< နေဟမိ 13 >
1 ၁ ထိုနေ့၌မောရှေ၏ပညတ်ကျမ်းကိုလူများ ရှေ့မှာဖတ်ရွတ်ကြရာ``အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားတို့အားဘုရားသခင် ၏လူမျိုးတော်ထဲတွင်အဘယ်အခါ၌မျှ ပါဝင်ခွင့်မပြုရ'' ဟူသောကျမ်းပိုဒ်သို့ ရောက်ရှိလာလေသည်။-
2 ၂ ဤသို့ပညတ်ရခြင်းမှာအမ္မုန်နှင့်မောဘ ပြည်သူတို့သည်ဣသရေလအမျိုးသား များအီဂျစ်ပြည်မှထွက်ခွာလာချိန်၌ အစာရေစာကိုမပေးဘဲနေခဲ့ကြသော ကြောင့်ဖြစ်၏။ ထိုပြင်ဗာလမ်ကိုငှား၍ ဣသရေလအမျိုးသားတို့အားကျိန်ဆဲ စေကြ၏။ သို့ရာတွင်ငါတို့ဘုရားသခင် သည်ထိုကျိန်ဆဲသောစကားကိုကောင်းချီး ပေးသောစကားဖြစ်စေတော်မူ၏။-
3 ၃ ထိုကျမ်းစကားဖတ်ရွတ်သည်ကိုကြားကြ သောအခါဣသရေလအမျိုးသားတို့သည် မိမိတို့အသိုင်းအဝိုင်းမှလူမျိုးခြားများ ကိုပယ်ထုတ်လိုက်ကြလေသည်။
4 ၄ ဗိမာန်တော်ပစ္စည်းသိုလှောင်ခန်းများကိုတာဝန် ယူထိန်းသိမ်းရသူ ယဇ်ပုရောဟိတ်ဧလျာရှိပ် သည်တောဘိနှင့်ခင်မင်ရင်းနှီးလျက်နေ သဖြင့်၊-
5 ၅ ဘောဇဉ်ပူဇော်သကာများ၊ နံ့သာပေါင်း၊ ဗိမာန်တော်အသုံးအဆောင်များမှစ၍ ယဇ်ပုရောဟိတ်များအတွက်လှူရသော အလှူများနှင့်လေဝိအနွယ်ဝင်များ၊ ဗိမာန်တော်ဂီတပညာသည်များ၊ ဗိမာန် တော်အစောင့်တပ်သားများအတွက် ဆယ် ဖို့တစ်ဖို့ပေးလှူသောဆန်စပါး၊ စပျစ် ရည်နှင့်သံလွင်ဆီကိုသိုလှောင်ရန်အတွက် သာလျှင် အသုံးပြုသောအခန်းကြီးကို တောဘိအားအသုံးပြုခွင့်ပေးထားလေ သည်။-
6 ၆ ဤသို့ဖြစ်ပျက်လျက်နေချိန်တွင်ငါသည် ယေရုရှလင်မြို့၌မရှိ။ ဗာဗုလုန်ဘုရင် အာတဇေရဇ်၏ နန်းစံသုံးဆယ့်နှစ်နှစ်မြောက်၌ငါသည်မင်း ကြီးထံသို့အစီရင်ခံရန်သွားရောက်ချိန် ဖြစ်၏။ ကာလအနည်းငယ်ကြာသောအခါ ငါသည်မင်းကြီးထံမှခွင့်ပြုချက်ရသဖြင့်၊-
7 ၇ ယေရုရှလင်မြို့သို့ပြန်ရောက်၍ဗိမာန်တော် အခန်းတစ်ခုကို တောဘိအားဧလျာရှိပ်ပေး အပ်ထားကြောင်းကြားသိရသောအခါ ငါသည်ထိတ်လန့်၍၊-
8 ၈ လွန်စွာအမျက်ထွက်ပြီးလျှင်တောဘိ၏ ပစ္စည်းဥစ္စာရှိသမျှကိုပစ်ထုတ်လိုက်၏။-
9 ၉ အခန်းများကိုဘာသာရေးထုံးနည်းအရ သန့်စင်မှုကိုပြုစေ၍ဗိမာန်တော်အသုံး အဆောင်များ၊ ဘောဇဉ်ပူဇော်သကာများ နှင့်နံ့သာပေါင်းတို့ကိုပြန်သွင်းရန်အမိန့် ပေး၏။
10 ၁၀ လေဝိအနွယ်ဝင်များနှင့်ဗိမာန်တော်ဂီတ ပညာသည်များသည်ရိက္ခာအလုံအလောက် မရကြသဖြင့် မိမိတို့၏လယ်ယာများရှိ ရာသို့ပြန်သွားကြကြောင်းကိုငါကြား သိရ၏။-
11 ၁၁ ယင်းသို့ဗိမာန်တော်ကိုစွန့်ပစ်ထားခဲ့ရန် ခွင့်ပြုသူအုပ်ချုပ်ရေးမှူးတို့အား ငါသည် ပြစ်တင်ပြောဆိုကာလေဝိအနွယ်ဝင်များ နှင့်ဂီတပညာသည်များကိုဗိမာန်တော် သို့ခေါ်ယူပြီးလျှင်အမှုတော်ကိုတစ်ဖန် ပြန်လည်ထမ်းဆောင်စေ၏။-
12 ၁၂ ထိုအခါဣသရေလအမျိုးသားအပေါင်း တို့သည် မိမိတို့၏ဆယ်ဖို့တစ်ဖို့အလှူဖြစ် သည့်ဆန်စပါး၊ စပျစ်ရည်နှင့်သံလွင်ဆီကို ဗိမာန်တော်ပစ္စည်းသိုလှောင်ခန်းများသို့ယူ ဆောင်လာကြလေသည်။-
13 ၁၃ ငါသည်ယဇ်ပုရောဟိတ်ရှေလမိ၊ ပညတ် ကျမ်းတတ်မြောက်သူဇာဒုတ်နှင့်လေဝိအနွယ် ဝင်ပေဒါယတို့အားတာဝန်ခံပစ္စည်းထိန်း များအဖြစ်ခန့်ထား၏။ မဿနိ၏မြေး၊ ဇက္ကုရ ၏သားဟာနန်အားထိုသူတို့၏လက်ထောက် အဖြစ်ခန့်ထား၏။ ဤသူတို့သည်မိမိတို့ ၏လုပ်ဖော်ဆောင်ဘက်များအားသစ္စာရှိစွာ ရိက္ခာဖြန့်ဖြူးပေးမည့်သူများဖြစ်ကြောင်း ငါစိတ်ချယုံကြည်၏။
14 ၁၄ အို အကျွန်ုပ်၏ဘုရားသခင်၊ကိုယ်တော်၏ဗိမာန် တော်အတွက်နှင့်ဗိမာန်တော်တွင်ဝတ်ပြုကိုး ကွယ်မှုအတွက်အကျွန်ုပ်ပြုခဲ့သမျှသော အမှုတို့ကိုသတိရတော်မူပါ။
15 ၁၅ ထိုကာလယုဒပြည်သူအချို့တို့သည် ဥပုသ် နေ့၌စပျစ်သီးများနယ်လျက်နေကြသည် ကိုလည်းကောင်း၊ အချို့တို့သည်ဂျုံစပါး၊ စပျစ်ရည်၊ စပျစ်သီး၊ သဖန်းသီးအစရှိ သည်တို့ကို မိမိတို့၏မြည်းများပေါ်တင်ပြီး လျှင်ယေရုရှလင်မြို့သို့သယ်ဆောင်လျက် နေကြသည်ကိုလည်းကောင်းငါမြင်၏။ သို့ ဖြစ်၍ဥပုသ်နေ့တွင်မည်သည့်အရာကို မျှမရောင်းချရန်သူတို့အားငါသတိ ပေး၏။-
16 ၁၆ ယေရုရှလင်မြို့တွင်နေထိုင်သူတုရုမြို့ သားအချို့တို့သည်ငါးနှင့်အခြားပစ္စည်း အမျိုးမျိုးကို ငါတို့အမျိုးသားများအား ဥပုသ်နေ့တွင်ရောင်းချရန်ယူဆောင်လာ ကြ၏။-
17 ၁၇ ထိုအခါငါသည်ယုဒခေါင်းဆောင်များ အား``သင်တို့ပြုလျက်ရှိသည့်ဒုစရိုက်ကို ကြည့်ကြလော့။ သင်တို့သည်ဥပုသ်နေ့ကို ညစ်ညမ်းစေကြ၏။-
18 ၁၈ သင်တို့၏ဘိုးဘေးများသည်ဒုစရိုက်ကို ပြုသဖြင့် ဘုရားသခင်သည်ဤမြို့ကို ဖျက်ဆီးစေခြင်းအားဖြင့်သူတို့အားဒဏ် ခတ်တော်မူ၏။ သို့ပါလျက်သင်တို့သည် ဥပုသ်နေ့ကိုညစ်ညမ်းစေသောအားဖြင့် ဣသရေလအမျိုးသားတို့အပေါ်သို့ ဘုရားသခင်၏အမျက်တော်ကို ပိုမို ပြင်းထန်စွာသက်ရောက်စေကြမည်လော'' ဟုပြစ်တင်ပြောဆို၏။
19 ၁၉ ထိုနောက်ငါသည်အဖိတ်နေ့နေဝင်ချိန်မှ ဥပုသ်နေ့ကုန်အထိမြို့တံခါးများကိုပိတ် ထားရန်အမိန့်ပေး၏။ ဥပုသ်နေ့၌အဘယ် ကုန်စည်ကိုမျှမြို့ထဲသို့မသွင်းစေရန်ငါ သည်လူအချို့တို့အားမြို့တံခါးများ တွင်အစောင့်ချထား၏။-
20 ၂၀ ကုန်ပစ္စည်းအမျိုးမျိုးရောင်းချသူကုန်သည် အချို့တို့သည်သောကြာနေ့ည၌မြို့တံခါး ပြင်တွင်လာ၍အိပ်ကြ၏။ သူတို့သည်ယင်းသို့ တစ်ကြိမ်နှစ်ကြိမ်ပြုကြ၏။-
21 ၂၁ ငါသည်သူတို့အား``သင်တို့သည်မိုးလင်းချိန် ကိုမြို့ပြင်မှစောင့်ဆိုင်းလျက်နေသော်လည်း အချည်းနှီးသာလျှင်ဖြစ်၏။ သင်တို့နောက် တစ်ကြိမ်ဤသို့ပြုကြလျှင် ငါသည်သင် တို့အားအကြမ်းဖက်၍နှင်ထုတ်ရလိမ့်မည်'' ဟုသတိပေး၏။ ထိုအခါမှအစပြု၍ သူတို့သည်ဥပုသ်နေ့၌မလာကြတော့ ပေ။-
22 ၂၂ ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာလေဝိ အနွယ်ဝင်တို့အား မိမိတို့ကိုယ်ကိုသန့်စင် စေပြီးလျှင်မြို့တံခါးများသို့သွား၍ စောင့်ရန်ငါအမိန့်ပေး၏။ အို ဘုရားသခင်ဤအမှုကိုလည်းထောက်၍ အကျွန်ုပ်ကိုသတိရတော်မူပါ။ မေတ္တာတော် နှင့်အညီအကျွန်ုပ်အားသနားတော်မူပါ။
23 ၂၃ ထိုကာလ၌ယုဒအမျိုးသားအမြောက် အမြားပင်အာဇုတ်၊ အမ္မုန်နှင့်မောဘ အမျိုးသမီးများနှင့်ထိမ်းမြားစုံဖက် ထားကြကြောင်းကိုလည်းငါတွေ့ရှိရ လေသည်။-
24 ၂၄ သူတို့၏သားသမီးတစ်ဝက်မျှသည်ငါတို့ ဘာသာစကားကိုမပြောတတ်။ အာဇုတ်သို့ မဟုတ်အခြားဘာသာစကားတစ်မျိုး မျိုးကိုသာပြောတတ်ကြ၏။-
25 ၂၅ သို့ဖြစ်၍ငါသည်ထိုအမျိုးသားတို့အား ပြစ်တင်ကျိန်ဆဲရိုက်နှက်၏။ သူတို့ဆံပင် ကိုလည်းဆွဲနုတ်၏။ ထိုနောက်``အကျွန်ုပ်တို့ သည်လည်းကောင်း၊ အကျွန်ုပ်တို့၏သားသမီး များသည်လည်းကောင်း နောင်အဘယ်အခါ ၌မျှလူမျိုးခြားများနှင့်အိမ်ထောင်မပြု တော့ပါ'' ဟုသူတို့အားဘုရားသခင်၏ နာမတော်ကိုတိုင်တည်၍ကျိန်ဆိုကတိ ပြုစေ၏။-
26 ၂၆ ငါသည်သူတို့အား``ရှောလမုန်မင်းကိုအပြစ် ကူးလွန်စေသူများကားလူမျိုးခြားအမျိုး သမီးများပင်တည်း။ ထိုမင်းသည်အခြားလူ မျိုးတို့၏ဘုရင်ရှိသမျှထက်ပို၍တန်ခိုး ကြီး၏။ ဘုရားသခင်သည်သူ့ကိုချစ်တော် မူသဖြင့်ဣသရေလတစ်နိုင်ငံလုံးကိုအုပ် စိုးစေတော်မူ၏။ သို့ရာတွင်သူသည်လူမျိုး ခြားများနှင့်ထိမ်းမြားစုံဖက်သည့်အပြစ် ကိုကူးလွန်ပေသည်။-
27 ၂၇ သို့ဖြစ်၍ငါတို့သည်လူမျိုးခြားအမျိုး သမီးများနှင့်ထိမ်းမြားစုံဖက်ခြင်းသင် တို့၏စံနမူနာအားဖြင့်ဘုရားသခင် ကိုပြစ်မှားရမည်လော'' ဟုပြော၏။
28 ၂၈ ယောယဒသည်ယဇ်ပုရောဟိတ်မင်းဧလျာ ရှိပ်၏သားဖြစ်၏။ သို့ရာတွင်သူ၏သားတစ် ယောက်သည်ဗေသဟောရနိမြို့သားသမ္ဘာ လတ်၏သမီးနှင့်အိမ်ထောင်ပြုသဖြင့် ငါ သည်ယောယဒအားယေရုရှလင်မြို့မှ နှင်ထုတ်လိုက်လေသည်။
29 ၂၉ အို ဘုရားသခင်၊ထိုသူတို့သည်ယဇ်ပုရော ဟိတ်ရာထူးကိုလည်းကောင်း၊ ယဇ်ပုရော ဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်ကိုယ် တော်ပြုတော်မူသည့်ပဋိညာဉ်တော်ကို လည်းကောင်းအဘယ်သို့ရှုတ်ချကြသည် ကိုမှတ်တော်မူပါ။
30 ၃၀ ငါသည်ပြည်သူတို့အားလူမျိုးခြားနှင့် ဆိုင်သောအမှုအရာဟူသမျှနှင့်ကင်းစင် စေ၏။ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ် ဝင်တို့အားမိမိတို့တာဝန်ဝတ္တရားအသီး သီးကိုသိရှိနားလည်ကြစေရန်စည်း မျဉ်းများကိုရေးဆွဲပေး၏။-
31 ၃၁ အချိန်ကျလျှင်ထင်းအလှူကိုလည်းကောင်း၊ ဆန်စပါးအဦးအဖျားများနှင့်အဦး မှည့်သည့်သစ်သီးပူဇော်သကာများကို လည်းကောင်းယူဆောင်လာကြစေရန်စီမံ၏။ အို ဘုရားသခင်ဤအမှုအရာအပေါင်းကို သတိရတော်မူ၍အကျွန်ုပ်အားကျေးဇူး ပြုတော်မူပါ။ နေဟမိမှတ်စာပြီး၏။