< တောလည်ရာ 10 >
1 ၁ ထာဝရဘုရားသည်မောရှေအား၊-
Och Herren talade med Mose, och sade:
2 ၂ ``သင်သည်လူများကိုစုရုံးခေါ်ယူရာ၌လည်း ကောင်း၊ စခန်းဖြုတ်ရာ၌လည်းကောင်း မှုတ်ရန် အချက်ပေးငွေတံပိုးခရာနှစ်လုံးကိုထု လုပ်လော့။-
Gör dig två trummeter af tätt silfver, att du brukar dem till att kalla tillhopa menighetena, och när hären af stad skall.
3 ၃ တံပိုးခရာနှစ်လုံးစလုံးကိုအသံရှည်ဆွဲ ၍မှုတ်သည့်အခါ လူအပေါင်းတို့သည်တဲ တော်တံခါးဝရှိသင့်ထံသို့စုရုံးလာရ ကြမည်။-
När man blås slätt med dem båda, skall församla sig till dig hela menigheten inför dörrena af vittnesbördsens tabernakel.
4 ၄ တံပိုးခရာတစ်လုံးတည်းကိုမှုတ်လျှင်သား ချင်းစုခေါင်းဆောင်တို့သာလျှင် သင့်ထံသို့ စုရုံးလာရကြမည်။-
När man slätt blås med enom, så skola höfvitsmännerna församla sig till dig; de öfverste öfver tusende i Israel.
5 ၅ တံပိုးခရာမှအသံပြတ်တောင်းမှုတ်လျှင် အရှေ့ဘက်တွင်စခန်းချသောဣသရေလ အနွယ်တို့ခရီးစထွက်ရကြမည်။-
Men när I trummeten, så skola de lägren draga af stad, som ligga österut.
6 ၆ ဒုတိယအကြိမ်တံပိုးခရာမှအသံပြတ် တောင်းမှုတ်လျှင် တောင်ဘက်တွင်စခန်းချသော ဣသရေလအနွယ်တို့ခရီးစထွက်ရ ကြမည်။-
Och när I trummeten annan gång, då skola de lägren draga af stad, som ligga söderut; förty, när de resa skola, så skolen I trummeta.
7 ၇ သို့ဖြစ်၍တံပိုးခရာကိုပြတ်တောင်းမှုတ်သည့် အခါ စခန်းဖြုတ်ရကြမည်။ သို့ရာတွင်လူ အပေါင်းတို့ကိုစုဝေးစေရန်ဆင့်ခေါ်သည့် အခါ တံပိုးခရာကိုအသံရှည်ဆွဲ၍မှုတ် ရမည်။-
Men när menigheten skall församlas, skolen I slätt blåsa, och icke trummeta.
8 ၈ ယဇ်ပုရောဟိတ်များဖြစ်ကြသောအာရုန် ၏သားများက တံပိုးခရာကိုမှုတ်ရမည်။ ``အောက်ပါပညတ်ကိုသင်တို့အမျိုး အစဉ်အဆက်လိုက်နာစောင့်ထိန်းရမည်။-
Och det blåsandet med trummeterna skola Prestens Aarons söner göra. Och det skall vara eder ett evigt sätt till edra efterkommande.
9 ၉ သင်တို့၏ပြည်ကိုရန်သူများထိပါးတိုက် ခိုက်လာသောအခါ ရန်သူကိုခုခံတိုက်ခိုက် ရန်အတွက် ဤတံပိုးခရာများကိုမှုတ်၍ တပ်လှန့်နှိုးဆော်ရမည်။ သင်တို့ဘုရားသခင်၊ ငါထာဝရဘုရားသည် သင်တို့ကိုသတိရ လျက်ရန်သူ၏လက်မှကယ်တင်တော်မူမည်။-
När I dragen till någon strid uti edro lande emot edra fiendar, som strida på eder, så skolen I trummeta med trummeterna, att uppå eder skall tänkt varda för Herranom edrom Gud, och I mågen löste varda ifrån edra fiendar.
10 ၁၀ ထို့အပြင်ပျော်ပွဲရွှင်ပွဲများဖြစ်သောလဆန်း ပွဲများနှင့်အခြားဘာသာရေးပွဲများတွင် မီး ရှို့ရာယဇ်နှင့်မိတ်သဟာယဇ်ကိုပူဇော်သော အခါ သင်တို့သည်တံပိုးခရာများကိုမှုတ် ရမည်။ ထိုအခါငါသည်သင်တို့အားကူညီ ထောက်မတော်မူမည်။ ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်တော် မူသည်'' ဟုမိန့်တော်မူ၏။
Sammalunda ock, när I ären glade, på edra högtider och edra nymånader, skolen I blåsa med trummeterna öfver edor bränneoffer och tackoffer; att det skall vara eder till åminnelse för edrom Gud. Jag är Herren edar Gud.
11 ၁၁ ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်မှထွက်လာပြီးနောက်ဒုတိယနှစ်၊ ဒုတိယလ၊ နှစ်ဆယ်ရက်နေ့တွင်တဲတော် ကိုဖုံးလွှမ်းနေသောမိုးတိမ်သည်အထက် သို့တက်ကြွသဖြင့်၊-
På tjugonde dagen i dem andra månadenom, i de andra årena, gaf molnskyn sig upp af vittnesbördsens tabernakel.
12 ၁၂ သူတို့သည်သိနာတောကန္တာရမှခရီးထွက် ခွာလာကြလေသည်။ မိုးတိမ်သည်ပါရန်ဟု ခေါ်သောတောကန္တာရသို့ရောက်သောအခါ ရပ်တန့်လေသည်။
Och Israels barn drogo i deras skarar utu Sinai öken; och molnskyn blef uti den öknene Paran.
13 ၁၃ သူတို့သည်မောရှေမှတစ်ဆင့် ထာဝရ ဘုရားမိန့်မှာတော်မူသည်အတိုင်းခရီး ထွက်ကြ၏။-
Och de förste drogo af stad, efter Herrans ord genom Mose;
14 ၁၄ ခရီးထွက်သည့်အခါတိုင်းသတ်မှတ်ထား သောအစီအစဉ်အရချီတက်ကြသည်။ ယုဒအနွယ်တပ်အလံနောက်မှလိုက်ရသော လူစုကို အမိနဒပ်၏သားနာရှုန်ကအုပ် ချုပ်ရသည်။ သူတို့သည်တပ်စုအလိုက်ရှေ့ ဆုံးမှချီတက်ရသည်။-
Nämliga det baneret af Juda barnas lägre drog först åstad med deras här; och öfver deras här var Nahesson, Amminadabs son.
15 ၁၅ ဣသခါအနွယ်ကိုဇုအာ၏သားနာသ နေလကလည်းကောင်း၊-
Och öfver den hären af Isaschars barnas slägte var Nathaneel, Zuars son.
16 ၁၆ ဇာဗုလုန်အနွယ်ကိုဟေလုန်၏သားဧလျာဘ ကလည်းကောင်းအုပ်ချုပ်ရသည်။
Och öfver den hären af Sebulons barnas slägte var Eliab, Helons son.
17 ၁၇ ထိုနောက်တဲတော်ကိုဖြုတ်ချ၍ဂေရရှုန် သားချင်းစုနှင့် မေရာရိသားချင်းစုတို့ သည်တဲတော်ကိုထမ်းလျက်ချီတက်ရသည်။
Då lade man tillsamman tabernaklet; och Gersons och Merari barn drogo åstad, och båro tabernaklet.
18 ၁၈ ထိုနောက်ရုဗင်အနွယ်တပ်အလံနောက်မှ လိုက်ရသောလူစုကို ရှေဒုရ၏သားဧလိ ဇုရသည်အုပ်ချုပ်လျက်တပ်စုအလိုက်ချီ တက်ရသည်။-
Dernäst följde det baneret af Rubens lägre med deras här; och öfver deras här var Elizur, Sedeurs son.
19 ၁၉ ဇုရိရှဒ္ဒဲ၏သားရှေလုမျေလသည် ရှိမောင် အနွယ်ကိုလည်းကောင်း၊-
Och öfver den hären af Simeons barnas slägte var Selumiel, ZuriSadai son.
20 ၂၀ ဒွေလ၏သားဧလျာသပ်သည်ဂဒ်အနွယ် ကိုလည်းကောင်းအုပ်ချုပ်ရသည်။
Och Eliasaph, Deguels son, öfver Gads barnas slägtes här.
21 ၂၁ ထိုနောက်လေဝိအနွယ်ကောဟတ်သားချင်းစု တို့သည် တဲတော်ဆိုင်ရာပစ္စည်းများကိုထမ်းလျက် ချီတက်ရသည်။ သူတို့သည်နောက်စခန်းသို့ ဆိုက်ရောက်သည့်အခါ တဲတော်ကိုထူနှင့်ပြီး ဖြစ်သည်။
Så drogo ock de Kehatiter åstad, och båro helgedomen; och hine uppsatte tabernaklet tilldess denne kommo efter.
22 ၂၂ ထိုနောက်ဧဖရိမ်အနွယ်တပ်အလံနောက်မှ လိုက်ရသောလူစုကို အမိဟုဒ်၏သားဧလိ ရှမာသည်အုပ်ချုပ်လျက်တပ်စုအလိုက် ချီတက်ရသည်။-
Dernäst drog det baneret åstad af Ephraims barnas lägre med deras här; och öfver dem var Elisama, Ammihuds son.
23 ၂၃ မနာရှေ၏အနွယ်ကိုပေဒါဇုရ၏သား ဂါမလျေလအုပ်ချုပ်ရသည်။-
Och Gamliel, Pedahzurs son, öfver den hären af Manasse barnas slägte.
24 ၂၄ ဗင်္ယာမိန်အနွယ်ကိုဂိဒေါနိ၏သားအဘိဒန် အုပ်ချုပ်ရသည်။
Och Abidan, Gideoni son, öfver den hären af BenJamins barnas slägte.
25 ၂၅ နောက်ဆုံးတပ်ဖြစ်သောဒန်အနွယ်တပ်အလံ နောက်မှလိုက်ရသောလူစုကို အမိရှဒ္ဒဲ၏သား အဟေဇာအုပ်ချုပ်လျက်တပ်စုအလိုက် ချီတက်ရသည်။-
Dernäst följde det baneret af Dans barnas lägre med deras här; och så voro all lägren uppe; och Ahieser, AmmiSadai son, var öfver deras här;
26 ၂၆ အာရှာအနွယ်ကိုသြကရန်၏သားပါဂျေလ အုပ်ချုပ်၍၊-
Och Pagiel, Ochrans son, öfver den hären af Assers barnas slägte;
27 ၂၇ နဿလိအနွယ်ကိုဧနန်၏သားအဟိရ အုပ်ချုပ်ရသည်။-
Och Ahira, Enans son, öfver den hären af Naphthali barnas slägte.
28 ၂၈ ဣသရေလအမျိုးသားတို့သည်စခန်းဖြုတ် ၍ခရီးထွက်သည့်အခါတိုင်း အထက်ဖော်ပြ ပါအစီအစဉ်အရတပ်စုအလိုက်ချီတက် ကြရသည်။
Så foro Israels barn med deras härar.
29 ၂၉ မောရှေသည်မိဒျန်အမျိုးသားယေသရော ၏သား မိမိ၏ယောက်ဖဟောဗပ်အား``ထာဝရ ဘုရားကငါတို့အားပေးမည်ဟုကတိထား တော်မူသောပြည်သို့ ငါတို့ယခုသွားကြမည်။ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ကြီးပွားစေမည်ဟူ၍ ကတိတော်ရှိ သဖြင့်ငါတို့နှင့်အတူလိုက်ခဲ့ပါလော့။ သင် သည်ငါတို့နှင့်အကျိုးတူခံစားခွင့်ရလိမ့် မည်'' ဟုဆိုလေ၏။
Och Mose sade till sin svåger Hobab, Reguels son, af Midian: Vi drage till de rum, om hvilka Herren sagt hafver: Jag skall gifva eder dem; så kom nu med oss, vi vilje göra det bästa med dig; ty Herren hafver Israel godt tillsagt.
30 ၃၀ ဟောဗပ်က``ငါမလိုက်လိုပါ။ ငါ၏နေရင်း ပြည်သို့ပြန်မည်'' ဟုဖြေကြားလေ၏။
Han svarade: Jag vill icke med eder, utan fara i mitt land till mina slägt.
31 ၃၁ ထိုအခါမောရှေက``ငါတို့ကိုစွန့်ပစ်၍မထား ခဲ့ပါနှင့်။ သင်သည်တောကန္တာရခရီးလမ်းသိ ကျွမ်းသူဖြစ်သဖြင့် စခန်းချရာအရပ်ကို ငါတို့အားညွှန်ပြနိုင်မည်ဖြစ်သည်။-
Han sade: Käre, öfvergif oss icke; förty du vetst hvar vi skole lägra oss i öknene, och skall vara vårt öga.
32 ၃၂ ငါတို့နှင့်အတူလိုက်ခဲ့ပါမူငါတို့အား ထာဝရဘုရားချပေးတော်မူသော ကောင်း ချီးမင်္ဂလာအပေါင်းတို့ကိုသင်လည်းခံ စားခွင့်ရရှိစေပါမည်'' ဟုဆို၏။
Och om du far med oss, det goda, som Herren gör med oss, det vilje vi göra med dig.
33 ၃၃ ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရား၏သိနာတောင်တော်မှထွက်ခွာ၍ သုံး ရက်ကြာမျှခရီးပြုလေသည်။ သူတို့စခန်း ချရာအရပ်ကိုညွှန်ပြရန် ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်သည်သူတို့ရှေ့မှ အစဉ်သွားရ၏။-
Så drogo de ifrå Herrans berg tre dagsresor; och Herrans förbunds ark drog för dem tre dagsresor, till att visa dem hvar de hvila skulle.
34 ၃၄ သူတို့စခန်းမှထွက်ခွာလာသည့်အခါတိုင်း ထာဝရဘုရား၏မိုးတိမ်သည်နေ့အချိန် တွင်သူတို့၏အပေါ်မှလိုက်ပါလျက်ရှိ၏။
Och Herrans molnsky var öfver dem om dagen, när de drogo utu lägret.
35 ၃၅ ပဋိညာဉ်သေတ္တာတော်ခရီးစထွက်သည့်အခါ မောရှေက``အို ထာဝရဘုရား၊ ထတော်မူပါ။ ကိုယ်တော်၏ရန်သူတို့ကိုကစဥ့်ကလျား ဖြစ်စေ၍ ကိုယ်တော်အားမုန်းတီးသူတို့ကို ထွက်ပြေးစေတော်မူပါ'' ဟူ၍လည်း ကောင်း၊-
Och när arken for, så sade Mose: Herre, statt upp, att dine fiender måga förströs; och de som dig hata, måga flyktige varda för dig.
36 ၃၆ ပဋိညာဉ်သေတ္တာတော်ရပ်နားသောအခါ``အို ထာဝရဘုရား၊ ထောင်သောင်းမကသောဣသ ရေလအမျိုးသားတို့ထံသို့ပြန်ကြွတော် မူပါ'' ဟူ၍လည်းကောင်းလျှောက်ဆိုလေ့ရှိ၏။
Och när han sattes ned, sade han: Kom igen, Herre, till de många Israels tusend.