< နေဟမိ 2 >

1 လေး​လ​မျှ​ကုန်​လွန်​ပြီး​နောက်၊ တစ်​နေ့​သော အ​ခါ​၌​ဧ​က​ရာဇ်​မင်း​အာ​တ​ဇေ​ရဇ်​သည် ပွဲ​တော်​တည်​လျက်​နေ​စဉ် ငါ​သည်​သူ​၏​ထံ သို့​သွား​၍​စ​ပျစ်​ရည်​ကို​ဆက်​လေ​၏။ မင်း ကြီး​သည်​ယ​ခင်​အ​ဘယ်​အ​ခါ​၌​မျှ​ငါ ၏​မျက်​နှာ​ညှိုး​ငယ်​သည်​ကို​မ​တွေ့​မ​မြင် ဘူး​သ​ဖြင့်၊-
καὶ ἐγένετο ἐν μηνὶ Νισαν ἔτους εἰκοστοῦ Αρθασασθα βασιλεῖ καὶ ἦν ὁ οἶνος ἐνώπιον ἐμοῦ καὶ ἔλαβον τὸν οἶνον καὶ ἔδωκα τῷ βασιλεῖ καὶ οὐκ ἦν ἕτερος ἐνώπιον αὐτοῦ
2 ငါ့​အား``သင်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ မျက်​နှာ​ညှိုး​ငယ်​ပါ​သ​နည်း။ သင့်​မှာ​ဖျား နာ​မှု​လည်း​မ​ရှိ​သ​ဖြင့် သင်​သည်​စိတ် မ​ချမ်း​မ​သာ​ဖြစ်​၍​မျက်​နှာ​ညှိုး​ငယ် ခြင်း​ဖြစ်​ရ​မည်'' ဟု​ဆို​၏။ ဤ​သို့​မင်း​ကြီး​ဆို​သော​အ​ခါ​ငါ​သည် ထိတ်​လန့်​ပြီး​လျှင်၊-
καὶ εἶπέν μοι ὁ βασιλεύς διὰ τί τὸ πρόσωπόν σου πονηρὸν καὶ οὐκ εἶ μετριάζων οὐκ ἔστιν τοῦτο εἰ μὴ πονηρία καρδίας καὶ ἐφοβήθην πολὺ σφόδρα
3 ``အ​ရှင်​မင်း​ကြီး​သည်​ထာ​ဝ​စဉ်​သက် တော်​ရှည်​ပါ​စေ​သော။ ကျွန်​တော်​မျိုး​၏ ဘိုး​ဘေး​များ​အား​သင်္ဂြိုဟ်​ရာ​မြို့​သည် ပျက်​စီး​ယို​ယွင်း​လျက်​မြို့​တံ​ခါး​များ သည်​လည်း​မီး​လောင်​ကျွမ်း​ကုန်​ပြီ​ဖြစ် သ​ဖြင့် ကျွန်​တော်​မျိုး​သည်​အ​ဘယ်​သို့ လျှင်​မျက်​နှာ​မ​ညှိုး​ငယ်​ဘဲ​နေ​နိုင်​ပါ မည်​နည်း'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
καὶ εἶπα τῷ βασιλεῖ ὁ βασιλεὺς εἰς τὸν αἰῶνα ζήτω διὰ τί οὐ μὴ γένηται πονηρὸν τὸ πρόσωπόν μου διότι ἡ πόλις οἶκος μνημείων πατέρων μου ἠρημώθη καὶ αἱ πύλαι αὐτῆς κατεβρώθησαν ἐν πυρί
4 ဧ​က​ရာဇ်​မင်း​က``အ​ဘယ်​အ​ရာ​ကို​တောင်း လို​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ငါ​သည်​ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင် ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပြီး​မှ၊-
καὶ εἶπέν μοι ὁ βασιλεύς περὶ τίνος τοῦτο σὺ ζητεῖς καὶ προσηυξάμην πρὸς τὸν θεὸν τοῦ οὐρανοῦ
5 မင်း​ကြီး​အား``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည် ကျွန်​တော်​မျိုး​အား​စိတ်​တော်​နှင့်​တွေ့​တော်​မူ ၍ ကျွန်​တော်​မျိုး​၏​ပန်​ကြား​ချက်​ကို​ခွင့်​ပြု ရန်​အ​လို​ရှိ​တော်​မူ​ပါ​လျှင်​ကျွန်​တော်​မျိုး အား​ယု​ဒ​ပြည်​သို့​သွား​ခွင့်​ပြု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဘိုး​ဘေး​များ​အား​သင်္ဂြိုဟ် ရာ​မြို့​ကို​ပြန်​လည်​တည်​ဆောက်​ခွင့်​ပြု တော်​မူ​ပါ'' ဟု​လျှောက်​၏။
καὶ εἶπα τῷ βασιλεῖ εἰ ἐπὶ τὸν βασιλέα ἀγαθόν καὶ εἰ ἀγαθυνθήσεται ὁ παῖς σου ἐνώπιόν σου ὥστε πέμψαι αὐτὸν εἰς Ιουδα εἰς πόλιν μνημείων πατέρων μου καὶ ἀνοικοδομήσω αὐτήν
6 မိ​ဖု​ရား​နှင့်​ယှဉ်​တွဲ​၍​ထိုင်​လျက်​နေ​သော ဧ​က​ရာဇ်​မင်း​သည် ငါ​၏​လျှောက်​ထား ချက်​ကို​ခွင့်​ပြု​တော်​မူ​ပြီး​လျှင် ငါ့​အား``သင် သည်​အ​ဘယ်​မျှ​ကြာ​အောင်​သွား​လို​ပါ သ​နည်း။ အ​ဘယ်​အ​ခါ​၌​ပြန်​လာ​ပါ​မည် နည်း'' ဟု​မေး​တော်​မူ​၏။ ငါ​သည်​ပြန်​လာ မည့်​အ​ချိန်​ကို​လျှောက်​ထား​၏။
καὶ εἶπέν μοι ὁ βασιλεὺς καὶ ἡ παλλακὴ ἡ καθημένη ἐχόμενα αὐτοῦ ἕως πότε ἔσται ἡ πορεία σου καὶ πότε ἐπιστρέψεις καὶ ἠγαθύνθη ἐνώπιον τοῦ βασιλέως καὶ ἀπέστειλέν με καὶ ἔδωκα αὐτῷ ὅρον
7 ထို​နောက်​ငါ​သည်​ယု​ဒ​ပြည်​သို့​ခ​ရီး​ပြု ရာ​တွင် လို​အပ်​သည့်​အ​ကူ​အ​ညီ​ပေး​ရန် အ​တွက်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက် ပြည်​နယ်​ဘု​ရင်​ခံ​များ​ထံ​သို့​အ​မှာ​တော် စာ​ကို​လည်း​ကောင်း၊-
καὶ εἶπα τῷ βασιλεῖ εἰ ἐπὶ τὸν βασιλέα ἀγαθόν δότω μοι ἐπιστολὰς πρὸς τοὺς ἐπάρχους πέραν τοῦ ποταμοῦ ὥστε παραγαγεῖν με ἕως ἔλθω ἐπὶ Ιουδαν
8 ဗိ​မာန်​တော်​ရဲ​တိုက်​ဝင်း​တံ​ခါး​များ၊ မြို့​ရိုး များ​နှင့်​ငါ​၏​အိမ်​အ​တွက်​သစ်​ပေး​ရန်​ဘု​ရင့် သစ်​တော​ဝန်​အာ​သပ်​ထံ​သို့ အ​မှာ​တော်​စာ ကို​လည်း​ကောင်း​သ​နား​တော်​မူ​ရန်​ပန်​ကြား ၏။ ဘု​ရား​သ​ခင်​သည်​ငါ​နှင့်​အ​တူ​ရှိ​တော် မူ​သည်​ဖြစ်​၍ ဧ​က​ရာဇ်​မင်း​သည်​ငါ​တောင်း သ​မျှ​သော​အ​ရာ​တို့​ကို​ပေး​သ​နား​တော် မူ​ပေ​သည်။
καὶ ἐπιστολὴν ἐπὶ Ασαφ φύλακα τοῦ παραδείσου ὅς ἐστιν τῷ βασιλεῖ ὥστε δοῦναί μοι ξύλα στεγάσαι τὰς πύλας καὶ εἰς τὸ τεῖχος τῆς πόλεως καὶ εἰς οἶκον ὃν εἰσελεύσομαι εἰς αὐτόν καὶ ἔδωκέν μοι ὁ βασιλεὺς ὡς χεὶρ θεοῦ ἡ ἀγαθή
9 မင်း​ကြီး​သည်​စစ်​အ​ရာ​ရှိ​အ​ချို့​နှင့်​မြင်း တပ်​ကို​ငါ​နှင့်​အ​တူ​စေ​လွှတ်​ပေး​တော်​မူ သ​ဖြင့် ငါ​သည်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက် ဘက်​ပြည်​နယ်​သို့​ခ​ရီး​ပြု​ပြီး​လျှင် ထို အ​ရပ်​ရှိ​ဘု​ရင်​ခံ​တို့​အား​မင်း​ကြီး​၏ အ​မှာ​တော်​စာ​များ​ကို​ပေး​၏။-
καὶ ἦλθον πρὸς τοὺς ἐπάρχους πέραν τοῦ ποταμοῦ καὶ ἔδωκα αὐτοῖς τὰς ἐπιστολὰς τοῦ βασιλέως καὶ ἀπέστειλεν μετ’ ἐμοῦ ὁ βασιλεὺς ἀρχηγοὺς δυνάμεως καὶ ἱππεῖς
10 ၁၀ သို့​ရာ​တွင်​ဗေ​သ​ဟော​ရ​နိ​မြို့​သား​သမ္ဘာ လတ်​နှင့်​အမ္မုန်​ပြည်​နယ်​မှ​အ​ရာ​ရှိ​တော​ဘိ တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ကျိုး​ပြု​စု​ရန်​လူ​တစ်​ယောက်​ရောက်​ရှိ လာ​ကြောင်း​ကြား​သိ​ကြ​သော​အ​ခါ​လွန် စွာ​အ​မျက်​ထွက်​ကြ​၏။
καὶ ἤκουσεν Σαναβαλλατ ὁ Αρωνι καὶ Τωβια ὁ δοῦλος ὁ Αμμωνι καὶ πονηρὸν αὐτοῖς ἐγένετο ὅτι ἥκει ἄνθρωπος ζητῆσαι ἀγαθὸν τοῖς υἱοῖς Ισραηλ
11 ၁၁ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ဆက်​လက် သွား​ရောက်​ကာ ထို​မြို့​တွင်​သုံး​ရက်​မျှ​နေ​၏။-
καὶ ἦλθον εἰς Ιερουσαλημ καὶ ἤμην ἐκεῖ ἡμέρας τρεῖς
12 ၁၂ သို့​ရာ​တွင်​ယေ​ရု​ရှ​လင်​မြို့​အ​တွက်​မည်​သို့ ဆောင်​ရွက်​ရ​မည်​ကို ငါ့​အား​ထာ​ဝ​ရ​ဘု​ရား နှိုး​ဆော်​တော်​မူ​ကြောင်း​ကို​မူ အ​ဘယ်​သူ​ကို မျှ​ငါ​မ​ပြော​ဘဲ​သန်း​ခေါင်း​ယံ​အ​ချိန်​၌ ထ​၍​အ​ဖော်​အ​ချို့​ကို​ခေါ်​ပြီး​လျှင်​မြို့ ထဲ​မှ​ထွက်​လာ​ခဲ့​၏။ ငါ​တို့​သည်​ငါ​စီး သည့်​မြည်း​မှ​တစ်​ပါး​အ​ခြား​တိ​ရစ္ဆာန် မ​ပါ။-
καὶ ἀνέστην νυκτὸς ἐγὼ καὶ ἄνδρες ὀλίγοι μετ’ ἐμοῦ καὶ οὐκ ἀπήγγειλα ἀνθρώπῳ τί ὁ θεὸς δίδωσιν εἰς καρδίαν μου τοῦ ποιῆσαι μετὰ τοῦ Ισραηλ καὶ κτῆνος οὐκ ἔστιν μετ’ ἐμοῦ εἰ μὴ τὸ κτῆνος ᾧ ἐγὼ ἐπιβαίνω ἐπ’ αὐτῷ
13 ၁၃ ငါ​တို့​သည်​အ​နောက်​ဘက်​ရှိ​ချိုင့်​တံ​ခါး မှ​ထွက်​၍ တောင်​ဘက်​န​ဂါး​စမ်း​တွင်း​ကို​ဖြတ် ကာ​အ​မှိုက်​ပုံ​တံ​ခါး​တိုင်​အောင်​လျှောက်​သွား ကြ​၏။ ထို​အ​ခါ​၌​မိုး​မ​လင်း​သေး​ပေ။ ငါ သည်​ဤ​သို့​သွား​ရောက်​လျက်​ပြို​ကျ​နေ​သော မြို့​ရိုး​များ​နှင့်​မီး​လောင်​ပျက်​စီး​သွား​သည့် မြို့​တံ​ခါး​များ​ကို​စစ်​ဆေး​ကြည့်​ရှု​၏။-
καὶ ἐξῆλθον ἐν πύλῃ τοῦ γωληλα καὶ πρὸς στόμα πηγῆς τῶν συκῶν καὶ εἰς πύλην τῆς κοπρίας καὶ ἤμην συντρίβων ἐν τῷ τείχει Ιερουσαλημ ὃ αὐτοὶ καθαιροῦσιν καὶ πύλαι αὐτῆς κατεβρώθησαν πυρί
14 ၁၄ ထို​နောက်​မြို့​၏​အ​ရှေ့​ဘက်​မှ​နေ​၍​စမ်း​ရေ တွင်း​တံ​ခါး​နှင့် ဘု​ရင့်​ရေ​ကန်​ရှိ​ရာ​မြောက် ဘက်​သို့​သွား​၏။ ငါ​စီး​သည့်​မြည်း​သည် ကျောက်​အုတ်​ကျိုး​များ​အ​ကြား​တွင်​လမ်း ရှာ​၍​မ​ရ​သ​ဖြင့်၊-
καὶ παρῆλθον ἐπὶ πύλην τοῦ Αιν καὶ εἰς κολυμβήθραν τοῦ βασιλέως καὶ οὐκ ἦν τόπος τῷ κτήνει παρελθεῖν ὑποκάτω μου
15 ၁၅ ငါ​သည်​ကေ​ဒြုန်​ချိုင့်​ဝှမ်း​ထဲ​သို့​ဆင်း​၍ မြည်း​စီး​ပြီး​လျှင်​မြို့​ရိုး​ကို​စစ်​ဆေး ကြည့်​ရှု​၏။ ထို​နောက်​လာ​လမ်း​အ​တိုင်း ပြန်​ပြီး​လျှင်​ချိုင့်​ဝှမ်း​တံ​ခါး​မှ​နေ​၍ မြို့​ထဲ​သို့​ဝင်​၏။
καὶ ἤμην ἀναβαίνων ἐν τῷ τείχει χειμάρρου νυκτὸς καὶ ἤμην συντρίβων ἐν τῷ τείχει καὶ ἤμην ἐν πύλῃ τῆς φάραγγος καὶ ἐπέστρεψα
16 ၁၆ အ​ဘယ်​အ​ရပ်​သို့​ငါ​သွား​ရောက်​ခဲ့​သည်၊ အ​ဘယ်​အ​မှု​ကို​ပြု​ခဲ့​သည်​တို့​ကို​မြို့​ထဲ မှာ​အ​ဘယ်​အ​ရာ​ရှိ​မျှ​မ​သိ​ချေ။ ယ​နေ့ တိုင်​အောင်​ငါ​သည်​ဤ​အမှု​ကိစ္စ​အ​ကြောင်း ကို​မျှ​ယု​ဒ​အ​မျိုး​သား​များ​ဖြစ်​ကြ သော​ယဇ်​ပု​ရော​ဟိတ်​များ၊ ခေါင်း​ဆောင်​များ၊ အ​ရာ​ရှိ​များ၊ ငါ​၏​အ​လုပ်​တွင်​ပါ​ဝင် ဆောင်​ရွက်​ကြ​မည့်​အ​ခြား​သူ​များ​အား ပြော​မ​ပြ​ရ​သေး။-
καὶ οἱ φυλάσσοντες οὐκ ἔγνωσαν τί ἐπορεύθην καὶ τί ἐγὼ ποιῶ καὶ τοῖς Ιουδαίοις καὶ τοῖς ἱερεῦσιν καὶ τοῖς ἐντίμοις καὶ τοῖς στρατηγοῖς καὶ τοῖς καταλοίποις τοῖς ποιοῦσιν τὰ ἔργα ἕως τότε οὐκ ἀπήγγειλα
17 ၁၇ သို့​ရာ​တွင်​ယ​ခု​ငါ​သည်​သူ​တို့​အား``ယေ​ရု ရှ​လင်​မြို့​သည်​ယို​ယွင်း​ပျက်​စီး​လျက်​မြို့​ရိုး များ​သည်​လည်း​ပြို​ကျ​လျက်​နေ​သ​ဖြင့် ငါ တို့​အ​ဘယ်​သို့​ဒုက္ခ​ရောက်​နေ​သည်​ကို​သင် တို့​သိ​ကြ​၏။ ငါ​တို့​ဆက်​လက်​၍​အ​ရှက်​ကွဲ ခြင်း​မ​ခံ​ရ​စေ​ရန်​မြို့​ရိုး​တို့​ကို​ပြန်​လည် ပြု​ပြင်​ကြ​ကုန်​အံ့'' ဟု​ပြော​ဆို​ပြီး​လျှင်၊-
καὶ εἶπα πρὸς αὐτούς ὑμεῖς βλέπετε τὴν πονηρίαν ἐν ᾗ ἐσμεν ἐν αὐτῇ πῶς Ιερουσαλημ ἔρημος καὶ αἱ πύλαι αὐτῆς ἐδόθησαν πυρί δεῦτε καὶ διοικοδομήσωμεν τὸ τεῖχος Ιερουσαλημ καὶ οὐκ ἐσόμεθα ἔτι ὄνειδος
18 ၁၈ ထာ​ဝ​ရ​ဘုရား​သည်​ငါ​နှင့်​အ​ဘယ်​သို့​အ​တူ ရှိ​တော်​မူ​ခဲ့​၍ ငါ့​အား​ကူ​မ​တော်​မူ​ခဲ့​ကြောင်း ကို​လည်း​ကောင်း၊ ငါ့​အား​ဧ​က​ရာဇ်​မင်း​ကြီး အ​ဘယ်​သို့​အ​မိန့်​ရှိ​တော်​မူ​ခဲ့​ကြောင်း​ကို လည်း​ကောင်း​ဖော်​ပြ​၏။ ထို​သူ​တို့​က``ပြန်​လည်​တည်​ဆောက်​မှု​ကို​ငါ တို့​အ​စ​ပြု​ကြ​ကုန်​အံ့'' ဟု​ဆို​ကာ​အ​လုပ် စ​ရန်​အ​သင့်​ပြင်​ဆင်​ကြ​လေ​သည်။
καὶ ἀπήγγειλα αὐτοῖς τὴν χεῖρα τοῦ θεοῦ ἥ ἐστιν ἀγαθὴ ἐπ’ ἐμέ καὶ τοὺς λόγους τοῦ βασιλέως οὓς εἶπέν μοι καὶ εἶπα ἀναστῶμεν καὶ οἰκοδομήσωμεν καὶ ἐκραταιώθησαν αἱ χεῖρες αὐτῶν εἰς ἀγαθόν
19 ၁၉ ထို​သ​တင်း​ကို​သမ္ဘာ​လတ်၊ တော​ဘိ​နှင့်​အာ​ရပ် အ​မျိုး​သား​ဂေ​ရှင်​တို့​ကြား​ကြ​သော​အ​ခါ ငါ​တို့​အား​လှောင်​ပြောင်​ကြ​၏။ သူ​တို့​က``သင် တို့​၏​အ​ကြံ​အ​စည်​ကား​အ​ဘယ်​သို့​နည်း။ ဧ​က​ရာဇ်​ဘု​ရင်​အား​သင်​တို့​ပုန်​ကန်​ကြ မည်​လော'' ဟု​ဆို​ကြ​၏။
καὶ ἤκουσεν Σαναβαλλατ ὁ Αρωνι καὶ Τωβια ὁ δοῦλος ὁ Αμμωνι καὶ Γησαμ ὁ Αραβι καὶ ἐξεγέλασαν ἡμᾶς καὶ ἦλθον ἐφ’ ἡμᾶς καὶ εἶπαν τί τὸ ῥῆμα τοῦτο ὃ ὑμεῖς ποιεῖτε ἦ ἐπὶ τὸν βασιλέα ὑμεῖς ἀποστατεῖτε
20 ၂၀ ထို​အ​ခါ​ငါ​က``ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​အောင်​မြင်​ခွင့်​ကို ပေး​တော်​မူ​လိမ့်​မည်။ ငါ​တို့​သည်​ကိုယ်​တော်​၏ အ​စေ​ခံ​များ​ဖြစ်​၍​ဗိ​မာန်​တော်​တည်​ဆောက် မှု​ကို​အ​စ​ပြု​ကြ​မည်။ သင်​တို့​မူ​ကား​ယေ​ရု ရှ​လင်​မြို့​တွင်​ဘာ​မျှ​မ​ပိုင်။ ဤ​မြို့​တွင်​သင် တို့​နှင့်​ဆိုင်​သော​မှတ်​သား​ဖွယ်​ရာ​ဘာ​မျှ မ​ရှိ'' ဟု​ပြန်​ပြော​၏။
καὶ ἐπέστρεψα αὐτοῖς λόγον καὶ εἶπα αὐτοῖς ὁ θεὸς τοῦ οὐρανοῦ αὐτὸς εὐοδώσει ἡμῖν καὶ ἡμεῖς δοῦλοι αὐτοῦ καθαροί καὶ οἰκοδομήσομεν καὶ ὑμῖν οὐκ ἔστιν μερὶς καὶ δικαιοσύνη καὶ μνημόσυνον ἐν Ιερουσαλημ

< နေဟမိ 2 >