< မိက္ခာ 7 >

1 မျှော်​လင့်​ချက်​ကုန်​ပြီ၊ ငါ​သည်​ဆာ​လောင် သ​ဖြင့် အ​ပင်​မှ​အ​သီး​ကို​သော်​လည်း​ကောင်း၊ စ​ပျစ်​နွယ်​မှ​စ​ပျစ်​သီး​ကို​သော်​လည်း​ကောင်း ရှာ​သော်​လည်း တစ်​လုံး​ကို​မျှ​မ​တွေ့​ရ​သော သူ​ကဲ့​သို့​ဖြစ်​၏။ စ​ပျစ်​သီး​ရှိ​သ​မျှ​နှင့်​စား ချင်​ဖွယ်​ကောင်း​သော​သ​ဖန်း​သီး​ရှိ​သ​မျှ ကို​ဆွတ်​ခူး​သွား​ကြ​ပြီ။-
Tawa ta ƙare! Ina kama da wanda yake tattara’ya’yan itatuwa a lokacin kalar’ya’yan inabi; babu sauran nonon inabin da za a tsinka a ci, babu kuma’ya’yan ɓaure na farko-farkon da raina yake marmari.
2 တိုင်း​ပြည်​ထဲ​တွင်​ရိုး​သား​ဖြောင့်​မတ်​သော​သူ၊ ဘု​ရား​သ​ခင်​အား​သစ္စာ​စောင့်​သိ​ရို​သေ​သော သူ​ဟူ​၍ တစ်​ယောက်​မျှ​မ​ရှိ​တော့​ချေ။ လူ့ အ​သက်​ကို​သတ်​ရန်​အ​ခွင့်​ကောင်း​ကို​လူ​တိုင်း စောင့်​လျက်​နေ​ကြ​၏။ ညီ​အစ်​ကို​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​ကျော့​ကွင်း​ထောင်​၍ ဖမ်း​တတ်​ကြ​၏။-
An kawar da masu tsoron Allah daga ƙasar; babu sauran mai adalcin da ya rage. Dukan mutane suna kwanto don su zub da jini; kowa yana farautar ɗan’uwansa da tarko.
3 သူ​တို့​သည်​မ​ကောင်း​မှု​ကို​ပြု​လုပ်​ရန်​စိတ် အား​ထက်​သန်​ကြ​၏။ အ​ရာ​ရှိ​များ​နှင့် တ​ရား​သူ​ကြီး​များ​သည် တံ​စိုး​လက်​ဆောင် တောင်း​တတ်​ကြ​၏။ သြ​ဇာ​ရှိ​သော​သူ​၏ အ​လို​ဆန္ဒ​ကို​လိုက်​၍ သူ​တို့​သည်​မ​ကောင်း မှု​ကို​အ​တူ​တ​ကွ​ကြံ​စည်​ကြ​၏။-
Dukan hannuwansu sun gwaninta wajen yin mugunta; shugabanni suna nema a ba su kyautai, alƙalai suna nema a ba su cin hanci, masu iko suna faɗar son zuciyarsu, duk suna ƙulla makirci tare.
4 အ​တော်​ဖြောင့်​ဆုံး​ဟု​ဆို​ရ​သော​သူ​များ ပင်​လျှင် ပေါင်း​ပင်​ကဲ့​သို့​အ​သုံး​မ​ကျ​ချေ။ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏​ကင်း​စောင့် သ​ဖွယ်​ဖြစ်​သော ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် သ​တိ​ပေး​သည့်​အ​တိုင်း လူ​များ​ကို​ဒဏ်​ခတ် မည့်​အ​ချိန်​ရောက်​လာ​ပြီ။ သူ​တို့​သည်​ယ​ခု အ​ခါ​က​ယောင်​ချောက်​ချား​ဖြစ်​လျက်​ရှိ ကြ​၏။-
Mafi kyau a cikinsu yana kama da ƙaya, mafi gaskiyarsu ya fi shingen ƙaya muni. Ranar da Allah zai ziyarce ku ta zo, ranar da masu gadinku za su hura ƙaho. Yanzu ne lokacin ruɗewarku.
5 သင်​တို့​၏​အိမ်​နီး​နား​ချင်း​ကို​သော်​လည်း ကောင်း၊ မိတ်​ဆွေ​ကို​သော်​လည်း​ကောင်း​မ​ယုံ ကြ​နှင့်။ သင်​၏​ဇ​နီး​ကို​ပင်​သ​တိ​နှင့် စကား​ပြော​လော့။-
Kada ka yarda da maƙwabci; kada ka sa begenka ga abokai. Ko ma wadda take kwance a ƙirjinka, ka yi hankali da kalmominka.
6 ထို​အ​ချိန်​ကာ​လ​တွင်​သား​များ​က မိ​မိ​တို့ ၏​ဖ​ခင်​များ​၏​အ​သ​ရေ​ကို​ရှုတ်​ချ​လိမ့်​မည်။ သ​မီး​များ​က​မိ​ခင်​များ​အား​ဆန့်​ကျင်​ဘက် ပြု​မည်။ ချွေး​မ​များ​က​ယောက္ခ​မ​ကို​ရန်​ဘက် ပြု​မည်။ အိမ်​သား​တို့​၏​ရန်​သူ​များ​သည်​မိ​မိ တို့​၏​မိ​သား​စု​ထဲ​မှ​ဖြစ်​လိမ့်​မည်။
Gama ɗa yakan ce wannan ba mahaifinsa ba ne, diya kuma takan tayar wa mahaifiyarta, matar ɗa takan yi gāba da uwar mijinta, abokan gāban mutum su ne iyalin cikin gidansa.
7 ငါ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​ကို​စောင့်​မျှော် နေ​မည်။ ငါ့​ကို​ကယ်​တင်​မည့်​ဘု​ရား​သ​ခင် အား​ယုံ​ကြည်​စိတ်​ချ​စွာ​စောင့်​နေ​မည်။ ငါ ၏​ဘု​ရား​သ​ခင်​သည်​ငါ​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​မည်။
Amma game da ni, zan sa bege ga Ubangiji, ina sauraron Allah Mai Cetona; Allahna kuwa zai ji ni.
8 ငါ​တို့​၏​ရန်​သူ​တို့၊ ငါ​တို့​၏​အ​ပြစ်​အ​ခြေ အ​နေ​ကြောင့် ဝမ်း​မြောက်​ဝမ်း​သာ​မ​ဖြစ်​ကြ နှင့်။ ငါ​တို့​လဲ​ကျ​သော်​လည်း​နောက်​တစ်​ဖန် ထ​ဦး​မည်။ ယ​ခု​အ​ခါ​ငါ​တို့​သည်​အ​မှောင် ထဲ​၌​နေ​ထိုင်​ရ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား သည်​ငါ​တို့​အ​ပေါ်​သို့​အ​လင်း​ရောင်​သက် ရောက်​စေ​တော်​မူ​လိမ့်​မည်။-
Kada ku yi farin ciki, ku maƙiyana! Ko da yake na fāɗi, zan tashi. Ko da yake na zauna a cikin duhu, Ubangiji zai zama haskena.
9 ငါ​တို့​သည်​အပြစ်​ကူး​လွန်​ခဲ့​သော​ကြောင့် အ​ခိုက်​အ​တန့်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား ၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​ကြ​မည်။ သို့ ရာ​တွင်​နောက်​ဆုံး​၌​ကိုယ်​တော်​သည် ငါ​တို့ အ​မှု​ကို​လျှောက်​လဲ​၍​တ​ရား​မျှ​တ​စွာ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် သည်​ငါ​တို့​အား​အ​လင်း​ထဲ​သို့​ထုတ်​ဆောင် တော်​မူ​လိမ့်​မည်။ ငါ​တို့​အား​ကိုယ်​တော် ကယ်​တင်​တော်​မူ​ခြင်း​ကို​ငါ​တို့​ဒိ​ဌ မြင်​ရ​လိမ့်​မည်။-
Domin na yi masa zunubi, zan fuskanci fushin Ubangiji, har sai ya dubi batuna ya kuma tabbatar da’yancina. Zai kawo ni zuwa wurin haske; zan ga adalcinsa.
10 ၁၀ ထို​အ​ခါ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟူ​၍​ပြောင် လှောင်​ကာ​မေး​မြန်း​ကြ​သော​ငါ​တို့​၏​ရန်​သူ များ​သည် ဤ​အ​မှု​ကို​မြင်​၍​အ​ရှက်​ကွဲ ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​ရေး​ရှုံး​နိမ့် သ​ဖြင့်​လမ်း​ပေါ်​မှ​ရွှံ့​သ​ဖွယ်​နင်း​ချေ ခြင်း​ခံ​ရ​ကြ​သည်​ကို​ငါ​တို့​မြင်​ရ​လိမ့် မည်။
Sa’an nan maƙiyina zai gani yă kuma sha kunya, shi da yake ce da ni “Ina Ubangiji Allahnka?” Zai gani, yă kuma ji kunya. Ko yanzu ma za a tattake shi kamar taɓo a tituna.
11 ၁၁ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ မြို့​ရိုး​များ​ကို အ​သစ်​ပြန်​၍​တည်​ဆောက်​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။ ထို​အ​ခါ​၌​သင်​တို့​၏​နယ် မြေ​ကျယ်​ပြန့်​လာ​မည်။-
Ranar gina katangarka tana zuwa, a ranar za a fadada iyakokinka.
12 ၁၂ သင်​တို့​၏​လူ​မျိုး​တော်​သည်​အ​ရှေ့​ဘက် အာ​ရှု​ရိ​ပြည်​မှ​လည်း​ကောင်း၊ တောင်​ဘက် အီ​ဂျစ်​ပြည်​မှ​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ် ဝှမ်း​ဒေ​သ​မှ​လည်း​ကောင်း၊ ဝေး​လံ​သော ပင်​လယ်​များ​နှင့်​တောင်​များ​မှ​လည်း​ကောင်း သင်​တို့​ထံ​သို့​ပြန်​လာ​ကြ​လိမ့်​မည်။-
A wannan rana mutane za su zo gare ka daga Assuriya da kuma biranen Masar, daga Masar ma har zuwa Yuferites daga teku zuwa teku, kuma daga dutse zuwa dutse.
13 ၁၃ သို့​ရာ​တွင်​ထို​ပြည်​သူ​ပြည်​သား​တို့​၏ အ​ပြစ်​ဒု​စ​ရိုက်​ကြောင့် သူ​တို့​နေ​ထိုင်​ရာ အ​ရပ်​များ​သည်​ပျက်​သုဉ်း​ရ​ကြ​လိမ့်​မည်။
Duniya za tă zama kufai saboda mazaunanta, saboda ayyukansu.
14 ၁၄ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရွေး​ကောက်​သော လူ​မျိုး​တော်​အား​သိုး​ထိန်း​သ​ဖွယ်​စောင့်​ရှောက် တော်​မူ​ပါ။ သူ​တို့​အား​ရှေး​အ​ခါ​က​မြက်​ပေါ များ​ရာ ဗာ​ရှန်​ပြည်​နှင့်​ဂိ​လဒ်​ပြည်​များ​တွင် ကျက်​စား​စေ​သ​ကဲ့​သို့​ယ​ခု​လည်း​ပြည် တော်​တွင်​နေ​ထိုင်​စေ​တော်​မူ​ပါ။
Ka yi kiwon mutanenka da sandarka, garken gādonka, wanda yake zaune shi kaɗai a kurmi, a ƙasa mai kyau ta kiwo, bari su yi kiwo a Bashan da Gileyad kamar a kwanakin dā.
15 ၁၅ အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​စဉ်​က ကိုယ်​တော်​ပြ​ခဲ့​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခဏာ​များ​ကို​ပြ​တော်​မူ​ပါ။-
“Kamar a kwanakin da kuka fito daga Masar, zan nuna musu al’ajabaina.”
16 ၁၆ နိုင်​ငံ​တ​ကာ​တို့​သည်​အင်​အား​ကြီး​သော် လည်း ထို​အ​မှု​အ​ရာ​များ​ကို​မြင်​၍​ကြောက် ရွံ့​ထိတ်​လန့်​ကြ​သ​ဖြင့် မိ​မိ​တို့​၏​ပါး​စပ် နှင့်​နား​များ​ကို​ပိတ်​ထား​ကြ​လိမ့်​မည်။-
Al’ummai za su gani su kuma ji kunya, za a kuma ƙwace musu dukan ikonsu. Za su kama bakinsu kunnuwansu kuma za su zama kurame.
17 ၁၇ သူ​တို့​သည်​မြွေ​ကဲ့​သို့​ဖုတ်​ထဲ​တွင်​တွား​သွား ကြ​လိမ့်​မည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ခံ​တပ် များ​ထဲ​မှ​ကြောက်​ရွံ့​တုန်​လှုပ်​စွာ​ထွက်​လာ​၍ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ သို့​ချဉ်း​ကပ်​ကိုး​ကွယ်​ကြ​လိမ့်​မည်။
Za su lashi ƙura kamar maciji, kamar dabbobi masu rarrafe a ƙasa. Za su fito daga maɓuyarsu da rawan jiki, za su juya cikin tsoro ga Ubangiji Allahnmu su kuma ji tsoronku.
18 ၁၈ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​နှင့်​နှိုင်း​ယှဉ် အပ်​သော​အ​ခြား​ဘု​ရား​မ​ရှိ​ပါ။ ကိုယ်​တော် သည်​အ​သက်​ရှင်​ကျန်​ရစ်​သော ကိုယ်​တော်​၏ လူ​မျိုး​တော်​၏​ပုန်​ကန်​သည့်​အ​ပြစ်​များ​ကို လွှတ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​အ​စဉ် အ​မြဲ​အ​မျက်​ထွက်​တော်​မ​မူ​ပါ။ ကိုယ်​တော် သည်​အ​ကျွန်ုပ်​တို့​အား​မေတ္တာ​က​ရု​ဏာ​ထား တော်​မူ​ပါ​၏။-
Wane ne Allah kamar ka, wanda yake yafe zunubi yă kuma gafarta laifofin mutanensa da suka ragu? Ba ka zama mai fushi har abada amma kana marmari ka nuna jinƙai.
19 ၁၉ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​သ​နား ကြင်​နာ​တော်​မူ​ဦး​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ​ကို​နင်း​ချေ​၍ ပင်​လယ်​အောက်​သို့​ပစ်​ချ​တော်​မူ​မည်။-
Za ka sāke jin tausayinmu; za ka tattake zunubanmu a ƙarƙashin sawunka ka kuma tura dukan kurakuranmu zuwa cikin zurfafan teku.
20 ၂၀ ကိုယ်​တော်​သည်​ရှေး​အ​ခါ​က​အ​ကျွန်ုပ်​တို့ ၏​ဘိုး​ဘေး​တို့​အား က​တိ​ထား​ရှိ​ခဲ့​သည့် အ​တိုင်း​အာ​ဗြ​ဟံ​နှင့်​ယာ​ကုပ်​တို့​၏​အ ဆက်​အ​နွယ်​များ​ဖြစ်​သော ကိုယ်​တော်​၏ လူ​မျိုး​တော်​အား​သစ္စာ​တော်၊ က​ရု​ဏာ​တော် နှင့်​အ​ညီ​ကျေး​ဇူး​ပြု​တော်​မူ​လိမ့်​မည်။ ပ​ရော​ဖက်​မိ​က္ခာ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။
Za ka yi wa Yaƙub aminci, ka kuma nuna jinƙai ga Ibrahim, kamar yadda ka yi alkawari da rantsuwa ga kakanninmu tun a kwanankin dā.

< မိက္ခာ 7 >