< နေဟမိ 9 >
1 ၁ ထိုလနှစ်ဆယ့်လေးရက်နေ့၌ဣသရေလ အမျိုးသားတို့သည် မိမိတို့အပြစ်များ အတွက်ဝမ်းနည်းသည့်အထိမ်းအမှတ်ဖြင့် အစာရှောင်ရန်စုရုံးကြ၏။ ထိုသူတို့သည် လူမျိုးခြားများနှင့်ကွာပြီးဖြစ်သည်။ သူ တို့သည်ဝမ်းနည်းကြေကွဲသည့်အမှတ်လက္ခ ဏာဖြင့် လျှော်တေကိုဝတ်၍ဦးခေါင်းကိုမြေ မှုန့်ဖြင့်ဖြူးကြ၏။ ထိုနောက်သူတို့သည်မိမိ တို့အပြစ်များနှင့်ဘိုးဘေးတို့၏အပြစ်များ ကိုဖော်ပြဝန်ခံကြလေသည်။-
2 ၂
3 ၃ သူတို့သည်မိမိတို့ဘုရားသခင်ထာဝရ ဘုရား၏ပညတ်ကျမ်းစာတော်ဖတ်ရွတ်သည် ကို သုံးနာရီခန့်နားထောင်ကြပြီးလျှင်နောက် ထပ်သုံးနာရီမျှ မိမိတို့အပြစ်များကို ဖော်ပြဝန်ခံကာ မိမိတို့၏ဘုရားသခင် ထာဝရဘုရားအားဝတ်ပြုရှိခိုးကြလေ သည်။
4 ၄ လေဝိအနွယ်ဝင်တို့အတွက်ဆောက်လုပ်ထား သောစင်မြင့်ပေါ်တွင်ယောရှု၊ ဗာနိ၊ ကပ်မျေလ၊ ရှေဗနိ၊ ဗုန္နိ၊ ရှေရဘိ၊ ဗာနိနှင့်ခေနနိတို့သည် ရပ်လျက် သူတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့အသံကျယ်စွာဆုတောင်းပတ္ထနာ ပြုကြ၏။
5 ၅ လေဝိအမျိုးသားများဖြစ်ကြသောယောရှု၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟော ဒိယ၊ ရှေဗနိနှင့်ပေသဟိတို့က၊ ``ထ၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအား ထောမနာပြုကြလေ၏။ ကိုယ်တော်အားကာလအစဉ်အဆက် ထောမနာပြုကြလေ၏။ ဘုရားသခင်သည်လူတို့ချီးမွမ်းနိုင်သည်ထက် ပို၍ကြီးမြတ်တော်မူသော်လည်း ငါတို့အပေါင်းသည်ဘုန်းကြီးသောနာမ တော်ကို ချီးမွမ်းထောမနာပြုကြကုန်အံ့'' ဟု ဝတ်ပြုကိုးကွယ်မှုကိုစတင်ရန်လူတို့အား ခေါ်ဖိတ်ကြလေသည်။
6 ၆ ထိုနောက် ဣသရေလအမျိုးသားတို့ကဤပတ္ထနာကို ဆုတောင်းကြ၏။ ``အို ထာဝရဘုရားကိုယ်တော်သာလျှင် ထာဝရဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်သည်မိုးကောင်းကင်နှင့်ကောင်းကင် ကြယ်နက္ခတ်များကိုဖန်ဆင်းတော်မူပါ၏။ မြေကြီးနှင့်ပင်လယ်ကိုလည်းကောင်း မြေကြီးပေါ်နှင့်ပင်လယ်တွင်ရှိသောအရာများ ကိုလည်းကောင်းဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်သည်အရာခပ်သိမ်းကို အသက်ရှင်စေတော်မူပါ၏။ မိုးကောင်းကင်ကြယ်နက္ခတ်တို့သည် ကိုယ်တော်အားဦးညွှတ်ရှိခိုးကြပါ၏။
7 ၇ အို ဘုရားသခင်ထာဝရဘုရား ကိုယ်တော်သည်အာဗြံကိုရွေးကောက်တော် မူ၍ ဗာဗုလုန်ပြည်ဥရမြို့မှထုတ်ဆောင်တော်မူကာ သူ၏နာမည်ကိုအာဗြဟံဟုပြောင်းလဲ ပေးတော်မူပါ၏။
8 ၈ ကိုယ်တော်အားသစ္စာရှိသူဖြစ်ကြောင်း တွေ့မြင်တော်မူသဖြင့် ကိုယ်တော်သည်သူနှင့်ပဋိညာဉ်ပြုတော်မူပါ၏။ သူ၏သားမြေးများနေထိုင်ရန်အတွက်သူ့အား ခါနာန်ပြည်၊ဟိတ္ထိပြည်၊အာမောရိပြည်၊ ဖေရဇိပြည်၊ယေဗုသိပြည်နှင့်ဂိရဂါရှိ ပြည်ကိုပေးတော်မူမည်ဟုကတိပြုတော် မူပါ၏။ သစ္စာတော်ရှင်ဖြစ်သည်နှင့်အညီကိုယ်တော်သည် ကတိတော်တို့ကိုတည်စေတော်မူပါ၏။
9 ၉ ``အကျွန်ုပ်တို့ဘိုးဘေးများသည်အီဂျစ် ပြည်တွင် ဆင်းရဲဒုက္ခရောက်ကြရသည်ကိုကိုယ်တော် မြင်တော်မူပါ၏။ ပင်လယ်နီတွင်ထိုသူတို့အော်ဟစ်၍အကူအညီ တောင်းခံသံကိုကြားတော်မူပါ၏။
10 ၁၀ ဖာရောဘုရင်၏မှူးမတ်များနှင့် တိုင်းသူပြည်သားများသည် ကိုယ်တော်၏လူမျိုးတော်ကို ညှဉ်းပန်းနှိပ်စက်ကြသဖြင့် သူတို့အားကိုယ်တော်သည်အံ့သြဖွယ်ရာနိမိတ် လက္ခဏာများကိုပြ၍၊ဒဏ်ခတ်တော်မူသဖြင့် ဂုဏ်သတင်းတော်သည်ယနေ့တိုင်အောင် ကျော်စောလျက်ရှိပါ၏။
11 ၁၁ ကိုယ်တော်သည်ကိုယ်တော်၏လူမျိုးတော်အတွက် ပင်လယ်ကိုဖြတ်၍လမ်းဖောက်ပြီးလျှင် သူတို့အားခြောက်သွေ့သောမြေပေါ်တွင်လျှောက်၍ သွားစေတော်မူပါ၏။ သူတို့အားလိုက်လံဖမ်းဆီးကြသူတို့ကိုမူ ပင်လယ်ရေလှိုင်းတွင် ကျောက်ခဲနစ်သကဲ့သို့ရေထဲ၌နစ်စေတော် မူပါ၏။
12 ၁၂ ကိုယ်တော်သည်ကိုယ်တော်၏လူမျိုးတော်အား နေ့အချိန်၌မိုးတိမ်တိုက်အားဖြင့် လမ်းပြပို့ဆောင်တော်မူ၍၊ညဥ့်အချိန်၌ သူတို့၏ခရီးလမ်းကိုမီးတိမ်တိုက်ဖြင့် ထွန်းလင်းစေတော်မူပါ၏။
13 ၁၃ ကိုယ်တော်သည်ကောင်းကင်ဘုံမှဆင်းသက်တော်မူ၍ သိနာတောင်တွင်ကိုယ်တော်၏လူမျိုးတော်အား မိန့်မြွက်တော်မူပါ၏။ သူတို့အားမွန်မြတ်သည့်ပညတ်တော်များနှင့် မှန်ကန်သောသြဝါဒများကိုပေးတော်မူ ပါ၏။
14 ၁၄ ကိုယ်တော်သည်သူတို့အားဥပုသ်တော်နေ့ကို နေ့မြတ်အဖြစ်စောင့်ထိန်းရန်သွန်သင်တော်မူ၍ ပညတ်တော်များကိုကိုယ်တော်၏အစေခံ မောရှေမှတစ်ဆင့်ပေးအပ်တော်မူပါ၏။
15 ၁၅ ``သူတို့ဆာလောင်မွတ်သိပ်ကြသောအခါ မိုးကောင်းကင်မှအစားအစာကိုချပေး တော်မူ၍ ရေငတ်ကြသောအခါကျောက်ဆောင်ထဲမှ ထွက်သောရေကိုပေးတော်မူပါ၏။ ကိုယ်တော်ပေးတော်မူမည်ဟု ကတိထားသောပြည်ကိုသိမ်းပိုက်ရန် သူတို့အား မိန့်တော်မူပါ၏။
16 ၁၆ သို့ရာတွင်အကျွန်ုပ်တို့ဘိုးဘေးများသည် မာန်မာနထောင်လွှားကာ ခေါင်းမာလာပြီးလျှင်ကိုယ်တော်၏အမိန့်တော် တို့ကို မလိုက်နာကြပါ။
17 ၁၇ သူတို့သည်ကိုယ်တော်၏စကားတော်ကို နားမထောင်ကြပါ။ ပြုတော်မူသောအမှုတော်တို့ကို မေ့ပျောက်လိုက်ကြပါ၏။ ကိုယ်တော်ပြတော်မူသောနိမိတ်လက္ခဏာ များကို သတိမရကြတော့ပါ။ မာန်မာနထောင်လွှားကာမိမိတို့အား ကျွန်ခံရာအီဂျစ်ပြည်သို့ပြန်လည်ခေါ်ဆောင် စေရန် ခေါင်းဆောင်တစ်ဦးကိုရွေးချယ်ကြပါ၏။ သို့ရာတွင်ကိုယ်တော်သည်အပြစ်များကို ဖြေလွှတ်တော်မူသည့်ဘုရားဖြစ်တော်မူပါ၏။ ချစ်ခင်ကြင်နာတော်မူ၍စိတ်ရှည်တော်မူပါ၏။ ကရုဏာတော်သည်ကြီးမားသည်ဖြစ်၍ ကိုယ်တော်သည်သူတို့အားစွန့်ပစ်တော်မမူပါ။
18 ၁၈ သူတို့သည်နွားလားဥသဘရုပ်ကိုသွန်းလုပ် ပြီးလျှင် ဤဘုရားကားငါတို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်လာသောဘုရားပင်တည်း'' ဟုဆို ကြပါ၏။ အို ထာဝရဘုရားသူတို့သည်ကိုယ်တော်အား လွန်စွာစော်ကားကြပါသည်တကား။
19 ၁၉ သို့ရာတွင်ကိုယ်တော်၏ကရုဏာတော်သည် ကြီးမားတော်မူသည်ဖြစ်၍၊ ကိုယ်တော်သည်သူတို့အားသဲကန္တာရတွင် စွန့်တော်မမူပါ။ နေ့အချိန်၌သူတို့အားလမ်းပြပို့ဆောင်သည့် မိုးတိမ်တိုက်ကိုလည်းကောင်း၊ ညဥ့်အချိန်သူတို့၏လမ်းခရီးကိုထွန်းလင်း စေသည့် မီးတိမ်တိုက်ကိုလည်းကောင်းရုပ်သိမ်းတော် မမူပါ။
20 ၂၀ ကိုယ်တော်သည်ကောင်းမြတ်တော်မူသဖြင့် သူတို့ပြုကျင့်သင့်သောအမှုအရာများကို သွန်သင်ပေးတော်မူပါ၏။ သူတို့အားမန္နမုန့်ကိုကျွေး၍သူတို့သောက်ရန် ရေကိုပေးတော်မူပါ၏။
21 ၂၁ အနှစ်လေးဆယ်ပတ်လုံးသဲကန္တာရတွင် ကိုယ်တော်သည်သူတို့လိုသမျှသော အစားအစာကိုပေးတော်မူပါ၏။ သူတို့အဝတ်သည်အဘယ်အခါ၌မျှ မဟောင်းမနွမ်းရပါ။ သူတို့၏ခြေသည်မပွန်းမရောင်ရပါ။
22 ၂၂ ``ကိုယ်တော်သည်သူတို့အားမိမိတို့နယ် စပ်တွင် ရှိသောနိုင်ငံများနှင့်၊ လူမျိုးများကိုနှိမ်နင်းခွင့်ပေးတော်မူပါ၏။ သူတို့သည်ရှိဟုန်မင်းအစိုးရသည့် ဟေရှဘုန်ပြည်ကိုလည်းကောင်း သြဃမင်းအစိုးရသည့်ဗာရှန်ပြည်ကို လည်းကောင်း သိမ်းပိုက်ကြပါ၏။
23 ၂၃ ကိုယ်တော်သည်သူတို့အား ကောင်းကင်ကြယ်များကဲ့သို့များပြားသည့် သားသမီးများကိုပေးသနားတော်မူပါ၏။ ထိုနောက်သူတို့ဘိုးဘေးများအား ကိုယ်တော်ကတိထားတော်မူသောပြည်တော်ကို သိမ်းပိုက်စေကာထိုပြည်တွင်နေထိုင်စေတော် မူပါ၏။
24 ၂၄ သူတို့သည်ခါနာန်ပြည်ကိုသိမ်းယူကြ ရပါ၏။ ထိုပြည်တွင်နေထိုင်သူတို့အားကိုယ်တော် နှိမ်နင်းတော်မူပါ၏။ ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ခါနာန်ပြည်ဘုရင်များနှင့် ပြည်သူတို့ကိုပြုချင်သလိုပြုနိုင်သော တန်ခိုးပေးတော်မူပါ၏။
25 ၂၅ ကိုယ်တော်၏လူမျိုးတော်သည်ခံတပ်မြို့များ၊ မြေသြဇာကောင်းသည့်ပြည်၊ ဘဏ္ဍာအမျိုးမျိုးနှင့်ပြည့်ဝသည့်အိမ်များ အဆင်သင့်တူးထားပြီး ရေတွင်းများသံလွင်ပင်များသစ်သီးပင်များနှင့် စပျစ်ဥယျာဉ်များကိုသိမ်းယူကြရပါ၏။ သူတို့သည်စိတ်ရှိသမျှစားသောက်ကာ ဝဖြိုးလာကြပါ၏။ ကိုယ်တော်ပေးတော်မူသောကောင်းမြတ်သည့် အရာတို့ကိုခံစားကြရပါ၏။
26 ၂၆ ``သို့ရာတွင်ကိုယ်တော်၏လူမျိုးတော်သည် ပုန်ကန်ကာကိုယ်တော်၏စကားကို နားမထောင်ကြပါ။ သူတို့သည်ကိုယ်တော်၏ပညတ်တရားတော်ကို ပစ်ပယ်ကြပါ၏။ မိမိတို့အားသတိပေးသူ၊ မိမိတို့အား ကိုယ်တော်ထံပြန်လာရန် ပြောကြားသူပရောဖက်များအား သတ်ဖြတ်ကြပါ၏။ သူတို့သည်ကိုယ်တော်အားအကြိမ်ကြိမ် စော်ကားကြပါ၏။
27 ၂၇ သို့ဖြစ်၍ကိုယ်တော်ရှင်သည်ရန်သူတို့အား သူတို့ကိုနှိမ်နင်းအုပ်စိုးခွင့်ပေးတော်မူ ပါ၏။ သူတို့သည်ဒုက္ခရောက်သဖြင့်ကူမတော်မူပါဟု အထံတော်သို့အော်ဟစ်ကြပါ၏။ ထိုအခါကိုယ်တော်သည်ကောင်းကင်ဘုံမှ ကြားတော်မူ၍ ကရုဏာတော်ကြီးမားသည်နှင့်အညီ သူတို့အားရန်သူများလက်မှကယ်ဆယ်ရန် ခေါင်းဆောင်များကိုစေလွှတ်တော်မူပါ၏။
28 ၂၈ ငြိမ်းချမ်းမှုပြန်လည်ရရှိကြသောအခါ သူတို့သည်တစ်ဖန်အပြစ်ကူးလွန်ကြပြန်သဖြင့် ကိုယ်တော်သည်သူတို့အားရန်သူများ၏လက်သို့ တစ်ဖန်အပ်တော်မူပါ၏။ သို့ရာတွင်သူတို့သည်နောင်တရလျက် မိမိတို့အားကယ်တော်မူရန်အထံတော်သို့ တောင်းလျှောက်ကြသောအခါ ကိုယ်တော်သည်ကောင်းကင်ဘုံမှကြားတော်မူပါ၏။ ကရုဏာတော်ကြီးမားတော်မူသည့်အလျောက် သူတို့အားအကြိမ်ကြိမ်အဖန်ဖန် ကယ်ဆယ်တော်မူပါ၏။
29 ၂၉ ကိုယ်တော်သည်ကိုယ်တော်၏သြဝါဒများကို လိုက်နာရန်သူတို့အားသတိပေးတော်မူပါ၏။ ပညတ်တရားတော်ကိုစောင့်ထိန်းမှုမှာမိမိတို့၏ အသက်ရှင်ရာလမ်းပင်ဖြစ်သော်လည်း သူတို့သည်မာန်မာနထောင်လွှားကာကိုယ်တော်၏ တရားတော်တို့ကိုပစ်ပယ်ကြပါ၏။ သူတို့သည်လွန်စွာခေါင်းမာလျက်စကားတော်ကို နားမထောင်ဘဲနေကြပါ၏။
30 ၃၀ ကိုယ်တော်သည်သူတို့အားတစ်နှစ်ပြီးတစ်နှစ် သည်းခံ၍သတိပေးတော်မူပါ၏။ ကိုယ်တော်၏နှိုးဆော်သူပရောဖက်များက ပြောဆိုဆုံးမကြသော်လည်း ကိုယ်တော်၏လူမျိုးတော်သည်နားပင်းလျက် နေကြပါ၏။ သို့ဖြစ်၍ကိုယ်တော်သည်လူမျိုးခြားတို့အား ကိုယ်တော်၏လူမျိုးတော်ကိုနှိမ်နင်းခွင့် ပေးတော်မူပါ၏။
31 ၃၁ သို့ရာတွင်လည်းကရုဏာတော် ကြီးမားတော်မူသည်နှင့်အညီ ကိုယ်တော်သည်သူတို့အားစွန့်ပစ်တော်မမူပါ။ ဆုံးပါးပျက်စီးစေတော်မမူပါ။ ကိုယ်တော်သည်သနားကြင်နာ၍ ကရုဏာနှင့်ပြည့်စုံကြွယ်ဝတော်မူသောဘုရား ဖြစ်တော်မူပါသည်တကား။
32 ၃၂ ``အို ဘုရားသခင်အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည်လွန်စွာကြီးမြတ်တော်မူပါ၏။ အလွန်ကြောက်လန့်တုန်လှုပ်ဖွယ်ကောင်း၍ တန်ခိုးကြီးမားတော်မူပါသည်တကား။ ကိုယ်တော်သည်ကိုယ်တော်၏ပဋိညာဉ်တော် ဆိုင်ရာ ကတိတော်များကိုသစ္စာရှိစွာ စောင့်ထိန်းတော်မူပါ၏။ အကျွန်ုပ်တို့သည်မိမိတို့အားအာရှုရိဘုရင်များ ညှဉ်းပန်းနှိပ်စက်စဉ်အခါမှစ၍ ယနေ့တိုင်အောင်ပင်အဘယ်မျှဆင်းရဲ ဒုက္ခရောက်လျက်နေခဲ့ရကြပါသနည်း။ ကျွန်ုပ်တို့၏ဘုရင်များ၊ ခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များ၊ပရောဖက်များ၊ အကျွန်ုပ်တို့၏ဘိုးဘေးများနှင့်ပြည်သူ အပေါင်းတို့သည် ဆင်းရဲဒုက္ခရောက်ခဲ့ရကြပါ၏။ အကျွန်ုပ်တို့အဘယ်မျှဆင်းရဲဒုက္ခရောက်ခဲ့ ရကြသည်ကိုသတိရတော်မူပါ။
33 ၃၃ အကျွန်ုပ်တို့အားကိုယ်တော်အပြစ်ဒဏ် ပေးတော်မူသည်မှာတရားပါ၏။ အကျွန်ုပ်တို့သည်အပြစ်ကူးလွန်ခဲ့ကြသော် လည်း ကိုယ်တော်သည်သစ္စာစောင့်တော်မူပါ၏။
34 ၃၄ အကျွန်ုပ်တို့၏ဘိုးဘေးများ၊ ဘုရင်များ၊ ခေါင်းဆောင်များနှင့် ယဇ်ပုရောဟိတ်များသည်ကိုယ်တော်၏ ပညတ်တရားတော်ကိုမစောင့်ထိန်းခဲ့ကြပါ။ သူတို့သည်ကိုယ်တော်၏အမိန့်တော်များ၊ သတိပေးတော်မူချက်များကို နားမထောင်ကြပါ။
35 ၃၅ အကျွန်ုပ်တို့၏ဘုရင်များသည် ကိုယ်တော်ပေးအပ်တော်မူသောကျယ်ပြန့် စိုပြေသည့် ပြည်တော်တွင်နေထိုင်ရစဉ်အခါ၌ ကိုယ်တော်၏ကောင်းချီးခံစားရသည်နှင့်အညီ ကိုယ်တော်၏လူမျိုးတော်အားအုပ်စိုးကြရပါ၏။ သို့ရာတွင်သူတို့သည်အပြစ်ဒုစရိုက်ကို မကြဉ်မရှောင်၊ ကိုယ်တော်၏အမှုတော်ကိုလည်း မဆောင်ရွက်ကြ။
36 ၃၆ ယခုအခါ၌အကျွန်ုပ်တို့သည် ကိုယ်တော်ပေးတော်မူသော အကျွန်ုပ်တို့စားသုံးရန်အသီးအနှံ ပေါများသောပြည်၌ကျွန်ဖြစ်ရကြပါ၏။
37 ၃၇ အကျွန်ုပ်တို့သည်အပြစ်များကူးလွန်သောကြောင့် ဤပြည်မှရသောကောက်ပဲသီးနှံများကို အကျွန်ုပ်တို့အားကိုယ်တော်အုပ်စိုးစေသည့် မင်းတို့ကခံစားရကြပါ၏။ ထိုမင်းတို့သည်အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏ ကျွဲနွားများကိုမိမိတို့ထင်သလိုခိုင်းစေ ကြပါ၏။ သို့ဖြစ်၍အကျွန်ုပ်တို့သည်လွန်စွာ ဆင်းရဲရကြပါ၏။''
38 ၃၈ ဤသို့ဖြစ်ပျက်သည့်အမှုအရာအပေါင်းကြောင့် ငါတို့ဣသရေလပြည်သူတို့သည်ကတိဝန်ခံ ချက်ကိုစာဖြင့်ရေး၍ ငါတို့၏ခေါင်းဆောင်များ၊ လေဝိအနွယ်ဝင်များနှင့်ယဇ်ပုရောဟိတ်များ ကတံဆိပ်ခတ်ကြ၏။