< မိက္ခာ 4 >

1 နောင်​ကာ​လ​တွင် ဗိ​မာန်​တော်​တည်​ရာ​တောင်​သည် အ​မြင့်​ဆုံး​တောင်​ဖြစ်​လိမ့်​မည်။ ရှိ​သ​မျှ​သော​တောင်​တို့​ထက်​ပို​မို​၍​မြင့်​မား လိမ့်​မည်။ လူ​မျိုး​များ​စွာ​တို့​သည်​ထို​တောင်​သို့​စု​ရုံး ရောက်​ရှိ​လာ​၍၊
Sed iam en la tempo estonta la monto de la domo de la Eternulo staros kiel ĉefo inter la montoj, kaj ĝi estos pli alta ol ĉiuj altaĵoj; kaj fluos al ĝi popoloj.
2 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​တည်​ရှိ​ရာ​ထာ​ဝ​ရ​ဘု​ရား​၏ တောင်​ပေါ်​သို့ တက်​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည်​ငါ​တို့​အား​အ​လို​တော်​နှင့် အ​ညီ ကျင့်​ကြံ​ပြု​မူ​ရန်​သွန်​သင်​တော်​မူ​မည်။ ကိုယ်​တော်​ညွှန်​ပြ​သော​လမ်း​အ​တိုင်း လျှောက်​သွား​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည် ဇိ​အုန်​တောင်​မှ​လည်း​ကောင်း​ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​မှ လည်း​ကောင်း ထွက်​ပေါ်​လာ​သ​တည်း'' ဟု​ဆို​ကြ​၏။
Kaj iros multaj nacioj, kaj diros: Venu, ni iru supren sur la monton de la Eternulo kaj en la domon de Dio de Jakob, por ke Li instruu nin pri Siaj vojoj kaj ke ni iru laŭ Lia irejo; ĉar el Cion eliros la instruo, kaj la vorto de la Eternulo el Jerusalem.
3 ရပ်​ဝေး​ရပ်​နီး​မှ​အင်​အား​ကြီး​သော​နိုင်​ငံ များ​၏ အ​ငြင်း​ပွား​မှု​များ​ကို​အ​ဆုံး​အ​ဖြတ်​ပေး တော်​မူ​မည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ဋ္ဌား​သွား​များ​ကို​ထွန်​သွား အ​ဖြစ်​သို့​လည်း​ကောင်း၊ လှံ​များ​ကို​တံ​စဉ်​များ​အ​ဖြစ်​သို့​ထု​လုပ် ကြ​လိမ့်​မည်။ နိုင်​ငံ​အ​ချင်း​ချင်း​နောက်​တစ်​ဖန်​စစ်​တိုက် ကြ​တော့​မည်​မ​ဟုတ်။ စစ်​တိုက်​ရန်​ပြင်​ဆင်​မှု​ကို​လည်း​နောက်​တစ်​ဖန် ပြု​လုပ်​ကြ​တော့​မည်​မ​ဟုတ်။
Kaj Li juĝos inter multe da popoloj, kaj Li decidos pri potencaj nacioj en landoj malproksimaj; kaj ili forĝos el siaj glavoj plugilojn kaj el siaj lancoj rikoltilojn; ne levos nacio glavon kontraŭ nacion, kaj oni ne plu lernos militon.
4 လူ​တိုင်း​ပင်​မိ​မိ​တို့​၏​စ​ပျစ်​ဥ​ယျာဉ်၊မိ​မိ​တို့​၏ သ​ဖန်း​ခြံ​ထဲ​၌​မ​ကြောက်​လန့်​ရ​ဘဲ၊ အေး​ချမ်း​သာ​ယာ​စွာ​နေ​ထိုင်​ရ​လိမ့်​မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​မြွက်​တော်​မူ​သော​က​တိ​တော်​ဖြစ်​သ​တည်း။
Sed ĉiu sidos sub sia vinberujo kaj sub sia figarbo, kaj neniu timigos; ĉar la buŝo de la Eternulo Cebaot tion diris.
5 လူ​မျိုး​အ​သီး​သီး​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား များ​ကို​ကိုး​ကွယ်​နာ​ခံ​ကြ​မည်​ဖြစ်​သော်​လည်း ငါ​တို့​မူ​ကား​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို ကာ​လ​အ​စဉ်​အ​ဆက်​ကိုး​ကွယ် နာ​ခံ​မည်။
Ĉiuj popoloj iros ĉiu en la nomo de sia dio, sed ni irados en la nomo de la Eternulo, nia Dio, ĉiam kaj eterne.
6 ထာ​ဝ​ရ​ဘု​ရား​က``ငါ​ဒဏ်​ခတ်​သူ၊ ပြည်​နှင် ဒဏ်​ခံ​ရ​သူ​တို့​ကို ငါ​ပြန်​လည်​စု​ရုံး​စေ သော​အ​ချိန်​ကား​ကျ​ရောက်​ခါ​နီး​ပြီ။-
En tiu tago, diras la Eternulo, Mi kolektos la lamulojn, kunvenigos la dispelitojn, kaj tiujn, kiujn Mi suferigis.
7 သူ​တို့​သည်​ခြေ​ဆွံ့​လျက်​နေ​အိမ်​မှ​ရပ်​ဝေး သို့​ရောက်​ရှိ​နေ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည် မ​သေ​ဘဲ​ကျန်​ကြွင်း​နေ​သေး​သူ​တို့​အား အင်​အား​ကြီး​သော​လူ​မျိုး​ဖြစ်​လာ​စေ​မည်။ ငါ​သည်​ဇိ​အုန်​တောင်​ပေါ်​မှာ​သူ​တို့​အား ယ​ခု​မှ​စ​၍​ကာ​လ​အ​စဉ်​အ​ဆက်​အုပ် စိုး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။
Kaj la lamulojn Mi faros restantaro, kaj la suferintojn potenca nacio, kaj la Eternulo reĝos super ili sur la monto Cion de nun kaj eterne.
8 ဘု​ရား​သ​ခင်​သည်​လင့်​စင်​မှ​မိ​မိ​၏​လူ​မျိုး တော်​ကို သိုး​ထိန်း​သ​ဖွယ်​စောင့်​ရှောက်​တော်​မူ ရာ​ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​နိုင်​ငံ​တော် ၏​မြို့​တော်​ဖြစ်​ခဲ့​ဖူး​သ​ကဲ့​သို့ ယ​ခု​တစ်​ဖန် မြို့​တော်​ဖြစ်​ရ​လိမ့်​မည်။-
Kaj vi, ho turo de la grego, fortikaĵo de la filino de Cion, al vi venos, revenos la antaŭa reĝado, la regno de la filino de Jerusalem.
9 သင်​သည်​အ​ဘယ်​ကြောင့်​ကျယ်​လောင်​စွာ အော်​ဟစ်​ရ​ပါ​သ​နည်း။ မီး​ဖွား​သော​မိန်း​မ ကဲ့​သို့​အ​ဘယ်​ကြောင့်​ဝေ​ဒ​နာ​ခံ​နေ​ရ ပါ​သ​နည်း။ သင်​၌​အုပ်​စိုး​မည့်​ရှင်​ဘု​ရင် မ​ရှိ​သော​ကြောင့်​လော၊ သင်​၏​အ​တိုင်​ပင် ခံ​များ​အ​နိစ္စ​ရောက်​ကုန်​ကြ​သော​ကြောင့် လော။-
Kial vi nun ploras tiel laŭte? Ĉu vi ne havas reĝon? ĉu pereis viaj konsilistoj, ke vin atakis doloroj kiel naskantinon?
10 ၁၀ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ယ​ခု​တွင်​သင်​တို့ သည်​မြို့​ကို​စွန့်​၍ ကွင်း​ပြင်​ထဲ​၌​နေ​ထိုင်​ကြ ရ​မည်​ဖြစ်​သော​ကြောင့် မီး​ဖွား​သော​မိန်း​မ ကဲ့​သို့​ကိုယ်​ကို​တွန့်​လိမ်​ညည်း​တွား​လျက်​နေ ကြ​လော့၊ သင်​တို့​သည်​ဗာ​ဗု​လုန်​မြို့​သို့​သွား ရ​ကြ​မည်။ သို့​ရာ​တွင်​ထို​အ​ရပ်​၌​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ကို​ရန်​သူ​များ​၏​လက် မှ​ကယ်​တင်​တော်​မူ​လိမ့်​မည်။-
Suferu, kaj havu dolorojn, ho filino de Cion, kiel naskantino; ĉar nun vi eliros el la urbo kaj loĝos sur la kampo kaj venos ĝis Babel; tie vi estos savata; tie la Eternulo liberigos vin el la mano de viaj malamikoj.
11 ၁၁ လူ​မျိုး​များ​စွာ​တို့​သည်​သင်​တို့​ကို​တိုက်​ခိုက် ရန် စု​ရုံး​ရောက်​ရှိ​လာ​ကြ​ပြီ။ သူ​တို့​က``ယေ​ရု ရှ​လင်​မြို့​ကို​ဖြို​ဖျက်​ကြ​ကုန်​အံ့၊ ငါ​တို့​သည် မြို့​ပျက်​ကို​မြင်​ရ​သ​ဖြင့်​ဝမ်း​သာ​အား​ရ ကြ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။-
Nun kolektiĝis kontraŭ vi multe da nacioj, kiuj diras: Ĝi malsanktiĝu, kun ĝuo ni rigardu Cionon!
12 ၁၂ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကြံ​တော် မည်​သို့​ရှိ​ကြောင်း​ကို ထို​နိုင်​ငံ​များ​မ​သိ ကြ။ စ​ပါး​ကို​နယ်​ရန်​တ​လင်း​ထဲ​သို့​စု သိမ်း​သ​ကဲ့​သို့ ကိုယ်​တော်​သည်​သူ​တို့​ကို ဒဏ်​ခတ်​ရန်​စု​ဝေး​စေ​ကြောင်း​သူ​တို့ မ​သိ​ကြ။
Sed ili ne scias la pensojn de la Eternulo, ili ne komprenas Lian intencon, ke Li kolektis ilin kiel garbojn en la draŝejon.
13 ၁၃ ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ရန်​သူ​များ​ကို​ချေ​မှုန်း​ရန်​ချီ​တက်​ကြ​လော့၊ ငါ​သည်​သင်​တို့​အား​သံ​ဦး​ချို​နှင့်​ကြေး​ဝါ ခွာ​များ​ရှိ​သော နွား​သိုး​ကဲ့​သို့​ခွန်​အား​ပြည့် စေ​မည်။ သင်​တို့​သည်​နိုင်​ငံ​များ​စွာ​ကို​ချေ​မှုန်း နိုင်​သ​ဖြင့်​အ​ဋ္ဌမ္မ​နည်း​ဖြင့် သူ​တို့​ရ​ရှိ​ထား သော​ဥစ္စာ​ဘဏ္ဍာ​များ​ကို​သိမ်း​ယူ​၍ ကမ္ဘာ​ကို အ​စိုး​ရ​သော​ငါ​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​သ​လော့'' ဟု​မိန့်​တော်​မူ​၏။
Leviĝu kaj draŝu, ho filino de Cion, ĉar vian kornon Mi faros fera, viajn hufojn Mi faros kupraj, kaj vi dispremos multe da popoloj, vi konsekros al la Eternulo ilian akiritaĵon, kaj ilian havaĵon al la Sinjoro de la tuta tero.

< မိက္ခာ 4 >