< နေဟမိ 6 >

1 ငါ​တို့​သည်​မြို့​တံ​ခါး​များ​ကို​မ​တပ်​ဆင် ရ​ကြ​သေး​သော်​လည်း မြို့​ရိုး​ကို​တည်​ဆောက် ပြီး​ကြောင်း​ကို​လည်း​ကောင်း၊ မြို့​ရိုး​တွင်​ပေါက် ပျက်​နေ​သည့်​နေ​ရာ​များ​လည်း​မ​ရှိ​တော့ ကြောင်း​ကို​လည်း​ကောင်း​သမ္ဘာ​လတ်၊ တော​ဘိ၊ ဂေ​ရှင်​နှင့်​အ​ခြား​ရန်​သူ​များ​ကြား​သိ ကြ​၏။-
Factum est autem, cum audisset Sanaballat, et Tobias, et Gossem Arabs, et ceteri inimici nostri, quod ædificassem ego murum, et non esset in ipso residua interruptio (usque ad tempus autem illud valvas non posueram in portis)
2 သို့​ဖြစ်​၍​သမ္ဘာ​လတ်​နှင့်​ဂေ​ရှင်​တို့​သည်​သြ နော​လွင်​ပြင်​ရှိ​ရွာ​တစ်​ရွာ​တွင် သူ​တို့​နှင့်​လာ ရောက်​တွေ့​ဆုံ​ရန်​ငါ့​အား​မှာ​ကြား​ကြ​၏။ ဤ​သို့​မှာ​ကြား​ခြင်း​မှာ​ငါ့​ကို​အန္တ​ရာယ် ပြု​ရန်​လှည့်​စား​မှု​သာ​ဖြစ်​ပေ​သည်။-
miserunt Sanaballat, et Gossem ad me, dicentes: Veni, et percutiamus fœdus pariter in viculis in Campo Ono. Ipsi autem cogitabant ut facerent mihi malum.
3 ငါ​သည်​သူ​တို့​ထံ​သို့​လူ​စေ​လွှတ်​၍``ငါ​သည် ဤ​အ​ရပ်​တွင်​အ​ရေး​ကြီး​သည့်​အ​လုပ်​ကို လုပ်​ဆောင်​လျက်​နေ​ရ​သ​ဖြင့် ထို​အ​ရပ်​သို့ မ​လာ​နိုင်။ သင်​တို့​နှင့်​လာ​ရောက်​တွေ့​ဆုံ​ရန် ကိစ္စ​တစ်​ခု​တည်း​အ​တွက်​ဤ​အ​လုပ်​ကို​ရပ် ဆိုင်း​၍​မ​ထား​နိုင်​ပါ'' ဟု​ပြန်​ကြား​ပေး လိုက်​၏။
Misi ergo ad eos nuncios, dicens: Opus grande ego facio, et non possum descendere: ne forte negligatur cum venero, et descendero ad vos.
4 သူ​တို့​သည်​လေး​ကြိမ်​တိုင်​တိုင်​မှာ​ကြား​သ ဖြင့် ငါ​သည်​ထို​သို့​ပင်​လေး​ကြိမ်​တိုင်​တိုင် ပြန်​ကြား​လိုက်​၏။
Miserunt autem ad me secundum verbum hoc per quattuor vices: et respondi eis iuxta sermonem priorem.
5 ထို​နောက်​ငါး​ကြိမ်​မြောက်​သမ္ဘာ​လတ်​စေ လွှတ်​သော​အ​စေ​ခံ​၌​ချိပ်​မ​နှိပ်​သော​စာ ပါ​ရှိ​၏။-
Et misit ad me Sanaballat iuxta verbum prius quinta vice puerum suum, et epistolam habebat in manu sua scriptam hoc modo:
6 ထို​စာ​တွင် ``သင်​နှင့်​ယု​ဒ​အ​မျိုး​သား​တို့​သည်​ပုန်​ကန် ရန်​အ​ကြံ​နှင့်​မြို့​ရိုး​ကို​တည်​ဆောက်​လျက်​နေ ကြောင်း​နီး​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​ပြော ဆို​နေ​ကြ​သည်​ဟူ​သော​သ​တင်း​ကို​ဂေ​ရှင် ထံ​မှ​ငါ​ကြား​သိ​ရ​ပါ​သည်။ သင်​သည်​မင်း လုပ်​လို​သ​ဖြင့်၊-
IN GENTIBUS auditum est, et Gossem dixit, quod tu et Iudæi cogitetis rebellare, et propterea ædifices murum, et levare te velis super eos regem: propter quam causam
7 ယေ​ရု​ရှ​လင်​မြို့​တွင်​မိ​မိ​အား​ယု​ဒ​ဘု​ရင် အ​ဖြစ်​ကြေ​ညာ​ရန် ပ​ရော​ဖက်​အ​ချို့​နှင့်​စီ​စဉ် ထား​ကြောင်း​ကို​လည်း​ငါ့​အား​ဂေ​ရှင်​ပြော​ပြ ပါ​သည်။ ဘု​ရင်​မင်း​မြတ်​သည်​ဤ​သ​တင်း​ကို ဧ​ကန်​မု​ချ​ကြား​သိ​တော်​မူ​လိမ့်​မည်။ ထို ကြောင့်​ငါ​နှင့်​တိုင်​ပင်​ရန်​လာ​ပါ​လော့'' ဟု ဖော်​ပြ​ပါ​ရှိ​၏။
et prophetas posueris, qui prædicent de te in Ierusalem, dicentes: Rex in Iudæa est. Auditurus est rex verba hæc: idcirco nunc veni, ut ineamus consilium pariter.
8 ငါ​က​လည်း``သင်​ပြော​သ​မျှ​တို့​သည်​မ​ဟုတ် မ​မှန်။ သင်​ကိုယ်​တိုင်​လုပ်​ကြံ​ပြော​ဆို​ခြင်း သာ​ဖြစ်​၏'' ဟု​ပြန်​ကြား​လိုက်​၏။
Et misi ad eos, dicens: Non est factum secundum verba hæc, quæ tu loqueris: de corde enim tuo tu componis hæc.
9 မြို့​ရိုး​တည်​ဆောက်​မှု​ရပ်​ဆိုင်း​သွား​စေ​ရန်​သူ တို့​အား​လုံး​သည်​ငါ​တို့​အား​ခြိမ်း​ခြောက် လျက်​နေ​ကြ​၏။ သို့​ရာ​တွင်``အို ဘု​ရား​သ​ခင်၊ ယ​ခု​အ​ကျွန်ုပ်​အား​ခွန်​အား​ကြီး​မား​စေ တော်​ပါ'' ဟု​ဆု​တောင်း​၏။
Omnes enim hi terrebant nos, cogitantes quod cessarent manus nostræ ab opere, et quiesceremus. Quam ob causam magis confortavi manus meas:
10 ၁၀ ထို​အ​ချိန်​အ​တော​အ​တွင်း​၌​မ​ဟေ​တ ဗေ​လ​၏​မြေး၊ ဒေ​လာ​ယ​၏​သား​ရှေ​မာ​ယ သည်​မိ​မိ​နေ​အိမ်​မှ​မ​ထွက်​ခွာ​နိုင်​သ​ဖြင့် ငါ​သည်​သူ့​ထံ​သို့​သွား​ရောက်​ရာ​သူ​က``ငါ တို့​သည်​ဗိ​မာန်​တော်​သို့​သွား​၍​သန့်​ရှင်း​ရာ ဌာ​န​တော်​တွင်​ပုန်း​အောင်း​ကာ​တံ​ခါး​များ ကို​ပိတ်​ထား​ကြ​ကုန်​အံ့။ သူ​တို့​သည်​ကိုယ် တော်​ကို​သတ်​ရန်​လာ​ကြ​လိမ့်​မည်။ အ​ဘယ် ည​၌​မ​ဆို​လာ​၍​ကိုယ်​တော်​ကို​သတ်​ကြ လိမ့်​မည်'' ဟု​ငါ့​အား​ပြော​ကြား​၏။
et ingressus sum domum Semaiæ filii Dalaiæ filii Metabeel secreto. Qui ait: Tractemus nobiscum in domo Dei in medio templi, et claudamus portas ædis: quia venturi sunt ut interficiant te, et nocte venturi sunt ad occidendum te.
11 ၁၁ ထို​အ​ခါ​ငါ​က``ငါ​သည်​ထွက်​ပြေး​တိမ်း ရှောင်​တတ်​သော​သူ​မ​ဟုတ်။ အ​သက်​ချမ်း​သာ ရ​ရန်​ဗိ​မာန်​တော်​ထဲ​တွင်​ပုန်း​အောင်း​တတ် သူ​ဟု​သင်​ထင်​မှတ်​ပါ​သ​လော။ ဗိ​မာန် တော်​သို့​ငါ​မ​သွား'' ဟု​ပြန်​ပြော​လိုက်​၏။
Et dixi: Num quisquam similis mei fugit? et quis ut ego ingredietur templum, et vivet? non ingrediar.
12 ၁၂ ဤ​အ​မှု​ကို​ငါ​စဉ်း​စား​ဆင်​ခြင်​သော​အ​ခါ ယင်း​သို့​ရှေ​မာ​ယ​ငါ့​အား​သ​တိ​ပေး​သည် မှာ သူ့​အား​ဘု​ရား​သ​ခင်​မှာ​ကြား​ထား​တော် မူ​သော​ကြောင့်​မ​ဟုတ်။ တော​ဘိ​နှင့်​သမ္ဘာ​လတ် တို့​တံ​စိုး​လက်​ဆောင်​ပေး​၍ စေ​ခိုင်း​ထား​သော ကြောင့်​ဖြစ်​ကြောင်း​ရိပ်​မိ​သည်။-
Et intellexi quod Deus non misisset eum, sed quasi vaticinans locutus esset ad me, et Tobias, et Sanaballat conduxissent eum.
13 ၁၃ ငါ​သည်​အ​ပြစ်​ကူး​လွန်​ခြင်း​အား​ဖြင့်​အ​သ ရေ​ပျက်​၍ အ​ရှက်​ကွဲ​ရ​လေ​အောင်​သူ​တို့​သည် ရှေ​မာ​ယ​ကို​ငှား​ရမ်း​၍​ငါ့​အား​ခြောက်​လှန့် ခိုင်း​ကြ​၏။
acceperat enim pretium, ut territus facerem, et peccarem, et haberent malum, quod exprobrarent mihi.
14 ၁၄ ``အို ဘု​ရား​သ​ခင်​တော​ဘိ​နှင့်​သမ္ဘာ​လတ်​တို့ ပြု​ကြ​သည့်​အ​မှု​ကို​သ​တိ​ရ​တော်​မူ​၍ သူ တို့​အား​အပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။ အ​ကျွန်ုပ် ကို​ခြောက်​လှန့်​ရန်​ကြိုး​စား​သူ၊ အ​မျိုး​သ​မီး ပ​ရော​ဖက်​နော​ဒိ​နှင့်​အခြား​ပ​ရော​ဖက်​တို့ ကို​သ​တိ​ရ​တော်​မူ​ပါ။
Memento mei Domine pro Tobia et Sanaballat, iuxta opera eorum talia: sed et Noadiæ prophetæ, et ceterorum prophetarum, qui terrebant me.
15 ၁၅ အ​လုပ်​လုပ်​ရက်​ငါး​ဆယ့်​နှစ်​ရက်​ရှိ​သော​အ​ခါ ဧ​လု​လ၊ လ​နှစ်​ဆယ့်​ငါး​ရက်​နေ့​၌​မြို့​ရိုး​ကို လက်​စ​သတ်​ကြ​၏။-
Completus est autem murus vigesimoquinto die mensis Elul, quinquaginta duobus diebus.
16 ၁၆ ဤ​သ​တင်း​ကို​ပတ်​ဝန်း​ကျင်​နိုင်​ငံ​များ​ရှိ​ငါ တို့​ရန်​သူ​များ​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့ အ​သ​ရေ​ပျက်​ရ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​အ​လုပ်​ပြီး​စီး သွား​သည်​မှာ ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​သော ကြောင့်​ဖြစ်​သည်​ကို​လူ​တိုင်း​ပင်​ရိပ်​မိ​သော ကြောင့်​ဖြစ်​၏။
Factum est ergo cum audissent omnes inimici nostri, ut timerent universæ gentes, quæ erant in circuitu nostro, et conciderent intra semetipsos, et scirent quod a Deo factum esset opus hoc.
17 ၁၇ ဤ​ကာ​လ​အ​တော​အ​တွင်း​၌​ယု​ဒ​အ​မျိုး သား​ခေါင်း​ဆောင်​များ​သည် တော​ဘိ​နှင့်​စာ အား​ဖြင့်​ဆက်​သွယ်​လျက်​နေ​ခဲ့​ကြ​၏။-
Sed et in diebus illis multæ optimatum Iudæorum epistolæ mittebantur ad Tobiam, et a Tobia veniebant ad eos.
18 ၁၈ သူ​သည်​အာ​ရာ​၏​သား၊ရှေ​က​နိ​၏​သ​မက် ဖြစ်​သ​ဖြင့် ယု​ဒ​အ​မျိုး​သား​အ​မြောက် အ​မြား​ပင်​သူ​၏​ဘက်​သို့​ပါ​ကြ​၏။ ထို့ ပြင်​သူ​၏​သား​ယော​ဟ​နန်​သည်​ဗေ​ရ​ခိ ၏​သား၊ မေ​ရှု​လံ​၏​သ​မီး​နှင့်​အိမ်​ထောင် ကျ​၏။-
Multi enim erant in Iudæa habentes iuramentum eius, quia gener erat Secheniæ filii Area, et Iohanan filius eius acceperat filiam Mosollam filii Barachiæ:
19 ၁၉ လူ​တို့​သည်​တော​ဘိ​ကောင်း​ကြောင်း​ကို​ငါ့ အား​ပြော​ဆို​တတ်​ကြ​၏။ ငါ့​စ​ကား​ကို​လည်း သူ့​အား​ပြန်​ပြော​တတ်​ကြ​၏။ တော​ဘိ​သည် ငါ့​ကို​ခြောက်​လှန့်​ရန်​စာ​များ​ကို​ဆက်​လက် ပေး​ပို့​လျက်​နေ​၏။
sed et laudabant eum coram me, et verba mea nunciabant ei: et Tobias mittebat epistolas ut terreret me.

< နေဟမိ 6 >