< မိက္ခာ 3 >

1 ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့​သည်​တ​ရား သ​ဖြင့်​စီ​ရင်​ရ​သူ​များ​ဖြစ်​သော်​လည်း၊-
我说:雅各的首领, 以色列家的官长啊,你们要听! 你们不当知道公平吗?
2 ကောင်း​သော​အ​ကျင့်​ကို​မုန်း​၍​မ​ကောင်း​သော အ​ကျင့်​ကို​နှစ်​သက်​ကြ​၏။ သင်​တို့​သည်​ငါ​၏ လူ​မျိုး​တော်​တို့​ကို​အ​ရှင်​လတ်​လတ်​အ​ရေ ဆုတ်​၍​အ​ရိုး​မှ​အ​သား​ကို​ခွာ​ယူ​ကြ​၏။-
你们恶善好恶, 从人身上剥皮, 从人骨头上剔肉,
3 သင်​တို့​သည်​ငါ့​လူ​မျိုး​တော်​၏​အ​သား​ကို စား​ကြ​၏။ သူ​တို့​၏​အ​ရေ​ကို​ခွာ​၍​အ​ရိုး များ​ကို​ချိုး​လျက်​အ​မဲ​ဟင်း​လျာ​သ​ဖွယ် ဋ္ဌား​ဖြင့်​စဉ်း​ကြ​၏။-
吃我民的肉, 剥他们的皮, 打折他们的骨头, 分成块子像要下锅, 又像釜中的肉。
4 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ် တောင်း​လျှောက်​ရ​သော​အ​ချိန်​ရောက်​လာ​လိမ့် မည်။ ထို​အ​ခါ​ကိုယ်​တော်​သည်​သင်​တို့​ကို နား​ညောင်း​တော်​မူ​မည်​မ​ဟုတ်။ သင်​တို့​သည် မ​ကောင်း​မှု​ကို​ပြု​သော​ကြောင့်​ကိုယ်​တော်​သည် သင်​တို့​၏​တောင်း​လျှောက်​သံ​ကို​နား​ညောင်း တော်​မူ​မည်​မ​ဟုတ်။
到了遭灾的时候, 这些人必哀求耶和华, 他却不应允他们。 那时他必照他们所行的恶事向他们掩面。
5 ငွေ​ပေး​နိုင်​သူ​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ မည်​ဟူ​၍​လည်း​ကောင်း၊ ငွေ​မ​ပေး​နိုင်​သူ​တို့ အား​စစ်​ဘေး​ရောက်​မည်​ဟူ​၍​လည်း​ကောင်း ဟော​တတ်​သော​ပ​ရော​ဖက်​တို့​၏​လှည့်​စား ခြင်း​ကို​ငါ​၏​လူ​မျိုး​တော်​တို့​ခံ​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​ထို​သို့​သော​ပ​ရော ဖက်​တို့​အား၊-
论到使我民走差路的先知— 他们牙齿有所嚼的, 他们就呼喊说:平安了! 凡不供给他们吃的, 他们就预备攻击他— 耶和华如此说:
6 ``ပ​ရော​ဖက်​တို့၊ သင်​တို့​အ​တွက်​နေ့​အ​ချိန် ကုန်​လု​ပြီ၊ နေ​ဝင်​ချိန်​ရောက်​လာ​ပြီ။ သင်​တို့ သည်​ရူ​ပါ​ရုံ​မြင်​ရ​တော့​မည်​မ​ဟုတ်။ အ​နာ ဂတ်​ကို​ဟော​နိုင်​သော​အ​စွမ်း​ရှိ​လိမ့်​မည်​မ ဟုတ်'' ဟု​မိန့်​တော်​မူ​၏။-
你们必遭遇黑夜,以致不见异象; 又必遭遇幽暗,以致不能占卜。 日头必向你们沉落, 白昼变为黑暗。
7 အ​နာ​ဂတ်​ကို​ဟော​သူ​တို့​သည်​ဟော​ကိန်း မ​မှန်​သ​ဖြင့် အ​ရှက်​ကွဲ​ရ​လိမ့်​မည်။ သူ​တို့ သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ဗျာ​ဒိတ်​မ​ခံ ရ​သ​ဖြင့်​အ​သ​ရေ​ပျက်​ကြ​လိမ့်​မည်။
先见必抱愧, 占卜的必蒙羞, 都必捂着嘴唇, 因为 神不应允他们。
8 ငါ​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိ​မိ​တို့​ပုန်​ကန်​ကူး​လွန်​သည့်​အ​ပြစ်​များ ကို​ထုတ်​ဖော်​ကြေ​ညာ​ရန် ထာ​ဝ​ရ​ဘု​ရား​၏ ဝိ​ညာဉ်​တော်​အ​ရှိန်​တန်​ခိုး၊ တ​ရား​မျှ​တ​စွာ စီ​ရင်​နိုင်​စွမ်း၊ ရဲ​စွမ်း​သတ္တိ​တို့​နှင့်​ပြည့်​ဝ​၏။-
至于我,我借耶和华的灵, 满有力量、公平、才能, 可以向雅各说明他的过犯, 向以色列指出他的罪恶。
9 ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​ချုပ်​သူ​အ​ကြီး အ​ကဲ​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့​သည် တ​ရား​မျှ​တ​စွာ​စီ​ရင်​ခြင်း​ကို​မုန်း​၍ အ​မှန်​ကို​အ​မှား​ဖြစ်​စေ​ကြ​၏။-
雅各家的首领、以色列家的官长啊, 当听我的话! 你们厌恶公平, 在一切事上屈枉正直;
10 ၁၀ သင်​တို့​သည်​လူ​သတ်​မှု​နှင့်​မ​တ​ရား​မှု တည်း​ဟူ​သော​အုတ်​မြစ်​ပေါ်​တွင် ဘု​ရား​သ​ခင်​၏​မြို့​တော်​ဖြစ်​သော​ယေ​ရု​ရှ​လင် မြို့​ကို​တည်​ဆောက်​ကြ​၏။-
以人血建立锡安, 以罪孽建造耶路撒冷。
11 ၁၁ မြို့​ကို​အုပ်​ချုပ်​သူ​တို့​သည်​တံ​စိုး​လက်​ဆောင် စား​၍​အုပ်​ချုပ်​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့ သည်​အ​ခ​ကြေး​ငွေ​ယူ​၍​စီ​ရင်​ဆုံး​ဖြတ် ကြ​၏။ ပ​ရော​ဖက်​တို့​သည်​ငွေ​ယူ​၍​ဗျာ​ဒိတ် တော်​ကို​ဖွင့်​ပြ​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့ က​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဟု​ဆို​ကြ​၏။ သူ​တို့​က``ငါ တို့​တွင်​ဘေး​ဥ​ပဒ်​မ​ရောက်​နိုင်၊ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ သည်'' ဟု​ပြော​ကြ​၏။
首领为贿赂行审判; 祭司为雇价施训诲; 先知为银钱行占卜。 他们却倚赖耶和华,说: 耶和华不是在我们中间吗? 灾祸必不临到我们。
12 ၁၂ သို့​ဖြစ်​၍​သင်​တို့​ကြောင့်​ဇိ​အုန်​မြို့​သည် ထွန်​ယက်​ထား​သော​လယ်​ကွက်​သ​ဖွယ်​ဖြစ် လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​ကျောက်​ပုံ ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တည်​ရာ​တောင် သည်​တော​အ​တိ​ဖြစ်​လိမ့်​မည်။
所以因你们的缘故, 锡安必被耕种像一块田, 耶路撒冷必变为乱堆; 这殿的山必像丛林的高处。

< မိက္ခာ 3 >