< နေဟမိ 6 >
1 ၁ ငါတို့သည်မြို့တံခါးများကိုမတပ်ဆင် ရကြသေးသော်လည်း မြို့ရိုးကိုတည်ဆောက် ပြီးကြောင်းကိုလည်းကောင်း၊ မြို့ရိုးတွင်ပေါက် ပျက်နေသည့်နေရာများလည်းမရှိတော့ ကြောင်းကိုလည်းကောင်းသမ္ဘာလတ်၊ တောဘိ၊ ဂေရှင်နှင့်အခြားရန်သူများကြားသိ ကြ၏။-
And it comes to pass, when it has been heard by Sanballat, and Tobiah, and by Geshem the Arabian, and by the rest of our enemies, that I have built the wall, and there has not been left in it a breach (also, until that time I had not set up the doors in the gates),
2 ၂ သို့ဖြစ်၍သမ္ဘာလတ်နှင့်ဂေရှင်တို့သည်သြ နောလွင်ပြင်ရှိရွာတစ်ရွာတွင် သူတို့နှင့်လာ ရောက်တွေ့ဆုံရန်ငါ့အားမှာကြားကြ၏။ ဤသို့မှာကြားခြင်းမှာငါ့ကိုအန္တရာယ် ပြုရန်လှည့်စားမှုသာဖြစ်ပေသည်။-
that Sanballat sends, also Geshem, to me, saying, “Come and we meet together in the villages, in the Valley of Ono”; and they are thinking to do to me evil.
3 ၃ ငါသည်သူတို့ထံသို့လူစေလွှတ်၍``ငါသည် ဤအရပ်တွင်အရေးကြီးသည့်အလုပ်ကို လုပ်ဆောင်လျက်နေရသဖြင့် ထိုအရပ်သို့ မလာနိုင်။ သင်တို့နှင့်လာရောက်တွေ့ဆုံရန် ကိစ္စတစ်ခုတည်းအတွက်ဤအလုပ်ကိုရပ် ဆိုင်း၍မထားနိုင်ပါ'' ဟုပြန်ကြားပေး လိုက်၏။
And I send to them messengers, saying, “A great work I am doing, and I am not able to come down; why does the work cease when I let it alone, and have come down to you?”
4 ၄ သူတို့သည်လေးကြိမ်တိုင်တိုင်မှာကြားသ ဖြင့် ငါသည်ထိုသို့ပင်လေးကြိမ်တိုင်တိုင် ပြန်ကြားလိုက်၏။
And they send to me, according to this word, four times, and I return them [word] according to this word.
5 ၅ ထိုနောက်ငါးကြိမ်မြောက်သမ္ဘာလတ်စေ လွှတ်သောအစေခံ၌ချိပ်မနှိပ်သောစာ ပါရှိ၏။-
And Sanballat sends to me, according to this word, a fifth time, his servant, and an open letter in his hand;
6 ၆ ထိုစာတွင် ``သင်နှင့်ယုဒအမျိုးသားတို့သည်ပုန်ကန် ရန်အကြံနှင့်မြို့ရိုးကိုတည်ဆောက်လျက်နေ ကြောင်းနီးနားဝန်းကျင်ရှိလူမျိုးတို့ပြော ဆိုနေကြသည်ဟူသောသတင်းကိုဂေရှင် ထံမှငါကြားသိရပါသည်။ သင်သည်မင်း လုပ်လိုသဖြင့်၊-
it is written in it, “Among the nations it has been heard, and Gashmu is saying: You and the Jews are thinking to rebel, therefore you are building the wall, and you have been to them for a king—according to these words!
7 ၇ ယေရုရှလင်မြို့တွင်မိမိအားယုဒဘုရင် အဖြစ်ကြေညာရန် ပရောဖက်အချို့နှင့်စီစဉ် ထားကြောင်းကိုလည်းငါ့အားဂေရှင်ပြောပြ ပါသည်။ ဘုရင်မင်းမြတ်သည်ဤသတင်းကို ဧကန်မုချကြားသိတော်မူလိမ့်မည်။ ထို ကြောင့်ငါနှင့်တိုင်ပင်ရန်လာပါလော့'' ဟု ဖော်ပြပါရှိ၏။
And also, you have appointed prophets to call for you in Jerusalem, saying, A king [is] in Judah, and now it is heard by the king according to these words; and now come, and we take counsel together.”
8 ၈ ငါကလည်း``သင်ပြောသမျှတို့သည်မဟုတ် မမှန်။ သင်ကိုယ်တိုင်လုပ်ကြံပြောဆိုခြင်း သာဖြစ်၏'' ဟုပြန်ကြားလိုက်၏။
And I send to him, saying, “It has not been according to these words that you are saying, for from your own heart you are devising them”;
9 ၉ မြို့ရိုးတည်ဆောက်မှုရပ်ဆိုင်းသွားစေရန်သူ တို့အားလုံးသည်ငါတို့အားခြိမ်းခြောက် လျက်နေကြ၏။ သို့ရာတွင်``အို ဘုရားသခင်၊ ယခုအကျွန်ုပ်အားခွန်အားကြီးမားစေ တော်ပါ'' ဟုဆုတောင်း၏။
for all of them are making us afraid, saying, “Their hands are too feeble for the work, and it is not done”; and now, strengthen my hands.
10 ၁၀ ထိုအချိန်အတောအတွင်း၌မဟေတ ဗေလ၏မြေး၊ ဒေလာယ၏သားရှေမာယ သည်မိမိနေအိမ်မှမထွက်ခွာနိုင်သဖြင့် ငါသည်သူ့ထံသို့သွားရောက်ရာသူက``ငါ တို့သည်ဗိမာန်တော်သို့သွား၍သန့်ရှင်းရာ ဌာနတော်တွင်ပုန်းအောင်းကာတံခါးများ ကိုပိတ်ထားကြကုန်အံ့။ သူတို့သည်ကိုယ် တော်ကိုသတ်ရန်လာကြလိမ့်မည်။ အဘယ် ည၌မဆိုလာ၍ကိုယ်တော်ကိုသတ်ကြ လိမ့်မည်'' ဟုငါ့အားပြောကြား၏။
And I have entered the house of Shemaiah son of Delaiah, son of Mehetabeel—and he is restrained—and he says, “Let us meet at the house of God, at the inside of the temple, and we shut the doors of the temple, for they are coming to slay you—indeed, by night they are coming to slay you.”
11 ၁၁ ထိုအခါငါက``ငါသည်ထွက်ပြေးတိမ်း ရှောင်တတ်သောသူမဟုတ်။ အသက်ချမ်းသာ ရရန်ဗိမာန်တော်ထဲတွင်ပုန်းအောင်းတတ် သူဟုသင်ထင်မှတ်ပါသလော။ ဗိမာန် တော်သို့ငါမသွား'' ဟုပြန်ပြောလိုက်၏။
And I say, “A man such as I—does he flee? And who as I, that goes into the temple, and lives? I do not go in.”
12 ၁၂ ဤအမှုကိုငါစဉ်းစားဆင်ခြင်သောအခါ ယင်းသို့ရှေမာယငါ့အားသတိပေးသည် မှာ သူ့အားဘုရားသခင်မှာကြားထားတော် မူသောကြောင့်မဟုတ်။ တောဘိနှင့်သမ္ဘာလတ် တို့တံစိုးလက်ဆောင်ပေး၍ စေခိုင်းထားသော ကြောင့်ဖြစ်ကြောင်းရိပ်မိသည်။-
And I discern, and behold, God has not sent him, for in the prophecy he has spoken to me both Tobiah and Sanballat hired him,
13 ၁၃ ငါသည်အပြစ်ကူးလွန်ခြင်းအားဖြင့်အသ ရေပျက်၍ အရှက်ကွဲရလေအောင်သူတို့သည် ရှေမာယကိုငှားရမ်း၍ငါ့အားခြောက်လှန့် ခိုင်းကြ၏။
so that he [is] a hired worker, that I may fear and do so, and I had sinned, and it had been to them for an evil name that they may reproach me.
14 ၁၄ ``အို ဘုရားသခင်တောဘိနှင့်သမ္ဘာလတ်တို့ ပြုကြသည့်အမှုကိုသတိရတော်မူ၍ သူ တို့အားအပြစ်ဒဏ်ခတ်တော်မူပါ။ အကျွန်ုပ် ကိုခြောက်လှန့်ရန်ကြိုးစားသူ၊ အမျိုးသမီး ပရောဖက်နောဒိနှင့်အခြားပရောဖက်တို့ ကိုသတိရတော်မူပါ။
Be mindful, O my God, of Tobiah, and of Sanballat, according to these his works, and also, of Noadiah the prophetess, and of the rest of the prophets who have been making me afraid.
15 ၁၅ အလုပ်လုပ်ရက်ငါးဆယ့်နှစ်ရက်ရှိသောအခါ ဧလုလ၊ လနှစ်ဆယ့်ငါးရက်နေ့၌မြို့ရိုးကို လက်စသတ်ကြ၏။-
And the wall is completed in the twenty-fifth of Elul, on the fifty-second day;
16 ၁၆ ဤသတင်းကိုပတ်ဝန်းကျင်နိုင်ငံများရှိငါ တို့ရန်သူများကြားကြသောအခါ မိမိတို့ အသရေပျက်ရပြီဖြစ်ကြောင်းသိရှိကြ၏။ အဘယ်ကြောင့်ဆိုသော်ဤအလုပ်ပြီးစီး သွားသည်မှာ ဘုရားသခင်ကူမတော်မူသော ကြောင့်ဖြစ်သည်ကိုလူတိုင်းပင်ရိပ်မိသော ကြောင့်ဖြစ်၏။
and it comes to pass, when all our enemies have heard, and all the nations who are all around us see, that they fall greatly in their own eyes, and know that by our God has this work been done.
17 ၁၇ ဤကာလအတောအတွင်း၌ယုဒအမျိုး သားခေါင်းဆောင်များသည် တောဘိနှင့်စာ အားဖြင့်ဆက်သွယ်လျက်နေခဲ့ကြ၏။-
Also, in those days the nobles of Judah are multiplying their letters going to Tobiah, and those of Tobiah are coming to them;
18 ၁၈ သူသည်အာရာ၏သား၊ရှေကနိ၏သမက် ဖြစ်သဖြင့် ယုဒအမျိုးသားအမြောက် အမြားပင်သူ၏ဘက်သို့ပါကြ၏။ ထို့ ပြင်သူ၏သားယောဟနန်သည်ဗေရခိ ၏သား၊ မေရှုလံ၏သမီးနှင့်အိမ်ထောင် ကျ၏။-
for many in Judah are sworn to him, for he [is] son-in-law to Shechaniah son of Arah, and his son Jehohanan has taken the daughter of Meshullam son of Berechiah;
19 ၁၉ လူတို့သည်တောဘိကောင်းကြောင်းကိုငါ့ အားပြောဆိုတတ်ကြ၏။ ငါ့စကားကိုလည်း သူ့အားပြန်ပြောတတ်ကြ၏။ တောဘိသည် ငါ့ကိုခြောက်လှန့်ရန်စာများကိုဆက်လက် ပေးပို့လျက်နေ၏။
also, they have been speaking of his good deeds before me, and they have been taking my words out to him; Tobiah has sent letters to make me afraid.