< နေဟမိ 7 >
1 ၁ ယခုအခါ၌မြို့ရိုးကိုပြန်လည်တည်ဆောက်ပြီး၍ တံခါးများကိုနေရာတကျတပ်ဆင်ကာဗိမာန်တော်အစောင့်တပ်သားများ၊ ဋ္ဌမ္မသီချင်းသည်များနှင့်လေဝိအနွယ်ဝင်များအားအလုပ်တာဝန်များကိုခွဲဝေသတ်မှတ်ပေးပြီးလေပြီ။-
성이 건축되매 문짝을 달고 문지기와 노래하는 자들과 레위 사람들을 세운 후에
2 ၂ ထိုနောက်ငါသည်ယေရုရှလင်မြို့ကိုအုပ်ချုပ်ရန် ငါ့ညီဟာနန်နှင့်ရဲတိုက်မှူးဟာနနိတို့ကိုတာဝန်ပေးအပ်၏။ ဟာနနိသည်စိတ်ချယုံကြည်ရသူ၊ ဘုရားသခင်ကိုအထူးကြောက်ရွံ့ရိုသေသူဖြစ်၏။-
내 아우 하나니와 영문의 관원 하나냐로 함께 예루살렘을 다스리게 하였는데 하나냐는 위인이 충성되어 하나님을 경외함이 무리에서 뛰어난 자라
3 ၃ ငါသည်သူတို့အား``နံနက်ချိန်၌နေမမြင့်မချင်းယေရုရှလင်မြို့တံခါးများကိုမဖွင့်စေနှင့်။ နေဝင်ချိန်၌တံခါးစောင့်များတာဝန်ပြီးဆုံးချိန်မတိုင်မီ တံခါးများကိုပိတ်၍ကန့်လန့်ကျင်များကိုထိုးထားစေ'' ဟုမှာကြားထား၏။ ယေရုရှလင်မြို့တွင်နေထိုင်သူများထဲမှကင်းစောင့်သူများခန့်ထားပြီးလျှင် ထိုသူအချို့ကိုနေရာအတိအကျတွင်ကင်းစောင့်စေ၍အချို့ကိုမိမိတို့အိမ်များ၏ပတ်ဝန်းကျင်တွင်ကင်းစောင့်စေရန်ကိုလည်းမှာကြားထား၏။
내가 저희에게 이르기를 해가 높이 뜨기 전에는 예루살렘 성문을 열지 말고 아직 파수할 때에 곧 문을 닫고 빗장을 지르며 또 예루살렘 거민으로 각각 반차를 따라 파수하되 자기 집 맞은편을 지키게 하라 하였노니
4 ၄ ယေရုရှလင်မြို့သည်ကျယ်ဝန်းသော်လည်းနေထိုင်သူလူဦးရေနည်းပါး၍ အိမ်အမြောက်အမြားကိုလည်းမတည်မဆောက်ရကြသေးပေ။-
그 성은 광대하고 거민은 희소하여 가옥을 오히려 건축하지 못하였음이니라
5 ၅ ပြည်သူများ၊ သူတို့၏ခေါင်းဆောင်များနှင့်အုပ်ချုပ်ရေးမှူးတို့အားစုရုံးစေ၍ အိမ်ထောင်စုစာရင်းများကိုစစ်ဆေးရန်ဘုရားသခင်သည်ငါ၏စိတ်ကိုနှိုးဆော်တော်မူ၏။ ဖမ်းဆီးခေါ်ဆောင်သွားရာမှရှေးဦးစွာပြန်လည်ရောက်ရှိလာသူများ၏စာရင်းကိုဤသို့ရှာဖွေတွေ့ရှိရသည်။
내 하나님이 내 마음을 감동하사 귀인들과 민장과 백성을 모아 보계대로 계수하게 하신고로 내가 처음으로 돌아온 자의 보계를 얻었는데 거기 기록한 것을 보면
6 ၆ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းဖမ်းဆီးခေါ်ဆောင်သွားချိန်မှအစပြု၍ ဗာဗုလုန်ပြည်တွင်နေထိုင်ရာမှပြန်လည်ရောက်ရှိလာသူများသည် မိမိတို့နေရင်းဌာနေဖြစ်သောယေရုရှလင်မြို့နှင့်အခြားယုဒမြို့များသို့ပြန်လာခဲ့ကြ၏။-
옛적에 바발론 왕 느부갓네살에게 사로잡혀 갔던 자 중에서 놓임을 받고 예루살렘과 유다로 돌아와 각기 본성에 이른 자 곧
7 ၇ သူတို့၏ခေါင်းဆောင်များမှာဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ အာဇရိ၊ ရာမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံနှင့်ဗာနာတို့ဖြစ်သည်။
스룹바벨과 예수아와 느헤미야와 아사랴와 라아마와 나하마니와 모르드개와 빌산과 미스베렛과 비그왜와 느훔과 바아나 등과 함께 나온 이스라엘 백성의 명수가 이러하니라
8 ၈ ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူလူဦးရေစာရင်းမှာသားချင်းစုအလိုက်အောက်ပါအတိုင်းဖြစ်၏။ သားချင်းစု ဦးရေ ပါရုတ် ၂၁၇၂ ရှေဖတိ ၃၇၂ အာရာ ၆၅၂ ပါဟတ်မောဘ (ယောရှုနှင့်ယွာဘတို့၏ သားမြေးများ) ၂၈၁၈ ဧလံ ၁၂၅၄ ဇတ္တု ၈၄၅ ဇက္ခဲ ၇၆၀ ဗိနွိ ၆၄၈ ဗေဗဲ ၆၂၈ အာဇဂဒ် ၂၃၂၂ အဒေါနိကံ ၆၆၇ ဗိဂဝဲ ၂၀၆၇ အာဒိန် ၆၅၅ (ဟေဇကိဟုလည်းနာမည်တွင်သော) အာတာဦးရေ ၉၈ ဟာရှုံ ၃၂၈ ဗေဇဲ ၃၂၄ ဟာရိပ် ၁၁၂ ဂိဗောင် ၉၅
바로스 자손이 이천일백칠십이 명이요
바핫모압 자손 곧 예수아와 요압 자손이 이천팔백십팔 명이요
26 ၂၆ အောက်ဖော်ပြပါမြို့တို့တွင်နေထိုင်ခဲ့သူဘိုးဘေးများမှ ဆင်းသက်ပေါက်ဖွားလာသောသူများသည်လည်းပြန်လာကြလေသည်။ ဗက်လင်မြို့နှင့်နေတောဖမြို့ ၁၈၈ အာနသုတ်မြို့ ၁၂၈ ဗေသာဇမာဝက်မြို့ ၄၂ ကိရယက်ယာရိမ်မြို့၊ခေဖိရမြို့နှင့် ဗေရုတ်မြို့ ၇၄၃ ရာမမြို့နှင့်ဂါဗမြို့ ၆၂၁ မိတ်မတ်မြို့ ၁၂၂ ဗေသလနှင့်အာဣမြို့ ၁၂၃ အခြားနေဗောမြို့ ၅၂ အခြားဧလံမြို့ ၁၂၅၄ ဟာရိမ်မြို့ ၃၂၀ ယေရိခေါမြို့ ၃၄၅ လောဒမြို့၊ ဟာဒိဒ်မြို့နှင့်သြနောမြို့ ၇၂၁ သေနာမြို့ ၃၉၃၀
베들레헴과 느도바 사람이 일백팔십팔 명이요
기럇여아림과 그비라와 브에롯 사람이 칠백사십삼 명이요
39 ၃၉ ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူယဇ်ပုရောဟိတ်သားချင်းစုများမှာ အောက်ပါအတိုင်းဖြစ်သည်။ ယေဒါယ (ယောရှု၏သားမြေးများ) ၉၇၃ ဣမေရ ၁၀၅၂ ပါရှုရ ၁၂၄၇ ဟာရိမ် ၁၀၁၇
제사장들은 예수아의 집 여다야 자손이 구백칠십삼 명이요
43 ၄၃ ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူလေဝိသားချင်းစုများမှာ အောက်ပါအတိုင်းဖြစ်သည်။ ယောရှုနှင့်ကာဒမေလ(ဟောဒေဝ၏ သားမြေးများ) ၇၄ ဗိမာန်တော်ဂီတပညာသည်များ (အာသပ်၏သားမြေးများ) ၁၄၈ ဗိမာန်တော်အစောင့်တပ်သားများ (ရှလ္လုံ၊အာတာ၊တာလမုန်၊အက္ကုပ်၊ ဟတိတနှင့်ရှောဗဲတို့၏သားမြေးများ) ၁၃၈
레위 사람들은 호드야 자손 곧 예수아와 갓미엘 자손이 칠십사 명이요
노래하는 자들은 아삽 자손이 일백사십팔 명이요
문지기들은 살룸 자손과 아델 자손과 달문 자손과 악굽 자손과 하디다 자손과 소배 자손이 모두 일백삼십팔 명이었느니라
46 ၄၆ ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ဗိမာန်တော်အလုပ်သမားများ၏သားချင်းစုနာမည်များမှာအောက်ပါအတိုင်းဖြစ်သည်။ ဇိဟ၊ဟသုဖ၊တဗ္ဗောက်၊ ကေရုတ်၊သယ၊ပါဒုန်၊ လေဗန၊ဟာဂဗ၊ရှာလမဲ၊ ဟာနန်၊ဂိဒ္ဒေလ၊ဂါဟာ၊ ရာယ၊ရေဇိန်၊နေကောဒ၊ ဂဇ္ဇမ်၊သြဇ၊ပါသာ၊ ဗေသဲ၊မုနိမ်၊နေဖိရှေသိမ်၊ ဗာကဗုတ်၊ဟာကုဖ၊ဟာရဟုရ၊ ဗာဇလိတ်၊မေဟိဒ၊ဟာရရှ၊ ဗာရကုတ်၊သိသရ၊တာမ၊ နေဇိနှင့်ဟတိဖ။
느디님 사람들은 시하 자손과 하수바 자손과 답바옷 자손과
게로스 자손과 시아 자손과 바돈 자손과 르바나 자손과
57 ၅၇ ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ရှောလမုန်၏အစေခံသားချင်းစုနာမည်များမှာအောက်ပါအတိုင်းဖြစ်သည်။ သောတဲ၊သောဖရက်၊ပေရိဒ၊ ယာလ၊ဒါကုန်၊ဂိဒ္ဒေလ၊ ရှေဖတိ၊ဟတ္တိလ၊ပေါခရက်၊ ဇေဗိမ်နှင့်အာမုန်။
솔로몬의 신복의 자손은 소대 자손과 소베렛 자손과 브리다 자손과
스바댜 자손과 핫딜 자손과 보게렛하스바임 자손과 아몬 자손이니
60 ၆၀ ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောဗိမာန်တော်အလုပ်သမားများနှင့် ရှောလမုန်၏အစေခံများမှဆင်းသက်ပေါက်ဖွားလာသူဦးရေစုစုပေါင်းမှာ သုံးရာကိုးဆယ့်နှစ်ယောက်ဖြစ်၏။
모든 느디님 사람과 솔로몬의 신복의 자손이 삼백구십이 명이었느니라
61 ၆၁ တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒုန်မြို့နှင့်ဣမေရမြို့တို့မှထွက်ခွာလာသောဒေလာယ၊ တောဘိနှင့်နေကောဒသားချင်းစုအနွယ်ဝင်များမှာ ခြောက်ရာလေးဆယ့်နှစ်ယောက်ဖြစ်၏။ သို့ရာတွင်သူတို့သည်ဣသရေလအမျိုးမှ မိမိတို့ဆင်းသက်ပေါက်ဖွားလာကြောင်းသက်သေခံအထောက်အထားမပြနိုင်ကြ။
델멜라와 델하르사와 그룹과 앗돈과 임멜로부터 올라온 자가 있으나 그 종족과 보계가 이스라엘에 속하였는지는 증거할 수 없으니
저희는 들라야 자손과 도비야 자손과 느고다 자손이라 도합이 육백사십이 명이요
63 ၆၃ အောက်ပါယဇ်ပုရောဟိတ်သားချင်းစုများသည် မိမိတို့ဘိုးဘေးများကားမည်သူမည်ဝါဖြစ်သည်ကိုသက်သေခံအထောက်အထားပြရန်တစ်စုံတစ်ရာရှာ၍မတွေ့နိုင်ကြ။ ဟဗာယ၊ ကောဇနှင့်ဗာဇိလဲ (ဗာဇိလဲယဇ်ပုရောဟိတ်သားချင်းစု၏ဘိုးဘေးဖြစ်သူသည်ဂိလဒ်ပြည်သား၊ ဗာဇိလဲသားချင်းစုမှအမျိုးသမီးတစ်ဦးနှင့်စုံဖက်ပြီးနောက်မိမိယောက္ခမသားချင်းစု၏နာမည်ကိုခံယူခဲ့၏။) ထိုသူတို့သည်မိမိတို့ဘိုးဘေးများမှာမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားမပြနိုင်ကြသဖြင့်ယဇ်ပုရောဟိတ်များအဖြစ်အသိအမှတ်ပြုခြင်းကိုမခံရကြ။-
제사장 중에는 호바야 자손과 학고스 자손과 바르실래 자손이니 바르실래는 길르앗 사람 바르실래의 딸 중에 하나로 아내를 삼고 바르실래의 이름으로 이름한 자라
이 사람들이 보계 중에서 자기 이름을 찾아도 얻지 못한고로 저희를 부정하게 여겨 제사자의 직분을 행치 못하게 하고
65 ၆၅ ယုဒဘုရင်ခံကသူတို့အား``သင်တို့သည်ဥရိမ်နှင့်သုမိမ် ကိုအသုံးပြု၍ဆုံးဖြတ်နိုင်သူယဇ်ပုရောဟိတ်တစ်ပါးမပေါ်မချင်းဘုရားသခင်အားပူဇော်သည့်အစားအစာများကိုမစားကြရ'' ဟုဆို၏။
방백이 저희에게 명하여 우림과 둠밈을 가진 제사장이 일어나기 전에는 지성물을 먹지 말라 하였느니라
66 ၆၆ ပြန်လာကြသောပြည်နှင်ဒဏ်သင့်သူ စုစုပေါင်းဦးရေ ၄၂၃၆၀
온 회중의 합계가 사만 이천삼백육십 명이요
67 ၆၇ ack သူတို့၏အစေခံယောကျာ်း မိန်းမ ၇၃၃၇ အမျိုးသားအမျိုးသမီး ဂီတပညာသည်များ ၂၄၅ မြင်း ၇၃၆ ကောင် လား ၂၄၅ ကောင် ကုလားအုတ် ၄၃၅ ကောင် မြည်း ၆၇၂၀ ကောင်
그 외에 노비가 칠천삼백삼십칠 명이요 노래하는 남녀가 이백사십오 명이요
약대가 사백삼십오요 나귀가 육천칠백이십이었느니라
70 ၇၀ ဗိမာန်တော်ပြန်လည်တည်ဆောက်မှုကုန်ကျစရိတ်အတွက် ပေးလှူကြသူများမှာအောက်ပါအတိုင်းဖြစ်သည်။ ဘုရင်ခံရွှေအောင်စ ၂၇၀ ဗိမာန်တော်ဝတ်ပြုကိုးကွယ်ရာတွင် အသုံးပြုသည့်အင်တုံ ၅၀ ယဇ်ပုရောဟိတ်ဝတ်စုံ ၅၃၀ သားချင်းစုခေါင်းဆောင်များ ရွှေ ၃၃၇ပေါင် ငွေ ၃၂၁၅ပေါင် ကျန်ပြည်သူများရွှေ ၃၃၇ ပေါင် ငွေ ၂၉၂၃ ပေါင် ယဇ်ပုရောဟိတ်ဝတ်စုံ ၆၇
어떤 족장들은 역사를 위하여 보조하였고 방백은 금 일천 다릭과 대접 오십과 제사장의 의복 오백삼십 벌을 보물 곳간에 드렸고
또 어떤 족장들은 금 이만 다릭과 은 이천이백 마네를 역사 곳간에 드렸고
그 나머지 백성은 금 이만 다릭과 은 이천 마네와 제사장의 의복 육십칠 벌을 드렸느니라
73 ၇၃ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ၊ ဗိမာန်တော်အစောင့်တပ်သားများ၊ ဂီတပညာသည်များ၊ သာမန်ပြည်သူအမြောက်အမြား၊ ဗိမာန်တော်အလုပ်သမားများအစရှိသောဣသရေလအမျိုးသားအပေါင်းတို့သည်ယုဒမြို့ရွာများတွင်အတည်တကျနေထိုင်ကြလေသည်။
이와 같이 제사장들과 레위 사람들과 문지기들과 노래하는 자들과 백성 몇명과 느디님 사람들과 온 이스라엘이 다 그 본성에 거하였느니라