< မိက္ခာ 2 >

1 အိပ်​ရာ​ပေါ်​တွင်​လဲ​လျောင်း​လျက် မ​ကောင်း​မှု ကို​ကြံ​စည်​သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ နံ​နက်​မိုး​လင်း​သော​အ​ခါ​သူ​တို့​သည်​အ​ခွင့် ရ​လျှင်​ရ​ခြင်း မိ​မိ​တို့​ကြံ​စည်​သည့်​မ​ကောင်း မှု​ကို​ပြု​လုပ်​တတ်​ကြ​၏။-
Ay de los que traman la iniquidad ¡y trabajar el mal en sus camas! Cuando amanece, lo practican, porque está en el poder de su mano.
2 သူ​တို့​သည်​သူ​တစ်​ပါး​၏​အိမ်​ကို​ဖြစ်​စေ၊ လယ်​ယာ​ကို​ဖြစ်​စေ၊ တပ်​မက်​လာ​လျှင်​အ​နိုင် အ​ထက်​သိမ်း​ယူ​တတ်​ကြ​သည်။ မည်​သူ​၏​အိုး အိမ်​နှင့်​အ​မွေ​ပစ္စည်း​ဟူ​သ​မျှ​လုံ​ခြုံ​သည် ဟူ​၍​မ​ရှိ။
Codician los campos y se apoderan de ellos, y casas, y luego se los llevan. Oprimen a un hombre y a su casa, incluso un hombre y su herencia.
3 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​ဘေး ဒုက္ခ​ရောက်​စေ​ရန်​ငါ​စီ​ရင်​မည်။ ထို​ဘေး​ဒုက္ခ မှ​သင်​တို့​လွတ်​မြောက်​နိုင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​ဒုက္ခ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​သည်​မောက်​မာ​ကြွား​ဝါ နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။-
Por eso dice Yahvé: “He aquí que estoy planeando contra esta gente un desastre, de la que no se quitará el cuello, ni tampoco caminarás con altivez, porque es un tiempo malo.
4 ထို​အ​ချိန်​ကာ​လ​ရောက်​ရှိ​လာ​သော​အ​ခါ လူ​များ​တို့​က သင်​တို့​ဘေး​ဒုက္ခ​ရောက်​ရ​ပုံ ကို​အ​ကြောင်း​ပြု​၍ ပြော​စ​မှတ်​ပြု​ကြ လိမ့်​မည်။ သင်​တို့​၏​ဘ​ဝ​အ​တွေ့​အ​ကြုံ ကို​လည်း​ဤ​သို့​ဝမ်း​နည်း​ကြေ​ကွဲ​ဖွယ် တေး​ဖွဲ့​သီ​ဆို​ကြ​လိမ့်​မည်။ ငါ​တို့​သည်​လုံး​ဝ​အ​ကျိုး​နည်း​ပျက်​စီး ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ပြည်​ကို​ငါ​တို့ လက်​မှ ရုပ်​သိမ်း​၍​ရန်​သူ့​လက်​သို့​အပ်​သ​ဖြင့် ငါ​တို့​သည်​လည်း​တစ်​ပါး​ကျွန်​ဖြစ်​ရ​ချေ​ပြီ။
En ese día se levantará una parábola contra ti, y se lamentan con un lamento lúgubre, diciendo, ‘¡Estamos totalmente arruinados! La posesión de mi pueblo está dividida. En efecto, ¡me lo quita y asigna nuestros campos a los traidores!”
5 သို့​ဖြစ်​၍​တိုင်း​ပြည်​ကို​ထာ​ဝ​ရ​ဘု​ရား ၏​လူ​မျိုး​တော်​လက်​သို့​ပြန်​၍​အပ်​သော အ​ခါ​၌ သင်​တို့​အ​နက်​မည်​သူ​မျှ​မြေ ဝေ​စု​ကို​ရ​မည်​မ​ဟုတ်။
Por lo tanto, no tendrás a nadie que reparta la tierra por sorteo en la asamblea de Yahvé.
6 လူ​တို့​က``အ​ကျွန်ုပ်​တို့​အား​တ​ရား​မ​ဟော ပါ​နှင့်၊ ထို​အ​ကြောင်း​အ​ရာ​တို့​ကို​မ​ပြော ပါ​နှင့်၊ ဘု​ရား​သ​ခင်​သည်​အ​ကျွန်ုပ်​တို့​အား အ​ရှက်​ကွဲ​အ​ကျိုး​နည်း​ဖြစ်​စေ​တော်​မူ မည်​မ​ဟုတ်​ပါ။-
“¡No profetices!” — profetizan. “No profetices sobre estas cosas. La desgracia no nos alcanzará”.
7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျိန်​စာ သင့်​နေ​ပြီ​ဟူ​၍​မ​ထင်​ပါ​နှင့်။ ထာ​ဝ​ရ ဘု​ရား​သည်​သည်း​မ​ခံ​နိုင်​တော့​ပြီ​လော။ ကိုယ်​တော်​သည်​ထို​သို့​ဧ​ကန်​ပြု​တော်​မူ ပါ​မည်​လော။ ဖြောင့်​မတ်​စွာ​ကျင့်​ကြံ​သူ တို့​အား ကိုယ်​တော်​သည်​သ​နား​ကြင်​နာ သည့်​စ​ကား​ကို​ပြော​တော်​မူ​မည်​မ​ဟုတ် ပါ​လော'' ဟု​ငါ့​အား​ပြန်​၍​တ​ရား​ဟော ကြ​၏။
Se dirá, oh casa de Jacob, “¿Está enojado el Espíritu de Yahvé? ¿Son estas sus acciones? ¿No hacen bien mis palabras al que camina sin culpa?”
8 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည် ငါ​၏​လူ​မျိုး​တော်​ကို​ရန်​သူ​သ​ဖွယ်​တိုက် ခိုက်​ကြ​၏။ လုံ​ခြုံ​မှု​ရှိ​ရာ​နေ​အိမ်​သို့​စစ် ပွဲ​မှ​ပြန်​လာ​သူ​တို့​၏ အ​ပေါ်​ရုံ​အင်္ကျီ​ကို သင်​တို့​ချွတ်​ယူ​ကြ​၏။-
Pero últimamente mi pueblo se ha levantado como un enemigo. Despojas de la túnica y la ropa a los que pasan sin miramientos, volviendo de la batalla.
9 သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​တို့​၏​အ​မျိုး သ​မီး​များ​ကို​သူ​တို့​မြတ်​နိုး​သော​နေ​အိမ် များ​မှ​နှင်​ထုတ်​ကြ​၍ သူ​တို့​သား​သ​မီး​များ အ​နာ​ဂတ်​ကောင်း​စား​ရေး​မျှော်​လင့်​ချက် ဖြစ်​သည့် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ချီး မင်္ဂ​လာ​ကို​ပျက်​ပြား​စေ​ကြ​၏။-
Expulsas a las mujeres de mi pueblo de sus casas agradables; de sus hijos pequeños les quitas mi bendición para siempre.
10 ၁၀ ထ​၍​ထွက်​ခွာ​ကြ​လော့။ ဤ​ပြည်​သည်​သင်​တို့ လုံ​ခြုံ​စွာ​နေ​ထိုင်​ရာ​အ​ရပ်​မ​ဟုတ်​တော့​ပြီ။ သင်​တို့​၏​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့်​ဤ​ပြည် သည်​ပျက်​စီး​ရ​လိမ့်​မည်။
¡Levántate y vete! Porque este no es tu lugar de descanso, a causa de la impureza que destruye, incluso con una grave destrucción.
11 ၁၁ ``သင်​တို့​တွင်​စ​ပျစ်​ရည်​နှင့် အ​ရက်​လှိုင်​လှိုင် ပေါ​များ​လိမ့်​မည်​ဟု​ငါ​ဟော​၏' ဟူ​၍​လိမ် လည်​လှည့်​ဖြား​ပြော​ဆို​တတ်​သော​ပ​ရော​ဖက် မျိုး​ကို​ဤ​သူ​တို့​နှစ်​သက်​ကြ​၏။
Si un hombre que camina con espíritu de falsedad miente, diciendo, “Te profetizaré sobre el vino y la bebida fuerte,” sería el profeta de este pueblo.
12 ၁၂ ``ငါ​သည်​သင်​တို့​တွင်​ကြွင်း​ကျန်​သော​ဣ​သ ရေ​လ​အ​မျိုး​သား​အား​လုံး​ကို​စု​ရုံး​မည်။ ခြံ သို့​ပြန်​လာ​သော​သိုး​များ​သ​ဖွယ်​သင်​တို့​ကို စု​သိမ်း​မည်။ စား​ကျက်​တွင်​သိုး​မြောက်​မြား စွာ​စု​ရုံး​ကျက်​စား​သ​ကဲ့​သို့ သင်​တို့​၏​ပြည် တွင်​တစ်​ဖန်​လူ​မြောက်​မြား​စွာ​နေ​ထိုင်​လိမ့် မည်'' ဟု​ပြန်​လည်​ဖြေ​ကြား​တော်​မူ​၏။
Seguramente os reuniré a todos, Jacob. Seguramente reuniré el remanente de Israel. Los pondré juntos como las ovejas de Bozra, como un rebaño en medio de sus pastos. Se llenarán de gente.
13 ၁၃ သူ​တို့​အား​ပြည်​နှင်​ဒဏ်​ခံ​ရာ​မှ​လွတ် မြောက်​ရန် ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ရှေ့ ဆောင်​လမ်း​ပြ​တော်​မူ​မည်။ သူ​တို့​သည်​မြို့ တံ​ခါး​များ​ကို​ချိုး​ဖောက်​၍​လွတ်​မြောက် လာ​ကြ​မည်။ သူ​တို့​၏​ဘုရင်​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​သူ​တို့​ကို​ထုတ်​ဆောင်​တော် မူ​မည်။
El que abre el camino sube delante de ellos. Rompen la puerta y salen. Su rey pasa delante de ellos, con Yahvé a la cabeza.

< မိက္ခာ 2 >