< မိက္ခာ 2 >
1 ၁ အိပ်ရာပေါ်တွင်လဲလျောင်းလျက် မကောင်းမှု ကိုကြံစည်သူတို့သည်အမင်္ဂလာရှိကြ၏။ နံနက်မိုးလင်းသောအခါသူတို့သည်အခွင့် ရလျှင်ရခြင်း မိမိတို့ကြံစည်သည့်မကောင်း မှုကိုပြုလုပ်တတ်ကြ၏။-
Ak vai, tiem, kas domā netaisnību un sataisa ļaunumu uz savām cisām; rīta gaismā tie to izdara, jo viņu roka to iespēj.
2 ၂ သူတို့သည်သူတစ်ပါး၏အိမ်ကိုဖြစ်စေ၊ လယ်ယာကိုဖြစ်စေ၊ တပ်မက်လာလျှင်အနိုင် အထက်သိမ်းယူတတ်ကြသည်။ မည်သူ၏အိုး အိမ်နှင့်အမွေပစ္စည်းဟူသမျှလုံခြုံသည် ဟူ၍မရှိ။
Un tie iekāro tīrumus un tos laupa, un namus, un tos paņem; tā tie dara varas darbu pie vīra un viņa nama, pie cilvēka un viņa mantas.
3 ၃ သို့ဖြစ်၍ထာဝရဘုရားက``သင်တို့ဘေး ဒုက္ခရောက်စေရန်ငါစီရင်မည်။ ထိုဘေးဒုက္ခ မှသင်တို့လွတ်မြောက်နိုင်လိမ့်မည်မဟုတ်။ သင်တို့သည်ဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်။ ထိုအခါသင်တို့သည်မောက်မာကြွားဝါ နိုင်ကြလိမ့်မည်မဟုတ်။-
Tādēļ Tas Kungs tā saka: redzi, Es domāju ļaunumu pret šo cilti, no tā jūs savus kaklus neizvilksiet un nestaigāsiet tik grezni; jo laiks ir ļauns.
4 ၄ ထိုအချိန်ကာလရောက်ရှိလာသောအခါ လူများတို့က သင်တို့ဘေးဒုက္ခရောက်ရပုံ ကိုအကြောင်းပြု၍ ပြောစမှတ်ပြုကြ လိမ့်မည်။ သင်တို့၏ဘဝအတွေ့အကြုံ ကိုလည်းဤသို့ဝမ်းနည်းကြေကွဲဖွယ် တေးဖွဲ့သီဆိုကြလိမ့်မည်။ ငါတို့သည်လုံးဝအကျိုးနည်းပျက်စီး ကြပြီ။ ထာဝရဘုရားသည်ငါတို့ပြည်ကိုငါတို့ လက်မှ ရုပ်သိမ်း၍ရန်သူ့လက်သို့အပ်သဖြင့် ငါတို့သည်လည်းတစ်ပါးကျွန်ဖြစ်ရချေပြီ။
Tai dienā cels sakāmu vārdu par jums un gauži žēlosies: „tas noticis“, sacīs: „mēs pavisam postīti! Manu ļaužu tiesa top izmīta; kā Viņš man to atrauj! Atkāpējiem Viņš izdala mūsu tīrumus.“
5 ၅ သို့ဖြစ်၍တိုင်းပြည်ကိုထာဝရဘုရား ၏လူမျိုးတော်လက်သို့ပြန်၍အပ်သော အခါ၌ သင်တို့အနက်မည်သူမျှမြေ ဝေစုကိုရမည်မဟုတ်။
Tāpēc tev nebūs neviena, kas tev zemi mēros un dalīs Tā Kunga draudzē.
6 ၆ လူတို့က``အကျွန်ုပ်တို့အားတရားမဟော ပါနှင့်၊ ထိုအကြောင်းအရာတို့ကိုမပြော ပါနှင့်၊ ဘုရားသခင်သည်အကျွန်ုပ်တို့အား အရှက်ကွဲအကျိုးနည်းဖြစ်စေတော်မူ မည်မဟုတ်ပါ။-
„Nesludinājiet!” Tā tie sludina. Ja tiem nesludinās, tad negods nezudīs.
7 ၇ ဣသရေလအမျိုးသားတို့သည် ကျိန်စာ သင့်နေပြီဟူ၍မထင်ပါနှင့်။ ထာဝရ ဘုရားသည်သည်းမခံနိုင်တော့ပြီလော။ ကိုယ်တော်သည်ထိုသို့ဧကန်ပြုတော်မူ ပါမည်လော။ ဖြောင့်မတ်စွာကျင့်ကြံသူ တို့အား ကိုယ်တော်သည်သနားကြင်နာ သည့်စကားကိုပြောတော်မူမည်မဟုတ် ပါလော'' ဟုငါ့အားပြန်၍တရားဟော ကြ၏။
Tu, ko sauc par Jēkaba namu, vai tad Tas Kungs nepacietīgs? Vai tādi ir viņa darbi? Vai Mani vārdi nav laipnīgi tam, kas staigā, kā piederās?
8 ၈ ထိုအခါထာဝရဘုရားက``သင်တို့သည် ငါ၏လူမျိုးတော်ကိုရန်သူသဖွယ်တိုက် ခိုက်ကြ၏။ လုံခြုံမှုရှိရာနေအိမ်သို့စစ် ပွဲမှပြန်လာသူတို့၏ အပေါ်ရုံအင်္ကျီကို သင်တို့ချွတ်ယူကြ၏။-
Bet nesen Mani ļaudis cēlās kā ienaidnieki; jūs laupāt no apģērba mēteli tiem, kas mierīgi iet garām un nemeklē kara.
9 ၉ သင်တို့သည်ငါ၏လူမျိုးတော်တို့၏အမျိုး သမီးများကိုသူတို့မြတ်နိုးသောနေအိမ် များမှနှင်ထုတ်ကြ၍ သူတို့သားသမီးများ အနာဂတ်ကောင်းစားရေးမျှော်လင့်ချက် ဖြစ်သည့် ထာဝရဘုရား၏ကောင်းချီး မင်္ဂလာကိုပျက်ပြားစေကြ၏။-
Jūs izdzenāt Manu ļaužu sievas no viņu skaistiem namiem, jūs atņemat viņu bērniņiem Manu glītumu mūžam.
10 ၁၀ ထ၍ထွက်ခွာကြလော့။ ဤပြည်သည်သင်တို့ လုံခြုံစွာနေထိုင်ရာအရပ်မဟုတ်တော့ပြီ။ သင်တို့၏ဒုစရိုက်အပြစ်ကြောင့်ဤပြည် သည်ပျက်စီးရလိမ့်မည်။
Ceļaties un ejat projām, jo šī zeme jums nebūs par dusu tās nešķīstības dēļ, kas pavisam maitāt samaitā.
11 ၁၁ ``သင်တို့တွင်စပျစ်ရည်နှင့် အရက်လှိုင်လှိုင် ပေါများလိမ့်မည်ဟုငါဟော၏' ဟူ၍လိမ် လည်လှည့်ဖြားပြောဆိုတတ်သောပရောဖက် မျိုးကိုဤသူတို့နှစ်သက်ကြ၏။
Ja es būtu tāds vīrs, kas pēc vēja un viltības grābstās un melotu, ja es tev sludinātu par vīnu un dzērienu, tad es būtu pravietis priekš šiem ļaudīm.
12 ၁၂ ``ငါသည်သင်တို့တွင်ကြွင်းကျန်သောဣသ ရေလအမျိုးသားအားလုံးကိုစုရုံးမည်။ ခြံ သို့ပြန်လာသောသိုးများသဖွယ်သင်တို့ကို စုသိမ်းမည်။ စားကျက်တွင်သိုးမြောက်မြား စွာစုရုံးကျက်စားသကဲ့သို့ သင်တို့၏ပြည် တွင်တစ်ဖန်လူမြောက်မြားစွာနေထိုင်လိမ့် မည်'' ဟုပြန်လည်ဖြေကြားတော်မူ၏။
Pulcināt Es tevi sapulcināšu, Jēkab, lasīt Es salasīšu kopā Israēla atlikušos, Es tos kā avis likšu stiprā kūtī, kā ganāmu pulku viņu laidaros, - tur no cilvēkiem rībēs.
13 ၁၃ သူတို့အားပြည်နှင်ဒဏ်ခံရာမှလွတ် မြောက်ရန် ဘုရားသခင်ကိုယ်တော်တိုင်ရှေ့ ဆောင်လမ်းပြတော်မူမည်။ သူတို့သည်မြို့ တံခါးများကိုချိုးဖောက်၍လွတ်မြောက် လာကြမည်။ သူတို့၏ဘုရင်ထာဝရဘုရား ကိုယ်တော်တိုင်သူတို့ကိုထုတ်ဆောင်တော် မူမည်။
Lauzējs staigās viņu priekšā, tie lauzīsies iekšā un ieies pa vārtiem un atkal izies tur ārā, un viņu ķēniņš tiem ies priekšā, un Tas Kungs būs viņu vadonis.