< နေဟမိ 4 >

1 မြို့​ရိုး​ကို​ငါ​တို့​ယု​ဒ​အ​မျိုး​သား​တို့ ပြန် လည်​တည်​ဆောက်​လျက်​ရှိ​ကြ​ကြောင်း​ကို သမ္ဘာ​လတ်​ကြား​သိ​သော​အ​ခါ လွန်​စွာ အ​မျက်​ထွက်​၍​ငါ​တို့​အား​ပြက်​ရယ် ပြု​လေ​၏။-
Quando Sanballàt seppe che noi edificavamo le mura, si adirò, si indignò molto, si fece beffe dei Giudei
2 သူ​၏​အ​ပေါင်း​အ​ဖော်​များ​နှင့်​ရှ​မာ​ရိ​တပ် သား​များ​ရှေ့​တွင်​သူ​က``ဤ​အ​စွမ်း​အ​စ​မ​ရှိ သော​ယု​ဒ​အ​မျိုး​သား​တို့​သည်​မည်​သို့​ပြု ကြ​သ​နည်း။ သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ပြန်​လည်​တည်​ဆောက်​ရန်​ကြံ​ရွယ်​ကြ​သ​လော။ ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့်​ဤ​အ​မှု​ကို​နေ့ ချင်း​ပြီး​စီး​နိုင်​မည်​ဟု​ထင်​မှတ်​ကြ​သ​လော။ ကျွမ်း​လောင်​ထား​သည့်​အမှိုက်​ပုံ​မှ​ကျောက်​တုံး များ​ကို​ထုတ်​လုပ်​နိုင်​ကြ​မည်​လော'' ဟု​ဆို​၏။
e disse in presenza dei suoi fratelli e dei soldati di Samaria: «Che vogliono fare questi miserabili Giudei? Rifarsi le mura e farvi subito sacrifici? Vogliono finire in un giorno? Vogliono far rivivere pietre sepolte sotto mucchi di polvere e consumate dal fuoco?».
3 သူ့​အ​နီး​တွင်​ရပ်​လျက်​နေ​သော​တော​ဘိ​က``သူ တို့​သည်​အ​ဘယ်​သို့​သော​မြို့​ရိုး​ကို​တည်​ဆောက် နိုင်​ကြ​မည်​နည်း။ သူ​တို့​၏​မြို့​ရိုး​သည်​မြေ​ခွေး တိုး​မိ​လျှင်​ပြို​ကျ​လိမ့်​မည်'' ဟု​ထောက်​ခံ ပြော​ဆို​၏။
Tobia l'Ammonita, che gli stava accanto, disse: «Edifichino pure! Se una volpe vi salta su, farà crollare il loro muro di pietra!».
4 ငါ​က``အို ဘု​ရား​သ​ခင်​အ​ကျွန်ုပ်​တို့​အား ထို​သူ​တို့​အ​ဘယ်​သို့​ပြက်​ရယ်​ပြု​ကြ​သည် ကို​နား​ထောင်​တော်​မူ​ပါ။ သူ​တို့​သည်​မိ​မိ တို့​ကဲ့​ရဲ့​ပြော​ဆို​သည့်​စ​ကား​ဖြင့်​တန်​ပြန် ထိ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​မိ​မိ​တို့​တွင် ရှိ​သ​မျှ​သော​ဥစ္စာ​ပစ္စည်း​များ​ကို​အ​လု အ​ယက်​ခံ​ရ​လျက် နိုင်​ငံ​ရပ်​ခြား​သို့​ဖမ်း ဆီး​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​ပါ​စေ သော။-
Ascolta, Dio nostro, come siamo disprezzati! Fà ricadere sul loro capo il loro dileggio e abbandonali al saccheggio in un paese di schiavitù!
5 မြို့​ရိုး​ကို​တည်​ဆောက်​လျက်​နေ​သူ​အ​ကျွန်ုပ် တို့​အား သူ​တို့​သည်​စော်​ကား​ကြ​သော​ကြောင့် သူ​တို့​ပြု​သော​ဒု​စ​ရိုက်​ကို​ခွင့်​လွှတ်​တော်​မ မူ​ပါ​နှင့်။ သူ​တို့​၏​အ​ပြစ်​များ​ကို​မေ့​တော် မ​မူ​ပါ​နှင့်'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။
Non coprire la loro iniquità e non sia cancellato dalla tua vista il loro peccato, perché hanno offeso i costruttori.
6 သို့​ဖြစ်​၍​ငါ​တို့​သည်​မြို့​ရိုး​ကို​ဆက်​လက် တည်​ဆောက်​ကြ​ရာ ဆောက်​လုပ်​သူ​တို့​၏​စိတ် အား​ထက်​သန်​မှု​ကြောင့် မ​ကြာ​မီ​ပင်​မြို့​ရိုး အ​မြင့်​တစ်​ဝက်​တိုင်​အောင်​ပြီး​လေ​၏။
Noi dunque andavamo ricostruendo le mura che furono dappertutto portate fino a metà altezza; il popolo aveva preso a cuore il lavoro.
7 သမ္ဘာ​လတ်၊ တော​ဘိ​တို့​မှ​စ​၍၊ အာ​ရပ်၊ အမ္မုန်၊ အာ​ဇုတ်​အ​မျိုး​သား​များ​သည်​ယေ​ရု​ရှ​လင် မြို့​ကို​ပြန်​လည်​တည်​ဆောက်​မှု​တိုး​တက်​လျက် ရှိ​ကြောင်း၊ မြို့​ရိုး​ပြို​ပျက်​နေ​သည့်​နေ​ရာ​များ ကို​ဖာ​ထေး​လျက်​ရှိ​ကြောင်း​ကို​ကြား​သိ ကြ​သ​ဖြင့်​လွန်​စွာ​အ​မျက်​ထွက်​ကြ​၏။-
Ma quando Sanballàt, Tobia, gli Arabi, gli Ammoniti e gli Asdoditi seppero che la riparazione delle mura di Gerusalemme progrediva e che le brecce cominciavano a chiudersi, si adirarono molto
8 သို့​ဖြစ်​၍​သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့ လာ​ရောက်​တိုက်​ခိုက်​၍ မြို့​ကို​က​စဥ့်​က​လျား ဖြစ်​အောင်​ပြု​လုပ်​ရန်​တိုင်​ပင်​ကြံ​စည်​ကြ​၏။-
e tutti assieme congiurarono di venire ad attaccare Gerusalemme e crearvi confusione.
9 သို့​ရာ​တွင်​ငါ​တို့​သည်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက် ရန်​သူ တို့​၏​ဘေး​မှ​ကာ​ကွယ်​ရန်​နေ့​ရော​ညဥ့်​ပါ ကင်း​စောင့်​ထား​ကြ​၏။
Allora noi pregammo il nostro Dio e contro di loro mettemmo sentinelle di giorno e di notte per difenderci dai loro attacchi.
10 ၁၀ ယု​ဒ​ပြည်​သူ​တို့​က``ငါ​တို့​သည်​သယ်​ပိုး​၍ ပင်​ပန်း​နွမ်း​နယ်​ကြ​လေ​ပြီ။ သယ်​ယူ​ရန်​အ​မှိုက်​သ​ရိုက်​လည်း​များ​စွာ ရှိ​သေး​သ​ဖြင့် အ​ဘယ်​သို့​လျှင်​ယ​နေ့​မြို့​ရိုး​ကို​ငါ​တို့ တည်​ဆောက်​နိုင်​ကြ​ပါ​မည်​နည်း'' ဟူ​သော​သီ​ချင်း​ကို​သီ​ဆို​ကြ​၏။
Quelli di Giuda dicevano: «Le forze dei portatori vengono meno e le macerie sono molte; noi non potremo costruire le mura!».
11 ၁၁ ငါ​တို့​၏​ရန်​သူ​များ​သည်​ငါ​တို့​မ​မြင် မ​သိ​နိုင်​မီ ငါ​တို့​အား​ဝင်​ရောက်​သတ်​ဖြတ် ကာ​မြို့​ရိုး​တည်​ဆောက်​မှု​ကို​ရပ်​စဲ​စေ​ရန် ကြံ​စည်​ကြ​၏။-
I nostri avversari dicevano: «Senza che s'accorgano di nulla, noi piomberemo in mezzo a loro, li uccideremo e faremo cessare i lavori».
12 ၁၂ ရန်​သူ​များ​အ​ကြား​တွင်​နေ​ထိုင်​သူ​ယု​ဒ အ​မျိုး​သား​တို့​သည်​ငါ​တို့​ထံ​လာ​ရောက် ပြီး​လျှင် ငါ​တို့​အား​ရန်​သူ​တို့​တိုက်​ခိုက်​ရန် အ​ဘယ်​သို့​ကြံ​စည်​လျက်​ရှိ​ကြောင်း​ကို အ​ကြိမ်​ပေါင်း​များ​စွာ​သ​တိ​ပေး​ကြ​၏။-
Poiché i Giudei che dimoravano vicino a loro vennero a riferirci dieci volte: «Da tutti i luoghi ai quali vi volgete, essi saranno contro di noi»,
13 ၁၃ သို့​ဖြစ်​၍​ငါ​သည်​ပြည်​သူ​တို့​အား ဋ္ဌား၊ လှံ၊ လေး​လက်​နက်​များ​ကို​စွဲ​ကိုင်​စေ​ကာ​တည် ဆောက်​၍​မ​ပြီး​သေး​သည့်​မြို့​ရိုး​များ​၏ နောက်​တွင်​သား​ချင်း​စု​အ​လိုက်​နေ​ရာ ယူ​စေ​၏။
io, nelle parti sottostanti a ciascun posto oltre le mura, in luoghi scoperti, disposi il popolo per famiglie, con le loro spade, le loro lance, i loro archi.
14 ၁၄ ငါ​သည်​ပြည်​သူ​တို့​စိုး​ရိမ်​ပူ​ပန်​လျက်​နေ ကြ​သည်​ကို​မြင်​သ​ဖြင့် သူ​တို့​နှင့်​တ​ကွ သူ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​အုပ်​ချုပ်​ရေး မှူး​များ​အား``ငါ​တို့​၏​ရန်​သူ​များ​ကို​မ ကြောက်​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်​အ ဘယ်​မျှ​ကြီး​မြတ်​တော်​မူ​၍​ကြောက်​မက် ဖွယ်​ကောင်း​သည်​ကို​သ​တိ​ရ​လျက်​သင်​တို့ ၏​ညီ​အစ်​ကို​သား​မ​ယား​အိမ်​ရာ​များ အ​တွက်​တိုက်​ပွဲ​ဝင်​ကြ​လော့'' ဟု​နှိုး​ဆော်​၏။-
Dopo aver considerato la cosa, mi alzai e dissi ai notabili, ai magistrati e al resto del popolo: «Non li temete! Ricordatevi del Signore grande e tremendo; combattete per i vostri fratelli, per i vostri figli e le vostre figlie, per le vostre mogli e per le vostre case!».
15 ၁၅ ရန်​သူ​များ​သည်​မိ​မိ​တို့​အ​ကြံ​အ​စည်​ကို ငါ​တို့​သိ​ရှိ​သွား​ကြောင်း​ကြား​ကြ​သော အ​ခါ သူ​တို့​၏​အ​ကြံ​အ​စည်​ကို​ဘု​ရား​သ​ခင်​ပယ်​ဖျက်​တော်​မူ​ပြီ​ဖြစ်​ကြောင်း​ရိပ် မိ​ကြ​၏။ ထို​နောက်​ငါ​တို့​ရှိ​သ​မျှ​သည်​မြို့ ရိုး​ကို​ဆက်​လက်​တည်​ဆောက်​ကြ​လေ​သည်။
Quando i nostri nemici vennero a sapere che eravamo informati della cosa, Dio fece fallire il loro disegno e noi tutti tornammo alle mura, ognuno al suo lavoro.
16 ၁၆ ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ငါ​၏​လူ​စု​တစ်​ဝက် သည်​အ​လုပ်​လုပ်​၍​ကျန်​တစ်​ဝက်​က​လှံ၊ ဒိုင်း လွှား၊ လေး​တို့​ကို​ကိုင်​ဆောင်​ကာ​သံ​ချပ်​အင်္ကျီ များ​ကို​ဝတ်​ဆင်​ပြီး​လျှင်​ကင်း​စောင့်​ရ​ကြ လေ​သည်။ ငါ​တို့​၏​ခေါင်း​ဆောင်​များ​သည်​မြို့ ရိုး​ပြန်​လည်​တည်​ဆောက်​လျက်​နေ​သူ​ယု​ဒ အ​မျိုး​သား​တို့​အား​ထောက်​ခံ​အား​ပေး ကြ​၏။-
Da quel giorno la metà dei miei giovani lavorava e l'altra metà stava armata di lance, di scudi, di archi, di corazze; i capi erano dietro tutta la casa di Giuda.
17 ၁၇ ဆောက်​လုပ်​ရေး​ပစ္စည်း​များ​ကို​သယ်​ယူ​သူ​တို့ သည်​ပင်​လျှင်​လက်​တစ်​ဖက်​ဖြင့်​သယ်​ယူ​၍ အ​ခြား​လက်​တစ်​ဖက်​ဖြင့်​လက်​နက်​ကို​စွဲ ကိုင်​ထား​ကြ​၏။-
Quelli che costruivano le mura e quelli che portavano o caricavano i pesi, con una mano lavoravano e con l'altra tenevano la loro arma;
18 ၁၈ တည်​ဆောက်​သော​သူ​အ​ပေါင်း​တို့​သည်​လည်း ခါး​တွင်​ဋ္ဌား​ကို​ဆွဲ​လျက်​တည်​ဆောက်​ကြ​၏။ ဘေး​အန္တ​ရာယ်​အ​ချက်​ပေး​ရန်​တံပိုး​ခ​ရာ မှုတ်​ရ​မည့်​သူ​သည်​ငါ​၏​အ​နီး​တွင်​ရပ် လျက်​နေ​၏။-
tutti i costruttori, lavorando, portavano ciascuno la spada cinta ai fianchi. Il trombettiere stava accanto a me.
19 ၁၉ ငါ​သည်​ပြည်​သူ​များ၊ သူ​တို့​၏​အုပ်​ချုပ်​ရေး မှူး​များ​နှင့်​ခေါင်း​ဆောင်​များ​အား``ငါ​တို့​၏ အ​လုပ်​သည်​ပြန့်​ကျဲ​၍​နေ​သ​ဖြင့်​ငါ​တို့ သည်​မြို့​ရိုး​ပေါ်​တွင်​တစ်​ဦး​နှင့်​တစ်​ဦး အ​လှမ်း​ဝေး​စွာ​အ​လုပ်​လုပ်​ရ​ကြ​၏။-
Dissi allora ai notabili, ai magistrati e al resto del popolo: «L'opera è grande ed estesa e noi siamo sparsi sulle mura e distanti l'uno dall'altro.
20 ၂၀ ဘေး​အန္တ​ရာယ်​အ​ချက်​ပေး​တံ​ပိုး​ခ​ရာ​မှုတ် သံ​ကို​ကြား​လျှင် သင်​တို့​သည်​ငါ့​ထံ​သို့​လာ ရောက်​စု​ရုံး​ကြ​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင် သည်​ငါ​တို့​ဘက်​မှ​နေ​၍​တိုက်​ခိုက်​တော်​မူ လိမ့်​မည်'' ဟု​မှာ​ကြား​ထား​၏။-
Dovunque udirete il suono della tromba, raccoglietevi presso di noi; il nostro Dio combatterà per noi».
21 ၂၁ သို့​ဖြစ်​၍​နေ့​စဉ်​နေ့​တိုင်း​နေ​အ​ရုဏ်​တက်​ချိန် မှ​ညဥ့်​အ​ခါ​ကြယ်​ပေါ်​ချိန်​တိုင်​အောင် ငါ​တို့ လူ​စု​တစ်​ဝက်​သည်​မြို့​ရိုး​ကို​တည်​ဆောက်​၍ အ​ခြား​တစ်​ဝက်​က​လှံ​များ​ကို​ကိုင်​ဆောင် ကာ​ကင်း​စောင့်​ကြ​လေ​သည်။
Così continuavamo i lavori, mentre la metà della mia gente teneva impugnata la lancia, dall'apparire dell'alba allo spuntar delle stelle.
22 ၂၂ ထို​အ​ခါ​၌​ငါ​က``ငါ​တို့​သည်​ညဥ့်​အ​ခါ မြို့​ကို​ကင်း​စောင့်​၍​နေ့​အ​ခါ​အ​လုပ်​လုပ် နိုင်​ကြ​စေ​ရန် သင်​တို့​နှင့်​သင်​တို့​အား​ကူ​ညီ သူ​ရှိ​သ​မျှ​တို့​သည်​ညဥ့်​အ​ခါ​ယေ​ရု ရှ​လင်​မြို့​တွင်​အိပ်​ရ​မည်'' ဟု​တာ​ဝန် ရှိ​သူ​တို့​အား​ဆို​၏။-
Anche in quell'occasione dissi al popolo: «Ognuno con il suo aiutante passi la notte dentro Gerusalemme, per far con noi la guardia durante la notte e riprendere il lavoro di giorno».
23 ၂၃ ငါ​သည်​ညဥ့်​အ​ခါ​၌​ငါ​၏​အ​ဝတ်​များ​ကို မ​ချွတ်။ ငါ​၏​အ​ပေါင်း​အ​ဖော်​များ၊အ​စေ​ခံ များ​နှင့်​ကိုယ်​ရံ​များ​သည်​လည်း​သူ​တို့​၏ အဝတ်​များ​ကို​မ​ချွတ်​ရ​ကြ။ ငါ​တို့​အား​လုံး ပင်​မိ​မိ​တို့​၏​လက်​နက်​များ​ကို​အ​နီး​တွင် ထား​ရှိ​ရ​ကြ​၏။
Io poi, i miei fratelli, i miei servi e gli uomini di guardia che mi seguivano, non ci togliemmo mai le vesti; ognuno teneva l'arma a portata di mano.

< နေဟမိ 4 >