< မဿဲ 9 >
1 ၁ သခင်ယေရှုသည်လှေကိုစီး၍အိုင်တစ်ဖက်သို့ ကူးပြီးလျှင်မိမိနေရင်းမြို့သို့ကြွတော်မူ၏။-
2 ၂ ထိုအခါလူတို့သည်လေဖြတ်သူလူတစ်ယောက် ကိုထမ်းစင်ထက်တင်၍ အထံတော်သို့ယူဆောင်ခဲ့ ကြ၏။ သခင်ယေရှုသည်ထိုသူတို့၏ယုံကြည် ခြင်းရှိပုံကိုမြင်တော်မူလျှင် လေဖြတ်သူအား ``ငါ့သားအားမငယ်နှင့်။ သင်၏အပြစ်ကိုဖြေ လွှတ်ပြီ'' ဟုမိန့်တော်မူ၏။
3 ၃ ကျမ်းတတ်ဆရာအချို့တို့က ``ဤသူသည် ဘုရားသခင်ကိုပြစ်မှားပြောဆိုလေပြီ'' ဟု အချင်းချင်းပြောဆိုကြ၏။
4 ၄ သခင်ယေရှုသည်ထိုသူတို့တွေးတောပုံကိုသိ မြင်တော်မူသဖြင့် ``သင်တို့သည်အဘယ်ကြောင့် ဤသို့မှားယွင်းစွာတွေးတောနေကြသနည်း။-
5 ၅ `သင်၏အပြစ်ကိုဖြေလွှတ်ပြီ' ဟုပြောရန်ပို၍ လွယ်ကူသလော။ သို့တည်းမဟုတ် `နေရာမှထ၍ လှမ်းသွားလော့' ဟုပြောရန်ပို၍လွယ်ကူသလော။-
6 ၆ သို့ရာတွင်လူသားသည်လောကတွင်အပြစ် ဖြေလွှတ်ပိုင်သည်ကိုသင်တို့အားသိမြင်စေအံ့'' ဟုဆိုလျက်လေဖြတ်သူအား ``ထလော့၊ ထမ်းစင် ကိုထမ်း၍အိမ်သို့ပြန်လော့'' ဟုမိန့်တော်မူ၏။
7 ၇ ထိုသူသည်လည်းထ၍အိမ်သို့ပြန်လေ၏။-
8 ၈ ဤအခြင်းအရာကိုတွေ့မြင်ကြသောလူပရိ သတ်တို့သည်ကြောက်ရွံ့ကြလျက်လူတို့အား ဤသို့သောတန်ခိုးကိုပေးတော်မူသောဘုရား သခင်၏ဘုန်းအသရေတော်ကိုချီးကူးကြ၏။
9 ၉ သခင်ယေရှုသည်ထိုအရပ်မှထွက်၍ကြွ သွားတော်မူစဉ် အကောက်ခွန်ရုံးခန်းတွင်ထိုင် လျက်နေသောမဿဲဆိုသူလူတစ်ယောက်ကို မြင်တော်မူ၏။ ကိုယ်တော်က ``ငါ့နောက်သို့လိုက် လော့'' ဟုမိန့်တော်မူလျှင်ထိုသူသည်ထ၍ နောက်တော်သို့လိုက်လေ၏။
10 ၁၀ သခင်ယေရှုသည်မဿဲ၏အိမ်တွင်ညစာစား လျက်နေတော်မူသောအခါ အခွန်ခံသူများ နှင့်အခြားအပယ်ခံသူများသည်လည်းပါ ဝင်စားသောက်ကြ၏။-
11 ၁၁ ထိုအခြင်းအရာကိုဖာရိရှဲတို့မြင်လျှင် ``သင် တို့၏ဆရာသည်အဘယ်ကြောင့်ဤလူတန်းစား များနှင့်အတူထိုင်လျက်စားသောက်နေပါသနည်း'' ဟုတပည့်တော်တို့အားမေးမြန်းကြ၏။
12 ၁၂ ယင်းသို့မေးမြန်းသည်ကိုသခင်ယေရှုကြား တော်မူလျှင် ``ကျန်းမာသူသည်ဆရာဝန်ကို မလို။ ဖျားနာသူသာလျှင်လို၏။-
13 ၁၃ `ငါသည်သနားကြင်နာခြင်းကိုယဇ်ပူဇော် ခြင်းထက်ပို၍နှစ်သက်၏' ဟူသောကျမ်းစကား ၏အနက်အဋ္ဌိပ္ပါယ်ကိုသင်တို့သွား၍လေ့လာ ကြလော့။ ငါသည်ဂုဏ်အသရေရှိသူများကို ကယ်ရန်ကြွရောက်လာသည်မဟုတ်။ အပယ်ခံ သူများကိုကယ်ရန်ကြွရောက်လာသတည်း'' ဟု မိန့်တော်မူ၏။
14 ၁၄ ထိုအခါယောဟန်၏တပည့်များသည်ကိုယ်တော် ၏ထံသို့လာရောက်လျက် ``အကျွန်ုပ်တို့နှင့်ဖာရိရှဲ တို့သည်မကြာခဏအစာရှောင်ကြပါ၏။ သို့ ရာတွင်အရှင်၏တပည့်များမူကားအဘယ် ကြောင့်အစာမရှောင်ကြပါသနည်း'' ဟုမေး လျှောက်ကြ၏။
15 ၁၅ သခင်ယေရှုက ``မင်္ဂလာဆောင်သတို့သား၏ အပေါင်းအဖော်များသည်သတို့သားနှင့်အတူ ရှိနေချိန်၌ဝမ်းနည်းပူဆွေးကြပါမည်လော။ သို့ရာတွင်သူတို့ထံမှသတို့သားကိုခွဲခွာ ယူဆောင်သွားမည့်နေ့ရက်ရောက်ရှိလာလိမ့်မည်။ ထိုအခါသူတို့သည်အစာရှောင်ကြလိမ့်မည်။
16 ၁၆ မည်သူမျှပိတ်စသစ်နှင့်အထည်ဟောင်းကိုဖာ လေ့မရှိ။ ဖာခဲ့လျှင်ပိတ်စသစ်ကရုန်းသဖြင့် စုတ်ရာပြဲရာပို၍ဆိုးမည်။-
17 ၁၇ ထို့အပြင်စပျစ်ရည်သစ်ကိုသားရေဘူးဟောင်း တွင်ထည့်လေ့မရှိ။ ထည့်ခဲ့ပါမူသားရေဘူးသည် ပေါက်ပြဲ၍စပျစ်ရည်ယိုထွက်ကုန်လိမ့်မည်။ သား ရေဘူးလည်းပျက်စီးသွားလိမ့်မည်။ သို့ဖြစ်၍ စပျစ်ရည်နှင့်သားရေဘူးပါမပျက်မစီးဘဲ ရှိစေရန်စပျစ်ရည်သစ်ကိုသားရေဘူးသစ်တွင် သာထည့်ရ၏'' ဟုထိုသူတို့အားမိန့်တော်မူ၏။
18 ၁၈ သခင်ယေရှုဤသို့မိန့်မြွက်လျက်နေတော်မူ စဉ် တရားဇရပ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည် အထံတော်သို့လာရောက်ပျပ်ဝပ်၏။ ထိုသူက ``အကျွန်ုပ်၏သမီးသည်ယခုပင်သေဆုံးသွား ပါသည်။ သို့ရာတွင်အရှင်ကြွတော်မူ၍သူ့ အပေါ်မှာလက်တော်ကိုတင်တော်မူလျှင် သူ သည်အသက်ရှင်လာပါလိမ့်မည်'' ဟုလျှောက် ထားတောင်းပန်၏။
19 ၁၉ သို့ဖြစ်၍သခင်ယေရှုသည်ထတော်မူ၍ထို သူနှင့်အတူကြွတော်မူ၏။ တပည့်တော်တို့ လည်းလိုက်သွားကြ၏။
20 ၂၀ တစ်ဆယ့်နှစ်နှစ်ပတ်လုံးသွေးသွန်ရောဂါစွဲကပ် နေသောအမျိုးသမီးတစ်ယောက်သည် ကိုယ်တော် ၏နောက်သို့ချဉ်းကပ်ပြီးလျှင်၊-
21 ၂၁ ``ဝတ်လုံတော်အမြိတ်ကိုမျှလက်နှင့်တို့ထိရလျှင် ငါ၏ရောဂါပျောက်လိမ့်မည်'' ဟုတစ်ကိုယ်တည်းပြော ဆိုလျက်ဝတ်လုံတော်အမြိတ်ကိုတို့ထိလေ၏။
22 ၂၂ သခင်ယေရှုသည်လှည့်၍ကြည့်တော်မူလျှင် ထို အမျိုးသမီးကိုမြင်တော်မူသဖြင့် ``ငါ့သမီး၊ အားမငယ်နှင့်။ သင်၏ယုံကြည်ခြင်းသည်သင်၏ ရောဂါပျောက်စေပြီ'' ဟုမိန့်တော်မူ၏။ ထိုအချိန် ၌ပင်ထိုအမျိုးသမီး၏ရောဂါပျောက်လေ၏။
23 ၂၃ သခင်ယေရှုသည်တရားဇရပ်အုပ်ချုပ်ရေးမှူး ၏အိမ်သို့ရောက်တော်မူလျှင် တီးမှုတ်သူများနှင့် ဆူညံလျက်နေသောလူပရိသတ်ကိုမြင်တော်မူ ၏။-
24 ၂၄ ထိုအခါကိုယ်တော်က ``ဖယ်ကြ။ သူငယ်မသေ သည်မဟုတ်။ အိပ်လျက်သာနေ၏'' ဟုမိန့်တော်မူ လျှင်သူတို့သည်ကိုယ်တော်ကိုပြောင်လှောင်ကြ၏။-
25 ၂၅ ကိုယ်တော်သည်လူတို့ကိုအပြင်သို့ထွက်စေပြီး နောက်အခန်းထဲသို့ဝင်၍ သူငယ်မ၏လက်ကို ကိုင်လျက်ထူမတော်မူသောအခါသူငယ်မ သည်ထလေ၏။-
26 ၂၆ ဤအဖြစ်အပျက်သတင်းသည်ထိုဒေသတွင် ပျံ့နှံ့သွားလေ၏။
27 ၂၇ သခင်ယေရှုသည်ထိုအရပ်မှထွက်ကြွတော် မူသောအခါမျက်မမြင်နှစ်ယောက်သည် ``ဒါဝိဒ် ၏သားတော်၊ အကျွန်ုပ်တို့ကိုသနားတော်မူပါ'' ဟုဟစ်အော်လျက်နောက်တော်သို့လိုက်လာကြ၏။
28 ၂၈ ကိုယ်တော်သည်အိမ်တစ်အိမ်သို့ဝင်တော်မူလျှင် ထိုမျက်မမြင်တို့သည်အထံတော်သို့လာကြ၏။ သခင်ယေရှုက ``ငါသည်သင်တို့အားမျက်စိ မြင်စေနိုင်သည်ဟုယုံကြည်ကြပါသလော'' ဟု မေးတော်မူလျှင်ထိုသူတို့က ``ယုံကြည်ပါ သည်အရှင်'' ဟုလျှောက်ကြ၏။
29 ၂၉ ထိုအခါကိုယ်တော်က ``သင်တို့ယုံကြည်သည့် အတိုင်းဖြစ်စေ'' ဟုမိန့်တော်မူလျက်သူတို့၏ မျက်စိများကိုလက်ဖြင့်တို့ထိတော်မူ၏။-
30 ၃၀ ထိုသူတို့သည်စက္ခုအလင်းရလေ၏။ သခင် ယေရှုကလည်း ``ထိုအမှုကိုမည်သူမျှမသိ စေနှင့်'' ဟုကြပ်တည်းစွာပညတ်တော်မူ၏။
31 ၃၁ သို့ရာတွင်ထိုသူတို့သည်အထံတော်မှထွက် သွားပြီးလျှင် ကိုယ်တော်၏သတင်းတော်ကိုထို ဒေသတွင်ပျံ့နှံ့ကျော်ကြားစေကြ၏။
32 ၃၂ ထိုသူတို့ထွက်ခွာသွားကြစဉ်လူအချို့တို့သည် နတ်မိစ္ဆာပူးဝင်၍ဆွံ့အနေသူလူတစ်ယောက်ကို အထံတော်သို့ခေါ်ခဲ့ကြ၏။-
33 ၃၃ နတ်မိစ္ဆာကိုနှင်ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ဆွံ့အသူသည်စကားပြောလေ၏။ လူပရိသတ် တို့သည်လွန်စွာအံ့သြကြလျက် ``ဤသို့သော အခြင်းအရာမျိုးကိုဣသရေလနိုင်ငံတွင် မမြင်စဖူး'' ဟုပြောဆိုကြ၏။
34 ၃၄ ဖာရိရှဲတို့က ``ဤသူသည်နတ်မိစ္ဆာဘုရင်ကို အမှီပြု၍နတ်မိစ္ဆာများကိုနှင်ထုတ်ခြင်းဖြစ် သည်'' ဟုပြောဆိုကြ၏။
35 ၃၅ သခင်ယေရှုသည်မြို့ရွာရှိသမျှသို့လှည့်လည်ပြီး လျှင်တရားဇရပ်များတွင်သွန်သင်၍နိုင်ငံတော် အကြောင်းသတင်းကောင်းကိုဟောပြောလျက် အနာရောဂါအမျိုးမျိုးတို့ကိုပျောက်ကင်းစေ တော်မူ၏။-
36 ၃၆ လူပရိသတ်တို့သည်သိုးထိန်းမဲ့သည့်သိုးများ ကဲ့သို့အားကိုးစရာမရှိ၊ ပူပင်သောကရောက် လျက်နေကြသည်ကိုမြင်တော်မူလျှင်သူတို့အား သနားကြင်နာတော်မူ၏။-
37 ၃၇ ထို့ကြောင့်ကိုယ်တော်က ``ရိတ်သိမ်းရန်စပါးများ သော်လည်း ရိတ်သိမ်းသောလုပ်သားတို့ကားနည်း လှ၏။-
38 ၃၈ သို့ဖြစ်၍လုပ်သားများစေလွှတ်ပေးရန်စပါးရှင် အားဆုတောင်းကြလော့'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။