< နေဟမိ 3 >
1 ၁ မြို့ရိုးကိုပြန်လည်တည်ဆောက်ကြပုံကား ဤ သို့တည်း။ ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်နှင့်သူ၏ အဖော်ယဇ်ပုရောဟိတ်တို့သည် သိုးတံခါး ကိုပြန်လည်တည်ဆောက်၍ဆက်ကပ်ပြီး လျှင် တံခါးရွက်များကိုတပ်ဆင်ကြ၏။ သူတို့သည်မြို့ရိုးကိုရာပြည့်ပြအိုးနှင့် ဟာနနေလပြအိုးတိုင်အောင်ဆက်ကပ် ကြ၏။
Or Eliasib, le grand prêtre, se leva, et ses frères, les prêtres, et ils bâtirent la porte du troupeau; eux-mêmes la sanctifièrent, en établirent les battants et la sanctifièrent jusqu’à la tour de cent coudées, jusqu’à la tour Hananéel.
2 ၂ ယေရိခေါမြို့သားတို့သည်မြို့ရိုးနောက် တစ်ပိုင်းကိုတည်ဆောက်ကြ၍၊ ဣမရိ၏သားဇက္ကုရသည် နောက်ထပ်တစ် ပိုင်းကိုတည်ဆောက်လေသည်။
Et près de lui bâtirent les hommes de Jéricho; près de lui aussi bâtit Zachur, fils d’Amri.
3 ၃ ဟဿေနာသားချင်းစုသည်ငါးတံခါးကို တည်ဆောက်ပြီးလျှင်တံခါးထုပ်များ၊ တံခါး ရွက်များ၊ တံခါးပိတ်ရန်မင်းတုပ်များနှင့် ကန့်လန့်ကျင်တို့ကိုတပ်ဆင်ကြ၏။
Quant à la porte des Poissons, ce sont les fils d’Asnaa qui la bâtirent; eux-mêmes la couvrirent, et en établirent les battants, les serrures et verrous, et près d’eux bâtirent Marimuth, fils d’Urie, et les fils de Accus.
4 ၄ မြို့ရိုးနောက်တစ်ပိုင်းကိုဟက္ကု၏မြေး၊ ဥရိယ၏သားမေရမုတ်တည်ဆောက်၍၊ နောက်ထပ်တစ်ပိုင်းကိုမေရှဇဗေလ၏မြေး၊ ဗေရခိ၏သားမေရှုလံတည်ဆောက်လေ သည်။ နောက်တစ်ပိုင်းကိုဗာနာ၏သားဇာဒုတ် တည်ဆောက်၏။
Près de lui bâtit Mosollam, fils de Barachias, fils de Mésézébel; et près d’eux bâtit Sadoc, fils de Baana.
5 ၅ နောက်ထပ်တစ်ပိုင်းကိုတေကောမြို့သားတို့ တည်ဆောက်ကြလေသည်။ သို့ရာတွင်မြို့၏ အကြီးအကဲများကမူ မိမိတို့အားကြီး ကြပ်သူတို့ပေးအပ်သည့်ကာယအလုပ် ကိုငြင်းဆန်ကြ၏။
Et près d’eux bâtirent les Thécuens; mais les grands d’entre eux ne soumirent pas leurs cœurs dans l’ouvrage de leur Seigneur.
6 ၆ ပါသာ၏သားယောယဒနှင့်ဗေသောဒေယ ၏သားမေရှုလံတို့သည်ယေရှာနာတံခါး ကိုပြန်လည်တည်ဆောက်ကြပြီးလျှင်တံခါး ထုပ်များ၊ တံခါးရွက်များ၊ တံခါးပိတ်ရန်မင်း တုပ်များနှင့်ကန့်လန့်ကျင်တို့ကိုတပ်ဆင် ကြ၏။
Mais la porte ancienne, ce sont Joïada, fils de Phaséa, et Mosollam, fils de Bésodia, qui la bâtirent; eux-mêmes la couvrirent, et en établirent les portes, les serrures et les verrous.
7 ၇ မြို့ရိုးနောက်တစ်ပိုင်းကိုဂိဗောင်မြို့သားမေ လတိ၊ မေရောနုတ်မြို့သားယာဒုန်နှင့်ဂိဗောင် မြို့သား၊ မိဇပါမြို့သားတို့ကဥဖရတ်မြစ် အနောက်ဘက်ပြည်နယ်ဘုရင်ခံ၏အိမ်တော် တိုင်အောင်တည်ဆောက်ကြ၏။
Et près d’eux bâtirent Meltias le Gabaonite, et Jadon le Méronathite, hommes de Gabaon et de Maspha, pour le chef qui était dans la contrée au-delà du fleuve.
8 ၈ နောက်တစ်ပိုင်းကိုဟာဟာယ၏သား၊ ပန်း ထိမ်သမားသြဇေလတည်ဆောက်၍ နောက် တစ်ပိုင်းကိုမြို့ရိုးကျယ်တိုင်အောင်နံ့သာ ဆီထုတ်လုပ်သူဟာနနိတည်ဆောက်လေ သည်။
Et près de lui bâtit Eziel, fils d’Araïa, orfèvre; et près de lui bâtit Ananias, fils du parfumeur; et ils laissèrent Jérusalem jusqu’au mur de la rue large.
9 ၉ ဟုရ၏သား၊ ယေရုရှလင်နယ်တစ်ပိုင်းကို အုပ်ချုပ်ရသူ ရေဖာယသည်မြို့ရိုးနောက် တစ်ပိုင်းကိုတည်ဆောက်၏။
Et près de lui bâtit Raphaïa, fils de Hur, prince d’un bourg de Jérusalem.
10 ၁၀ ဟာရုမပ်၏သားယေဒါယသည်မိမိနေ အိမ်အနီးရှိမြို့ရိုးတစ်ပိုင်းကိုတည်ဆောက်၍၊ ဟာရှဗာနိ၏သားဟတ္တုတ်သည်နောက်တစ် ပိုင်းကိုတည်ဆောက်လေသည်။
Et près de lui bâtit Jédaïa, fils d’Haromaph, contre sa maison; et près de lui bâtit Hattus, fils d’Hasébonia.
11 ၁၁ ဟာရိမ်၏သားမာလခိယနှင့်ပါတတ်မောဘ ၏သားဟာရှုတ်တို့သည် မြို့ရိုးနောက်တစ်ပိုင်း နှင့်မုန့်ဖိုပြအိုးကိုတည်ဆောက်ကြ၏။
Melchias, fils de Hérem, et Hasub, fils de Phahath-Moab, bâtirent la moitié de la rue et la tour des fours.
12 ၁၂ ဟာလောဟတ်၏သား၊ ယေရုရှလင်နယ်ကျန် တစ်ဝက်ကိုအုပ်ချုပ်ရသူရှလ္လုံသည် နောက်တစ် ပိုင်းကိုတည်ဆောက်၏။ (တည်ဆောက်မှုတွင် သူ၏သမီးများကဝိုင်းဝန်းကူညီကြ လေသည်။)
Et près de lui bâtit Sellum, fils d’Alohès, prince de la moitié d’un bourg de Jérusalem, lui et ses filles.
13 ၁၃ ဟာနုန်နှင့်ဇာနောမြို့သားတို့သည် ချိုင့် တံခါးကိုပြန်လည်တည်ဆောက်ပြီးလျှင် တံခါးရွက်များ၊ တံခါးပိတ်ရန်မင်းတုပ် များနှင့်ကန့်လန့်ကျင်များကိုတပ်ဆင်ကြ၏။ ထို့နောက်မြို့ရိုးပေတစ်ထောင့်ငါးရာကို အမှိုက်ပုံတံခါးတိုင်အောင်ပြင်ဆင်ကြ၏။
Pour la porte de la vallée, Hanum la bâtit avec les habitants de Zanoé: eux-mêmes la bâtirent et en établirent les battants, les serrures, les verrous, et mille coudées dans le mur jusqu’à la porte du fumier.
14 ၁၄ ရေခပ်၏သားဗေသက္ကရင်နယ်ကိုအုပ်ချုပ်ရ သူမာလခိယသည် အမှိုက်ပုံတံခါးကိုပြန် လည်တည်ဆောက်၍တံခါးရွက်များ၊ မင်းတုပ် များနှင့်ကန့်လန့်ကျင်များကိုတပ်ဆင်လေ သည်။
Mais la porte du fumier, Melchias, fils de Réchab, prince du bourg de Bethacharam, la bâtit; lui-même la bâtit, et en établit les battants, les serrures et les verrous.
15 ၁၅ ကောလဟောဇ၏သား၊ မိဇပါနယ်ကိုအုပ် ချုပ်ရသူရှလ္လုံသည် စမ်းရေတွင်းတံခါးကို ပြန်လည်တည်ဆောက်ကာအမိုးမိုး၍တံခါး ရွက်များ၊ မင်းတုပ်များနှင့်ကန့်လန့်ကျင် များကိုတပ်ဆင်၏။ သူသည်ဘုရင်ဥယျာဉ် အနီး၊ ရှိလောင်ရေကန်မြို့ရိုးကိုဒါဝိဒ်မြို့ တော်လှေကားတိုင်အောင်တည်ဆောက်လေ သည်။
Et la porte de la fontaine, Sellum, fils de Cholhoza, prince du village de Maspha, la bâtit; lui-même la bâtit, la couvrit et en établit les battants, les serrures et les verrous, ainsi que les murs de la piscine de Siloé, jusqu’au jardin du roi, et jusqu’aux degrés qui descendent de la cité de David.
16 ၁၆ အာဇဗုတ်၏သားဗက်ဇုရနယ်တစ်ဝက် ကိုအုပ်ချုပ်ရသူနေဟမိသည် မြို့ရိုးနောက် တစ်ပိုင်းကိုဒါဝိဒ်သင်္ချိုင်း၊ ရေကန်နှင့်စစ် တန်းလျားများတိုင်အောင်ဆောက်လုပ်၏။
Après lui bâtit Néhémias, fils d’Azboc, prince de la moitié du bourg de Bethsur, jusqu’en face du sépulcre de David, jusqu’à la piscine qui a été construite avec un grand travail, et jusqu’à la maison des forts.
17 ၁၇ အောက်ပါလေဝိအနွယ်ဝင်တို့သည် မြို့ရိုး တည်ဆောက်မှုတွင်ပါဝင်ကူညီကြလေ သည်။ ဗာနိ၏သားရေဟုံသည်မြို့ရိုးနောက်တစ် ပိုင်းကိုတည်ဆောက်၍၊ ကိလနယ်တစ်ဝက်ကိုအုပ်ချုပ်ရသူဟာ ရှဘိသည် နောက်တစ်ပိုင်းကိုမိမိနယ်ကိုယ် စားတည်ဆောက်၏။
Après lui bâtirent les Lévites, Réhem, fils de Benni; après lui bâtit Hasébias, prince de la moitié du bourg de Céila, dans son bourg.
18 ၁၈ နောက်တစ်ပိုင်းကိုဟေနဒဒ်၏သား၊ ကိလ နယ်အခြားတစ်ဝက်ကိုအုပ်ချုပ်ရသူ ဗာဝဲတည်ဆောက်၏။
Après lui bâtirent leurs frères, Bavaï, fils d’Enadad, prince de la moitié de Céila.
19 ၁၉ ယောရှ၏သား၊ မိဇပါမြို့ကိုအုပ်ချုပ်ရသူ ဧဇေရသည် လက်နက်တိုက်ရှေ့ရှိမြို့ရိုးကို မြို့ထောင့်တိုင်အောင်တည်ဆောက်လေသည်။
Et près de lui Azer, fils de Josué, prince de Maspha, bâtit la seconde mesure contre la montée de l’angle le plus fort.
20 ၂၀ နောက်တစ်ပိုင်းကိုဇဗ္ဗဲ၏သားဗာရုတ်သည် ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်၏အိမ် တော်အဝင်ဝတိုင်အောင်တည်ဆောက်၏။
Après lui, Baruch, fils de Zachaï, bâtit la seconde mesure sur la montagne, depuis l’angle jusqu’à la porte de la maison d’Eliasib, le grand prêtre.
21 ၂၁ နောက်တစ်ပိုင်းကိုဟက္ကုတ်၏မြေး၊ ဥရိယ ၏သားမေရမုတ်သည် ဧလျာရှိပ်၏အိမ် တော်အစွန်ဆုံးတိုင်အောင်တည်ဆောက် သတည်း။
Après lui Mérimuth, fils d’Urie, fils de Haccus, bâtit la seconde mesure depuis la porte de la maison d’Eliasib, aussi loin que s’étendait la maison d’Eliasib.
22 ၂၂ အောက်ပါယဇ်ပုရောဟိတ်တို့သည် မြို့ရိုးတည် ဆောက်မှုတွင်ပါဝင်ကူညီကြလေသည်။ ယေရုရှလင်မြို့အနီးတစ်ဝိုက်ရှိနယ်မြေမှ ယဇ်ပုရောဟိတ်များသည်မြို့ရိုးနောက်တစ် ပိုင်းကိုတည်ဆောက်ကြ၏။
Et après lui bâtirent les prêtres, hommes des plaines du Jourdain.
23 ၂၃ နောက်တစ်ပိုင်းကိုဗင်္ယာမိန်နှင့်ဟာရှုပ်တို့က မိမိတို့နေအိမ်များရှေ့တွင်တည်ဆောက် ကြ၍၊ အာနနိ၏မြေးမာသေယ၏သားအာဇရိ က မိမိအိမ်ရှေ့၌နောက်တစ်ပိုင်းကိုတည် ဆောက်လေသည်။
Après lui bâtit Benjamin, et Hasub contre sa maison; et près de lui bâtit Azarias, fils de Maasias, fils d’Ananias, contre sa maison.
24 ၂၄ ဟေနဒဒ်၏သားဗိန္နိသည်နောက်တစ်ပိုင်း ကိုအာဇရိ၏နေအိမ်မှမြို့ထောင့်တိုင် အောင်တည်ဆောက်၏။
Après lui, Bennuï, fils de Hénadad, bâtit la seconde mesure, depuis la maison d’Azarias jusqu’au tournant et jusqu’à l’angle;
25 ၂၅ ဥဇဲ၏သားပါလလသည်မြို့ရိုးထောင့်နှင့် အစောင့်တပ်ဝင်းအနီးရှိ အထက်နန်းတော် အိုးမှအစပြု၍မြို့ရိုးနောက်တစ်ပိုင်း ကိုတည်ဆောက်၏။ ပါရုပ်၏သားပေဒါယသည်နောက်တစ်ပိုင်း ကို အရှေ့ဘက်ရှိရေတံခါးနှင့်ဗိမာန်တော် အစောင့်ပြအိုးအနီးသို့တိုင်အောင်တည် ဆောက်လေသည်။ (ဤနေရာသည်ဗိမာန်တော် အလုပ်သမားများနေထိုင်ရာ ယေရုရှလင် မြို့ရှိသြဖေလဟုနာမည်တွင်သော ရပ်ကွက်တွင်ရှိသတည်း။)
Phalel, fils d’Ozi, contre le tournant et la tour qui, élevée, avance hors de la maison du roi, c’est-à-dire dans le parvis de la prison; après lui, Phadaïa, fils de Pharos.
Mais les Nathinéens habitaient à Ophel, jusqu’en face de la porte des eaux, vers l’orient, et de la tour qui avançait au dehors.
27 ၂၇ တေကောမြို့သားတို့သည်ဒုတိယအကြိမ် မြို့ရိုးနောက်တစ်ပိုင်းကို ဗိမာန်တော်အစောင့် မျှော်စင်ကြီးရှေ့မှနေ၍သြဖေလအရပ် မြို့ရိုးအထိတည်ဆောက်ကြ၏။
Après lui, les Thécuens bâtirent un second espace vis-à-vis, depuis la tour grande et haute, jusqu’au mur du temple.
28 ၂၈ နောက်တစ်ပိုင်းကိုယဇ်ပုရောဟိတ်တစ်စုက မြင်းတံခါးမှသည်မြောက်ဘက်သို့ မိမိတို့ နေအိမ်အသီးသီးရှေ့တွင်တည်ဆောက်ကြ လေသည်။
Mais en haut, depuis la porte des chevaux, les prêtres bâtirent, chacun contre sa maison;
29 ၂၉ ဣမေရ၏သားဇာဒုတ်သည် မိမိ၏အိမ်ရှေ့၌ နောက်တစ်ပိုင်းကိုတည်ဆောက်၏။ ထိုနောက်ရှေကနိ၏သား၊ အရှေ့တံခါးမှူး ရှေမာယသည် မြို့ရိုးတစ်ပိုင်းကိုဆက်လက် တည်ဆောက်၏။
Après eux, Sadoc, fils d’Emmer, bâtit contre sa maison. Et après lui bâtit Sémaïa, fils de Séchénia, garde de la porte orientale.
30 ၃၀ ရှေလမိ၏သားဟာနနိနှင့်ဇာလပ်၏ဆဋ္ဌ မသားဟာနုန်တို့သည် ဒုတိယအကြိမ်မြို့ ရိုးနောက်တစ်ပိုင်းကိုတည်ဆောက်ကြ၏။ နောက်တစ်ပိုင်းကိုဗေရခိ၏သားမေရှုလံ သည် မိမိ၏အိမ်ရှေ့တွင်တည်ဆောက်လေသည်။
Après lui, Hanania, fils de Sélémia, et Hanun, sixième fils de Séleph, bâtirent un second espace; après lui, Mosollam, fils de Barachias, bâtit contre sa trésorerie. Après lui bâtit Melchias, fils de l’orfèvre, jusqu’à la maison des Nathinéens et de ceux qui vendaient des hardes, contre la porte des juges, et jusqu’à la chambre de l’angle.
31 ၃၁ ပန်းထိမ်သမားမာလခိသည်နောက်တစ်ပိုင်း ကိုဗိမာန်တော်မိဖကဒ်တံခါးနှင့် မြို့ရိုး၏ အရှေ့မြောက်ထောင့်ထိပ်တွင်ရှိသောအခန်း အနီး၊ ဗိမာန်တော်အလုပ်သမားများနှင့် ကုန်သည်တို့အသုံးပြုရာအဆောက်အအုံ တိုင်အောင်တည်ဆောက်၏။
Et entre la chambre de l’angle, à la porte du troupeau, bâtirent les orfèvres et les marchands.
32 ၃၂ နောက်ဆုံးအပိုင်းကိုပန်းထိမ်သမားများ နှင့်ကုန်သည်များကထိုမြို့ရိုးထောင့်ခန်း မှသိုးတံခါးတိုင်အောင်တည်ဆောက်ကြ သတည်း။