< နေဟမိ 12 >

1 ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ၊ ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု​တို့​နှင့်​အ​တူ​ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အနွယ်​ဝင်​များ​၏​စာ​ရင်း​ကို​ဖော်​ပြ​ပေ​အံ့။
Desse äro de Prester och Leviter, som uppdrogo med Serubbabel, Sealthiels son, och Jesua: Seraja, Jeremia, Esra,
2 ယဇ်​ပု​ရော​ဟိတ်​များ​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ စ​ရာ​ယ၊ယေ​ရ​မိ၊ဧ​ဇ​ရ၊ အာ​မ​ရိ၊မလ္လုတ်၊ဟတ္ထုတ်၊ ရှေ​ခ​နိ၊ရေ​ဟုံ၊မေ​ရ​မုတ်၊ ဣ​ဒေါ၊ဂိ​န္နေသုန်၊အ​ဘိ​ယ၊ မိ​ညာ​မိန်၊မာ​ဒျာ၊ဗိ​လ​ဂ၊ ရှေ​မာ​ယ၊ယော​ယ​ရိပ်၊ယေ​ဒါ​ယ၊ သလ္လု၊အာ​မောက်၊ဟိ​လ​ခိ၊ယေ​ဒါ​ယ။ ထို​သူ​တို့​သည်​ယော​ရှု​၏​လက်​ထက်​၌ မိ​မိ​တို့​၏​အ​ဖော်​ယဇ်​ပု​ရော​ဟိတ်​တို့​၏​ခေါင်း​ဆောင်​များ​ဖြစ်​ကြ​၏။
Amaria, Malluch, Hattus,
3
Sechania, Rehum, Meremoth,
4
Iddo, Ginnethoi, Abia,
5
Mijamin, Maadia, Bilga,
6
Semaja, Jojarib, Jedaja,
7
Sallu, Amok, Hilkia och Jedaja. Desse voro hufvuden ibland Presterna, och deras bröder i Jesua tid.
8 လေ​ဝိ​အ​နွယ်​ဝင်​များ​စာ​ရင်း။ အောက်​ပါ​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ဋ္ဌမ္မ​သီ​ချင်း​များ​သီ​ဆို​မှု​တွင်​တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​သူ​များ​ဖြစ်​ကြ​သည်။ ယော​ရှု၊ဗိ​နွိ၊ကပ်​မျေလ၊ ရှေ​ရ​ဘိ၊ယု​ဒ​နှင့်​မ​ဿ​နိ၊
Men Leviterna voro desse: Jesua, Binnui, Kadmiel, Serebia, Juda och Mattania, öfver tackämbetet, han och hans bröder.
9 အောက်​ပါ​တို့​သည်​တုန့်​ပြန်​သီ​ဆို​မှု​ကို​ပြု​ရ​သည့်​သီ​ချင်း​သည်​များ​ဖြစ်​ကြ​၏။ ဗာ​က​ဗု​ကိ၊ ဥ​နိ​နှင့်​အ​ဖော်​လေ​ဝိ​အ​နွယ်​ဝင်​များ။
Bakbukia och Unni, deras bröder, voro omkring dem i vakt.
10 ၁၀ ယော​ရှု​၏​သား​သည်​ယော​ယ​ကိမ်၊ ယော​ယ​ကိမ်​၏​သား​မှာ​ဧ​လျာ​ရှိပ်၊ ဧ​လျာ​ရှိပ်​၏​သား​ကား​ယော​ယ​ဒ​ဖြစ်​၏။
Jesua födde Jojakim. Jojakim födde Eljasib. Eljasib födde Jojada.
11 ၁၁ ယော​ယ​ဒ​၏​သား​သည်​ယော​န​သန်၊ ယော​န​သန်​၏​သား​မှာ​ယာ​ဒွါ​ဖြစ်​၏။
Jojada födde Jonathan. Jonathan födde Jaddua.
12 ၁၂ ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ယ​ကိမ်​လက်​ထက်​၌​အောက်​ပါ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​တို့​၏​ဦး​စီး​ခေါင်း​ဆောင်​များ​အ​ဖြစ်​ဆောင်​ရွက်​ရ​ကြ​၏။ သား​ချင်း​စု ဦး​စီး​ခေါင်း​ဆောင် စ​ရာ​ယ မေ​ရာ​ယ ယေ​ရ​မိ ဟာ​န​နိ ဧ​ဇ​ရ မေ​ရှု​လံ အာ​မ​ရိ ယော​ဟ​နန် မလ္လုတ် ယော​န​သန် ရှေ​ခ​နိ ယော​သပ် ဟာ​ရိ​မ အာ​ဒ​န မေ​ရာ​ယုတ် ဟေ​လ​ကဲ ဣ​ဒေါ ဇာ​ခ​ရိ ဂိန္နေ​သုန် မေ​ရှု​လံ အ​ဘိ​ယ ဇိ​ခ​ရိ မိ​ညာ​မိန် ဟေ​ဗြဲ​စာ​မူ​တွင်​နာ​မည်​မ​ပါ​လာ မာ​ဒျာ ပိ​လ​တဲ ဗိ​လ​ဂ ရှ​မွာ ရှေ​မာ​ယ ယေ​ဟော​န​သန် ယော​ယ​ရိပ် မတ္တေနဲ ယေ​ဒါ​ယ သြ​ဇိ သလ္လု ကာ​လဲ အာ​မောက် ဧ​ဗာ ဟိ​လ​ခိ ဟာ​ရှ​ဘိ ယေ​ဒါ​ယ နာ​သ​နေ​လ
Och i Jojakims tid voro desse öfverste fäder ibland Presterna, nämliga af Seraja var Meraja; af Jeremia var Hanania;
13 ၁၃
Af Esra var Mesullam; af Amaria var Johanan;
14 ၁၄
Af Malluch var Jonathan; af Sebania var Joseph;
15 ၁၅
Af Harim var Adna; af Merajoth var Helkai;
16 ၁၆
Af Iddo var Zacharia; af Ginnethon var Mesullam;
17 ၁၇
Af Abia var Sichri; af MinjaminMoadia var Piltai;
18 ၁၈
Af Bilga var Sammua; af Semaja var Jonathan;
19 ၁၉
Af Jojarib var Mattenai; af Jedaja var Ussi;
20 ၂၀
Af Sallai var Kallai; af Amok var Eber;
21 ၂၁
Af Hilkia var Hasabia; af Jedaja var Nethaneel.
22 ၂၂ ယဇ်​ပု​ရော​ဟိတ်​မင်း​များ​ဖြစ်​ကြ​သော​ဧ​လျာ​ရှိပ်၊ ယော​ယ​ဒ၊ ယော​ဟ​နန်​နှင့်​ယာ​ဒွါ​တို့​၏​လက်​ထက်​တွင်​လေ​ဝိ​အိမ်​ထောင်​စု​နှင့်​ယဇ်​ပု​ရော​ဟိတ်​အိမ်​ထောင်​စု​ဦး​စီး​ခေါင်း​ဆောင်​များ​၏​မှတ်​တမ်း​ကို​ထား​ရှိ​ခဲ့​၏။ ဤ​မှတ်​တမ်း​ကို​ပေ​ရ​သိ​ဧ​က​ရာဇ်​ဒါ​ရိ​လက်​ထက်​၌​ပြု​စု​ပြီး​စီး​လေ​သည်။
Och i Eljasibs tid, Jojada, Johanan och Jaddua, vordo öfverste fäderna ibland Leviterna och Presterna beskrifne, under Darios, den Persens rike.
23 ၂၃ သို့​ရာ​တွင်​လေဝိ​အိမ်​ထောင်​ဦး​စီး​များ​စာ​ရင်း​ကို​ဧ​လျာ​ရှိပ်​၏​မြေး​ယော​ဟ​နန်​၏​လက်​ထက်​တိုင်​အောင်​သာ​လျှင်​တ​ရား​ဝင်​မှတ်​တမ်း​များ​တွင်​တွေ့​ရှိ​ရ​၏။
Men Levi barn, öfverste fäderna vordo beskrifne i Chrönicon, allt intill Johanans tid, Eljasibs sons.
24 ၂၄ ဟာ​ရှ​ဘိ၊ ရှေ​ရ​ဘိ၊ ယော​ရှု၊ ဗိနွိ နှင့်​ကပ်​မျေ​လ​တို့​၏​ညွှန်​ကြား​အုပ်​ချုပ်​မှု​ကို​ခံ​ယူ​ကာ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​အ​စု​များ​ခွဲ​၍​တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ပေး​အပ်​သည့်​ညွှန်​ကြား​ချက်​များ​နှင့်​အ​ညီ တစ်​ကြိမ်​လျှင်​နှစ်​စု​ကျ​အ​တုန့်​အ​ပြန်​ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​လျက်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရ​ကြ​လေ​သည်။
Och desse voro öfverstarne i Leviterna: Hasabia, Serebia och Jesua, Kadmiels son; och deras bröder jemte dem, till att lofva och tacka, såsom den Guds mannen David det budit hade, den ena vakten vid den andra.
25 ၂၅ ဗိ​မာန်​တော်​အဝင်​တံ​ခါး​အ​နီး​ရှိ​ပစ္စည်း​သို​လှောင်​ခန်း​များ​ကို​တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သော​ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​မှာ​မ​ဿ​နိ၊ ဗာ​က​ဗု​ကိ၊ သြ​ဗ​ဒိ၊ မေ​ရှု​လံ၊ တာ​လ​မုန်​နှင့်​အက္ကုပ်​တို့​ဖြစ်​ကြ​၏။
Mattania, Bakbukia, Obadja, Mesullam, Talmon och Akkub, voro dörravaktare i vaktene vid dörrena i portomen.
26 ၂၆ ဤ​သူ​အ​ပေါင်း​တို့​သည်​ယော​ဇ​ဒက်​၏​မြေး၊ ယော​ရှု​၏​သား​ယော​ယ​ကိန်၊ ဘု​ရင်​ခံ​နေ​ဟ​မိ၊ ပ​ညတ်​ကျမ်း​တတ်​မြောက်​သူ​ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​တို့​၏​လက်​ထက်​၌​နေ​ထိုင်​ကြ​သူ​များ​ဖြစ်​ပေ​သည်။
Desse voro i Jojakims tid, Jesua sons, Jozadaks sons; och i Nehemia den landshöfdingans, och Prestens Esra den Skriftlärdas tid.
27 ၂၇ ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို​အ​နု​မော​ဒ​နာ​ပြု​သော​အ​ခါ​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် အား​ရ​ရွှင်​လန်း​စွာ​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​သီ​ချင်း​များ​ကို​သီ​ဆို​လျက် လင်း​ကွင်း​နှင့်​စောင်း​များ​ကို​တီး​လျက်​ပါ​ဝင်​ဆင်​နွှဲ​ကြ​စေ​ရန် သူ​တို့​အား​ရောက်​ရှိ​နေ​ထိုင်​လျက်​ရှိ​သည့်​အ​ရပ်​များ​မှ​ခေါ်​ယူ​ခဲ့​ကြ​၏။
Och uti murens vigning i Jerusalem sökte man Leviterna utur all deras rum, att man skulle hafva dem till Jerusalem, till att hålla vigning med glädje, med tacksägelse, med sång, med cymbaler, psaltare och harpor.
28 ၂၈ ဋ္ဌမ္မ​သီ​ချင်း​ကို​ဆို​သော​လေ​ဝိ​အိမ်​ထောင်​စု​များ​သည်၊ မိ​မိ​တို့​အ​တည်​တ​ကျ​နေ​ထိုင်​ရာ​ယေ​ရု​ရှ​လင်​မြို့​ပတ်​ဝန်း​ကျင်​ဒေ​သ​နေ​တော​ဖာ​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ၊-
Och sig församlade sångarenas barn, och af den ängden omkring Jerusalem, och af Netophati byar,
29 ၂၉ ဂိ​လ​ဂါ​လ၊ ဂေ​ဗ​နှင့်​အာ​ဇ​မာ​ဝက်​ကျေး​လက်​များ​မှ​လာ​ရောက်​ကြ​လေ​သည်။-
Och af Gilgals hus, och af den mark i Geba, och Asmaveth; förty sångarena hade byggt sig byar omkring Jerusalem.
30 ၃၀ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​ကိုယ်​တိုင်​အ​တွက်​လည်း​ကောင်း၊ ပြည်​သူ​များ၊ မြို့​တံ​ခါး​များ၊ မြို့​ရိုး​အ​တွက်​လည်း​ကောင်း​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​ပြု​ကြ​၏။
Och Presterna och Leviterna renade sig, och renade folket, portarna och muren.
31 ၃၁ ငါ​သည်​ယု​ဒ​ခေါင်း​ဆောင်​များ​အား​မြို့​ရိုး​ပေါ်​တွင်​စု​ရုံး​စေ​ပြီး​လျှင် မြို့​ကို​လှည့်​လည်​၍​ကျေး​ဇူး​တော်​ကို​သီ​ဆို​ချီး​မွမ်း​ရန်​လူ​စု​ကြီး​နှစ်​စု​ကို​ကြီး​ကြပ်​စေ​၏။ ပ​ထ​မ​တစ်​စု​သည်​အ​မှိုက်​ပုံ​တံ​ခါး​သို့​ဦး​တည်​လျက်​မြို့​ရိုး​ပေါ်​တွင်​လက်​ယာ​ရစ်​လှည့်​ကြ​၏။-
Och jag lät Juda Förstar stiga upp på muren, och beställde två stora tackchorar; de gingo åstad, den ene på högra sidone ofvan uppå murenom, åt dyngoporten;
32 ၃၂ သီ​ချင်း​သည်​များ​၏​နောက်​မှ​ဟော​ရှ​ယ​လိုက်​၏။ သူ​၏​နောက်​တွင်​ယု​ဒ​ခေါင်း​ဆောင်​တစ်​ဝက်​လိုက်​ကြ​၏။-
Och efter dem gick Hosaja, och hälften af Juda Förstar,
33 ၃၃ ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သော​အာ​ဇ​ရိ၊ ဧ​ဇ​ရ၊မေ​ရှု​လံ၊-
Och Asaria, Esra, Mesullam,
34 ၃၄ ယု​ဒ၊ ဗင်္ယာ​မိန်၊ ရှေ​မာ​ယ​နှင့်​ယေ​ရ​မိ​တို့​နှင့်၊-
Juda, BenJamin, Semaja och Jeremia;
35 ၃၅ ယဇ်​ပု​ရော​ဟိတ်​အ​ချို့​က တံ​ပိုး​ခ​ရာ​များ​မှုတ်​၍​လိုက်​ကြ​၏။ ထို​နောက်​ရှေ​မာ​ယ​၏​မြေး၊ ယော​န​သန်​၏​သား​ဇာ​ခ​ရိ​လိုက်​လေ​သည်။ (သူ​၏​ဘိုး​ဘေး​များ​တွင်​အာ​သပ်​သား​ချင်း​စု​ဝင်​ဖြစ်​ကြ​သော​မ​ဿ​နိ၊ မိက္ခာ​ယ​နှင့်​ဇက္ကု​ရ​တို့​လည်း​ပါ​ဝင်​လေ​သည်။-)
Och någre af Prestabarnen med trummeter, nämliga Zacharia, Jonathans son, Semaja sons, Mattania sons, Michaja sons, Saccurs sons, Assaphs sons;
36 ၃၆ သူ​၏​နောက်​၌​သူ့​သား​ချင်း​စု​ဝင်​များ​ဖြစ်​ကြ​သော​ရှေ​မာ​ယ၊ အာ​ဇ​ရေ​လ၊ မိ​လ​လဲ၊ ဂိ​လ​လဲ၊ မာ​ဣ၊ နာ​သ​နေ​လ၊ ယု​ဒ​နှင့်​ဟာ​န​နိ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​မင်း​တီး​မှုတ်​သည့်​တူ​ရိ​ယာ​မျိုး​တို့​ကို​ကိုင်​ဆောင်​လျက်​လိုက်​ကြ​၏။ ကျမ်း​တတ်​မြောက်​သူ​ဧ​ဇ​ရ​က​ဤ​လူ​စု​တို့​လှည့်​လည်​ရာ​တွင်​ဦး​စီး​ခေါင်း​ဆောင်​ပြု​လေ​သည်။-
Och hans bröder, Semaja, Asareel, Milalai, Gilalai, Maai, Nethaneel och Juda, Hanani med den Guds mansens Davids strängaspel; men Esra den Skriftlärde för dem.
37 ၃၇ စမ်း​ရေ​တွင်း​တံ​ခါး​သို့​ရောက်​သော​အ​ခါ​သူ​တို့​သည် ဒါ​ဝိဒ်​မြို့​သို့​သွား​ရာ​လှေ​ကား​ထစ်​များ​ကို​တက်​၍ ဒါ​ဝိဒ်​နန်း​တော်​ကို​ဖြတ်​ကျော်​ကာ​မြို့​အ​ရှေ့​ဘက်၊ ရေ​တံ​ခါး​အ​နီး​ရှိ​မြို့​ရိုး​သို့​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​၏။
Och vid brunnporten, gentöfver dem, gingo de på trappomen åt Davids stad, uppåt muren om Davids hus, allt intill vattuporten östantill.
38 ၃၈ ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​အ​ခြား​လူ​စု​သည်​မြို့​ရိုး​ပေါ်​တွင်​လက်​ဝဲ​ရစ်​လှည့်​၏။ ငါ​သည်​ကျန်​ပ​ရိ​သတ်​တစ်​ဝက်​နှင့်​အ​တူ​သူ​တို့​၏​နောက်​မှ​လိုက်​ကြ​၏။ ငါ​တို့​သည်​မုန့်​ဖို​ပြ​အိုး​ကို​ဖြတ်​၍​မြို့​ရိုး​ကျယ်​အ​ထိ​လျှောက်​သွား​ကြ​ပြီး​လျှင်၊-
Den andre tackchoren gick tvärsifrå dem, och jag efter honom, och hälften af folket, utåt murenom uppåt ugnatornet, allt intill den breda muren;
39 ၃၉ ဧ​ဖ​ရိမ်​တံ​ခါး၊ မြို့​ဟောင်း​တံ​ခါး၊ ငါး​တံ​ခါး၊ ဟာ​န​နေ​လ​ပြ​အိုး​နှင့်​ရာပြည့်​ပြ​အိုး​တို့​ကို​ဖြတ်​၍ သိုး​တံ​ခါး​သို့​သွား​ပြီး​နောက်​ဗိ​မာန်​တော်​အ​နီး​ရှိ​တံ​ခါး​တွင်​ရပ်​နေ​ကြ​၏။
Och uppåt Ephraims port, och till gamla porten, och till fiskaporten, och till Hananeels torn, och till Mea torn, allt intill fåraporten; och blefvo ståndande i fängelseportenom.
40 ၄၀ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည့်​လူ​စု​နှစ်​စု​စ​လုံး​ပင်​ဗိ​မာန်​တော်​နယ်​မြေ​သို့​ရောက်​ရှိ​လာ​ကြ​လေ​သည်။ ငါ​နှင့်​အ​တူ​လိုက်​ပါ​လာ​သည့်​ခေါင်း​ဆောင်​များ​အ​ပြင်၊-
Och stodo alltså de två tackchorer uti Guds huse, och jag, och hälften af öfverstarna med mig;
41 ၄၁ ငါ​၏​လူ​စု​တွင်​တံ​ပိုး​ခ​ရာ​မှုတ်​သူ​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သည့်​ဧ​လျာ​ကိမ်၊ မာ​သေ​ယ၊ မိ​ညာ​မိန်၊ မိက္ခာ​ယ၊ ဧ​လိ​သြ​နဲ၊ ဇာ​ခ​ရိ​နှင့်​ဟာ​န​နိ​တို့​ပါ​ဝင်​ကြ​၏။-
Och Presterna, nämliga Eljakim, Maaseja, Minjamin, Michaja, Eljoenai, Zacharia, Hanania, med trummeter;
42 ၄၂ သူ​တို့​၏​နောက်​မှ​မာ​သေ​ယ၊ ရှေ​မာ​ယ၊ ဧ​လာ​ဇာ၊ သြ​ဇိ ၊ ယော​ဟ​နန်၊ မာ​လ​ခိ​ယ၊ ဧ​လံ​နှင့်​ဧ​ဇာ​တို့​က​လိုက်​ကြ​၏။ ယေ​ဇ​ရာ​ဟိ​ခေါင်း​ဆောင်​သော​သီ​ချင်း​သည်​များ​သည်​အ​သံ​ကုန်​ဟစ်​၍​သီ​ဆို​ကြ​၏။
Och Maaseja, Semaja, Eleasar, Ussi, Johanan, Malchija, Elam och Eser; och sångarena söngo högt; och Jisrahja var föreståndaren.
43 ၄၃ ထို​နေ့​၌​ယဇ်​အ​မြောက်​အ​မြား​ကို​ပူ​ဇော်​ကြ​၏။ ဝမ်း​မြောက်​ရွှင်​လန်း​ခွင့်​ကို​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ကြောင့်​လူ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။ သူ​တို့​နှင့်​အ​တူ​အ​မျိုး​သ​မီး​များ​နှင့်​က​လေး​များ​သည်​လည်း​ပါ​ဝင်​ဆင်​နွှဲ​ကြ​သည်​ဖြစ်​၍ သူ​တို့​၏​ရွှင်​လန်း​ဝမ်း​မြောက်​သံ​ကို​အ​ဝေး​က​ပင်​ကြား​နိုင်​လေ​သည်။
Och stor offer vordo offrad på den samma dagen, och de voro glade; ty Gud hade gjort dem en stor glädje, så att både qvinnor och barn fröjdade sig; och Jerusalems glädje hördes långan väg.
44 ၄၄ ထို​ကာ​လ​၌​နှစ်​စဉ်​အ​သီး​အ​နှံ​ဦး​များ​နှင့်​အ​ဦး​မှည့်​သည့်​သစ်​သီး​များ​၏​ဆယ်​ဖို့​တစ်​ဖို့​နှင့်​အ​ခြား​အ​လှူ​များ​ထား​ရှိ​ရာ​ပစ္စည်း​သို​လှောင်​ခန်း​များ​အ​တွက်​တာ​ဝန်​ခံ​ပစ္စည်း​ထိန်း​တို့​ကို​ခန့်​ထား​ကြ​၏။ ဤ​သူ​တို့​သည်​ပ​ညတ်​ကျမ်း​တွင်​ပြ​ဋ္ဌာန်း​ထား​သည့်​အ​တိုင်း ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​တွက်​အ​လှူ​များ​ကို​မြို့​ရွာ​များ​အ​နီး​ရှိ​လယ်​ယာ​အ​သီး​သီး​မှ​ကောက်​ခံ​ရန်​တာ​ဝန်​ယူ​ကြ​ရ​လေ​သည်။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် သန့်​စင်​မှု​မင်္ဂ​လာ​နှင့်​အ​ခြား​ဘု​ရား​သ​ခင်​မိန့်​မှာ​တော်​မူ​သည့်​အ​ခြား​ဘာ​သာ​ရေး​ဝတ်​များ​ကို​လည်း​ပြု​ကြ​သည်​ဖြစ်​၍ ယု​ဒ​ပြည်​သူ​များ​သည်​အား​ရ​ဝမ်း​မြောက်​ကြ​၏။ ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ​နှင့်​အ​စောင့်​တပ်​သား​များ​က​လည်း ဒါ​ဝိဒ်​မင်း​နှင့်​သား​တော်​ရှော​လ​မုန်​စီ​ရင်​တော်​မူ​ခဲ့​သည့်​အ​တိုင်း မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​ကြ​လေ​သည်။
På den tiden vordo män förskickade öfver skattkistona, der häfoffer, förstling och tiond uti var, att de skulle samka tillhopa af åkromen omkring städerna, till att utdela efter lagen för Prester och Leviter; ty Juda hade en glädje af Presterna och Leviterna, att de stodo.
45 ၄၅
Och de höllo sins Guds vakt, och reningenes vakt; och sångarena och dörravaktarena stodo efter Davids och hans sons Salomos bud.
46 ၄၆ ရှေး​ကာ​လ​ဒါ​ဝိဒ်​မင်း​နှင့်​ဂီ​တ​ပ​ညာ​သည်​အာ​သပ်​၏​လက်​ထက်​မှ​အ​စ​ပြု​၍ ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​နှင့်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​သီ​ချင်း​များ​ကို​ဂီတ​ပ​ညာ​သည်​များ​က​ဦး​ဆောင်​သီ​ဆို​ခဲ့​ကြ​သည်။-
Förty i Davids och Assaphs tid vordo stiktade öfverste sångare, och lofsånger, och tacksägningar till Gud.
47 ၄၇ ဇေ​ရု​ဗ​ဗေ​လ​၏​လက်​ထက်​နှင့်​နေ​ဟ​မိ​၏​လက်​ထက်​၌​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်​ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ​နှင့်​အ​စောင့်​တပ်​သား​တို့​အ​တွက် ရိက္ခာ​များ​ကို​နေ့​စဉ်​နေ့​တိုင်း​ထောက်​ပံ့​လှူ​ဒါန်း​ကြ​လေ​သည်။ ပြည်​သူ​တို့​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​သန့်​ရှင်း​သည့်​အ​ရာ​တို့​ကို​လှူ​ဒါန်း​ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​များ​က​လည်း ယဇ်​ပု​ရော​ဟိတ်​တို့​အား​သင့်​ရာ​အ​ချိုး​ကို​တစ်​ဆင့်​လှူ​ဒါန်း​ကြ​၏။
Men hele Israel gaf sångarena och dörravaktarena delar uti Serubbabels och Nehemia tid, hvar dagen sin del. Och de gåfvo af det helgada Levitomen; och Leviterna gåfvo Aarons barnom af det helgada.

< နေဟမိ 12 >