< နေဟမိ 5 >
1 ၁ ကာလအနည်းငယ်ကြာသောအခါယုဒ အမျိုးသားနှင့်အမျိုးသမီးအမြောက် အမြားတို့သည် အချင်းချင်းအားအပြစ် တင်၍ညဉ်းညူကြကုန်၏။-
၁ထိုအခါ ယောက်ျားမိန်းမ များတို့သည် အမျိုးသား ချင်း ယုဒ လူတို့ကို အလွန် အပြစ်တင်၍ မြည်တမ်း ကြ၏။
2 ၂ အချို့သောသူတို့က``ငါတို့၏အိမ်သားများ သဖြင့်ငါတို့အသက်ရှင်မှုအတွက်ဂျုံစပါး လိုပါသည်'' ဟုဆိုကြ၏။
၂အချို့ကလည်း ၊ ငါ တို့နှင့် သား သမီး များ စွာရှိ ကြ၏။ သူတို့ အသက် မွေးလောက်အောင် စား စရာဆန် စပါးကို အဘယ်မှာရ နိုင်မည်နည်းဟုဆို ကြ၏။
3 ၃ အချို့တို့က``ငါတို့သည်မငတ်မပြတ်ရလေ အောင်ဂျုံစပါးရရှိရေးအတွက်လယ်များ၊ စပျစ်ဥယျာဉ်များနှင့်အိမ်များကိုပေါင်နှံ ထားရကြပါသည်'' ဟုဆိုကြ၏။
၃အချို့ကလည်း ၊ ငါ တို့သည် လယ်ယာ ၊ ဥယျာဉ် ၊ အိမ် တို့ကို ပေါင် ထားပြီ။ အစာခေါင်းပါး သောကာလ ၊ ဆန် စပါးကို အဘယ်မှာရ နိုင်ပါမည်နည်းဟု ဆို ကြ၏။
4 ၄ အခြားသူတို့က``ငါတို့သည်လယ်ခွန်နှင့် စပျစ်ဥယျာဉ်ခွန်ပေးဆောင်နိုင်ရန်ငွေကို ချေးယူထားကြရပါသည်။-
၄အချို့ကလည်း ၊ ငါတို့သည် အခွန် တော်ကိုပေး စရာရှိခြင်းငှါ လယ်ယာ ဥယျာဉ် အတွက် ငွေ ကို ချေးယူ ပြီ။
5 ၅ ငါတို့သည်လည်းယုဒအမျိုးသားများ ပင်မဟုတ်ပါလော။ ငါတို့သားသမီးများ သည်လည်းသူတို့သားသမီးများထက်မညံ့ ပါ။ သို့ရာတွင်ငါတို့သည်ငါတို့သားသမီး များကိုကျွန်ခံစေကြရပါ၏။ သမီးအချို့ ကိုလည်းကျွန်အဖြစ်ရောင်းချလိုက်ရလေ ပြီ။ ငါတို့အဘယ်သို့မျှမတတ်နိုင်။ ငါ တို့လယ်များနှင့်စပျစ်ဥယျာဉ်များသည် သူတစ်ပါးလက်သို့ရောက်လေပြီတကား'' ဟုဆိုကြ၏။
၅ယခု မှာ ငါ တို့ ကိုယ် ခန္ဓါသည် အမျိုးသား ချင်း တို့၏ ကိုယ် ခန္ဓါကဲ့သို့ ဖြစ်၏။ ငါ တို့သား သမီးသည် သူ တို့ သား သမီးကဲ့သို့ ဖြစ်ကြ၏။ ငါ တို့ သား သမီး ကိုရောင်း၍ ကျွန် ခံစေရမည်လော။ ကျွန် ခံပြီးသော သမီး တို့ကိုလည်း ရွေးခြင်းငှါမ တတ်နိုင်။ ပိုင်ရင်းလယ်ယာ နှင့် ဥယျာဉ် တို့ သည် သူတပါး လက်သို့ ရောက်လေပြီတကားဟု ဆိုကြ၏။
6 ၆ ထိုသူတို့ညည်းညူသံကိုကြားသော်ငါ သည်အမျက်ထွက်၍၊-
၆ထိုသို့ အပြစ်တင်မြည်တမ်း သောစကား ကို ငါသည် ကြား သောအခါ ၊ အလွန် ညှိုးငယ် သောစိတ်ရှိ၍ ၊ ကိုယ်အလိုအလျောက်ဆင်ခြင်ပြီးမှ၊
7 ၇ အရေးယူဆောင်ရွက်ရန်စိတ်ပိုင်းဖြတ်လိုက်၏။ ငါသည်ပြည်သူခေါင်းဆောင်များနှင့်အုပ်ချုပ် ရေးမှူးတို့အား``သင်တို့သည်မိမိတို့ညီ အစ်ကိုများကိုနှိပ်စက်ညှဉ်းဆဲလျက်နေကြ ပါသည်တကား'' ဟုပြစ်တင်ပြောဆို၏။ ငါသည်ဤပြဿနာကို ဖြေရှင်းရန်လူထု စည်းဝေးတစ်ရပ်ကိုခေါ်ယူပြီးလျှင်၊-
၇မှူးမတ် နှင့် မင်း အရာရှိတို့ကိုခေါ် ၍ ၊ သင် တို့သည် အမျိုးသား ချင်းတို့၌ အတိုး စားတတ်ကြသည် တကားဟု ဆုံးမ သဖြင့် ၊ သူ တို့တစ်ဘက် ၌ လူအများ တို့ကို စုဝေး စေလျက်၊
8 ၈ ``မိမိတို့ကိုယ်ကိုလူမျိုးခြားများလက် သို့ရောင်းချရကြသူ ယုဒအမျိုးသားညီ အစ်ကိုတို့အားတတ်နိုင်သမျှငါတို့ပြန် လည်ဝယ်ယူပြီးမှ ယခုသင်တို့က မိမိတို့ အမျိုးသားအချင်းချင်းပြန်လည်ရောင်း စားလျက်နေကြပါတကား'' ဟုဆိုသော အခါခေါင်းဆောင်များသည်ဆိတ်ဆိတ် နေကြ၏။ စကားတစ်ခွန်းကိုမျှပြန်၍ မပြောနိုင်ကြ။
၈တပါးအမျိုးသား တို့လက်၌ ကျွန် ခံသောငါ တို့ ညီအစ်ကို ယုဒ လူတို့ကို၊ ငါ တို့သည် တတ်နိုင် သမျှအတိုင်း ရွေးနှုတ် ပြီးမှ၊ သင် တို့သည် ညီအစ်ကို တို့ကို တဖန် ရောင်း ဦးမည်လော။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်း ခံရမည်လောဟုဆိုလျှင်၊ သူတို့သည် ပြန်ပြော စရာမ ရှိ ၊ တိတ်ဆိတ် စွာနေကြ၏။
9 ၉ ထိုနောက်ငါသည်သူတို့အား``သင်တို့ပြု သောအမှုသည်မကောင်းပါတကား။ ရန်သူ လူမျိုးခြားများသည်ငါတို့အားသရော် ခြင်းမှကင်းလွတ်စေရန် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကာသင်တို့မှန်ရာကိုလုပ် ဆောင်သင့်ကြသည်။-
၉ငါကလည်း ၊ သင် တို့ပြု သော အမှု မ ကောင်း ပါ တကား။ ငါ တို့ ရန်သူ ဖြစ်သော တပါးအမျိုးသား တို့သည် ငါတို့ကိုကဲ့ရဲ့ မည်ဟု စိုးရိမ်၍၊ ငါ တို့၏ ဘုရား သခင်ကို ကြောက်ရွံ့ သောစိတ်နှင့် သင်တို့ကျင့် သင့်သည် မ ဟုတ် လော။
10 ၁၀ ငါသည်ပြည်သူတို့အားငွေနှင့်ဂျုံစပါးကို ချေးငှားပါ၏။ ငါ၏အပေါင်းအဖော်များ နှင့်လုပ်သားများသည်လည်းဤနည်းအတိုင်း ပင်ပြုကြပါ၏။ ယခုငါတို့သည်ထိုအကြွေး များကိုပြန်လည်တောင်းခံမှုမပြုဘဲနေ ကြစို့။-
၁၀ငါ နှင့်ငါ့ ညီ ၊ ငါ့ ကျွန် တို့သည်လည်း ၊ လူများတို့၌ ငွေ နှင့် ဆန် စပါးကို ခွဲယူပိုင်သည်မဟုတ်လော။ အတိုး စား သော အမှုကို ပယ် ဖြတ်ကြပါလော့။
11 ၁၁ သူတို့ပေးဆပ်ရန်ရှိသော ငွေ၊ ဂျုံစပါး၊ စပျစ်ရည်၊ သံလွင်ဆီအကြွေးရှိသမျှ ကိုသင်ပုန်းချေလိုက်ကြစို့။ သူတို့၏လယ် များ၊ စပျစ်ဥယျာဉ်များ၊ သံလွင်ခြံများ နှင့်အိမ်များကိုယခုချက်ချင်းပြန်လည် ပေးအပ်လိုက်ကြစို့'' ဟုပြောကြား၏။
၁၁ယနေ့ ပင်သူ တို့လယ်ယာ ၊ စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်၊ အိမ် ရာကို၎င်း ၊ သူ တို့၌ ခွဲယူ ပြီးသော ငွေ ၊ ဆန် စပါး၊ စပျစ်ရည် ၊ ဆီ အချို့ကို၎င်း ပြန် ပေးကြပါလော့ ဟု ဆိုသော်၊
12 ၁၂ ခေါင်းဆောင်များက``အကျွန်ုပ်တို့သည်အရှင် ပြောဆိုသည့်အတိုင်းပြုပါမည်။ ထိုသူတို့ ၏ဥစ္စာပစ္စည်းများကိုပြန်လည်ပေးအပ်ကြ ပါမည်။ အကြွေးများကိုလည်းတောင်းခံမှု ပြုကြတော့မည်မဟုတ်ပါ'' ဟုပြန်ပြော ကြ၏။ ငါသည်ယဇ်ပုရောဟိတ်များကိုခေါ်ယူကာ သူတို့၏ရှေ့တွင်ခေါင်းဆောင်တို့အား မိမိတို့ ကတိအတိုင်းပြုလုပ်ကြရန်ကျိန်ဆိုစေ၏။-
၁၂သူတို့က ပြန် ပေးပါမည်။ ဘာမျှမ တောင်း မယူ ပါ။ ကိုယ်တော် မိန့် တော်မူသည်အတိုင်း ပြု ပါမည်ဟု ဝန်ခံ ကြ၏။ ထိုသို့ ယဇ် ပုရောဟိတ်တို့သည် ဂတိ ထား သည်အတိုင်း ပြု ရမည်အကြောင်း ၊ ငါသည် သူ တို့ကို ခေါ် ၍ ကျိန်ဆို စေပြီးမှ၊
13 ၁၃ ထိုနောက်ငါပတ်ထားသည့်ခါးစည်း ကိုချွတ်၍ခါပြီးလျှင်``ကတိမတည်သူသင် တို့ရှိသမျှကိုဘုရားသခင်သည်ဤသို့ ခါတော်မူလိမ့်မည်။ သင်တို့၏အိမ်များနှင့်သင် တို့ပိုင်ပစ္စည်းဥစ္စာဟူသမျှကိုသိမ်းယူတော် မူမည်ဖြစ်၍သင်တို့အတွက်အဘယ်အရာ မျှကျန်ရှိလိမ့်မည်မဟုတ်'' ဟုဆို၏။ ထိုအရပ်တွင်ရှိသောသူအပေါင်းတို့ က``အာမင်'' ဟုဝန်ခံပြီးလျှင်ထာဝရ ဘုရားကိုထောမနာပြုကြကုန်၏။ ထို နောက်ခေါင်းဆောင်တို့သည်မိမိတို့၏ ကတိအတိုင်းဆောင်ရွက်ကြလေသည်။
၁၃ကိုယ် ခါးပိုက် ကို ခါ လျက်၊ ဂတိ ပျက်သော သူ အပေါင်း တို့ကို ဘုရား သခင်သည် အိမ် တော်၊ အမှု တော်ထဲက ဤသို့ ခါ လိုက်တော်မူပါစေသော။ သူတို့သည် ဤသို့ ခါ ပစ်လိုက်ခြင်းကိုခံရကြပါစေဟုဆို၍ စည်းဝေး သောသူအပေါင်း တို့သည် အာမင် ဟု ဝန်ခံ၍ ထာဝရဘုရား ကို ချီးမွမ်း ကြ၏။ လူ များတို့သည်လည်း၊ ဂတိ ထား သည်အတိုင်း ပြု ကြ၏။
14 ၁၄ ယုဒဘုရင်ခံအဖြစ်နှင့်ငါတာဝန်ယူရ သည့်တစ်ဆယ့်နှစ်နှစ်အတောအတွင်းအာ တဇေရဇ်ဧကရာဇ်မင်း၏နန်းစံအနှစ် နှစ်ဆယ်မြောက်မှသုံးဆယ့်နှစ်နှစ်မြောက် တိုင်အောင် ငါနှင့်တကွငါ၏ဆွေမျိုးသား ချင်းတို့သည်ဘုရင်ခံအနေဖြင့်ငါရ သင့်ရထိုက်သည့်ရိက္ခာကိုမယူပါ။-
၁၄ထို မှတပါး ယုဒ မြို့ဝန် အရာကို ငါခံသောအချိန်၊ အာတဇေရဇ် မင်းကြီး နန်းစံနှစ် ဆယ်မှစ၍ သုံး ဆယ်နှစ် နှစ် တိုင်အောင် ၊ တဆယ် နှစ် နှစ် ပတ်လုံးငါ နှင့် ငါ့ ညီ တို့သည် မြို့ဝန် ရိက္ခါ ကိုမ စား။
15 ၁၅ ငါ၏အလျင်ဘုရင်ခံလုပ်ခဲ့သူတို့သည် ပြည်သူတို့အားဝန်လေးစေခဲ့ကြ၏။ သူ တို့ထံမှရိက္ခာနှင့်စပျစ်ရည်အတွက်တစ် နေ့လျှင် ငွေဒင်္ဂါးလေးဆယ်တောင်းယူခဲ့ ကြလေသည်။ ထိုဘုရင်ခံတို့၏အစေ အပါးများသည်ပင်လျှင်ပြည်သူတို့အား ညှဉ်းပန်းနှိပ်စက်ခဲ့ကြ၏။ ငါမူကား ဘုရားသခင်အားကြောက်ရွံ့ရိုသေသူ ဖြစ်သဖြင့်ထိုသို့မပြု။-
၁၅အရင် မြို့ဝန် တို့ကို လူ များတို့သည် ကျွေးရကြ၏။ မုန့် နှင့် စပျစ်ရည် ကို၎င်း၊ တနေ့လျှင် ငွေ လေး ဆယ်ကို၎င်းပေး ရကြ၏။ မင်း လုလင်၏ စေစား ခြင်းကိုလည်း ခံရကြ ၏။ ငါ မူကား ဘုရား သခင်ကို ကြောက်ရွံ့ သောကြောင့် ၊ အရင်မြို့ဝန်ကဲ့သို့မ ပြု။
16 ၁၆ ငါ့မှာရှိသမျှသောစွမ်းရည်ခွန်အားကိုမြို့ ရိုးတည်ဆောက်ရာတွင်အသုံးပြု၏။ ငါသည် အဘယ်လယ်မြေကိုမျှလည်းမဝယ်။ ငါ၏ အလုပ်သမားရှိသမျှသည်လည်းမြို့ရိုး တည်ဆောက်မှုတွင်ပါဝင်လုပ်ကိုင်ကြသည်။-
၁၆ထို မှတပါး၊ ငါသည် မြို့ရိုး ကိုအမြဲလုပ် ၍နေ၏။ ငါနှင့် ငါ့ ကျွန် တို့ သည်လယ်ယာ ကို မ ဝယ် ၊ မြို့ရိုးတည်ခြင်း အမှု ကိုသာ ဝိုင်းညီ ၍ ကြိုးစား ကြ၏။
17 ၁၇ ပတ်ဝန်းကျင်တိုင်းပြည်များမှငါ့ထံသို့ လာရောက်ကြသည့်လူများအပြင် ယုဒ အမျိုးသားများနှင့် သူတို့၏ခေါင်းဆောင် တစ်ရာ့ငါးဆယ်ကို ငါသည်ငါ့စားပွဲတွင် ပုံမှန်ကျွေးမွေး၏။-
၁၇ထိုမှတပါး၊ ပတ်ဝန်းကျင် ၌နေ၍ ငါ တို့ထံ သို့လာ သောတပါးအမျိုးသား ကို မဆိုဘဲ၊ ယုဒ အမျိုးသားတို့ နှင့် မင်း အရာရှိ တရာ ငါး ကျိပ်တို့သည် ငါ့ စားပွဲ ၌ စားသောက်မြဲရှိကြ၏။
18 ၁၈ ယင်းသို့ကျွေးမွေးရန်အတွက်နေ့စဉ်နေ့တိုင်း နွားတစ်ကောင်၊ လက်ရွေးစင်သိုးခြောက်ကောင် နှင့်ကြက်အမြောက်အမြားကိုချက်ပြုတ် ကျွေးမွေးသည်။ ထို့ပြင်ဆယ်ရက်တစ်ကြိမ် စပျစ်ရည်ကိုလည်းထုတ်ပေး၏။ သို့ရာတွင် ငါသည်ပြည်သူတို့ထမ်းရသောဝန်လေး ကြောင်းကိုသိသဖြင့် ဘုရင်ခံအနေဖြင့် ခံစားထိုက်သောရိက္ခာကြေးများကိုမ တောင်းခံပါ။
၁၈နေ့တိုင်း ငါ့စားပွဲကို နွား တကောင် ၊ ရွေး သော သိုး ခြောက် ကောင်၊ ကြက် များကို စီရင် ရ၏။ ဆယ် ရက် တခါများ စွာသော စပျစ်ရည် အမျိုးမျိုး ကိုလည်း တင်ရ၏။ ထိုမျှလောက်ကုန်သော်လည်း၊ လူ များတို့သည် ပင်ပန်း စွာ အမှု စောင့်ရသောကြောင့် ၊ မြို့ဝန် ၌ ရိက္ခာ ကို ငါမ တောင်း။
19 ၁၉ အို ဘုရားသခင်၊ ဤလူတို့အတွက်အကျွန်ုပ် ပြုခဲ့သမျှကိုသတိရ၍အကျွန်ုပ်အား ကျေးဇူးပြုတော်မူပါ။
၁၉အိုအကျွန်ုပ် ဘုရား သခင်၊ ဤ လူ တို့အဘို့ အကျွန်ုပ်ပြု သမျှ အတွက် အကျွန်ုပ် ကို အောက်မေ့ ၍ ကျေးဇူး ပြုတော်မူပါ။