< မိက္ခာ 2 >
1 ၁ အိပ်ရာပေါ်တွင်လဲလျောင်းလျက် မကောင်းမှု ကိုကြံစည်သူတို့သည်အမင်္ဂလာရှိကြ၏။ နံနက်မိုးလင်းသောအခါသူတို့သည်အခွင့် ရလျှင်ရခြင်း မိမိတို့ကြံစည်သည့်မကောင်း မှုကိုပြုလုပ်တတ်ကြ၏။-
A UWE ka poe e noonoo ana i ka ino, a e imi aua i ka hewa, maluna o ko lakou wahi moe! I ka malamalama o ke ao, hana lakou ia mea, no ka mea, ma ka ikaika o ko lakou lima e hiki ai ia.
2 ၂ သူတို့သည်သူတစ်ပါး၏အိမ်ကိုဖြစ်စေ၊ လယ်ယာကိုဖြစ်စေ၊ တပ်မက်လာလျှင်အနိုင် အထက်သိမ်းယူတတ်ကြသည်။ မည်သူ၏အိုး အိမ်နှင့်အမွေပစ္စည်းဟူသမျှလုံခြုံသည် ဟူ၍မရှိ။
A kuko aku lakou i na mahinaai, i kaili wale, a me na hale, a lawe hoi ia mau mea: A alunu lakou i ka ke kanaka, a me kona hale, i ka ke kanaka a me kona aina hooili.
3 ၃ သို့ဖြစ်၍ထာဝရဘုရားက``သင်တို့ဘေး ဒုက္ခရောက်စေရန်ငါစီရင်မည်။ ထိုဘေးဒုက္ခ မှသင်တို့လွတ်မြောက်နိုင်လိမ့်မည်မဟုတ်။ သင်တို့သည်ဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်။ ထိုအခါသင်တို့သည်မောက်မာကြွားဝါ နိုင်ကြလိမ့်မည်မဟုတ်။-
No ia mea, peneia i olelo mai ai o Iehova; Aia hoi, ke manao nei au i ka hewa no keia ohana, Aole oukou e hiki ke hoonee aku i ko oukou mau a-i mai ia mea aku; Aole hoi oukou e hele hookiekie, no ka mea, he manawa ino keia.
4 ၄ ထိုအချိန်ကာလရောက်ရှိလာသောအခါ လူများတို့က သင်တို့ဘေးဒုက္ခရောက်ရပုံ ကိုအကြောင်းပြု၍ ပြောစမှတ်ပြုကြ လိမ့်မည်။ သင်တို့၏ဘဝအတွေ့အကြုံ ကိုလည်းဤသို့ဝမ်းနည်းကြေကွဲဖွယ် တေးဖွဲ့သီဆိုကြလိမ့်မည်။ ငါတို့သည်လုံးဝအကျိုးနည်းပျက်စီး ကြပြီ။ ထာဝရဘုရားသည်ငါတို့ပြည်ကိုငါတို့ လက်မှ ရုပ်သိမ်း၍ရန်သူ့လက်သို့အပ်သဖြင့် ငါတို့သည်လည်းတစ်ပါးကျွန်ဖြစ်ရချေပြီ။
Ia la e lawe kekahi i mele no oukou, A e kanikau i ke kanikau nui, i ka i ana ae, I ka luku ana ua lukuia kakou; Ua hoololiia ka hooilina o kuu poe kanaka; Nani ka laweia'ku ia mai o'u la! A no ka mea hoihoi, ua puunaueia ko kakou mau mahinaai;
5 ၅ သို့ဖြစ်၍တိုင်းပြည်ကိုထာဝရဘုရား ၏လူမျိုးတော်လက်သို့ပြန်၍အပ်သော အခါ၌ သင်တို့အနက်မည်သူမျှမြေ ဝေစုကိုရမည်မဟုတ်။
Nolaila, aohe ou mea nana e hoolei ke kaula ma ka hailona, iloko o ka ahakanaka o Iehova.
6 ၆ လူတို့က``အကျွန်ုပ်တို့အားတရားမဟော ပါနှင့်၊ ထိုအကြောင်းအရာတို့ကိုမပြော ပါနှင့်၊ ဘုရားသခင်သည်အကျွန်ုပ်တို့အား အရှက်ကွဲအကျိုးနည်းဖြစ်စေတော်မူ မည်မဟုတ်ပါ။-
Mai hai aku i ka wanana; aole lakou e wanana ia lakou, aole e lawe i ka hilahila.
7 ၇ ဣသရေလအမျိုးသားတို့သည် ကျိန်စာ သင့်နေပြီဟူ၍မထင်ပါနှင့်။ ထာဝရ ဘုရားသည်သည်းမခံနိုင်တော့ပြီလော။ ကိုယ်တော်သည်ထိုသို့ဧကန်ပြုတော်မူ ပါမည်လော။ ဖြောင့်မတ်စွာကျင့်ကြံသူ တို့အား ကိုယ်တော်သည်သနားကြင်နာ သည့်စကားကိုပြောတော်မူမည်မဟုတ် ပါလော'' ဟုငါ့အားပြန်၍တရားဟော ကြ၏။
E ka mea i kapaia o ka hale o Iakoba, ua pauaho anei ka uhane o Iehova? O keia anei kana mau hana? aole anei he maikai ka'u mau olelo i ka mea e hele pono ana?
8 ၈ ထိုအခါထာဝရဘုရားက``သင်တို့သည် ငါ၏လူမျိုးတော်ကိုရန်သူသဖွယ်တိုက် ခိုက်ကြ၏။ လုံခြုံမှုရှိရာနေအိမ်သို့စစ် ပွဲမှပြန်လာသူတို့၏ အပေါ်ရုံအင်္ကျီကို သင်တို့ချွတ်ယူကြ၏။-
Ano iho nei ua ku e mai kuu poe kanaka me he enemi la: Ke kaili nei oukou i ka aahu, a me ka lole komo o ka poe e hele maluhia ana, me he poe la e hoi ana, mai ke kaua mai.
9 ၉ သင်တို့သည်ငါ၏လူမျိုးတော်တို့၏အမျိုး သမီးများကိုသူတို့မြတ်နိုးသောနေအိမ် များမှနှင်ထုတ်ကြ၍ သူတို့သားသမီးများ အနာဂတ်ကောင်းစားရေးမျှော်လင့်ချက် ဖြစ်သည့် ထာဝရဘုရား၏ကောင်းချီး မင်္ဂလာကိုပျက်ပြားစေကြ၏။-
Ua hookuke aku oukou i na wahine o kuu poe kanaka, mai ko lakou hale maikai aku; Ua lawe loa aku oukou i kuu nani mai ka lakou poe keiki aku.
10 ၁၀ ထ၍ထွက်ခွာကြလော့။ ဤပြည်သည်သင်တို့ လုံခြုံစွာနေထိုင်ရာအရပ်မဟုတ်တော့ပြီ။ သင်တို့၏ဒုစရိုက်အပြစ်ကြောင့်ဤပြည် သည်ပျက်စီးရလိမ့်မည်။
E ku mai oukou, a hele aku, no ka mea, aohe keia ko oukou wahi maha; No ka mea, ua haumia ia, e luku aku ia ia oukou me ka luku nui.
11 ၁၁ ``သင်တို့တွင်စပျစ်ရည်နှင့် အရက်လှိုင်လှိုင် ပေါများလိမ့်မည်ဟုငါဟော၏' ဟူ၍လိမ် လည်လှည့်ဖြားပြောဆိုတတ်သောပရောဖက် မျိုးကိုဤသူတို့နှစ်သက်ကြ၏။
Ina e hele ke kanaka ma ka makani, a ma ka hoopunipuni, a wahahee oia, i ka i ana ae, E wanana aku au ia oe no ka waina, a me ka mea inu awaawa; Oia no ke kaula o keia poe kanaka.
12 ၁၂ ``ငါသည်သင်တို့တွင်ကြွင်းကျန်သောဣသ ရေလအမျိုးသားအားလုံးကိုစုရုံးမည်။ ခြံ သို့ပြန်လာသောသိုးများသဖွယ်သင်တို့ကို စုသိမ်းမည်။ စားကျက်တွင်သိုးမြောက်မြား စွာစုရုံးကျက်စားသကဲ့သို့ သင်တို့၏ပြည် တွင်တစ်ဖန်လူမြောက်မြားစွာနေထိုင်လိမ့် မည်'' ဟုပြန်လည်ဖြေကြားတော်မူ၏။
E hoakoakoa io ana au i kau a pau, e Iakoba; E houluulu io ana au i ke koena o ka Iseraela: E hui pu aku au ia lakou e like me na hipa a Bozera, E like me ka poe hipa iwaenakonu o ko lakou pahipa; E pioloke nui lakou no ka nui o na kanaka.
13 ၁၃ သူတို့အားပြည်နှင်ဒဏ်ခံရာမှလွတ် မြောက်ရန် ဘုရားသခင်ကိုယ်တော်တိုင်ရှေ့ ဆောင်လမ်းပြတော်မူမည်။ သူတို့သည်မြို့ တံခါးများကိုချိုးဖောက်၍လွတ်မြောက် လာကြမည်။ သူတို့၏ဘုရင်ထာဝရဘုရား ကိုယ်တော်တိုင်သူတို့ကိုထုတ်ဆောင်တော် မူမည်။
Ua pii ae ka mea wawahi imua o lakou; Ua wawahi iho lakou, a ua komo lakou ma ka pukapa, a ua hele aku malaila; A e hele ko lakou alii imua o lakou, o Iehova ma ko lakou poo.