< မဿဲ 1 >

1 အာ​ဗြ​ဟံ​နှင့်​ဒါ​ဝိဒ်​မှ​ဆင်း​သက်​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက် စာ​ရင်း​ကား​ဤ​သို့​တည်း။
Cartea genealogiei lui Isus Hristos, fiul lui David, fiul lui Avraam.
2 အာ​ဗြ​ဟံ​၏​သား​သည်​ဣ​ဇာက်၊ ဣ​ဇာက်​၏​သား​မှာ​ယာ​ကုပ်၊ ယာ​ကုပ်​၏​သား​များ​ကား​ယု​ဒ​နှင့်​ညီ​များ​ဖြစ်​၏။-
Avraam a devenit tatăl lui Isaac. Isaac a devenit tatăl lui Iacov. Iacov a devenit tatăl lui Iuda și al fraților săi.
3 ယု​ဒ​နှင့်​တာ​မာ​မှ​ရ​သော​သား​များ​သည်​ဖာ​ရက် နှင့်​ဇာ​ရ၊ ဖာ​ရက်​၏​သား​မှာ​ဟေ​ဇ​ရုံ၊ ဟေ​ဇ​ရုံ ၏​သား​ကား​အာ​ရံ​ဖြစ်​၏။-
Iuda a devenit tatăl lui Pereț și al lui Zerah prin Tamar. Perez a devenit tatăl lui Hezron. Hezron a devenit tatăl lui Berbec.
4 အာ​ရံ​၏​သား​သည်​အ​မိ​န​ဒပ်၊ အ​မိ​န​ဒပ်​၏​သား မှာ​နာ​ရှုန်၊ နာ​ရှုန်​၏​သား​ကား​စာ​လ​မုန်​ဖြစ်​၏။-
Berbec a devenit tatăl lui Aminadab. Amminadab a devenit tatăl lui Nahșon. Nahșon a devenit tatăl lui Salmon.
5 စာ​လ​မုန်​နှင့်​ရာ​ခပ်​မှ​ရ​သော​သား​သည်​ဗော​ဇ၊ ဗော​ဇ နှင့်​ရု​သ​မှ​ရ​သော​သား​မှာ​ဩ​ဗက်၊ ဩ​ဗက်​၏​သား သည်​ယေ​ရှဲ၊ ယေ​ရှဲ​၏​သား​ကား​ဒါ​ဝိဒ်​မင်း​တည်း။
Salmon a devenit tatăl lui Boaz prin Rahab. Boaz a devenit tatăl lui Obed prin Rut. Obed a devenit tatăl lui Isai.
6 ဉ​ရိ​ယ​၏​ဇ​နီး​နှင့်​ဒါ​ဝိဒ်​မင်း​ရ​သော​သား​သည် ရှော​လ​မုန်​ဖြစ်​၏။-
Isai a devenit tatăl regelui David. Regele David a devenit tatăl lui Solomon prin cea care fusese soția lui Urie.
7 ရှော​လ​မုန်​၏​သား​သည်​ရော​ဗောင်၊ ရော​ဗောင်​၏​သား မှာ​အ​ဘိ​ယ၊ အ​ဘိ​ယ​၏​သား​ကား​အာ​သ​ဖြစ်​၏။-
Solomon a devenit tatăl lui Roboam. Roboam a devenit tatăl lui Abia. Abiia a devenit tatăl lui Asa.
8 အာ​သ​၏​သား​သည်​ယော​ရှ​ဖတ်၊ ယော​ရှ​ဖတ်​၏​သား မှာ​ယ​ဟော​ရံ၊ ယ​ဟော​ရံ​၏​သား​ကား​ဩ​ဇိ​ဖြစ်​၏။-
Asa a devenit tatăl lui Iosafat. Iosafat a devenit tatăl lui Ioram. Ioram a devenit tatăl lui Ozia.
9 ဩ​ဇိ​၏​သား​သည်​ယော​သံ၊ ယော​သံ​၏​သား​မှာ အာ​ခတ်၊ အာ​ခတ်​၏​သား​ကား​ဟေ​ဇ​ကိ​ဖြစ်​၏။-
Ozia a devenit tatăl lui Iotam. Iotam a devenit tatăl lui Ahaz. Ahaz a devenit tatăl lui Ezechia.
10 ၁၀ ဟေ​ဇ​ကိ​၏​သား​သည်​မ​နာ​ရှေ၊ မ​နာ​ရှေ​၏​သား မှာ​အာ​မုန်၊ အာ​မုန်​၏​သား​ကား​ယော​ရှိ​ဖြစ်​၏။-
Ezechia a devenit tatăl lui Manase. Manase a devenit tatăl lui Amon. Amon a devenit tatăl lui Iosia.
11 ၁၁ ဗာ​ဗု​လုန်​မြို့​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ချိန်​၌ ယော​ရှိ​ရ​သော သား​များ​ကား​ယေ​ခေါ​နိ​နှင့်​ညီ​များ​ဖြစ်​ကြ​၏။
Iosia a devenit tatăl lui Ieconia și al fraților săi în timpul exilului în Babilon.
12 ၁၂ ဗာ​ဗု​လုန်​မြို့​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ဖမ်း​ဆီး ခေါ်​ဆောင်​ခြင်း​ခံ​ရ​ပြီး​နောက်၊ ယေ​ခေါ​နိ​ရ​သော​သား သည်​ရှာ​လ​သေ​လ၊ ရှာ​လ​သေ​လ​၏​သား​မှာ​ဇေ​ရု​ဗ ဗေ​လ​ဖြစ်​၏။-
După exilul în Babilon, Ieconia a devenit tatăl lui Șealtiel. Șealtiel a devenit tatăl lui Zorobabel.
13 ၁၃ ဇေ​ရု​ဗ​ဗေ​လ​၏​သား​သည်​အ​ဗျုဒ်၊ အ​ဗျုဒ်​၏​သား​မှာ ဧ​လျာ​ကိမ်၊ ဧ​လျာ​ကိမ်​၏​သား​ကား​အာ​ဇော်​ဖြစ်​၏။-
Zorobabel a devenit tatăl lui Abiud. Abiud a devenit tatăl lui Eliachim. Eliachim a devenit tatăl lui Azor.
14 ၁၄ အာ​ဇော်​၏​သား​သည်​ဇာ​ဒုတ်၊ ဇာ​ဒုတ်​၏​သား​မှာ အာ​ခိမ်၊ အာ​ခိမ်​၏​သား​ကား​ဧ​လုဒ်​ဖြစ်​၏။-
Azor a devenit tatăl lui Țadoc. Țadoc a devenit tatăl lui Achim. Achim a devenit tatăl lui Eliud.
15 ၁၅ ဧ​လုဒ်​၏​သား​သည်​ဧ​လာ​ဇာ၊ ဧလာဇာ​၏​သား​မှာ မ​ဿန်၊ မ​ဿန်​၏​သား​ကား​ယာ​ကုပ်​ဖြစ်​၏။-
Eliud a devenit tatăl lui Eleazar. Eleazar a devenit tatăl lui Matan. Mathan a devenit tatăl lui Iacov.
16 ၁၆ ယာ​ကုပ်​၏​သား​သည်​မာ​ရိ​၏​ခင်​ပွန်း​ဖြစ်​သူ​ယော​သပ် ဖြစ်​၏။ မာ​ရိ​ကား​မေ​ရှိ​ယ​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း ခံ​ရ​သော​သ​ခင်​ယေ​ရှု​၏​မယ်​တော်​တည်း။
Iacov a devenit tatăl lui Iosif, soțul Mariei, din care s-a născut Isus, care se numește Hristos.
17 ၁၇ သို့​ဖြစ်​၍​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက်​များ​မှာ အာ​ဗြ​ဟံ​မှ​သည်​ဒါ​ဝိဒ်​မင်း​တိုင်​အောင်​တစ်​ဆယ့် လေး​ဆက်၊ ဒါ​ဝိဒ်​မင်း​မှ​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​ဗာ​ဗု​လုန်​မြို့​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​ခြင်း​ခံ​ရ​ချိန် တိုင်​အောင်​တစ်​ဆယ့်​လေး​ဆက်၊ ဣသ​ရေ​လ​အ​မျိုး​သား တို့ ဗာ​ဗု​လုန်​မြို့​သို့​ရောက်​ရှိ​ချိန်​မှ​သည်​မေ​ရှိ​ယ ဖွား​မြင်​သည်​တိုင်​အောင်​တစ်​ဆယ့်​လေး​ဆက်​ဖြစ် သ​တည်း။
Astfel, toate generațiile de la Avraam până la David sunt de paisprezece generații; de la David până la exilul în Babilon, paisprezece generații; și de la exilul în Babilon până la Hristos, paisprezece generații.
18 ၁၈ သ​ခင်​ယေ​ရှု​ခ​ရစ်​ဖွား​မြင်​တော်​မူ​ပုံ​ကား​ဤ​သို့ တည်း။ မယ်​တော်​မာ​ရိ​နှင့်​ယော​သပ်​တို့​ထိမ်း​မြား​ရန် စေ့​စပ်​ကြောင်း​လမ်း​ထား​ပြီး​နောက်၊ ပေါင်း​သင်း​နေ​ထိုင် မှု​မ​ပြု​ရ​မီ​မာ​ရိ​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ၏​တန်​ခိုး​အား​ဖြင့်​ပ​ဋိ​သေနန္ဓ​စွဲ​ကပ်​လေ​၏။-
Iată cum a fost nașterea lui Isus Hristos: După ce mama Lui, Maria, a fost logodită cu Iosif, înainte de a fi împreună, a fost găsită însărcinată de Duhul Sfânt.
19 ၁၉ ယော​သပ်​သည်​စိတ်​သ​ဘော​ထား​မြင့်​မြတ်​သူ​ဖြစ် သည်​အ​လျောက်​မာ​ရိ​အား​အ​သ​ရေ​မ​ပျက်​စေ လို​သ​ဖြင့် သူ​နှင့်​စေ့​စပ်​ကြောင်း​လမ်း​ထား​မှု​ကို တိတ်​တ​ဆိတ်​ဖျက်​သိမ်း​ရန်​အ​ကြံ​ရှိ​၏။-
Iosif, soțul ei, care era un om drept și care nu voia să facă din ea un exemplu public, a vrut să o renege în secret.
20 ၂၀ ဤ​သို့​အ​ကြံ​ရှိ​နေ​စဉ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို​အိပ်​မက်​မြင်​မက်​၏။ ထို​ကောင်း​ကင်​တမန်​က ``ဒါ​ဝိဒ်​၏​သား​မြေး​ယော​သပ်၊ သင်​သည်​မာ​ရိ​အား​ဇ​နီး​အ​ဖြစ်​သိမ်း​ပိုက်​ရ​မည်​ကို မ​ကြောက်​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​၏​ဝမ်း​တွင် ရှိ​သော​ပ​ဋိ​သေနန္ဓ​ကား​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ၏​တန်​ခိုး​တော်​အား​ဖြင့်​ရ​သော​ပ​ဋိ​သေနန္ဓ​ဖြစ်​၏။-
Dar când se gândea la aceste lucruri, iată că un înger al Domnului i s-a arătat în vis și i-a zis: “Iosif, fiul lui David, nu te teme să iei de soție pe Maria, căci ceea ce este conceput în ea este de la Duhul Sfânt.
21 ၂၁ သူ​သည်​သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို သား​သည်​မိ​မိ​လူ​မျိုး​အား​အ​ပြစ်​မှ​ကယ်​တင် မည့်​အ​ရှင်​ဖြစ်​သော​ကြောင့်​သူ့​ကို​ယေ​ရှု​ဟု နာ​မည်​မှည့်​ရ​မည်'' ဟု​ဆို​၏။
Ea va naște un fiu. Să-i pui numele Isus, căci El este cel care va mântui poporul Său de păcatele sale.”
22 ၂၂ ဤ​အ​မှု​အ​ရာ​များ​မှာ​ပ​ရော​ဖက်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​ခဲ့​သော​ဗျာ​ဒိတ် တော်​အ​တိုင်း​ဖြစ်​ပျက်​ခြင်း​ပင်​ဖြစ်​သ​တည်း။-
Și toate acestea s-au întâmplat ca să se împlinească ce a spus Domnul prin proorocul care a zis,
23 ၂၃ ဗျာ​ဒိတ်​တော်​ကား ``အ​ပျို​က​ညာ​သည်​ကိုယ်​ဝန် ဆောင်​၍​သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို သား​ကို​ဧ​မာ​နွေလ ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့်​မည်'' ဟူ​၍​ဖြစ်​သ​တည်း။
“Iată, fecioara va rămâne însărcinată, și va da naștere unui fiu. Îi vor pune numele Emanuel”. care este, fiind interpretat, “Dumnezeu cu noi”.
24 ၂၄ သို့​ဖြစ်​၍​ယော​သပ်​သည်​အိပ်​ပျော်​ရာ​မှ​နိုး​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​အ​မိန့် ရှိ​ခဲ့​သည့်​အ​တိုင်း မာ​ရိ​အား​မိ​မိ​ဇ​နီး​အ​ဖြစ် သိမ်း​ပိုက်​လေ​၏။-
Iosif s-a sculat din somn, a făcut cum îi poruncise îngerul Domnului și a luat la el pe nevastă-sa,
25 ၂၅ သို့​ရာ​တွင်​သား​ယောက်ျား​ဖွား​မြင်​သည်​တိုင်​အောင် မာ​ရိ​နှင့်​ပေါင်း​သင်း​နေ​ထိုင်​မှု​ကို​မ​ပြု​ဘဲ​နေ​၏။ ထို​သား​ကို​ယေ​ရှု​ဟု​နာ​မည်​မှည့်​လေ​၏။
și n-a cunoscut-o până ce n-a născut pe fiul ei cel întâi născut. I-a pus numele Isus.

< မဿဲ 1 >