< နေဟမိ 11 >
1 ၁ ခေါင်းဆောင်များသည်ယေရုရှလင်မြို့တွင် နေထိုင်ကြ၏။ အခြားသူတို့မူကားဆယ် အိမ်ထောင်လျှင် တစ်အိမ်ထောင်ကျသန့်ရှင်း သောယေရုရှလင်မြို့တော်တွင်လည်းကောင်း၊ ကျန်သောသူတို့ကိုအခြားမြို့ရွာများ တွင်လည်းကောင်းနေထိုင်စေရန်မဲချ၍ ဆုံးဖြတ်ကြ၏။-
Forsothe the princis of the puple dwelliden in Jerusalem; the principal men dwelliden in the myddis of the puple with out lot; but the residue puple sente lot, for to take o part of ten, `whiche schulden dwelle in Jerusalem, in the hooli citee; the tenthe part of the puple is chosun for to dwelle in Jerusalem, for the citee was voide; forsothe the nyne partis dwelliden in citees.
2 ၂ ယေရုရှလင်မြို့တွင်မိမိတို့အလိုအလျောက် နေထိုင်သူတို့အားပြည်သူတို့ကချီးကူး ကြ၏။-
Forsothe the puple blesside alle men, that profriden hem silf bi fre wille to dwelle in Jerusalem.
3 ၃ အခြားမြို့ရွာများတွင်ဣသရေလအမျိုး သားများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ် ဝင်များ၊ ဗိမာန်တော်အလုပ်သမားများ၊ ရှော လမုန်၏အစေခံများမှဆင်းသက်လာ သူများသည်ကိုယ်ပိုင်အိမ်များတွင်နေထိုင် ကြလေသည်။ ယေရုရှလင်မြို့တွင်နေထိုင်သောယုဒပြည် နယ်အကြီးအကဲများကိုဖော်ပြအံ့။
And so these ben the princes of prouynce, that dwelliden in Jerusalem, and in the citees of Juda; sothely ech man dwellide in his possessioun, in her citees of Israel, prestis, dekenes, Nathynneis, and the sones of the seruauntis of Salomon.
4 ၄ ယုဒအနွယ်ဝင်များမှာအောက်ပါအတိုင်း ဖြစ်သည်။ ဇာခရိ၏မြေး၊ သြဇိ၏သားအသာယ။ သူ၏ အခြားဘိုးဘေးများတွင်ယုဒ၏သားဖာရက် မှဆင်းသက်သူအာမရိ၊ ရှေဖတိနှင့်မဟာ လေလတို့ပါဝင်သည်။
And men of the sones of Juda, and of the sones of Beniamyn dwelliden in Jerusalem; of the sones of Juda, Athaie, the sone of Aziam, sone of Zacarie, sone of Amarie, sone of Saphie, sone of Malaleel;
5 ၅ ကောလဟောဇ၏မြေး၊ ဗာရုတ်၏သားမာသေယ။ သူ၏အခြားဘိုးဘေးများတွင်ရှေလ၏သား ယုဒမှဆင်းသက်သူဟဇာယ၊ အဒါယ၊ ယောယရိပ်နှင့်ဇာခရိတို့ပါဝင်သည်။
of the sones of Phares, Amasie, the sone of Baruch, the sone of Colozay, the sone of Azie, the sone of Adaie, the sone of Jozarib, the sone of Zacarie, the sone of Salonytes; alle the sones of Phares,
6 ၆ ဖရက်၏သားမြေးများအနက်သူရဲကောင်း လေးရာခြောက်ဆယ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့တွင်နေထိုင်ကြ၏။
that dwelliden in Jerusalem, weren foure hundrid eiyte and sixti, stronge men.
7 ၇ ဗင်္ယာမိန်အနွယ်ဝင်များမှာအောက်ပါ အတိုင်းဖြစ်၏။ ယောဒ၏မြေး၊ မေရှုလံ၏သားသလ္လု။ သူ ၏အခြားဘိုးဘေးများတွင်ပေဒါယ၊ ကောလာယ၊ မာသေယ၊ ဣသေလ၊ ယေရှာယ တို့ပါဝင်သည်။
Sotheli these ben the sones of Beniamyn; Sellum, the sone of Mosollam, the sone of Joedi, the sone of Sadaie, the sone of Colaie, the sone of Masie, the sone of Ethel, the sone of Saie;
8 ၈ သလ္လု၏ဆွေမျိုးရင်းခြာများဖြစ်ကြသော ဂဗ္ဗဲနှင့်သလ္လဲ။ စုစုပေါင်း ဗင်္ယာမိန်အနွယ်ဝင်ကိုးရာနှစ်ဆယ့် ရှစ်ယောက်တို့သည်ယေရုရှလင်မြို့တွင်နေ ထိုင်ကြ၏။-
and aftir hym Gabai, Sellai, nynti and eiyte and twenti;
9 ၉ ဇိခရိ၏သားယောလသည်သူတို့၏ခေါင်း ဆောင်ဖြစ်၍ သေနွာ၏သားယုဒသည်ဒုတိယ ခေါင်းဆောင်ဖြစ်၏။
and Johel, the sone of Zechri, was the souereyn of hem, and Judas, the sone of Semyna, was the secounde man on the citee.
10 ၁၀ ယဇ်ပုရောဟိတ်များမှာအောက်ပါအတိုင်း ဖြစ်၏။ ယောယရိပ်၏သားယေဒါယ၊ ယာခိန်။
And of prestis; Idaie,
11 ၁၁ မေရှုလံ၏မြေး၊ ဟိလခိ၏သားစရာယ။ သူ၏ဘိုးဘေးများတွင်ဇာဒုတ်၊ မရာယုတ် နှင့်ယဇ်ပုရောဟိတ်မင်းအဟိတုပ်တို့ပါ ဝင်သည်။-
sone of Joarib, Jachyn, Saraie, the sone of Helchie, the sone of Mossollam, the sone of Sadoch, the sone of Meraioth, the sone of Achitob, `the princis of `Goddis hows,
12 ၁၂ ဤသားချင်းစုမှလူစုစုပေါင်းရှစ်ရာနှစ် ဆယ့်နှစ်ယောက်တို့သည်ဗိမာန်တော်တွင် အမှုထမ်းကြ၏။ ပေလလိ၏မြေး၊ ယေရောဟံ၏သားအဒါယ။ သူ၏ဘိုးဘေးများတွင်အာမဇိ၊ ဇာခရိ၊ ပါရှုရ၊ မာလခိတို့ပါဝင်သည်။-
and her britheren, makynge the werkis of the temple, weren eiyte hundrid and two and twenti. And Adaie, the sone of Jeroam, the sone of Pheler, the sone of Amsi, the sone of Zacarie, the sone of Phessur,
13 ၁၃ ဤသားချင်းစုမှလူပေါင်းနှစ်ရာလေးဆယ် နှစ်ယောက်တို့သည်အိမ်ထောင်ဦးစီးများဖြစ် ကြ၏။ အဟဇိ၏မြေး၊အာဇရေလ၏သားအာမရှဲ။ သူ၏ဘိုးဘေးများတွင်မေရှိလမုတ်နှင့် ဣမေရတို့ပါဝင်သည်။-
the sone of Melchie, and the britheren of hem, the princes of fadris, weren two hundrid and two and fourti. And Amasie, the sone of Azrihel, the sone of Azi, the sone of Mosollamoth, the sone of Semyner,
14 ၁၄ ဤသားချင်းစုတွင်ထူးချွန်သောစစ်သူရဲ တစ်ရာနှစ်ဆယ့်ရှစ်ယောက်ရှိ၏။ သူတို့၏ခေါင်း ဆောင်မှာအရေးပါအရာရောက်သည့်အိမ် ထောင်စုဝင် ဇာဗဒေလဖြစ်၏။
and her britheren, ful myyti men, weren an hundrid and eiyte and twenti; and the souereyn of hem was Zebdiel, the sone of myyty men.
15 ၁၅ လေဝိအနွယ်ဝင်များမှာအောက်ပါအတိုင်း ဖြစ်၏။ အာဇရိကံ၏မြေး၊ ဟာရှုပ်၏သားရှေမာယ။ သူ၏ဘိုးဘေးများတွင်ဟာရှဘိနှင့်ဗုန္နိတို့ ပါဝင်သည်။
And of dekenes; Sechenye, the sone of Azab, the sone of Azarie, the sone of Azabie, the sone of Bone, and Sabathai;
16 ၁၆ ဗိမာန်တော်အပြင်မှုကြီးကြပ်သူလေဝိ အနွယ်ဝင်အကြီးအကဲများဖြစ်ကြသော ရှဗ္ဗေသဲနှင့်ယောဇဗဒ်။
and Jozabed was ordened of the princes of dekenes, on alle the werkis that weren with out forth in Goddis hows.
17 ၁၇ ဇာဗဒိ၏မြေး၊ မိက္ခာ၏သားမဿနိ။ သူသည် အာသပ်မှဆင်းသက်လာသူဖြစ်၏။ သူသည် ကျေးဇူးတော်ချီးမွမ်းရာဆုတောင်းပတ္ထနာ သီချင်းကိုသီဆိုရာတွင်ဗိမာန်တော်သီ ချင်းအဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက် သူဖြစ်၏။ မဿနိ၏လက်ထောက်ဗာကဗုကိ။ ဂလာလ၏မြေး၊ ရှမွာ၏သားသြဗဒိ။ သူ သည်ယေဒုသုန်မှဆင်းသက်လာသူဖြစ်၏။
And Mathanye, the sone of Mycha, the sone of Zebdai, the sone of Asaph, was prince, to herie and to knowleche in preier; and Bethechie was the secounde of hise britheren, and Abdie, the sone of Sammya, the sone of Galal, the sone of Iditum.
18 ၁၈ လေဝိအနွယ်ဝင်စုစုပေါင်းနှစ်ရာရှစ်ဆယ် လေးယောက်တို့သည်သန့်ရှင်းသောယေရု ရှလင်မြို့တော်တွင်နေထိုင်ကြလေသည်။
Alle the dekenes in the hooli citee, weren two hundrid and foure score and foure.
19 ၁၉ ဗိမာန်တော်အစောင့်တပ်သားများမှာအောက် ပါအတိုင်းဖြစ်သည်။ အက္ကုပ်၊တာလမုန်နှင့်သူ၏ဆွေမျိုးများဖြစ် ၍စုစုပေါင်းတစ်ရာခုနစ်ဆယ်နှစ်ယောက် ရှိသတည်း။
And the porteris, Accub, Thelmon, and the britheren of hem, that kepten the doris, weren an hundrid `and two and seuenti.
20 ၂၀ ကျန်ဣသရေလအမျိုးသားများ၊ ပုရောဟိတ် များနှင့်လေဝိအနွယ်ဝင်များသည်အခြား ယုဒမြို့ရွာတို့တွင်ကိုယ်ပိုင်မြေရာတွင်နေ ထိုင်ကြ၏။
And othere men of Israel, prestis, and dekenes, in alle the citees of Juda, ech man in his possessioun.
21 ၂၁ ဗိမာန်တော်အလုပ်သမားများသည် ယေရု ရှလင်မြို့သြဖေလဟုအမည်တွင်သော အရပ်တွင်နေထိုင်၍ ဇိဟနှင့်ဂိသပတို့ ၏ကွပ်ကဲမှုအောက်တွင်အလုပ်လုပ်ကြ လေသည်။
And Natynneis, that dwelliden in Ophel, and Siacha, and Gaspha; of Natynneis.
22 ၂၂ ယေရုရှလင်မြို့တွင်နေထိုင်သူလေဝိအနွယ် ဝင်တို့ကို ကွပ်ကဲအုပ်ချုပ်သူမှာဟာရှဘိ၏ မြေး၊ ဗာနိ၏သားသြဇိဖြစ်၏။ သူ၏ဘိုးဘေး များတွင်မဿနိနှင့်မိက္ခာတို့ပါဝင်၏။ သူသည် ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှုဆိုင်ရာဂီတ တာဝန်ခံဖြစ်သည့်အာသပ်သားချင်းစု ဝင်ဖြစ်ပေသည်။-
And bischopis of dekenes in Jerusalem; Azi, the sone of Bany, the sone of Asabie, the sone of Mathanye, the sone of Mychee. Of the sones of Asaph, syngeris in the seruyce of Goddis hows.
23 ၂၃ သားချင်းစုတို့သည်ဗိမာန်တော်တွင်သီဆို တီးမှုတ်မှုကို နေ့စဉ်အဘယ်သို့အလှည့် ကျဦးဆောင်ရကြမည်ကိုဖော်ပြသည့် ဘုရင့်ညွှန်ကြားချက်များရှိ၏။
For the comaundement of the kyng was on hem, and ordre was in syngeris bi alle daies;
24 ၂၄ ယုဒအနွယ်၊ ဇာရသားချင်းစုဝင်၊ မေရှဇ ဗေလ၏သားပေသဟိသည်ဣသရေလ အမျိုးတို့အမှုအရေးရှိသမျှနှင့်ဆိုင် ၍ ပေရသိဘုရင်မင်းအပါးတော်တွင် ခစားခဲ့၏။
and Aphataie, the sone of Mosezehel, of the sones of Zara, sone of Juda, in the hond of the kyng, bi ech word of the puple;
25 ၂၅ လူအမြောက်အမြားပင်မိမိတို့လယ်ယာ များအနီးရှိမြို့တို့တွင်နေထိုင်ကြလေ သည်။ ယုဒအနွယ်ဝင်တို့သည်ကိရယ သာဘမြို့၊ ဒိဘုန်မြို့နှင့်ယေကပ်ဇေလမြို့ တို့၌လည်းကောင်း၊ ထိုမြို့များအနီးရှိ ကျေးရွာများ၌လည်းကောင်းနေထိုင်ကြ၏။-
and in the housis bi alle the cuntreis of hem. Of the sones of Juda dwelliden in Cariatharbe, and in the vilagis therof, and in Dibon, and in the vilagis therof, and in Capseel, and in the townes therof;
26 ၂၆ သူတို့သည်ယေရွှ၊ မောလဒ၊ ဗက်ပါလက်၊-
and in Jesue, and in Molada, and in Bethpheleth,
27 ၂၇ ဟာဇာရွာလ၊ ဗေရရှေဘမြို့နှင့်ထိုမြို့တို့ ၏အနီးအနားဝန်းကျင်ရှိကျေးရွာများ ၌လည်းနေထိုင်ကြလေသည်။-
and in Asersual, and in Bersabee, and in the vilagis therof;
28 ၂၈ သူတို့သည်ဇိကလတ်မြို့၊ မေကောနမြို့နှင့် ထိုမြို့အနီးကျေးရွာများတွင်လည်းကောင်း၊-
and in Sicheleg, and in Mochone, and in the vilagis therof;
29 ၂၉ အင်ရိမ္မုန်မြို့၊ ဇာရမြို့၊ ယာမုတ်မြို့၊
and in Remmon, and in Sara,
30 ၃၀ ဇာနောမြို့၊အဒုံလံမြို့နှင့်ထိုမြို့များအနီး ရှိကျေးရွာများတွင်လည်းကောင်း၊ လာခိရှ မြို့နှင့်အနီးအနားရှိလယ်ယာများ၊ အဇေ ကာမြို့နှင့်အနီးအနားရှိကျေးရွာများ တွင်လည်းကောင်းနေထိုင်ကြ၏။ အချုပ်အား ဖြင့်ဆိုသော်ယုဒပြည်သူတို့သည်တောင် ဘက်ရှိဗေရရှေဘမြို့နှင့်မြောက်ဘက်ဟိန္နုံ ချိုင့်ဝှမ်းစပ်ကြားရှိနယ်မြေတွင်နေထိုင် ကြသတည်း။
and in Jerymuth, Zonocha, Odollam, and in the townes `of tho; in Lachis, and in the cuntreis therof; in Azecha and the vilagis therof; and thei dwelliden in Bersabee `til to the valei of Ennon.
31 ၃၁ ဗင်္ယာမိန်အနွယ်ဝင်တို့သည်ဂေဗမြို့၊ မိတ် မတ်မြို့၊ အာဣမြို့၊ ဗေသလမြို့နှင့်အနီး အနားရှိကျေးရွာများတွင်လည်းကောင်း၊-
Forsothe the sones of Beniamyn dwelliden in Areba, Mechynas, and Aia, and Bethel and vilagis therof;
32 ၃၂ အာနသုတ်မြို့၊ နောဗမြို့၊ အာနနိမြို့၊- ဟာဇော်မြို့၊ ရာမမြို့၊ ဂိတ္တိမ်မြို့၊- ဟာဒိဒ်မြို့၊ ဇေဘိုင်မြို့၊ နေဗလ္လတ်မြို့၊ လောဒမြို့၊သြနောမြို့နှင့်လက်မှုပညာ သည်ချိုင့်ဝှမ်းတွင်လည်းကောင်းနေထိုင်ကြ၏။-
in Anatoth, Nob, Ananya,
Nebollaloth, and in Onam, the valei of crafti men.
36 ၃၆ ယုဒနယ်မြေတွင်နေထိုင်ခဲ့သူလေဝိအနွယ် ဝင်အချို့တို့သည်ဗင်္ယာမိန်အနွယ်ဝင်များ နှင့်အတူနေထိုင်ရကြလေသည်။
And of dekenes, `the porciouns of Juda and of Beniamyn.