< မိက္ခာ 6 >
1 ၁ ဣသရေလအမျိုးသားတို့၊ ထာဝရဘုရား ၏စွပ်စွဲတော်မူချက်ကိုနားထောင်လော့။ အို ထာဝရဘုရား၊ ထတော်မူ၍ကိုယ်တော် ၏စွပ်စွဲချက်ကိုမိန့်တော်မူပါ။ ကိုယ်တော် မိန့်တော်မူချက်ကိုတောင်နှင့်တောင်ကုန်း များကြားကြပါစေ။
Čujte, dakle, riječ koju govori Jahve: “Ustani! Povedi parnicu pred gorama, i neka bregovi čuju tvoj glas!”
2 ၂ ကမ္ဘာမြေကြီး၏တည်မြဲသောအခြေအမြစ် ဖြစ်သည့်တောင်များတို့၊ ထာဝရဘုရား၏ စွပ်စွဲတော်မူချက်ကိုနားထောင်ကြလော့၊ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အားစွဲချက်တင်ရန်ရှိတော်မူသည်။ ကိုယ် တော်သည်ဣသရေလအမျိုးသားတို့ နှင့်အမှုဆိုင်ရန်ရှိသည်။
Slušajte, gore, parnicu Jahvinu, čujte, temelji zemaljski, jer Jahve se parbi s narodom svojim, on se parniči s Izraelom:
3 ၃ ထာဝရဘုရားက``ငါ၏လူမျိုးတော်တို့၊ သင်တို့ဤမျှလောက်ဆိုးရွားလာစေရန် သင်တို့အားငါမည်ကဲ့သို့ပြုလုပ်ခဲ့ဖူး သနည်း။ ငါ့အားဖြေကြားလော့။-
“Narode moj, što sam ti učinio? Čime sam te zamorio? Odgovori mi.
4 ၄ ငါသည်သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့၏။ ကျွန်ခံရာဘဝမှကယ်တင်ခဲ့၏။ သင် တို့ကိုရှေ့ဆောင်လမ်းပြရန်မောရှေ၊ အာရုန် နှင့်မိရိအံတို့ကိုငါစေလွှတ်ခဲ့၏။-
Ja sam tebe izveo iz zemlje egipatske, izbavio te iz kuće ropstva; poslao sam pred tobom Mojsija, Arona i Mirjamu.
5 ၅ ငါ၏လူမျိုးတော်တို့၊ မောဘပြည့်ရှင်ဗာလက် မင်းက သင်တို့ပျက်စီးရာပျက်စီးကြောင်းမည် ကဲ့သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ ဗောရ ၏သားဗာလမ်ကဘုရင်အားမည်ကဲ့သို့ပြန် ပြောသည်ကိုလည်းကောင်း သတိရကြလော့၊ အကေးရှားစခန်းမှဂိလဂါလမြို့သို့ သွားသောခရီးလမ်းတွင် တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကိုသတိရကြလျှင် ထာဝရဘုရားသည်သင်တို့အားမည်ကဲ့ သို့ ကယ်တင်တော်မူခဲ့ကြောင်းသင်တို့သိ မြင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Narode moj, sjeti se sada: Što je bio naumio Balak, kralj moapski? Što je njemu odgovorio Bileam, sin Beorov? ...od Šitima do Gilgala, da poznaš pravedna djela Jahvina.”
6 ၆ ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရ ဘုရားထံတော်သို့ဝတ်ပြုကိုးကွယ်ရန်လာ သောအခါ ငါသည်မည်သည့်ပူဇော်သကာကို ယူဆောင်ခဲ့ရပါမည်နည်း၊ ဆူဖြိုးသောနွား ကလေးကိုမီးရှို့ပူဇော်ရန်ယူဆောင်ခဲ့ရ ပါမည်လော၊-
“S čime ću doći pred Jahvu, hoću li pasti ničice pred Bogom Svevišnjim? Hoću li doći preda nj sa žrtvom paljenicom, s teocima od jedne godine?
7 ၇ ငါသည်သိုးထောင်ပေါင်းများစွာကိုသော် လည်းကောင်း၊ သံလွင်ဆီကိုချောင်းစီးအောင် သော်လည်းကောင်းယူဆောင်ခဲ့လျှင် ထာဝရ ဘုရားနှစ်သက်တော်မူမည်လော၊ ငါ၏ အပြစ်ပြေစေရန်ကိုယ်တော်အား ငါ၏ သားဦးကိုဆက်သရမည်လော၊-
Hoće li mu biti mile tisuće ovnova, tisuće tisuća potokÄa ulja? Treba li prinijeti sina prvorođenog zbog svoga zločina, plod svoje utrobe zbog grijeha koji sam počinio?”
8 ၈ ထာဝရဘုရားသည်ကောင်းသောအရာကို ပြတော်မူပြီ။ ကိုယ်တော်အလိုရှိတော်မူ သောအရာကိုဖော်ပြတော်မူခဲ့ပြီ။ ကိုယ် တော်အလိုရှိသောအရာသည်ကားတရား မျှတစွာပြုကျင့်ခြင်း၊ မေတ္တာကရုဏာထား ရှိခြင်း၊ စိတ်နှိမ့်ချစွာသင်၏ဘုရားသခင် နှင့်အတူသွားလာနေထိုင်ခြင်းတို့ဖြစ် သတည်း။
“Objavljeno ti je, čovječe, što je dobro, što Jahve traži od tebe: samo činiti pravicu, milosrđe ljubiti i smjerno sa svojim Bogom hoditi.”
9 ၉ ထာဝရဘုရားကိုကြောက်ရွံ့သောသူသည် ပညာရှိ၏။ ကိုယ်တော်သည်မြို့ကိုဤသို့ဆင့် ဆိုတော်မူ၏။ ``မြို့ထဲရှိလူပရိသတ် အပေါင်းတို့၊ နာခံကြလော့၊-
Jahvin glas viče gradu: “Slušajte, vi plemenjaci i sabore gradski!
10 ၁၀ ဆိုးသွမ်းသောသူတို့၏အိမ်များတွင်မတ ရားသဖြင့် ရရှိထားသောဥစ္စာပစ္စည်းများ ရှိ၏။ သူတို့သည်မမှန်ကန်သည့်အခြင် အတွယ်တို့ကိုသုံးကြ၏။ ထိုမမှန်ကန် သည့်အခြင်အတွယ်တို့ကိုငါရွံရှာ၏။-
Zar mogu podnositi krivo stečeno blago i patvorenu efu prokletu?
11 ၁၁ မမှန်ကန်သောအလေးချိန်ခွင်ကိုသုံးစွဲ သူတို့အား ငါသည်မည်ကဲ့သို့အပြစ်လွှတ် နိုင်မည်နည်း။-
Mogu li opravdati onoga koji se služi mjerom krivom, vrećom krivotvorenih utega?
12 ၁၂ ဥစ္စာပစ္စည်းကြွယ်ဝသူတို့သည်ဆင်းရဲသား တို့အပေါ်တွင်ခေါင်းပုံဖြတ်ကြ၏။ သင်တို့ အပေါင်းသည်လူလိမ်များဖြစ်ကြ၏။-
Bogataši vaši puni su okrutnosti, stanovnici vaši laž govore, varljiv je jezik u njihovim ustima!
13 ၁၃ သို့ဖြစ်၍သင်တို့၏ဒုစရိုက်အပြစ်များ ကြောင့် ငါသည်ယခုသင်တို့အားဒဏ်ခတ်၍ ပျက်သုဉ်းစေမည်။ လိမ်လည်သောစကားကို ပြောဆိုကြ၏။-
Zato sam te i ja počeo udarati, tamaniti zbog grijeha tvojih.
14 ၁၄ သင်တို့သည်အစားအစာကိုစားသော်လည်း တင်းတိမ်မှုမရှိ။ ဆာလောင်မြဲဆာလောင်လျက် ရှိနေမည်။ သင်တို့ရရှိသမျှသောဥစ္စာပစ္စည်း များကိုစုဆောင်းထားနိုင်လိမ့်မည်မဟုတ်။ စုဆောင်းထားသောဥစ္စာပစ္စည်းများကိုလည်း ငါသည်စစ်ဘေးဒဏ်ဖြင့်ဖျက်ဆီးပစ်မည်။-
Jest ćeš, a nećeš se nasititi, gladan ćeš ostati; stavljat ćeš na stranu, a ništa nećeš sačuvati; ako što i sačuvaš, ja ću maču predati.
15 ၁၅ သင်တို့သည်ကောက်ပဲသီးနှံကိုစိုက်ပျိုးသော် လည်း အသီးအနှံကိုမရိတ်သိမ်းရ။ သင်တို့ သည်သံလွင်ဆီကြိတ်သော်လည်းဆီကိုမ သုံးရ။ စပျစ်သီးကိုနယ်သော်လည်းစပျစ် ရည်ကိုမသောက်ရ။-
Sijat ćeš, ali nećeš žeti; tijestit ćeš maslinu, a ulja neće biti; gazit ćeš mošt, a vina nećeš piti.
16 ၁၆ သင်တို့သည်သြမရိဘုရင်နှင့်သူ၏သား အာဟပ်မင်းတို့၏ ဆိုးညစ်သည့်စရိုက်ကို လိုက်၍ကျင့်ကြသဖြင့် ထိုပျက်စီးဆုံးရှုံး ခြင်းနှင့်တွေ့ကြုံရလိမ့်မည်။ လူတိုင်းက သင်တို့ကိုကဲ့ရဲ့ကြလိမ့်မည်။ လူမျိုး တကာတို့သည်သင်တို့ကိုသရော်ကြ လိမ့်မည်။''
Držiš se zakona Omrijevih i svih djela doma Ahabova, živiš po osnovama njihovim: učinit ću od tebe pustinju, od žitelja tvojih porugu, da nosite sramotu mnogih naroda.”