< တောလည်ရာ 10 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
Weiter gebot der HERR dem Mose folgendes:
2 ``သင်​သည်​လူ​များ​ကို​စု​ရုံး​ခေါ်​ယူ​ရာ​၌​လည်း ကောင်း၊ စ​ခန်း​ဖြုတ်​ရာ​၌​လည်း​ကောင်း မှုတ်​ရန် အ​ချက်​ပေး​ငွေ​တံ​ပိုး​ခ​ရာ​နှစ်​လုံး​ကို​ထု လုပ်​လော့။-
»Fertige dir zwei silberne Trompeten an; in getriebener Arbeit sollst du sie anfertigen, und sie sollen dir dazu dienen, die Gemeinde zusammenzurufen und das Zeichen zum Aufbruch der Lager zu geben.
3 တံ​ပိုး​ခ​ရာ​နှစ်​လုံး​စ​လုံး​ကို​အ​သံ​ရှည်​ဆွဲ ၍​မှုတ်​သည့်​အ​ခါ လူ​အ​ပေါင်း​တို့​သည်​တဲ တော်​တံ​ခါး​ဝ​ရှိ​သင့်​ထံ​သို့​စု​ရုံး​လာ​ရ ကြ​မည်။-
Sobald mit ihnen (beiden) geblasen wird, soll sich die ganze Gemeinde bei dir am Eingang des Offenbarungszeltes versammeln;
4 တံ​ပိုး​ခ​ရာ​တစ်​လုံး​တည်း​ကို​မှုတ်​လျှင်​သား ချင်း​စု​ခေါင်း​ဆောင်​တို့​သာ​လျှင် သင့်​ထံ​သို့ စု​ရုံး​လာ​ရ​ကြ​မည်။-
wird aber nur mit einer geblasen, so sollen sich die Fürsten, die Häupter der Tausendschaften der Israeliten, bei dir versammeln.
5 တံ​ပိုး​ခ​ရာ​မှ​အ​သံ​ပြတ်​တောင်း​မှုတ်​လျှင် အ​ရှေ့​ဘက်​တွင်​စ​ခန်း​ချ​သော​ဣ​သ​ရေ​လ အ​နွယ်​တို့​ခ​ရီး​စ​ထွက်​ရ​ကြ​မည်။-
Wenn aber Alarm geblasen wird, so sollen die ostwärts liegenden Lager aufbrechen;
6 ဒု​တိ​ယ​အ​ကြိမ်​တံ​ပိုး​ခ​ရာ​မှ​အ​သံ​ပြတ် တောင်း​မှုတ်​လျှင် တောင်​ဘက်​တွင်​စ​ခန်း​ချ​သော ဣ​သ​ရေ​လ​အ​နွယ်​တို့​ခ​ရီး​စ​ထွက်​ရ ကြ​မည်။-
und wenn zum zweitenmal Alarm geblasen wird, sollen die südwärts liegenden Lager aufbrechen: Alarm soll geblasen werden zu ihrem Aufbruch.
7 သို့​ဖြစ်​၍​တံ​ပိုး​ခ​ရာ​ကို​ပြတ်​တောင်း​မှုတ်​သည့် အ​ခါ စ​ခန်း​ဖြုတ်​ရ​ကြ​မည်။ သို့​ရာ​တွင်​လူ အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​ရန်​ဆင့်​ခေါ်​သည့် အ​ခါ တံ​ပိုး​ခ​ရာ​ကို​အ​သံ​ရှည်​ဆွဲ​၍​မှုတ် ရ​မည်။-
Wenn es sich aber um die Versammlung der Gemeinde handelt, sollt ihr einfache Trompetenzeichen geben, aber keinen Alarm blasen.
8 ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သော​အာ​ရုန် ၏​သား​များ​က တံ​ပိုး​ခ​ရာ​ကို​မှုတ်​ရ​မည်။ ``အောက်​ပါ​ပ​ညတ်​ကို​သင်​တို့​အ​မျိုး အ​စဉ်​အ​ဆက်​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။-
Das Blasen der Trompeten soll den Söhnen Aarons, den Priestern, obliegen; diese Vorschriften sollen bei euch ewige Geltung für eure künftigen Geschlechter haben.
9 သင်​တို့​၏​ပြည်​ကို​ရန်​သူ​များ​ထိ​ပါး​တိုက် ခိုက်​လာ​သော​အ​ခါ ရန်​သူ​ကို​ခု​ခံ​တိုက်​ခိုက် ရန်​အ​တွက် ဤ​တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​၍ တပ်​လှန့်​နှိုး​ဆော်​ရ​မည်။ သင်​တို့​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​သ​တိ​ရ လျက်​ရန်​သူ​၏​လက်​မှ​ကယ်​တင်​တော်​မူ​မည်။-
Und wenn ihr in eurem Lande gegen den Feind, der euch bedrängt, in den Krieg zieht und Alarm mit den Trompeten blast, so wird euer beim HERRN, eurem Gott, gedacht werden, so daß ihr Rettung von euren Feinden erlangt.
10 ၁၀ ထို့​အ​ပြင်​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ဖြစ်​သော​လ​ဆန်း ပွဲ​များ​နှင့်​အ​ခြား​ဘာ​သာ​ရေး​ပွဲ​များ​တွင် မီး ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယဇ်​ကို​ပူ​ဇော်​သော အ​ခါ သင်​တို့​သည်​တံ​ပိုး​ခ​ရာ​များ​ကို​မှုတ် ရ​မည်။ ထို​အ​ခါ​ငါ​သည်​သင်​တို့​အား​ကူ​ညီ ထောက်​မ​တော်​မူ​မည်။ ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​သည်'' ဟု​မိန့်​တော်​မူ​၏။
Auch an euren Freudentagen und Festen sowie an euren Neumonden sollt ihr zu euren Brandopfern und zu euren Heilsopfern die Trompeten blasen, damit sie euch zu gnädigem Gedenken bei eurem Gott verhelfen: ich bin der HERR, euer Gott!«
11 ၁၁ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​မှ​ထွက်​လာ​ပြီး​နောက်​ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ၊ နှစ်​ဆယ်​ရက်​နေ့​တွင်​တဲ​တော် ကို​ဖုံး​လွှမ်း​နေ​သော​မိုး​တိမ်​သည်​အ​ထက် သို့​တက်​ကြွ​သ​ဖြင့်၊-
Im zweiten Jahr, am zwanzigsten Tage des zweiten Monats, erhob sich die Wolke von der Wohnung des Gesetzes.
12 ၁၂ သူ​တို့​သည်​သိ​နာ​တော​ကန္တာ​ရ​မှ​ခ​ရီး​ထွက် ခွာ​လာ​ကြ​လေ​သည်။ မိုး​တိမ်​သည်​ပါ​ရန်​ဟု ခေါ်​သော​တော​ကန္တာ​ရ​သို့​ရောက်​သော​အ​ခါ ရပ်​တန့်​လေ​သည်။
Da brachen die Israeliten aus der Wüste Sinai auf, nach ihren Zügen; und die Wolke ließ sich in der Wüste Paran nieder.
13 ၁၃ သူ​တို့​သည်​မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း​ခ​ရီး ထွက်​ကြ​၏။-
So brachen sie denn zum erstenmal nach dem durch Mose übermittelten Befehl des HERRN auf;
14 ၁၄ ခ​ရီး​ထွက်​သည့်​အ​ခါ​တိုင်း​သတ်​မှတ်​ထား သော​အ​စီ​အ​စဉ်​အ​ရ​ချီ​တက်​ကြ​သည်။ ယု​ဒ​အ​နွယ်​တပ်​အ​လံ​နောက်​မှ​လိုက်​ရ​သော လူ​စု​ကို အ​မိ​န​ဒပ်​၏​သား​နာ​ရှုန်​က​အုပ် ချုပ်​ရ​သည်။ သူ​တို့​သည်​တပ်​စု​အ​လိုက်​ရှေ့ ဆုံး​မှ​ချီ​တက်​ရ​သည်။-
und zwar brach zuerst das Panier des Lagers des Stammes Juda auf, eine Heerschar nach der andern; das Heer dieses Stammes befehligte Nahson, der Sohn Amminadabs.
15 ၁၅ ဣ​သ​ခါ​အ​နွယ်​ကို​ဇု​အာ​၏​သား​နာ​သ နေ​လ​က​လည်း​ကောင်း၊-
Das Heer des Stammes Issaschar aber befehligte Nethaneel, der Sohn Zuars;
16 ၁၆ ဇာ​ဗု​လုန်​အ​နွယ်​ကို​ဟေ​လုန်​၏​သား​ဧ​လျာ​ဘ က​လည်း​ကောင်း​အုပ်​ချုပ်​ရ​သည်။
und das Heer des Stammes Sebulon befehligte Eliab, der Sohn Helons.
17 ၁၇ ထို​နောက်​တဲ​တော်​ကို​ဖြုတ်​ချ​၍​ဂေ​ရ​ရှုန် သား​ချင်း​စု​နှင့် မေ​ရာ​ရိ​သား​ချင်း​စု​တို့ သည်​တဲ​တော်​ကို​ထမ်း​လျက်​ချီ​တက်​ရ​သည်။
Als dann die heilige Wohnung niedergelegt war, brachen die Gersoniten und die Merariten auf, welche die (heilige) Wohnung zu tragen hatten.
18 ၁၈ ထို​နောက်​ရု​ဗင်​အ​နွယ်​တပ်​အ​လံ​နောက်​မှ လိုက်​ရ​သော​လူ​စု​ကို ရှေ​ဒု​ရ​၏​သား​ဧ​လိ ဇု​ရ​သည်​အုပ်​ချုပ်​လျက်​တပ်​စု​အ​လိုက်​ချီ တက်​ရ​သည်။-
Hierauf brach das Panier des Lagers Rubens auf, eine Heerschar nach der andern; das Heer dieses Stammes befehligte Elizur, der Sohn Sedeurs.
19 ၁၉ ဇု​ရိ​ရှဒ္ဒဲ​၏​သား​ရှေ​လု​မျေ​လ​သည် ရှိ​မောင် အ​နွယ်​ကို​လည်း​ကောင်း၊-
Das Heer des Stammes Simeon aber befehligte Selumiel, der Sohn Zurisaddais;
20 ၂၀ ဒွေ​လ​၏​သား​ဧ​လျာ​သပ်​သည်​ဂဒ်​အ​နွယ် ကို​လည်း​ကောင်း​အုပ်​ချုပ်​ရ​သည်။
und das Heer des Stammes Gad befehligte Eljasaph, der Sohn Deguels.
21 ၂၁ ထို​နောက်​လေ​ဝိ​အ​နွယ်​ကော​ဟတ်​သား​ချင်း​စု တို့​သည် တဲ​တော်​ဆိုင်​ရာ​ပစ္စည်း​များ​ကို​ထမ်း​လျက် ချီ​တက်​ရ​သည်။ သူ​တို့​သည်​နောက်​စ​ခန်း​သို့ ဆိုက်​ရောက်​သည့်​အ​ခါ တဲ​တော်​ကို​ထူ​နှင့်​ပြီး ဖြစ်​သည်။
Dann brachen die Kehathiten auf, die das (Hoch-) Heilige zu tragen hatten; man hatte aber die (heilige) Wohnung bis zu der Ankunft dieser schon aufgerichtet.
22 ၂၂ ထို​နောက်​ဧ​ဖ​ရိမ်​အ​နွယ်​တပ်​အ​လံ​နောက်​မှ လိုက်​ရ​သော​လူ​စု​ကို အ​မိ​ဟုဒ်​၏​သား​ဧ​လိ ရှ​မာ​သည်​အုပ်​ချုပ်​လျက်​တပ်​စု​အ​လိုက် ချီ​တက်​ရ​သည်။-
Hierauf brach das Panier des Lagers der Ephraimiten auf, eine Heerschar nach der andern; das Heer dieses Stammes befehligte Elisama, der Sohn Ammihuds.
23 ၂၃ မ​နာ​ရှေ​၏​အ​နွယ်​ကို​ပေ​ဒါ​ဇု​ရ​၏​သား ဂါ​မ​လျေ​လ​အုပ်​ချုပ်​ရ​သည်။-
Das Heer des Stammes Manasse aber befehligte Gamliel, der Sohn Pedazurs;
24 ၂၄ ဗင်္ယာ​မိန်​အ​နွယ်​ကို​ဂိဒေါ​နိ​၏​သား​အ​ဘိ​ဒန် အုပ်​ချုပ်​ရ​သည်။
und das Heer des Stammes Benjamin befehligte Abidan, der Sohn Gideonis.
25 ၂၅ နောက်​ဆုံး​တပ်​ဖြစ်​သော​ဒန်​အ​နွယ်​တပ်​အ​လံ နောက်​မှ​လိုက်​ရ​သော​လူ​စု​ကို အ​မိ​ရှဒ္ဒဲ​၏​သား အ​ဟေ​ဇာ​အုပ်​ချုပ်​လျက်​တပ်​စု​အ​လိုက် ချီ​တက်​ရ​သည်။-
Hierauf brach das Panier des Lagers des Stammes Dan auf, das die Nachhut sämtlicher Lager bildete, eine Heerschar nach der andern; das Heer dieses Stammes befehligte Ahieser, der Sohn Ammisaddais.
26 ၂၆ အာ​ရှာ​အ​နွယ်​ကို​သြ​က​ရန်​၏​သား​ပါ​ဂျေ​လ အုပ်​ချုပ်​၍၊-
Das Heer des Stammes Asser aber befehligte Pagiel, der Sohn Ochrans;
27 ၂၇ န​ဿ​လိ​အ​နွယ်​ကို​ဧ​နန်​၏​သား​အ​ဟိ​ရ အုပ်​ချုပ်​ရ​သည်။-
und das Heer des Stammes Naphthali befehligte Ahira, der Sohn Enans.
28 ၂၈ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စ​ခန်း​ဖြုတ် ၍​ခ​ရီး​ထွက်​သည့်​အ​ခါ​တိုင်း အ​ထက်​ဖော်​ပြ ပါ​အ​စီ​အ​စဉ်​အ​ရ​တပ်​စု​အ​လိုက်​ချီ​တက် ကြ​ရ​သည်။
Dies war die Marschordnung, in der die Israeliten aufbrachen, eine Heerschar nach der andern.
29 ၂၉ မော​ရှေ​သည်​မိ​ဒျန်​အ​မျိုး​သား​ယေ​သ​ရော ၏​သား မိ​မိ​၏​ယောက်​ဖ​ဟော​ဗပ်​အား``ထာ​ဝ​ရ ဘု​ရား​က​ငါ​တို့​အား​ပေး​မည်​ဟု​က​တိ​ထား တော်​မူ​သော​ပြည်​သို့ ငါ​တို့​ယ​ခု​သွား​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ကြီး​ပွား​စေ​မည်​ဟူ​၍ က​တိ​တော်​ရှိ သ​ဖြင့်​ငါ​တို့​နှင့်​အ​တူ​လိုက်​ခဲ့​ပါ​လော့။ သင် သည်​ငါ​တို့​နှင့်​အ​ကျိုး​တူ​ခံ​စား​ခွင့်​ရ​လိမ့် မည်'' ဟု​ဆို​လေ​၏။
Da sagte Mose zu Hobab, dem Sohn des Midianiters Reguel, des Schwiegervaters Moses: »Wir brechen jetzt nach dem Lande auf, von dem der HERR verheißen hat: ›Ich will es euch geben.‹ Ziehe mit uns, wir wollen es dir gut lohnen; denn der HERR hat Israel Gutes verheißen.«
30 ၃၀ ဟော​ဗပ်​က``ငါ​မ​လိုက်​လို​ပါ။ ငါ​၏​နေ​ရင်း ပြည်​သို့​ပြန်​မည်'' ဟု​ဖြေ​ကြား​လေ​၏။
Der aber antwortete ihm: »Nein, ich mag nicht mitziehen, sondern will in meine Heimat und zu meiner Verwandtschaft zurückkehren.«
31 ၃၁ ထို​အ​ခါ​မော​ရှေ​က``ငါ​တို့​ကို​စွန့်​ပစ်​၍​မ​ထား ခဲ့​ပါ​နှင့်။ သင်​သည်​တော​ကန္တာ​ရ​ခ​ရီး​လမ်း​သိ ကျွမ်း​သူ​ဖြစ်​သ​ဖြင့် စ​ခန်း​ချ​ရာ​အ​ရပ်​ကို ငါ​တို့​အား​ညွှန်​ပြ​နိုင်​မည်​ဖြစ်​သည်။-
Da bat ihn Mose: »Verlaß uns doch nicht! Denn da gerade du die Plätze kennst, wo wir in der Wüste lagern können, so sollst du unser Auge sein.
32 ၃၂ ငါ​တို့​နှင့်​အ​တူ​လိုက်​ခဲ့​ပါ​မူ​ငါ​တို့​အား ထာ​ဝ​ရ​ဘု​ရား​ချ​ပေး​တော်​မူ​သော ကောင်း ချီး​မင်္ဂ​လာ​အ​ပေါင်း​တို့​ကို​သင်​လည်း​ခံ စား​ခွင့်​ရ​ရှိ​စေ​ပါ​မည်'' ဟု​ဆို​၏။
Wenn du mit uns ziehst und jenes Glück uns zuteil wird, mit dem der HERR uns segnen will, so wollen wir es dir gut lohnen.«
33 ၃၃ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​သိ​နာ​တောင်​တော်​မှ​ထွက်​ခွာ​၍ သုံး ရက်​ကြာ​မျှ​ခရီး​ပြု​လေ​သည်။ သူ​တို့​စ​ခန်း ချ​ရာ​အ​ရပ်​ကို​ညွှန်​ပြ​ရန် ထာ​ဝ​ရ​ဘုရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည်​သူ​တို့​ရှေ့​မှ အ​စဉ်​သွား​ရ​၏။-
So brachen sie denn vom Berge des HERRN auf, drei Tagereisen weit, indem die Bundeslade des HERRN vor ihnen herzog, drei Tagereisen weit, um einen Lagerplatz für sie ausfindig zu machen;
34 ၃၄ သူ​တို့​စ​ခန်း​မှ​ထွက်​ခွာ​လာ​သည့်​အ​ခါ​တိုင်း ထာ​ဝ​ရ​ဘု​ရား​၏​မိုး​တိမ်​သည်​နေ့​အ​ချိန် တွင်​သူ​တို့​၏​အ​ပေါ်​မှ​လိုက်​ပါ​လျက်​ရှိ​၏။
dabei stand die Wolke des HERRN bei Tage über ihnen, wenn sie aus dem Lager aufbrachen.
35 ၃၅ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ခ​ရီး​စ​ထွက်​သည့်​အ​ခါ မော​ရှေ​က``အို ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။ ကိုယ်​တော်​၏​ရန်​သူ​တို့​ကို​က​စဥ့်​က​လျား ဖြစ်​စေ​၍ ကိုယ်​တော်​အား​မုန်း​တီး​သူ​တို့​ကို ထွက်​ပြေး​စေ​တော်​မူ​ပါ'' ဟူ​၍​လည်း ကောင်း၊-
Und sooft die Lade sich in Bewegung setzte, rief Mose aus: »Erhebe dich, HERR, auf daß deine Feinde zerstieben und deine Widersacher vor dir fliehen!«
36 ၃၆ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရပ်​နား​သော​အ​ခါ``အို ထာ​ဝ​ရ​ဘု​ရား၊ ထောင်​သောင်း​မ​က​သော​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​ပြန်​ကြွ​တော် မူ​ပါ'' ဟူ​၍​လည်း​ကောင်း​လျှောက်​ဆို​လေ့​ရှိ​၏။
Und sooft sie Halt machte, rief er aus: »Kehre zurück, HERR, zu den Zehntausenden der Tausende Israels!«

< တောလည်ရာ 10 >