< နေဟမိ 9 >

1 ထို​လ​နှစ်​ဆယ့်​လေး​ရက်​နေ့​၌​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​အ​ပြစ်​များ အ​တွက်​ဝမ်း​နည်း​သည့်​အ​ထိမ်း​အ​မှတ်​ဖြင့် အ​စာ​ရှောင်​ရန်​စု​ရုံး​ကြ​၏။ ထို​သူ​တို့​သည် လူ​မျိုး​ခြား​များ​နှင့်​ကွာ​ပြီး​ဖြစ်​သည်။ သူ တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​မှတ်​လက္ခ ဏာ​ဖြင့် လျှော်​တေ​ကို​ဝတ်​၍​ဦး​ခေါင်း​ကို​မြေ မှုန့်​ဖြင့်​ဖြူး​ကြ​၏။ ထို​နောက်​သူ​တို့​သည်​မိ​မိ တို့​အ​ပြစ်​များ​နှင့်​ဘိုး​ဘေး​တို့​၏​အ​ပြစ်​များ ကို​ဖော်​ပြ​ဝန်​ခံ​ကြ​လေ​သည်။-
A rana ta ashirin da huɗu ga watan nan, Isra’ilawa suka taru, suna yin azumi, suna sa rigunan makoki, suna kuma zuba toka a kansu.
2
Waɗanda suke zuriyar Isra’ilawa suka ware kansu daga dukan baƙi. Suka tsaya, suka kuma furta zunubansu da muguntar kakanninsu.
3 သူ​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​ကျမ်း​စာ​တော်​ဖတ်​ရွတ်​သည် ကို သုံး​နာ​ရီ​ခန့်​နား​ထောင်​ကြ​ပြီး​လျှင်​နောက် ထပ်​သုံး​နာ​ရီ​မျှ မိ​မိ​တို့​အ​ပြစ်​များ​ကို ဖော်​ပြ​ဝန်​ခံ​ကာ မိ​မိ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရှိ​ခိုး​ကြ​လေ သည်။
Sa’ad da suke nan a tsaye, aka ɗauki awa uku ana karanta Littafin Dokar Ubangiji Allahnsu. Aka kuma ɗauki awa uku ana sujada ga Ubangiji Allahnsu.
4 လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​တွက်​ဆောက်​လုပ်​ထား သော​စင်​မြင့်​ပေါ်​တွင်​ယော​ရှု၊ ဗာ​နိ၊ ကပ်​မျေ​လ၊ ရှေ​ဗ​နိ၊ ဗုန္နိ၊ ရှေ​ရ​ဘိ၊ ဗာ​နိ​နှင့်​ခေ​န​နိ​တို့​သည် ရပ်​လျက် သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​၏။
A kan dakalin kuwa akwai Lawiyawa, wato, Yeshuwa, Bani, Kadmiyel, Shebaniya, Bunni, Sherebiya, Bani da Kenani tsaye, waɗanda suka kira da babbar murya ga Ubangiji Allahnsu.
5 လေ​ဝိ​အ​မျိုး​သား​များ​ဖြစ်​ကြ​သော​ယော​ရှု၊ ကပ်​မျေ​လ၊ ဗာ​နိ၊ ဟာ​ရှ​ဗ​နိ၊ ရှေ​ရ​ဘိ၊ ဟော ဒိ​ယ၊ ရှေ​ဗ​နိ​နှင့်​ပေ​သ​ဟိ​တို့​က၊ ``ထ​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လေ​၏။ ကိုယ်​တော်​အား​ကာ​လ​အ​စဉ်​အ​ဆက် ထော​မ​နာ​ပြု​ကြ​လေ​၏။ ဘု​ရား​သ​ခင်​သည်​လူ​တို့​ချီး​မွမ်း​နိုင်​သည်​ထက် ပို​၍​ကြီး​မြတ်​တော်​မူ​သော်​လည်း ငါ​တို့​အ​ပေါင်း​သည်​ဘုန်း​ကြီး​သော​နာ​မ တော်​ကို ချီး​မွမ်း​ထော​မ​နာ​ပြု​ကြ​ကုန်​အံ့'' ဟု ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို​စ​တင်​ရန်​လူ​တို့​အား ခေါ်​ဖိတ်​ကြ​လေ​သည်။
Lawiyawan nan, Yeshuwa, Kadmiyel, Bani, Hashabnehiya, Sherebiya, Hodiya, Shebaniya da Fetahahiya, suka ce, “Ku miƙe tsaye ku yabi Ubangiji Allahnku, wanda yake har abada abadin.” “Albarka ta tabbata ga sunanka mai ɗaukaka, bari kuma a ɗaukaka shi bisa dukan albarka da yabo.
6 ထို​နောက် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ဤ​ပတ္ထ​နာ​ကို ဆု​တောင်း​ကြ​၏။ ``အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​သာ​လျှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​နှင့်​ကောင်း​ကင် ကြယ်​နက္ခတ်​များ​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။ မြေ​ကြီး​နှင့်​ပင်​လယ်​ကို​လည်း​ကောင်း မြေ​ကြီး​ပေါ်​နှင့်​ပင်​လယ်​တွင်​ရှိ​သော​အ​ရာ​များ ကို​လည်း​ကောင်း​ဖန်​ဆင်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ​၏။ မိုး​ကောင်း​ကင်​ကြယ်​နက္ခတ်​တို့​သည် ကိုယ်​တော်​အား​ဦး​ညွှတ်​ရှိ​ခိုး​ကြ​ပါ​၏။
Kai kaɗai ne Ubangiji. Kai ka yi sammai, har ma da sama sammai, da dukan rundunar taurari, da duniya da kuma dukan abin da yake cikinta, da tekuna da dukan abubuwan da suke cikinsu. Ka ba da rai ga kome, kuma rundunonin sama suna maka sujada.
7 အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​သည်​အာ​ဗြံ​ကို​ရွေး​ကောက်​တော် မူ​၍ ဗာ​ဗု​လုန်​ပြည်​ဥ​ရ​မြို့​မှ​ထုတ်​ဆောင်​တော်​မူ​ကာ သူ​၏​နာ​မည်​ကို​အာ​ဗြ​ဟံ​ဟု​ပြောင်း​လဲ ပေး​တော်​မူ​ပါ​၏။
“Kai ne Ubangiji Allah, wanda ya zaɓi Abram, ya fitar da shi daga Ur na Kaldiyawa, ya kuma ba shi suna Ibrahim.
8 ကိုယ်​တော်​အား​သစ္စာ​ရှိ​သူ​ဖြစ်​ကြောင်း တွေ့​မြင်​တော်​မူ​သ​ဖြင့် ကိုယ်​တော်​သည်​သူ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​ပါ​၏။ သူ​၏​သား​မြေး​များ​နေ​ထိုင်​ရန်​အ​တွက်​သူ့​အား ခါ​နာန်​ပြည်၊​ဟိတ္ထိ​ပြည်၊အာ​မော​ရိ​ပြည်၊ ဖေ​ရ​ဇိ​ပြည်၊ယေ​ဗု​သိ​ပြည်​နှင့်​ဂိ​ရ​ဂါ​ရှိ ပြည်​ကို​ပေး​တော်​မူ​မည်​ဟု​က​တိ​ပြု​တော် မူ​ပါ​၏။ သစ္စာ​တော်​ရှင်​ဖြစ်​သည်​နှင့်​အ​ညီ​ကိုယ်​တော်​သည် က​တိ​တော်​တို့​ကို​တည်​စေ​တော်​မူ​ပါ​၏။
Kai ka sami zuciyarsa da aminci a gare ka, ka kuma yi alkawari da shi cewa za ka ba zuriyarsa ƙasar Kan’aniyawa, da ta Hittiyawa, da ta Amoriyawa, da ta Ferizziyawa, da ta Yebusiyawa, da kuma ta Girgashiyawa. Ka kiyaye alkawarinka domin kai mai adalci ne.
9 ``အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​သည်​အီ​ဂျစ် ပြည်​တွင် ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ရ​သည်​ကို​ကိုယ်​တော် မြင်​တော်​မူ​ပါ​၏။ ပင်​လယ်​နီ​တွင်​ထို​သူ​တို့​အော်​ဟစ်​၍​အ​ကူ​အ​ညီ တောင်း​ခံ​သံ​ကို​ကြား​တော်​မူ​ပါ​၏။
“Ka ga wahalar kakanninmu a Masar; ka kuwa ji kukansu a Jan Teku.
10 ၁၀ ဖာ​ရော​ဘု​ရင်​၏​မှူး​မတ်​များ​နှင့် တိုင်း​သူ​ပြည်​သား​များ​သည် ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို ညှဉ်း​ပန်း​နှိပ်​စက်​ကြ​သ​ဖြင့် သူ​တို့​အား​ကိုယ်​တော်​သည်​အံ့​သြ​ဖွယ်​ရာ​နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​၍၊ဒဏ်​ခတ်​တော်​မူ​သ​ဖြင့် ဂုဏ်​သ​တင်း​တော်​သည်​ယ​နေ့​တိုင်​အောင် ကျော်​စော​လျက်​ရှိ​ပါ​၏။
Ka aika da alamu masu banmamaki da al’ajabai a kan Fir’auna, a kan dukan shugabanninsa da kuma a kan dukan mutanen ƙasarsa, gama ka ga irin danniyar da suka yi wa mutanenka. Ka samo wa kanka suna, wadda ta dawwama har yă zuwa yau.
11 ၁၁ ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက် ပင်​လယ်​ကို​ဖြတ်​၍​လမ်း​ဖောက်​ပြီး​လျှင် သူ​တို့​အား​ခြောက်​သွေ့​သော​မြေ​ပေါ်​တွင်​လျှောက်​၍ သွား​စေ​တော်​မူ​ပါ​၏။ သူ​တို့​အား​လိုက်​လံ​ဖမ်း​ဆီး​ကြ​သူ​တို့​ကို​မူ ပင်​လယ်​ရေ​လှိုင်း​တွင် ကျောက်​ခဲ​နစ်​သ​ကဲ့​သို့​ရေ​ထဲ​၌​နစ်​စေ​တော် မူ​ပါ​၏။
Ka raba teku a gaban kakanninmu, saboda su wuce cikinsa a busasshiyar ƙasa, amma ka hallaka masu binsu cikin zurfafa, nutse kamar dutse a cikin ruwa.
12 ၁၂ ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အား နေ့​အ​ချိန်​၌​မိုး​တိမ်​တိုက်​အား​ဖြင့် လမ်း​ပြ​ပို့​ဆောင်​တော်​မူ​၍၊ညဥ့်​အ​ချိန်​၌ သူ​တို့​၏​ခ​ရီး​လမ်း​ကို​မီး​တိမ်​တိုက်​ဖြင့် ထွန်း​လင်း​စေ​တော်​မူ​ပါ​၏။
Da rana ka bishe kakanninmu da girgije, da dare kuwa ka bishe su da ginshiƙin wuta don ka ba su haske a hanyar da za su bi.
13 ၁၃ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​တော်​မူ​၍ သိ​နာ​တောင်​တွင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အား မိန့်​မြွက်​တော်​မူ​ပါ​၏။ သူ​တို့​အား​မွန်​မြတ်​သည့်​ပ​ညတ်​တော်​များ​နှင့် မှန်​ကန်​သော​သြ​ဝါ​ဒ​များ​ကို​ပေး​တော်​မူ ပါ​၏။
“Ka sauko a kan Dutsen Sinai; ka yi musu magana daga sama. Ka ba su ƙa’idodi da dokokin da suke masu adalci da kuma daidai, ka ba su farillai da umarnai da suke da kyau.
14 ၁၄ ကိုယ်​တော်​သည်​သူ​တို့​အား​ဥ​ပုသ်​တော်​နေ့​ကို နေ့​မြတ်​အ​ဖြစ်​စောင့်​ထိန်း​ရန်​သွန်​သင်​တော်​မူ​၍ ပ​ညတ်​တော်​များ​ကို​ကိုယ်​တော်​၏​အ​စေ​ခံ မော​ရှေ​မှ​တစ်​ဆင့်​ပေး​အပ်​တော်​မူ​ပါ​၏။
Ka sanar da su Asabbacinka mai tsarki, ka kuma ba su umarnai, da farillai, da kuma dokoki ta wurin bawanka Musa.
15 ၁၅ ``သူ​တို့​ဆာ​လောင်​မွတ်​သိပ်​ကြ​သော​အ​ခါ မိုး​ကောင်း​ကင်​မှ​အ​စား​အ​စာ​ကို​ချ​ပေး တော်​မူ​၍ ရေ​ငတ်​ကြ​သော​အ​ခါ​ကျောက်​ဆောင်​ထဲ​မှ ထွက်​သော​ရေ​ကို​ပေး​တော်​မူ​ပါ​၏။ ကိုယ်​တော်​ပေး​တော်​မူ​မည်​ဟု က​တိ​ထား​သော​ပြည်​ကို​သိမ်း​ပိုက်​ရန် သူ​တို့​အား မိန့်​တော်​မူ​ပါ​၏။
Cikin yunwansu ka ba su burodi daga sama, cikin ƙishirwansu kuma ka fitar musu ruwa daga dutse. Ka faɗa musu su shiga su mallaki ƙasar da ka rantse ta wurin ɗaga hannu cewa za ka ba su.
16 ၁၆ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​သည် မာန်​မာ​န​ထောင်​လွှား​ကာ ခေါင်း​မာ​လာ​ပြီး​လျှင်​ကိုယ်​တော်​၏​အ​မိန့်​တော် တို့​ကို မ​လိုက်​နာ​ကြ​ပါ။
“Amma su kakanninmu, suka yi fariya da taurinkai, ba su kuwa yi biyayya ga umarnanka ba.
17 ၁၇ သူ​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော်​ကို နား​မ​ထောင်​ကြ​ပါ။ ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို မေ့​ပျောက်​လိုက်​ကြ​ပါ​၏။ ကိုယ်​တော်​ပြ​တော်​မူ​သော​နိ​မိတ်​လက္ခ​ဏာ များ​ကို သ​တိ​မ​ရ​ကြ​တော့​ပါ။ မာန်​မာ​န​ထောင်​လွှား​ကာ​မိ​မိ​တို့​အား ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင် စေ​ရန် ခေါင်း​ဆောင်​တစ်​ဦး​ကို​ရွေး​ချယ်​ကြ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​သည့်​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ချစ်​ခင်​ကြင်​နာ​တော်​မူ​၍​စိတ်​ရှည်​တော်​မူ​ပါ​၏။ က​ရု​ဏာ​တော်​သည်​ကြီး​မား​သည်​ဖြစ်​၍ ကိုယ်​တော်​သည်​သူ​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ။
Suka ƙi su saurare ka, suka kāsa tuna da mu’ujizan da ka aikata a cikinsu. Suka yi taurinkai, cikin tawayensu kuma suka naɗa shugaba don su koma bautarsu. Amma kai Allah ne mai gafartawa, mai alheri da jinƙai, mai jinkirin fushi, mai yalwar ƙauna. Saboda haka ba ka yashe su ba,
18 ၁၈ သူ​တို့​သည်​နွား​လား​ဥ​သ​ဘ​ရုပ်​ကို​သွန်း​လုပ် ပြီး​လျှင် ဤ​ဘု​ရား​ကား​ငါ​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​သော​ဘု​ရား​ပင်​တည်း'' ဟု​ဆို ကြ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား​သူ​တို့​သည်​ကိုယ်​တော်​အား လွန်​စွာ​စော်​ကား​ကြ​ပါ​သည်​တကား။
ko ma sa’ad da suka yi wa kansu siffar ɗan maraƙi, suka ce, ‘Wannan shi ne allahnku, wanda ya fitar da ku daga Masar,’ ko sa’ad da suka yi saɓo mai bantsoro.
19 ၁၉ သို့​ရာ​တွင်​ကိုယ်​တော်​၏​က​ရု​ဏာ​တော်​သည် ကြီး​မား​တော်​မူ​သည်​ဖြစ်​၍၊ ကိုယ်​တော်​သည်​သူ​တို့​အား​သဲ​ကန္တာ​ရ​တွင် စွန့်​တော်​မ​မူ​ပါ။ နေ့​အ​ချိန်​၌​သူ​တို့​အား​လမ်း​ပြ​ပို့​ဆောင်​သည့် မိုး​တိမ်​တိုက်​ကို​လည်း​ကောင်း၊ ညဥ့်​အ​ချိန်​သူ​တို့​၏​လမ်း​ခ​ရီး​ကို​ထွန်း​လင်း စေ​သည့် မီး​တိမ်​တိုက်​ကို​လည်း​ကောင်း​ရုပ်​သိမ်း​တော် မ​မူ​ပါ။
“Saboda jinƙanka mai girma, ba ka yashe su a hamada ba. Da rana, ginshiƙin girgije bai daina bishe su a hanyarsu ba, da dare kuma ginshiƙin wuta bai daina haskakawa a hanyar da za su bi ba.
20 ၂၀ ကိုယ်​တော်​သည်​ကောင်း​မြတ်​တော်​မူ​သ​ဖြင့် သူ​တို့​ပြု​ကျင့်​သင့်​သော​အ​မှု​အ​ရာ​များ​ကို သွန်​သင်​ပေး​တော်​မူ​ပါ​၏။ သူ​တို့​အား​မန္န​မုန့်​ကို​ကျွေး​၍​သူ​တို့​သောက်​ရန် ရေ​ကို​ပေး​တော်​မူ​ပါ​၏။
Ka ba da Ruhunka mai kyau don yă koyar da su. Ba ka janye Manna naka daga bakunansu ba, ka kuma ba su ruwa don ƙishirwansu.
21 ၂၁ အ​နှစ်​လေး​ဆယ်​ပတ်​လုံး​သဲ​ကန္တာ​ရ​တွင် ကိုယ်​တော်​သည်​သူ​တို့​လို​သ​မျှ​သော အ​စား​အ​စာ​ကို​ပေး​တော်​မူ​ပါ​၏။ သူ​တို့​အ​ဝတ်​သည်​အ​ဘယ်​အ​ခါ​၌​မျှ မ​ဟောင်း​မ​နွမ်း​ရ​ပါ။ သူ​တို့​၏​ခြေ​သည်​မ​ပွန်း​မ​ရောင်​ရ​ပါ။
Shekaru arba’in ka riƙe su a cikin hamada; ba su rasa kome ba, rigunansu ba su yage ba, ƙafafunsu kuwa ba su kumbura ba.
22 ၂၂ ``ကိုယ်​တော်​သည်​သူ​တို့​အား​မိ​မိ​တို့​နယ် စပ်​တွင် ရှိ​သော​နိုင်​ငံ​များ​နှင့်၊ လူ​မျိုး​များ​ကို​နှိမ်​နင်း​ခွင့်​ပေး​တော်​မူ​ပါ​၏။ သူ​တို့​သည်​ရှိ​ဟုန်​မင်း​အ​စိုး​ရ​သည့် ဟေ​ရှ​ဘုန်​ပြည်​ကို​လည်း​ကောင်း သြ​ဃ​မင်း​အ​စိုး​ရ​သည့်​ဗာ​ရှန်​ပြည်​ကို လည်း​ကောင်း သိမ်း​ပိုက်​ကြ​ပါ​၏။
“Ka ba su mulkoki da al’ummai, kana ba su har ma da ƙasashen da suke jeji. Suka ci ƙasar Sihon na sarkin Heshbon da ƙasar Og inda sarkin Bashan yake mulki.
23 ၂၃ ကိုယ်​တော်​သည်​သူ​တို့​အား ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့​များ​ပြား​သည့် သား​သ​မီး​များ​ကို​ပေး​သ​နား​တော်​မူ​ပါ​၏။ ထို​နောက်​သူ​တို့​ဘိုး​ဘေး​များ​အား ကိုယ်​တော်​က​တိ​ထား​တော်​မူ​သော​ပြည်​တော်​ကို သိမ်း​ပိုက်​စေ​ကာ​ထို​ပြည်​တွင်​နေ​ထိုင်​စေ​တော် မူ​ပါ​၏။
Ka sa’ya’yansu maza suka yi yawa kamar taurarin sararin sama, ka kuma kawo su cikin ƙasar da ka faɗa wa kakanninsu su shiga su mallake.
24 ၂၄ သူ​တို့​သည်​ခါ​နာန်​ပြည်​ကို​သိမ်း​ယူ​ကြ ရ​ပါ​၏။ ထို​ပြည်​တွင်​နေ​ထိုင်​သူ​တို့​အား​ကိုယ်​တော် နှိမ်​နင်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ခါ​နာန်​ပြည်​ဘု​ရင်​များ​နှင့် ပြည်​သူ​တို့​ကို​ပြု​ချင်​သ​လို​ပြု​နိုင်​သော တန်​ခိုး​ပေး​တော်​မူ​ပါ​၏။
’Ya’yansu maza suka shiga suka kuma mallaki ƙasar. A gabansu ka rinjayi Kan’aniyawan da suke zama a cikin ƙasar; ka ba da Kan’aniyawa a gare su, tare da sarakunansu da kuma mutanen ƙasar, su yi da su yadda suke so.
25 ၂၅ ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​ခံ​တပ်​မြို့​များ၊ မြေ​သြ​ဇာ​ကောင်း​သည့်​ပြည်၊ ဘဏ္ဍာ​အ​မျိုး​မျိုး​နှင့်​ပြည့်​ဝ​သည့်​အိမ်​များ အ​ဆင်​သင့်​တူး​ထား​ပြီး ရေ​တွင်း​များ​သံ​လွင်​ပင်​များ​သစ်​သီး​ပင်​များ​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​သိမ်း​ယူ​ကြ​ရ​ပါ​၏။ သူ​တို့​သည်​စိတ်​ရှိ​သ​မျှ​စား​သောက်​ကာ ဝ​ဖြိုး​လာ​ကြ​ပါ​၏။ ကိုယ်​တော်​ပေး​တော်​မူ​သော​ကောင်း​မြတ်​သည့် အ​ရာ​တို့​ကို​ခံ​စား​ကြ​ရ​ပါ​၏။
Suka kame birane masu katanga masu ƙarfi, da ƙasa masu ba da amfani; suka mallaki gidaje cike da kowane irin abu mai kyau, da rijiyoyin da aka riga aka haƙa, da gonakin inabi, da gonakin itatuwan zaitun da kuma itatuwan ba da’ya’ya a yalwace a ciki. Suka ci suka ƙoshi, suka kuma yi ƙiba; suka ji daɗi cikin alherinka mai girma.
26 ၂၆ ``သို့​ရာ​တွင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ပုန်​ကန်​ကာ​ကိုယ်​တော်​၏​စ​ကား​ကို နား​မ​ထောင်​ကြ​ပါ။ သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တ​ရား​တော်​ကို ပစ်​ပယ်​ကြ​ပါ​၏။ မိ​မိ​တို့​အား​သ​တိ​ပေး​သူ၊ မိ​မိ​တို့​အား ကိုယ်​တော်​ထံ​ပြန်​လာ​ရန် ပြော​ကြား​သူ​ပ​ရော​ဖက်​များ​အား သတ်​ဖြတ်​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​အား​အ​ကြိမ်​ကြိမ် စော်​ကား​ကြ​ပါ​၏။
“Amma suka yi rashin biyayya suka kuma yi tawaye gare ka; suka sa dokarka a bayansu. Suka kashe annabawanka waɗanda suka gargaɗe su don su mai da su gare ka; suka aikata saɓo mai bantsoro.
27 ၂၇ သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​သည်​ရန်​သူ​တို့​အား သူ​တို့​ကို​နှိမ်​နင်း​အုပ်​စိုး​ခွင့်​ပေး​တော်​မူ ပါ​၏။ သူ​တို့​သည်​ဒုက္ခ​ရောက်​သ​ဖြင့်​ကူ​မ​တော်​မူ​ပါ​ဟု အ​ထံ​တော်​သို့​အော်​ဟစ်​ကြ​ပါ​၏။ ထို​အ​ခါ​ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ ကြား​တော်​မူ​၍ က​ရု​ဏာ​တော်​ကြီး​မား​သည်​နှင့်​အ​ညီ သူ​တို့​အား​ရန်​သူ​များ​လက်​မှ​ကယ်​ဆယ်​ရန် ခေါင်း​ဆောင်​များ​ကို​စေ​လွှတ်​တော်​မူ​ပါ​၏။
Saboda haka ka miƙa su ga abokan gābansu waɗanda suka yi musu danniya. Amma sa’ad da ake danniyarsu sai suka yi kuka gare ka. Daga sama ka ji su, cikin jinƙanka mai girma kuwa ka ba su mai ceto, wanda ya fisshe su daga hannun abokan gābansu.
28 ၂၈ ငြိမ်း​ချမ်း​မှု​ပြန်​လည်​ရ​ရှိ​ကြ​သော​အ​ခါ သူ​တို့​သည်​တစ်​ဖန်​အ​ပြစ်​ကူး​လွန်​ကြ​ပြန်​သ​ဖြင့် ကိုယ်​တော်​သည်​သူ​တို့​အား​ရန်​သူ​များ​၏​လက်​သို့ တစ်​ဖန်​အပ်​တော်​မူ​ပါ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​နောင်​တ​ရ​လျက် မိ​မိ​တို့​အား​ကယ်​တော်​မူ​ရန်​အ​ထံ​တော်​သို့ တောင်း​လျှောက်​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ​ကြား​တော်​မူ​ပါ​၏။ က​ရု​ဏာ​တော်​ကြီး​မား​တော်​မူ​သည့်​အ​လျောက် သူ​တို့​အား​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန် ကယ်​ဆယ်​တော်​မူ​ပါ​၏။
“Amma nan da nan, da suka sami hutu, sai suka sāke aikata abin da yake mugu a idonka. Sai ka yashe su ga hannun abokan gābansu don su yi mulki a kansu. Sa’ad da suka yi kuka kuma gare ka, ka ji daga sama, cikin jinƙanka kuma ka fisshe su sau da sau.
29 ၂၉ ကိုယ်​တော်​သည်​ကိုယ်​တော်​၏​သြ​ဝါ​ဒ​များ​ကို လိုက်​နာ​ရန်​သူ​တို့​အား​သ​တိ​ပေး​တော်​မူ​ပါ​၏။ ပ​ညတ်​တ​ရား​တော်​ကို​စောင့်​ထိန်း​မှု​မှာ​မိ​မိ​တို့​၏ အ​သက်​ရှင်​ရာ​လမ်း​ပင်​ဖြစ်​သော်​လည်း သူ​တို့​သည်​မာန်​မာ​န​ထောင်​လွှား​ကာ​ကိုယ်​တော်​၏ တ​ရား​တော်​တို့​ကို​ပစ်​ပယ်​ကြ​ပါ​၏။ သူ​တို့​သည်​လွန်​စွာ​ခေါင်း​မာ​လျက်​စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပါ​၏။
“Ka gargaɗe su su dawo ga dokarka, amma suka yi fariya, suka bijire wa umarnanka. Suka yi zunubi game da farillanka waɗanda ta wurinsu ne mutum zai rayu in ya yi biyayya da su. Cikin taurinkai suka juye bayansu daga gare ka, suka zama masu taurinkai, suka kuma ƙi su saurara.
30 ၃၀ ကိုယ်​တော်​သည်​သူ​တို့​အား​တစ်​နှစ်​ပြီး​တစ်​နှစ် သည်း​ခံ​၍​သ​တိ​ပေး​တော်​မူ​ပါ​၏။ ကိုယ်​တော်​၏​နှိုး​ဆော်​သူ​ပ​ရော​ဖက်​များ​က ပြော​ဆို​ဆုံး​မ​ကြ​သော်​လည်း ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​နား​ပင်း​လျက် နေ​ကြ​ပါ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​လူ​မျိုး​ခြား​တို့​အား ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​နှိမ်​နင်း​ခွင့် ပေး​တော်​မူ​ပါ​၏။
Shekaru masu yawa ka yi haƙuri da su. Ta wurin Ruhunka ka gargaɗe su ta wurin annabawa. Duk da haka ba su kasa kunne ba, saboda haka ka miƙa su ga maƙwabtansu.
31 ၃၁ သို့​ရာ​တွင်​လည်း​က​ရု​ဏာ​တော် ကြီး​မား​တော်​မူ​သည်​နှင့်​အ​ညီ ကိုယ်​တော်​သည်​သူ​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ။ ဆုံး​ပါး​ပျက်​စီး​စေ​တော်​မ​မူ​ပါ။ ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​၍ က​ရု​ဏာ​နှင့်​ပြည့်​စုံ​ကြွယ်​ဝ​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​ပါ​သည်​တ​ကား။
Amma cikin tausayinka mai girma ba ka kawo su ga ƙarshe ko ka yashe su ba, gama kai Allah ne mai alheri da kuma mai jinƙai.
32 ၃၂ ``အို ဘု​ရား​သ​ခင်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​လွန်​စွာ​ကြီး​မြတ်​တော်​မူ​ပါ​၏။ အ​လွန်​ကြောက်​လန့်​တုန်​လှုပ်​ဖွယ်​ကောင်း​၍ တန်​ခိုး​ကြီး​မား​တော်​မူ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ကိုယ်​တော်​၏​ပ​ဋိ​ညာဉ်​တော် ဆိုင်​ရာ က​တိ​တော်​များ​ကို​သစ္စာ​ရှိ​စွာ စောင့်​ထိန်း​တော်​မူ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​အား​အာ​ရှု​ရိ​ဘု​ရင်​များ ညှဉ်း​ပန်း​နှိပ်​စက်​စဉ်​အ​ခါ​မှ​စ​၍ ယ​နေ့​တိုင်​အောင်​ပင်​အ​ဘယ်​မျှ​ဆင်း​ရဲ ဒုက္ခ​ရောက်​လျက်​နေ​ခဲ့​ရ​ကြ​ပါ​သ​နည်း။ ကျွန်ုပ်​တို့​၏​ဘု​ရင်​များ၊ ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ပ​ရော​ဖက်​များ၊ အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ​နှင့်​ပြည်​သူ အ​ပေါင်း​တို့​သည် ဆင်း​ရဲ​ဒုက္ခ​ရောက်​ခဲ့​ရ​ကြ​ပါ​၏။ အ​ကျွန်ုပ်​တို့​အ​ဘယ်​မျှ​ဆင်း​ရဲ​ဒုက္ခ​ရောက်​ခဲ့ ရ​ကြ​သည်​ကို​သ​တိ​ရ​တော်​မူ​ပါ။
“To yanzu, ya Allahnmu, mai girma, mai iko, da kuma mai banrazana, wanda yake kiyaye alkawarinsa na ƙauna, kada ka bar dukan wannan wahala ta zama kamar marar muhimmanci a idanunka, wahalar da ta zo a kanmu, a kan sarakunanmu da shugabanni, a kan firistocinmu da annabawa, a kan kakanninmu da kuma dukan mutanenka, daga kwanakin sarakunan Assuriya har yă zuwa yau.
33 ၃၃ အ​ကျွန်ုပ်​တို့​အား​ကိုယ်​တော်​အ​ပြစ်​ဒဏ် ပေး​တော်​မူ​သည်​မှာ​တ​ရား​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​ကူး​လွန်​ခဲ့​ကြ​သော် လည်း ကိုယ်​တော်​သည်​သစ္စာ​စောင့်​တော်​မူ​ပါ​၏။
Cikin dukan abubuwan da suka faru da mu, ka kasance mai adalci; ka yi aminci, yayinda mu kuwa muka aikata mugu.
34 ၃၄ အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ၊ ဘု​ရင်​များ၊ ခေါင်း​ဆောင်​များ​နှင့် ယဇ်​ပု​ရော​ဟိတ်​များ​သည်​ကိုယ်​တော်​၏ ပ​ညတ်​တ​ရား​တော်​ကို​မ​စောင့်​ထိန်း​ခဲ့​ကြ​ပါ။ သူ​တို့​သည်​ကိုယ်​တော်​၏​အ​မိန့်​တော်​များ၊ သ​တိ​ပေး​တော်​မူ​ချက်​များ​ကို နား​မ​ထောင်​ကြ​ပါ။
Sarakunanmu, da shugabanninmu, da firistocinmu da kuma kakanninmu ba su bi dokarka ba, ba su ma mai da hankali ga umarnanka ko gargaɗin da ka yi musu ba.
35 ၃၅ အ​ကျွန်ုပ်​တို့​၏​ဘု​ရင်​များ​သည် ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော​ကျယ်​ပြန့် စို​ပြေ​သည့် ပြည်​တော်​တွင်​နေ​ထိုင်​ရ​စဉ်​အ​ခါ​၌ ကိုယ်​တော်​၏​ကောင်း​ချီး​ခံ​စား​ရ​သည်​နှင့်​အညီ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​အုပ်​စိုး​ကြ​ရ​ပါ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို မ​ကြဉ်​မ​ရှောင်၊ ကိုယ်​တော်​၏​အ​မှု​တော်​ကို​လည်း မ​ဆောင်​ရွက်​ကြ။
Ko ma yayinda suke a masarautarsu, suna jin daɗin girmar kyautatawarka gare su, cikin ƙasar mai girma, da kuma mai fāɗin da ka ba su, ba su bauta maka ko su juye daga mugayen hanyoyinsu ba.
36 ၃၆ ယ​ခု​အ​ခါ​၌​အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ပေး​တော်​မူ​သော အ​ကျွန်ုပ်​တို့​စား​သုံး​ရန်​အ​သီး​အ​နှံ ပေါ​များ​သော​ပြည်​၌​ကျွန်​ဖြစ်​ရ​ကြ​ပါ​၏။
“Amma duba, mu bayi ne a yau, bayi a ƙasar da ka ba kakanninmu don su ci amfaninta da kuma waɗansu abubuwa masu kyau da take bayarwa.
37 ၃၇ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​များ​ကူး​လွန်​သော​ကြောင့် ဤ​ပြည်​မှ​ရ​သော​ကောက်​ပဲ​သီး​နှံ​များ​ကို အ​ကျွန်ုပ်​တို့​အား​ကိုယ်​တော်​အုပ်​စိုး​စေ​သည့် မင်း​တို့​က​ခံ​စား​ရကြ​ပါ​၏။ ထို​မင်း​တို့​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​၏ ကျွဲ​နွား​များ​ကို​မိ​မိ​တို့​ထင်​သ​လို​ခိုင်း​စေ ကြ​ပါ​၏။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​သည်​လွန်​စွာ ဆင်း​ရဲ​ရ​ကြ​ပါ​၏။''
Saboda zunubanmu, yalwar girbin da muke samu yana tafiya wurin sarakunan da ka sa a kanmu. Suna mulki bisa jikunanmu, da bisa garkenmu yadda suka ga dama. Muna cikin baƙin ciki.
38 ၃၈ ဤ​သို့​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ​အ​ပေါင်း​ကြောင့် ငါ​တို့​ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​က​တိ​ဝန်​ခံ ချက်​ကို​စာ​ဖြင့်​ရေး​၍ ငါ​တို့​၏​ခေါင်း​ဆောင်​များ၊ လေ​ဝိ​အနွယ်​ဝင်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ က​တံ​ဆိပ်​ခတ်​ကြ​၏။
“Saboda wannan duka, muna yin zaunannen alkawari, muna sa shi a rubuce, shugabanninmu kuwa da Lawiyawanmu, da firistocinmu suna buga hatimansu a kai.”

< နေဟမိ 9 >