Vous n'en mangerez pas un jour, ni deux jours, ni cinq jours, ni dix jours, ni vingt jours;
20 ၂၀ အသားသည်သူတို့၏နားများမှထွက်၍ အသားကိုရွံမုန်းလာသည့်တိုင်အောင် တစ်လ လုံးလုံးစားရကြမည်။ ဤသို့ဖြစ်ရခြင်းမှာ သူတို့သည်အီဂျစ်ပြည်ကိုတသလျက်သူ တို့နှင့်အတူရှိတော်မူသောထာဝရဘုရား ကိုပစ်ပယ်ကာညည်းညူကြသောကြောင့်ဖြစ် သည်'' ဟုမိန့်တော်မူ၏။
Mais jusqu'à un mois entier, jusqu'à ce qu'elle vous sorte par les narines, et que vous la rendiez par la bouche, parce que vous avez rejeté l'Eternel, qui est au milieu de vous, et que vous avez pleuré devant lui, en disant: Pourquoi sommes-nous sortis d'Egypte?
21 ၂၁ မောရှေကထာဝရဘုရားအား``အကျွန်ုပ်မှာ လူပေါင်းခြောက်သိန်းရှိပါ၏။ ကိုယ်တော်က သူတို့အားတစ်လပတ်လုံးအသားကျွေး မည်ဟုမိန့်တော်မူပါသည်။-
Et Moïse dit: Il y a six cent mille hommes de pied en ce peuple au milieu duquel je suis, et tu as dit: Je leur donnerai de la chair afin qu'ils en mangent un mois entier!
22 ၂၂ သူတို့ဝလင်စွာစားနိုင်ရန်သိုးနွားဆိတ် အလုံအလောက်ရနိုင်ပါမည်လော။ သူတို့ အတွက်ပင်လယ်မှငါးအလုံအလောက် ရနိုင်ပါမည်လော'' ဟုလျှောက်ထားလေ၏။
Leur tuera-t-on des brebis ou des bœufs, en sorte qu'il y en ait assez pour eux? ou leur assemblera-t-on tous les poissons de la mer, jusqu'à ce qu'il y en ait assez pour eux?
23 ၂၃ ထာဝရဘုရားက``ငါမတတ်နိုင်သည့်အရာ ရှိသလော။ ငါမိန့်တော်မူသမျှအတိုင်းဖြစ် မည်မဖြစ်မည်ကိုသင်မကြာမီတွေ့မြင်ရ လိမ့်မည်'' ဟုမိန့်တော်မူ၏။
Et l'Eternel répondit à Moïse: La main de l'Eternel est-elle raccourcie? tu verras maintenant si ce que je t'ai dit arrivera, ou non.
24 ၂၄ မောရှေသည်တဲတော်တွင်းမှထွက်လာ၍ ထာဝရဘုရားမိန့်တော်မူသမျှကိုလူ အပေါင်းတို့အားပြန်ကြားလေသည်။ သူသည် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ် ဆယ်ကိုခေါ်၍ တဲတော်ပတ်လည်တွင်ရပ်နေ စေ၏။-
Moïse donc s'en alla, et récita au peuple les paroles de l'Eternel, et il assembla soixante-dix hommes d'entre les Anciens du peuple, et les fit tenir à l'entour du Tabernacle.
25 ၂၅ ထိုအခါထာဝရဘုရားသည်မိုးတိမ်ဖြင့် ကြွဆင်းလာ၍ မောရှေနှင့်စကားပြောဆို၏။ ထာဝရဘုရားသည်မောရှေအားပေးအပ် ထားသောစွမ်းရည်အချို့ကိုယူ၍ ခေါင်းဆောင် ခုနစ်ဆယ်တို့အားပေးအပ်တော်မူ၏။ သူတို့ သည်စွမ်းရည်ကိုခံယူရရှိကြသောအခါ ပရောဖက်များကဲ့သို့ကြွေးကြော်ကြ၏။ သို့ ရာတွင်တစ်ကြိမ်မျှသာကြွေးကြော်ကြ၏။
Alors l'Eternel descendit dans la nuée, et parla à Moïse, et ayant mis à part de l'Esprit qui était sur lui, il le mit sur ces soixante-dix hommes Anciens. Et il arriva qu'aussitôt que l'Esprit reposa sur eux, ils prophétisèrent; mais ils ne continuèrent pas.
26 ၂၆ ခေါင်းဆောင်ခုနစ်ဆယ်ထဲမှဧလဒဒ်နှင့်မေဒဒ် ဆိုသူနှစ်ဦးသည် တဲတော်သို့မသွားဘဲစခန်း ထဲတွင်ကျန်ရစ်ခဲ့ကြ၏။ သူတို့အပေါ်သို့ဝိညာဉ် တော်သက်ဆင်းလာသောအခါ သူတို့သည်လည်း ပရောဖက်များကဲ့သို့ကြွေးကြော်ကြသည်။-
Or il en était demeuré deux au camp, dont l'un s'appelait Eldad, et l'autre, Médad, sur lesquels l'Esprit reposa, et ils étaient de ceux [dont les noms] avaient été écrits, mais ils n'étaient point allés au Tabernacle et ils prophétisaient dans le camp.
27 ၂၇ လူငယ်တစ်ဦးကဧလဒဒ်နှင့်မေဒဒ်တို့ပြု မူပုံကို မောရှေထံသို့ပြေး၍ပြောကြား၏။
Alors un garçon courut le rapporter à Moïse, en disant: Eldad et Médad prophétisent dans le camp.
28 ၂၈ ထိုအခါငယ်စဉ်ကတည်းကမောရှေကိုကူ ညီခဲ့သောနုန်၏သားဖြစ်သော ယောရှုက မောရှေအား``အရှင်၊ သူတို့ကိုတားမြစ် ပါ'' ဟုတိုက်တွန်းလေသည်။
Et Josué, fils de Nun, qui servait Moïse, l'un de ses jeunes gens, répondit, en disant: Mon seigneur Moïse, empêche-les.
29 ၂၉ မောရှေက``ငါ၏အကျိုးကိုထောက်၍သင် ပြောနေသလော။ ထာဝရဘုရားသည်မိမိ ၏လူမျိုးတော်အားလုံးအပေါ်သို့ဝိညာဉ် တော်ကိုပေးအပ်သဖြင့် သူတို့သည်ပရော ဖက်များကဲ့သို့ကြွေးကြော်နိုင်ကြပါစေ သော'' ဟုပြန်ပြောလေ၏။-
Et Moïse lui répondit: Es-tu jaloux pour moi? Plût à Dieu que tout le peuple de l'Eternel fût Prophète, et que l'Eternel mît son Esprit sur eux!
30 ၃၀ ထိုနောက်မောရှေနှင့်ဣသရေလအမျိုးသား ခေါင်းဆောင်ခုနစ်ဆယ်တို့သည် စခန်းသို့ပြန် သွားကြ၏။
Puis Moïse se retira au camp, lui et les Anciens d'Israël.
31 ၃၁ ထာဝရဘုရားသည်ပင်လယ်ဘက်မှလေကို တိုက်စေသဖြင့် လေနှင့်အတူငုံးငှက်များပါ လာ၏။ ထိုငုံးငှက်များသည်မြေပြင်အထက် သုံးပေအမြင့်မှပျံသန်းလာ၍ စခန်းအတွင်း နှင့်စခန်းအပြင်မိုင်များစွာပတ်လည်နေရာ အနှံ့အပြားတွင်နားကြလေသည်။-
Alors l'Eternel fit lever un vent, qui enleva des cailles de devers la mer, et les répandit sur le camp environ le chemin d'une journée, deçà et delà, tout autour du camp; et il y en avait presque la hauteur de deux coudées sur la terre.
32 ၃၂ သို့ဖြစ်၍လူတို့သည်တစ်နေ့လုံး၊ တစ်ညလုံး နှင့်နောက်တစ်နေ့လုံးငုံးငှက်များကိုဖမ်းဆီး ကြ၏။ ယုတ်စွအဆုံးလူတစ်ဦးလျှင်ငုံးငှက် တင်းငါးဆယ်မျှဖမ်းဆီးမိသည်။ သူတို့သည် စခန်းပတ်လည်တွင်ငှက်များကိုဖြန့်၍ အခြောက်လှန်းကြသည်။-
Et le peuple se leva tout ce jour-là, et toute la nuit, et tout le jour suivant, et amassa des cailles; celui qui en avait amassé le moins en avait dix Chomers; et ils les étendirent soigneusement pour eux tout autour du camp.
33 ၃၃ ငုံးငှက်သားပေါများလျက်ရှိသေးချိန်တွင် ထာဝရဘုရားသည်အမျက်ထွက်၍သူ တို့တွင်ကပ်ရောဂါကျရောက်စေ၏။-
Mais la chair étant encore entre leurs dents, avant qu'elle fût mâchée, la colère de l'Eternel s'embrasa contre le peuple, et il frappa le peuple d'une très-grande plaie.
34 ၃၄ ထိုအရပ်တွင်အသားကိုတောင့်တသူတို့၏ အလောင်းများကိုမြုပ်နှံခဲ့ရသဖြင့် ကိဗြုတ် ဟတ္တဝါသို့မဟုတ်တောင့်တသူတို့၏သင်္ချိုင်း ဟူ၍နာမည်မှည့်ခေါ်လေ၏။
Et on nomma ce lieu-là Kibroth-taava; car on ensevelit là le peuple qui avait convoité.
35 ၃၅ သူတို့သည်ထိုအရပ်မှခရီးဆက်ကြ၍ ဟာဇရုတ်အရပ်သို့ရောက်လျှင်စခန်းချ ကြလေသည်။
Et de Kibroth-taava le peuple s'en alla en Hatséroth, et ils s'arrêtèrent en Hatséroth.