< နာဟုံ 2 >
1 ၁ အို နိနေဝေမြို့၊ရန်သူသည်သင့်ကိုတိုက်ခိုက် လျက်ရှိ၏။ သင်တို့ချေမှုန်းပစ်မည့်သူသည်ရောက်ရှိလာ လေပြီ။ သင်၏ခံတပ်များကိုကြီးကြပ်အုပ်ချုပ်လော့။ လမ်းတွင်အစောင့်ချထားလော့။ တိုက်ပွဲဝင်ရန်အသင့်ပြင်ဆင်လော့။
撃ち破る者があなたに向かって上って来る。城を守れ、道をうかがえ。腰に帯せよ、大いに力を強くせよ。
2 ၂ (ထာဝရဘုရားသည် ဣသရေလပြည်သား ရန်သူများလုယက်တိုက်ခိုက်မှုမပြုမီ အခါက အခြေအနေသို့ပြန်လည်ရောက် ရှိစေတော်မူတော့အံ့။)
主はヤコブの栄えを回復して、イスラエルの栄えのようにされる。かすめる者が彼らをかすめ、そのぶどうづるを、そこなったからである。
3 ၃ ရန်သူစစ်သူရဲတို့သည်ဒိုင်းလွှားနီများ ကိုကိုင်ဆောင်ကာ ဆင်တူဝတ်စုံနီများကိုဝတ်ဆင်ထားကြ၏။ သူတို့သည်တိုက်ခိုက်ရန်အသင့်ပြင်ဆင်လျက် ရှိကြ၏။ သူတို့၏စစ်မြင်းရထားများသည်မီးလျှံ သဖွယ် တောက်ပလျက်၊ သူတို့၏မြင်းများသည်ခုန်ပေါက်၍နေကြ၏။
その勇士の盾は赤くいろどられ、その兵士は紅に身をよろう。戦車はその備えの日に、火のように輝き、軍馬はおどる。
4 ၄ စစ်မြင်းရထားတို့သည်လမ်းများတွင်အပြင်း နှင်ကာ၊ လူထုစုဝေးရာကွက်လပ်များတွင် အစုံအဆန်ပြေးကြကုန်၏။ ယင်းတို့သည်မီးရှူးတိုင်များသဖွယ် တောက်ပလျက်၊ လျှပ်စစ်ပြက်သကဲ့သို့လျင်မြန်ကြ၏။
戦車はちまたに狂い走り、大路に飛びかける。彼らはたいまつのように輝き、いなずまのように飛びかける。
5 ၅ တပ်မှူးတို့ကိုဆင့်ခေါ်လိုက်သောအခါ သူတို့သည်ခလုတ်တိုက်၍ပြိုလဲမတတ် ရှေ့သို့ချီတက်လာကြ၏။ ထိုးစစ်ဆင်သူတို့သည်မြို့ရိုးရှိရာသို့ အလျင်အမြန် ပြေးလာပြီးလျှင်၊ဒိုင်းလွှားများဖြင့် အကွယ်အကာယူကာခံတပ်ဖြိုသော တင်းပုတ်ကြီးများကိုတပ်ဆင်ကြ၏။
将士らは召集され、彼らはその道でつまずき倒れ、城壁に向かって急いで行って大盾を備える。
6 ၆ မြစ်အနီးရှိမြို့တံခါးများသည်ရုတ်တရက် ပွင့်ထွက်လာလေပြီ။ နန်းတော်တွင်လည်းကြောက်စိတ်လွှမ်းလျက် နေတော့၏။
川々の門は開け、宮殿はあわてふためく。
7 ၇ မိဖုရားသည်အဖမ်းခံပြီးဖြစ်၍ ရံရွေတော်တို့သည်ချိုးငှက်များကဲ့သို့ ညည်းတွားငိုယိုကြကုန်၏။ သူတို့သည်ဝမ်းနည်းကြေကွဲသဖြင့်မိမိတို့ ရင်ဘတ်များကိုတီးကြ၏။
その王妃は裸にされて、捕われゆき、その侍女たちは悲しみ、胸を打って、はとのようにうめく。
8 ၈ တာကျိုးမှစီးထွက်သည့်ရေကဲ့သို့လူတို့သည် နိနေဝေမြို့မှတစ်ဟုန်တည်းထွက်ပြေးကြ၏။ သူတို့အား`ရပ်တန့်လော့၊ရပ်တန့်လော့' ဟု ဟစ်အော်ပြောဆိုပါသော်လည်း၊အဘယ်သူမျှ လှည့်၍မကြည့်ကြ။
ニネベは池のようであったが、その水は注ぎ出された。「立ち止まれ、立ち止まれ」と呼んでも、ふりかえるものもない。
9 ၉ ငွေတို့ကိုလုယူကြလော့။ ရွှေတို့ကိုလုယူ ကြလော့။ ဤမြို့သည်ဥစ္စာရတနာပေါများကြွယ်ဝ သောမြို့ ဖြစ်ပါသည်တကား။
銀を奪え、金を奪え。その宝は限りなく、もろもろの尊い物はおびただしい。
10 ၁၀ နိနေဝေမြို့သည်ပျက်စီး၍သွားလေပြီ။ လူသူမရှိ။ ဆိတ်ညံရာဖြစ်လျက်နေ၏။ လူတို့သည်အလွန်ကြောက်လန့်သဖြင့်နှလုံး ခုန်ရပ်လုနီး၊ ဒူးများတုန်လျက်အားအင်ကုန်ခန်း၍သွားကြ၏။ သူတို့၏မျက်နှာတွင်လည်းသွေးမရှိတော့။
消えうせ、むなしくなり、荒れはてた。心は消え、ひざは震え、すべての腰には痛みがあり、すべての顔は色を失った。
11 ၁၁ ခြင်္သေ့များခိုအောင်းရာသားရဲတွင်း၊ခြင်္သေ့ငယ် များကို အစာကျွေးရာ၊ ခြင်္သေ့ကြီးငယ်တို့ဘေးမဲ့လုံခြုံစွာလာ ရောက်ခိုလှုံရာ အရပ်နှင့်တူသောမြို့သည် ယခုအဘယ်မှာရှိသနည်း။
ししのすみかはどこであるか。若いししの穴はどこであるか。そこに雄じしはその獲物を携え行き、その子じしと共にいても、これを恐れさせる者はない。
12 ၁၂ ခြင်္သေ့သည်သားကောင်ကိုသတ်ပြီးလျှင်၊ ခြင်္သေ့မနှင့် သားငယ်တို့အတွက် အပိုင်းပိုင်းအစစဖြစ်အောင်ကိုက်ဖြတ်ကာ၊ ထိုအသားစများဖြင့်မိမိသားရဲတွင်းကို ပြည့်စေတတ်၏။
雄じしはその子じしのために引き裂き、雌じしのために獲物を絞め殺し、獲物をもってその穴を満たし、引き裂いた肉をもってそのすみかを満たした。
13 ၁၃ အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည် သင်၏ရန်သူဖြစ်၏။ သင့်ရထားများကိုငါ မီးရှို့ပစ်မည်။ သင်၏စစ်သည်တပ်သားတို့သည် စစ်ပွဲတွင်ကျဆုံးကြလိမ့်မည်။ သူတစ်ပါး တို့ထံမှ သင်သိမ်းယူထားသည့်ဥစ္စာပစ္စည်း မှန်သမျှကိုငါဖယ်ရှားမည်။ သင်၏သံတမန် တို့၏တောင်းဆိုသံများကိုကြားကြရ တော့မည်မဟုတ်'' ဟုမိန့်တော်မူ၏။
万軍の主は言われる、見よ、わたしはあなたに臨む。わたしはあなたの戦車を焼いて煙にする。つるぎはあなたの若いししを滅ぼす。わたしはまた、あなたの獲物を地から断つ。あなたの使者の声は重ねて聞かれない。