< နေဟမိ 4 >
1 ၁ မြို့ရိုးကိုငါတို့ယုဒအမျိုးသားတို့ ပြန် လည်တည်ဆောက်လျက်ရှိကြကြောင်းကို သမ္ဘာလတ်ကြားသိသောအခါ လွန်စွာ အမျက်ထွက်၍ငါတို့အားပြက်ရယ် ပြုလေ၏။-
2 ၂ သူ၏အပေါင်းအဖော်များနှင့်ရှမာရိတပ် သားများရှေ့တွင်သူက``ဤအစွမ်းအစမရှိ သောယုဒအမျိုးသားတို့သည်မည်သို့ပြု ကြသနည်း။ သူတို့သည်ယေရုရှလင်မြို့ကို ပြန်လည်တည်ဆောက်ရန်ကြံရွယ်ကြသလော။ ယဇ်ပူဇော်ခြင်းအားဖြင့်ဤအမှုကိုနေ့ ချင်းပြီးစီးနိုင်မည်ဟုထင်မှတ်ကြသလော။ ကျွမ်းလောင်ထားသည့်အမှိုက်ပုံမှကျောက်တုံး များကိုထုတ်လုပ်နိုင်ကြမည်လော'' ဟုဆို၏။
3 ၃ သူ့အနီးတွင်ရပ်လျက်နေသောတောဘိက``သူ တို့သည်အဘယ်သို့သောမြို့ရိုးကိုတည်ဆောက် နိုင်ကြမည်နည်း။ သူတို့၏မြို့ရိုးသည်မြေခွေး တိုးမိလျှင်ပြိုကျလိမ့်မည်'' ဟုထောက်ခံ ပြောဆို၏။
4 ၄ ငါက``အို ဘုရားသခင်အကျွန်ုပ်တို့အား ထိုသူတို့အဘယ်သို့ပြက်ရယ်ပြုကြသည် ကိုနားထောင်တော်မူပါ။ သူတို့သည်မိမိ တို့ကဲ့ရဲ့ပြောဆိုသည့်စကားဖြင့်တန်ပြန် ထိကြပါစေသော။ သူတို့သည်မိမိတို့တွင် ရှိသမျှသောဥစ္စာပစ္စည်းများကိုအလု အယက်ခံရလျက် နိုင်ငံရပ်ခြားသို့ဖမ်း ဆီးခေါ်ဆောင်ခြင်းကိုခံရကြပါစေ သော။-
5 ၅ မြို့ရိုးကိုတည်ဆောက်လျက်နေသူအကျွန်ုပ် တို့အား သူတို့သည်စော်ကားကြသောကြောင့် သူတို့ပြုသောဒုစရိုက်ကိုခွင့်လွှတ်တော်မ မူပါနှင့်။ သူတို့၏အပြစ်များကိုမေ့တော် မမူပါနှင့်'' ဟုဆုတောင်းပတ္ထနာပြု၏။
6 ၆ သို့ဖြစ်၍ငါတို့သည်မြို့ရိုးကိုဆက်လက် တည်ဆောက်ကြရာ ဆောက်လုပ်သူတို့၏စိတ် အားထက်သန်မှုကြောင့် မကြာမီပင်မြို့ရိုး အမြင့်တစ်ဝက်တိုင်အောင်ပြီးလေ၏။
7 ၇ သမ္ဘာလတ်၊ တောဘိတို့မှစ၍၊ အာရပ်၊ အမ္မုန်၊ အာဇုတ်အမျိုးသားများသည်ယေရုရှလင် မြို့ကိုပြန်လည်တည်ဆောက်မှုတိုးတက်လျက် ရှိကြောင်း၊ မြို့ရိုးပြိုပျက်နေသည့်နေရာများ ကိုဖာထေးလျက်ရှိကြောင်းကိုကြားသိ ကြသဖြင့်လွန်စွာအမျက်ထွက်ကြ၏။-
8 ၈ သို့ဖြစ်၍သူတို့သည်ယေရုရှလင်မြို့သို့ လာရောက်တိုက်ခိုက်၍ မြို့ကိုကစဥ့်ကလျား ဖြစ်အောင်ပြုလုပ်ရန်တိုင်ပင်ကြံစည်ကြ၏။-
9 ၉ သို့ရာတွင်ငါတို့သည်ငါတို့၏ဘုရားသခင်ထံဆုတောင်းပတ္ထနာပြုလျက် ရန်သူ တို့၏ဘေးမှကာကွယ်ရန်နေ့ရောညဥ့်ပါ ကင်းစောင့်ထားကြ၏။
10 ၁၀ ယုဒပြည်သူတို့က``ငါတို့သည်သယ်ပိုး၍ ပင်ပန်းနွမ်းနယ်ကြလေပြီ။ သယ်ယူရန်အမှိုက်သရိုက်လည်းများစွာ ရှိသေးသဖြင့် အဘယ်သို့လျှင်ယနေ့မြို့ရိုးကိုငါတို့ တည်ဆောက်နိုင်ကြပါမည်နည်း'' ဟူသောသီချင်းကိုသီဆိုကြ၏။
11 ၁၁ ငါတို့၏ရန်သူများသည်ငါတို့မမြင် မသိနိုင်မီ ငါတို့အားဝင်ရောက်သတ်ဖြတ် ကာမြို့ရိုးတည်ဆောက်မှုကိုရပ်စဲစေရန် ကြံစည်ကြ၏။-
12 ၁၂ ရန်သူများအကြားတွင်နေထိုင်သူယုဒ အမျိုးသားတို့သည်ငါတို့ထံလာရောက် ပြီးလျှင် ငါတို့အားရန်သူတို့တိုက်ခိုက်ရန် အဘယ်သို့ကြံစည်လျက်ရှိကြောင်းကို အကြိမ်ပေါင်းများစွာသတိပေးကြ၏။-
13 ၁၃ သို့ဖြစ်၍ငါသည်ပြည်သူတို့အား ဋ္ဌား၊ လှံ၊ လေးလက်နက်များကိုစွဲကိုင်စေကာတည် ဆောက်၍မပြီးသေးသည့်မြို့ရိုးများ၏ နောက်တွင်သားချင်းစုအလိုက်နေရာ ယူစေ၏။
14 ၁၄ ငါသည်ပြည်သူတို့စိုးရိမ်ပူပန်လျက်နေ ကြသည်ကိုမြင်သဖြင့် သူတို့နှင့်တကွ သူတို့၏ခေါင်းဆောင်များနှင့်အုပ်ချုပ်ရေး မှူးများအား``ငါတို့၏ရန်သူများကိုမ ကြောက်ကြနှင့်။ ထာဝရဘုရားသည်အ ဘယ်မျှကြီးမြတ်တော်မူ၍ကြောက်မက် ဖွယ်ကောင်းသည်ကိုသတိရလျက်သင်တို့ ၏ညီအစ်ကိုသားမယားအိမ်ရာများ အတွက်တိုက်ပွဲဝင်ကြလော့'' ဟုနှိုးဆော်၏။-
15 ၁၅ ရန်သူများသည်မိမိတို့အကြံအစည်ကို ငါတို့သိရှိသွားကြောင်းကြားကြသော အခါ သူတို့၏အကြံအစည်ကိုဘုရားသခင်ပယ်ဖျက်တော်မူပြီဖြစ်ကြောင်းရိပ် မိကြ၏။ ထိုနောက်ငါတို့ရှိသမျှသည်မြို့ ရိုးကိုဆက်လက်တည်ဆောက်ကြလေသည်။
16 ၁၆ ထိုအချိန်မှအစပြု၍ငါ၏လူစုတစ်ဝက် သည်အလုပ်လုပ်၍ကျန်တစ်ဝက်ကလှံ၊ ဒိုင်း လွှား၊ လေးတို့ကိုကိုင်ဆောင်ကာသံချပ်အင်္ကျီ များကိုဝတ်ဆင်ပြီးလျှင်ကင်းစောင့်ရကြ လေသည်။ ငါတို့၏ခေါင်းဆောင်များသည်မြို့ ရိုးပြန်လည်တည်ဆောက်လျက်နေသူယုဒ အမျိုးသားတို့အားထောက်ခံအားပေး ကြ၏။-
17 ၁၇ ဆောက်လုပ်ရေးပစ္စည်းများကိုသယ်ယူသူတို့ သည်ပင်လျှင်လက်တစ်ဖက်ဖြင့်သယ်ယူ၍ အခြားလက်တစ်ဖက်ဖြင့်လက်နက်ကိုစွဲ ကိုင်ထားကြ၏။-
18 ၁၈ တည်ဆောက်သောသူအပေါင်းတို့သည်လည်း ခါးတွင်ဋ္ဌားကိုဆွဲလျက်တည်ဆောက်ကြ၏။ ဘေးအန္တရာယ်အချက်ပေးရန်တံပိုးခရာ မှုတ်ရမည့်သူသည်ငါ၏အနီးတွင်ရပ် လျက်နေ၏။-
19 ၁၉ ငါသည်ပြည်သူများ၊ သူတို့၏အုပ်ချုပ်ရေး မှူးများနှင့်ခေါင်းဆောင်များအား``ငါတို့၏ အလုပ်သည်ပြန့်ကျဲ၍နေသဖြင့်ငါတို့ သည်မြို့ရိုးပေါ်တွင်တစ်ဦးနှင့်တစ်ဦး အလှမ်းဝေးစွာအလုပ်လုပ်ရကြ၏။-
20 ၂၀ ဘေးအန္တရာယ်အချက်ပေးတံပိုးခရာမှုတ် သံကိုကြားလျှင် သင်တို့သည်ငါ့ထံသို့လာ ရောက်စုရုံးကြလော့။ ငါတို့၏ဘုရားသခင် သည်ငါတို့ဘက်မှနေ၍တိုက်ခိုက်တော်မူ လိမ့်မည်'' ဟုမှာကြားထား၏။-
21 ၂၁ သို့ဖြစ်၍နေ့စဉ်နေ့တိုင်းနေအရုဏ်တက်ချိန် မှညဥ့်အခါကြယ်ပေါ်ချိန်တိုင်အောင် ငါတို့ လူစုတစ်ဝက်သည်မြို့ရိုးကိုတည်ဆောက်၍ အခြားတစ်ဝက်ကလှံများကိုကိုင်ဆောင် ကာကင်းစောင့်ကြလေသည်။
22 ၂၂ ထိုအခါ၌ငါက``ငါတို့သည်ညဥ့်အခါ မြို့ကိုကင်းစောင့်၍နေ့အခါအလုပ်လုပ် နိုင်ကြစေရန် သင်တို့နှင့်သင်တို့အားကူညီ သူရှိသမျှတို့သည်ညဥ့်အခါယေရု ရှလင်မြို့တွင်အိပ်ရမည်'' ဟုတာဝန် ရှိသူတို့အားဆို၏။-
23 ၂၃ ငါသည်ညဥ့်အခါ၌ငါ၏အဝတ်များကို မချွတ်။ ငါ၏အပေါင်းအဖော်များ၊အစေခံ များနှင့်ကိုယ်ရံများသည်လည်းသူတို့၏ အဝတ်များကိုမချွတ်ရကြ။ ငါတို့အားလုံး ပင်မိမိတို့၏လက်နက်များကိုအနီးတွင် ထားရှိရကြ၏။