< နာဟုံ 1 >
1 ၁ ဤအကြောင်းအရာသည်နိနေဝေမြို့နှင့် ပတ်သက်သည့်ဗျာဒိတ်တော်ဖြစ်၍ ဧလ ကောရှရွာသားနာဟုံတွေ့မြင်ရသည့် ဗျာဒိတ်ရူပါရုံအကြောင်းပင်ဖြစ်ပေ သည်။
၁ဧလကောရှ ရွာသား နာဟုံ ခံရ၍၊ နိနေဝေ မြို့နှင့် ဆိုင်သော ဗျာဒိတ် တော်အချက်ဟူမူကား၊
2 ၂ ထာဝရအရှင်ဘုရားသခင်သည်မိမိအား အံတုဖက်ပြိုင်သူတို့ကိုသည်းခံတော်မမူ။ ကိုယ်တော်သည်အတိုက်အခံပြုသူများကို အပြစ်ဒဏ်ခတ်တော်မူ၏။ အမျက်တော်ထွက်၍သူတို့အား လက်စားချေတော်မူ၏။
၂အပြစ်ရှိသည်ဟု ထာဝရဘုရား သည် ယုံ လွယ်၍ ဒဏ် ပေးသော ဘုရား ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ဒဏ် ပေး၍ အမျက် ပြင်းထန်တော်မူ၏။ ထာဝရဘုရား သည် ရန်ဘက် ပြုသောသူတို့ကို ဒဏ် ပေး၍ ၊ ရန်သူ တို့ကို အငြိုး ထားတော်မူ၏။
3 ၃ ထာဝရဘုရားသည်အလွယ်တကူ အမျက်ထွက်တော်မမူတတ်။ သို့ရာတွင်ကိုယ်တော်သည်တန်ခိုးကြီး တော်မူ၍၊ အပြစ်ရှိသူတို့ကိုအပြစ်ဒဏ်မခတ်ဘဲ အဘယ်အခါ၌မျှထားတော်မမူပါ။ ကိုယ်တော်လျှောက်သွားရာအရပ်တို့၌ လေမုန်တိုင်းများကျရောက်တတ်၏။ မိုးတိမ်များကားကိုယ်တော်၏ရွှေစက်တော် အောက်မှ ထသည့်မြေမှုန့်များပင်တည်း။
၃ထာဝရဘုရား သည် စိတ် ရှည်တော်မူ၏။ တန်ခိုး လည်း ကြီး တော်မူ၏။ သို့ရာတွင် ၊ အပြစ်တည်သော သူတို့ ကို အပြစ် မှ လွှတ်တော်မ မူ။ ထာဝရဘုရား သည် လေဘွေ ၌ ၎င်း ၊ မိုဃ်းသက် မုန်တိုင်း၌ ၎င်း ကြွ တော်မူ၍ ၊ မိုဃ်း တိမ် တို့သည် စက် တော်အောက်၌ မြေမှုန့် ကဲ့သို့ဖြစ်ကြ၏။
4 ၄ ကိုယ်တော်သည်ပင်လယ်ကိုအမိန့်ပေးတော်မူ သောအခါပင်လယ်ရေသည်ခန်းခြောက်၍ သွား၏။ ကိုယ်တော်သည်မြစ်တို့ကိုလည်း ရေကုန်ခန်းစေတော်မူ၏။ ဗာရှန်တောင်သည်ညှိုးနွမ်းခြောက်သွေ့ကာ ကရမေလတောင်သည်အညိုရောင်သန်း၍ သွား၏။ လေဗနုန်တောင်မှပန်းများသည်လည်း ညှိုးနွမ်းကြကုန်၏။
၄ပင်လယ် ကို ဆုံးမ ၍ ခန်းခြောက် စေတော်မူ၏။ ခပ်သိမ်း သော မြစ် ရေကိုလည်း ကုန် စေတော်မူ၏။ ဗာရှန် တောင်နှင့် ကရမေလ တောင်တို့သည် ညှိုးနွမ်း ကြ၏။ လေဗနုန် အပွင့် လည်း ညှိုးနွမ်း ၏။
5 ၅ ကိုယ်တော်၏ရှေ့၌တောင်ကြီးများသည် တုန်လှုပ်ကြလျက်၊ တောင်ငယ်များသည်အရည်ပျော်ကြကုန်၏။ ထာဝရဘုရားကြွလာတော်မူသောအခါ မြေငလျင်လှုပ်၍၊ ကမ္ဘာလောကနှင့်တကွကမ္ဘာသူကမ္ဘာသား အပေါင်းတို့သည်ကြောက်လန့်တုန်လှုပ်ကြ၏။
၅ကိုယ်တော် ကြောင့် တောင် တို့သည် တုန်လှုပ် လျက် ၊ ကုန်း တို့သည် အရည် ကျိုလျက် ၊ ရှေ့ တော်၌ မြေကြီး နှင့် လောကဓါတ် မှစ၍ လောက သားအပေါင်း တို့သည် ရွေ့ လျက်ရှိကြ၏။
6 ၆ ကိုယ်တော်အမျက်ထွက်တော်မူသောအခါ အဘယ်သူသည်ခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်၏ကြောက်မက်ဖွယ်ရာအမျက်တော် အရှိန်ကိုအဘယ်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်သည်မီးလျှံထသောအမျက်တော်ကို သွန်းလောင်းတော်မူသဖြင့်၊ ရှေ့တော်၌ကျောက်တို့သည်ကြေမွကာ အမှုန့်ဖြစ်၍သွားကုန်၏။
၆အမျက် တော်ရှေ့ မှာ အဘယ်သူ ရပ် နိုင်သနည်း။ အမျက် တော်အရှိန် ကို အဘယ်သူ ဆီးတား နိုင်သနည်း။ မီး လောင်သကဲ့သို့ အမျက် ထွက် ၍ ၊ ကျောက် တို့ကို ဖြို ချ တော်မူ၏။
7 ၇ ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍၊ မိမိ၏လူမျိုးတော်ဒုက္ခရောက်ချိန်၌ကွယ်ကာ စောင့်ရှောက်တော်မူ၏။ အထံတော်တွင်ခိုလှုံသူတို့အားကြည့်ရှု ပြုစုတော်မူ၏။
၇ထာဝရဘုရား သည် ကောင်း တော်မူ၏။ အမှု ရောက်သောအခါ ရဲတိုက် ဖြစ်တော်မူ၏။ ခိုလှုံ သောသူတို့ ကို သိ မှတ်တော်မူ၏။
8 ၈ ကိုယ်တော်သည်အရှိန်ပြင်းစွာလွှမ်းမိုးသည့် မြစ်ရေကဲ့သို့ရန်သူတို့အားဆုံးပါး ပျက်စီးစေတော်မူ၏။ မိမိကိုအတိုက်အခံပြုသူတို့အား သေရွာသို့ ပို့ဆောင်တော်မူ၏။
၈ရန်သူ နေရာ ကို လွှမ်းမိုး သော မြစ် ရေနှင့် ဆုံးရှုံး စေတော်မူသဖြင့် ၊ ရန်သူ တို့ကို မှောင်မိုက် လိုက် လိမ့်မည်။
9 ၉ သင်သည်ထာဝရဘုရားအားဆန့်ကျင်၍ အဘယ်အမှုကိုကြံစည်လျက်နေပါသနည်း။ ကိုယ်တော်သည်သင့်ကိုသုတ်သင်ဖျက်ဆီး တော်မူလိမ့်မည်။ အဘယ်သူမျှကိုယ်တော်အားတစ်ကြိမ်ထက်ပို၍ အတိုက်အခံမပြုနိုင်။
၉ထာဝရဘုရား တဘက် ၌ အဘယ်သို့ ကြံစည် ကြသနည်း ။ အပြီး ဆုံးရှုံးစေတော်မူမည်။ တဖန် နှိပ် နင်းစရာ အကြောင်းမ ရှိ ရ။
10 ၁၀ သင်သည်ဆူးချုံမြက်ခြောက်သဖွယ် မီးလောင်ကျွမ်းသွားလိမ့်မည်။
၁၀သူတို့သည် ဆူး ပင်ကဲ့သို့အချင်းချင်းညိတွယ် လျက် ၊ စပျစ်ရည် နှင့် ယစ်မူး သကဲ့သို့ ဖြစ်လျက်၊ သွေ့ခြောက် သောအမှိုက် ကဲ့သို့ မီး လောင်ခြင်းကိုခံရကြ လိမ့်မည်။
11 ၁၁ အို နိနေဝေမြို့၊ စီမံကိန်းအမျိုးမျိုးဖြင့်ထာဝရ ဘုရားအား မကောင်းကြံစည်သူလူတစ်ယောက် သည်သင့်အထဲကထွက်ပေါ်လာလေပြီ။-
၁၁ထာဝရဘုရား တဘက် ၌ မ ကောင်းသော အကြံ ကို ကြံစည် သောအဓမ္မ တိုင်ပင်အမတ်သည် သင့် အထဲ က ပေါ် လာပြီ။
12 ၁၂ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့အား``အာရှုရိ အမျိုးသားတို့သည်ခွန်အားကြီး၍အရေ အတွက်အားဖြင့်များသော်လည်း သုတ်သင် ဖျက်ဆီးခြင်းကိုခံရကြလျက်ကွယ်ပျောက် သွားကြလိမ့်မည်။ အို ငါ၏လူမျိုးတော်၊ ငါ သည်သင်တို့အားဒုက္ခရောက်စေခဲ့ဖူးသော် လည်းနောက်တစ်ဖန်ထိုသို့ပြုတော့မည် မဟုတ်။-
၁၂ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူတို့သည် စုံလင် ၍ အရေအတွက်အားဖြင့်များပြား သော်လည်း ၊ ဆုံးရှုံး ၍ ကွယ်ပျောက် ရကြလိမ့်မည်။ သင့် ကို ငါညှဉ်းဆဲ ဘူးသော်လည်း နောက် တဖန် မ ညှဉ်းဆဲ ။
13 ၁၃ သင်တို့အားအာရှုရိပြည်၏လက်အောက်မှ လွတ်မြောက်စေမည်။ သင်တို့ကိုချည်နှောင် ထားသည့်သံကြိုးများကိုဖြတ်တောက် ပစ်မည်'' ဟုမိန့်တော်မူ၏။
၁၃ယခု မှာ သင် ၌ သူ တင်သော ထမ်းဘိုး ကို ငါချိုး ပယ်၍ ၊ ချည်နှောင်သော ကြိုး တို့ကိုလည်း ဖြတ် မည်။
14 ၁၄ ထာဝရဘုရားသည်အာရှုရိအမျိုးသား တို့နှင့်ပတ်သက်၍``လူတို့သည်ထိုသူတို့ကို မေ့ပျောက်၍သွားလိမ့်မည်။ သူတို့၏ဗိမာန် တော်များရှိရုပ်တုတို့ကို ငါသုတ်သင်ဖျက် ဆီးမည်။ ငါသည်အာရှုရိအမျိုးသားတို့ အတွက်သင်္ချိုင်းကိုပြင်ဆင်မည်။ သူတို့သည် အသက်ရှင်ထိုက်သူများမဟုတ်'' ဟုအမိန့် စီရင်ချက်ချတော်မူ၏။
၁၄သင် ၏အမှု ၌ ထာဝရဘုရား စီရင် တော်မူသည် ကား၊ သင် ၏အမျိုး မ ဆက် မနွှယ်ရ။ ထုသော ရုပ်တု နှင့် သွန်း သော ရုပ်တုတို့ကို သင် ၏ဘုရား ကျောင်း မှ ငါပယ် ရှင်းမည်။ သင်သည် ယုတ်မာ သောကြောင့် သင် ၏ သင်္ချိုင်း ကို ငါလုပ် မည်။
15 ၁၅ ကြည့်လော့၊ သတင်းကောင်းကိုယူဆောင်လာ သူစေတမန်သည်တောင်များကိုကျော်ဖြတ် လျက်နေ၏။ သူသည်အောင်ပွဲခံရသည့်သတင်း ကိုကြေညာရန်လာလျက်ရှိပေသည်။ အို ယုဒ ပြည်သားတို့သင်တို့၏ဋ္ဌမ္မပွဲသဘင်များ ကိုကျင်းပကြလော့။ ထာဝရဘုရားအား သင်တို့ဆက်ကပ်ပေးလှူကြလော့။ သူယုတ် မာများသည်သင်တို့ပြည်သို့နောက်တစ်ဖန် ချင်းနင်းဝင်ရောက်ရကြတော့မည်မဟုတ်။ သူတို့သည်လုံးဝဆုံးပါးပျက်စီးသွား ကြလေကုန်ပြီ။
၁၅ငြိမ်သက် ခြင်း၏ ဝမ်းမြောက် စရာသိတင်း စကားကို ကြား ပြောသောသူ ၏ခြေ တို့ကို တောင် ပေါ် မှာ ကြည့် ကြလော့။ အိုယုဒ အမျိုး၊ သင် ၏ ဓမ္မပွဲကို ခံ လော့။ သစ္စာ ဂတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေ လော့။ အဓမ္မ လူသည် ရှင်းရှင်း ပယ် ဖြတ်ခြင်းကို ခံရသောကြောင့် ၊ နောက် တဖန်သင့် ကို မ ကျော် မနင်းရ။