< မဿဲ 8 >
1 ၁ တောင်ပေါ်မှသခင်ယေရှုဆင်းသက်တော်မူလျှင် လူပရိသတ်ကြီးများသည်နောက်တော်သို့လိုက် ကြ၏။-
2 ၂ ထိုအခါအရေပြားရောဂါစွဲကပ်သူလူတစ် ယောက်သည်ကိုယ်တော်၏ရှေ့မှောက်သို့လာရောက် ဒူးထောက်လျက် ``အရှင်၊ အရှင်အလိုတော်ရှိ လျှင်အကျွန်ုပ်အား ဤရောဂါမှသန့်စင်စေနိုင် ပါသည်'' ဟုလျှောက်ထားတောင်းပန်၏။
3 ၃ သခင်ယေရှုသည်လက်တော်ကိုဆန့်၍ ``ငါအလို ရှိ၏။ သန့်စင်စေ'' ဟုမိန့်တော်မူပြီးလျှင်ထိုသူ ကိုတို့တော်မူ၏။ ချက်ချင်းထိုသူသည်အရေ ပြားရောဂါမှသန့်စင်၍သွားလေသည်။-
4 ၄ သခင်ယေရှုက ``ဤအကြောင်းကိုမည်သူ့အားမျှ မပြောမိစေရန်သတိပြုလော့။ ယဇ်ပုရောဟိတ်ထံ ကိုသွား၍သင်၏ကိုယ်ကိုပြလော့။ ထိုနောက်လူတို့ ရှေ့တွင်သက်သေခံအထောက်အထားဖြစ်စေရန် မောရှေမိန့်မှာခဲ့သည့်ပူဇော်သကာကိုဆက်သလော့'' ဟုမိန့်တော်မူ၏။
5 ၅ ကပေရနောင်မြို့ကိုကိုယ်တော်ဝင်တော်မူသော အခါ ရောမစစ်ဗိုလ်တစ်ယောက်သည်အထံတော် သို့လာ၍၊-
6 ၆ ``အရှင်၊ အကျွန်ုပ်၏အစေခံတစ်ယောက်သည်ပြင်း စွာသောဝေဒနာဖြင့်အိမ်တွင်လဲ၍နေပါသည်'' ဟုလျှောက်ထား၏။
7 ၇ ကိုယ်တော်က ``ငါလာ၍သူ့ရောဂါကိုပျောက်ကင်း စေမည်'' ဟုမိန့်တော်မူလျှင်၊
8 ၈ စစ်ဗိုလ်က ``အရှင်၊ အကျွန်ုပ်သည်မထိုက်မတန်သူ ဖြစ်သဖြင့်အကျွန်ုပ်၏အိမ်မိုးအောက်သို့အရှင် ဝင်တော်မူရန်မသင့်လျော်ပါ။ အမိန့်တော်သာ ပေးတော်မူပါလျှင်အကျွန်ုပ်၏အစေခံသည် ကျန်းမာလာပါလိမ့်မည်။-
9 ၉ အကျွန်ုပ်သည်အထက်အာဏာကိုနာခံရသူ ဖြစ်ပါ၏။ အကျွန်ုပ်၏လက်အောက်တွင်လည်းစစ် သားများရှိပါ၏။ စစ်သားတစ်ယောက်ကိုသွား ချေဟုအကျွန်ုပ်ဆိုလျှင်သူသည်သွားပါ၏။ အခြားတစ်ယောက်ကိုလာခဲ့ဟုဆိုလျှင်လာ ပါ၏။ ထို့အပြင်အကျွန်ုပ်၏ကျွန်အားဤအမှု ကိုပြုလော့ဟုဆိုလျှင်သူသည်ပြုပါ၏'' ဟု လျှောက်၏။
10 ၁၀ ဤစကားကိုသခင်ယေရှုကြားတော်မူလျှင် အံ့သြတော်မူ၏။ သို့ဖြစ်၍နောက်တော်သို့လိုက် လာကြသောပရိသတ်တို့အား
11 ၁၁ ``အမှန်အကန်သင်တို့အားငါဆိုသည်ကား ဤ ကဲ့သို့သောယုံကြည်ခြင်းကိုဣသရေအမျိုးသား တို့တွင်ငါမတွေ့မကြုံဘူးသေး။ လူအမြောက် အမြားပင်အရှေ့အရပ်နှင့်အနောက်အရပ်မှ လာ၍ကောင်းကင်နိုင်ငံတော်တွင်အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်အတူစားသောက်ကြလိမ့်မည်။-
12 ၁၂ သို့ရာတွင်နိုင်ငံတော်သားဖြစ်သင့်သူတို့မူကား ပြင်ပအမှောင်ထဲသို့ထုတ်ပစ်ခြင်းကိုခံရကြ လိမ့်မည်။ ထိုအရပ်တွင်သူတို့သည်ငိုကြွေးမြည် တမ်း၍အံသွားခဲကြိတ်လျက်နေကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
13 ၁၃ ထိုနောက်ကိုယ်တော်ကစစ်ဗိုလ်အား ``အိမ်သို့ပြန် လော့။ သင်ယုံကြည်သည့်အတိုင်းဖြစ်လိမ့်မည်'' ဟု မိန့်တော်မူ၏။ ဤသို့မိန့်တော်မူသည့်အချိန်၌ ပင်လျှင်စစ်ဗိုလ်၏အစေခံသည်ရောဂါပျောက် လေ၏။
14 ၁၄ သခင်ယေရှုသည်ပေတရုအိမ်သို့ကြွတော်မူ သောအခါပေတရု၏ယောက္ခမမိန်းမသူသည် ဖျား၍အိပ်ရာပေါ်တွင်လဲလျက်နေသည်ကို မြင်တော်မူ၏။-
15 ၁၅ ကိုယ်တော်သည်ထိုအမျိုးသမီး၏လက်ကိုတို့ထိ တော်မူလျှင် သူမသည်အဖျားပျောက်သွားသဖြင့် ထ၍ကိုယ်တော်အားဧည့်သည်ဝတ်ပြုလေ၏။
16 ၁၆ ညချမ်းအချိန်ရောက်သောအခါလူတို့သည် နတ်မိစ္ဆာပူးဝင်နေသူအမြောက်အမြားကို အထံတော်သို့ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည် နတ်မိစ္ဆာတို့ကိုအမိန့်ပေး၍နှင်ထုတ်တော်မူ၏။ ရောဂါသည်အပေါင်းကိုလည်းကျန်းမာစေ တော်မူ၏။-
17 ၁၇ ဤသို့လျှင် ``ကိုယ်တော်သည်ငါတို့၏အဖျားအနာ များနှင့်ရောဂါဝေဒနာများကိုဆောင်ယူသွား တော်မူ၏'' ဟူ၍ ပရောဖက်ဟေရှာယဟောခဲ့သည့် စကားအတိုင်းဖြစ်ပျက်၍လာသတည်း။
18 ၁၈ သခင်ယေရှုသည်မိမိပတ်လည်ရှိလူပရိသတ် ကိုတွေ့မြင်တော်မူလျှင် အိုင်တစ်ဖက်သို့ထွက်ခွာ ရန်တပည့်တော်တို့အားအမိန့်ပေးတော်မူ၏။-
19 ၁၉ ကျမ်းတတ်ဆရာတစ်ယောက်သည်လာ၍ကိုယ် တော်အား ``ဆရာတော်၊ အကျွန်ုပ်သည်အရှင် ကြွတော်မူရာသို့လိုက်ပါမည်'' ဟုလျှောက် ထား၏။
20 ၂၀ သခင်ယေရှုက ``မြေခွေးမှာတွင်းရှိ၏။ ငှက်မှာ အသိုက်ရှိ၏။ လူသားမှာမူကားခေါင်းချစရာ နေရာမျှမရှိ'' ဟုမိန့်တော်မူ၏။
21 ၂၁ အခြားတပည့်တော်တစ်ဦးက ``အရှင်၊ အကျွန်ုပ် အားအဖ၏အလောင်းကိုသင်္ဂြိုဟ်ရန်ခွင့်ပြုတော် မူပါ'' ဟုလျှောက်ထား၏။
22 ၂၂ သို့သော်ကိုယ်တော်က ``သင်သည်ငါနောက်ကို လိုက်လော့။ သူသေတို့အားသူသေတို့ပင်သင်္ဂြိုဟ် ကြပါလေစေ'' ဟုမိန့်တော်မူ၏။
23 ၂၃ ကိုယ်တော်သည်လှေပေါ်သို့တက်တော်မူ၏။ တပည့် တော်တို့သည်လည်းကိုယ်တော်နှင့်အတူလိုက်သွား ကြ၏။-
24 ၂၄ အိုင်ထဲတွင်ရုတ်တရက်လေမုန်တိုင်းကျလာသဖြင့် လှေသည်လှိုင်းတံပိုးများထဲတွင်နစ်လုမတတ် ရှိတော့၏။ သို့ရာတွင်ကိုယ်တော်ကားအိပ်စက် လျက်နေတော်မူ၏။-
25 ၂၅ တပည့်တော်တို့သည်ကိုယ်တော်ကိုနှိုး၍ ``အရှင်၊ ကယ်တော်မူပါ။ အကျွန်ုပ်တို့သေဆုံးရကြပါ တော့မည်'' ဟုလျှောက်ကြ၏။
26 ၂၆ ကိုယ်တော်က ``ယုံကြည်မှုနည်းသူတို့၊ သင်တို့ အဘယ်ကြောင့်ကြောက်လန့်သနည်း'' ဟုမိန့်တော် မူပြီးနောက် အိပ်စက်ရာမှထတော်မူ၍လေနှင့် လှိုင်းများကိုဆုံးမတော်မူ၏။ လေနှင့်လှိုင်းတို့ သည်ငြိမ်သက်သွားကြ၏။
27 ၂၇ တပည့်တော်တို့သည်အံ့သြ၍ ``ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့်လှိုင်းများပင် လျှင်သူ၏အမိန့်ကိုလိုက်နာကြပါတကား'' ဟုဆိုကြ၏။
28 ၂၈ ကိုယ်တော်သည်အိုင်တစ်ဖက်ကမ်းရှိဂါဒရနယ် သို့ကြွလာတော်မူ၏။ ထိုအခါနတ်မိစ္ဆာပူးဝင် သူလူနှစ်ယောက်သည် သင်္ချိုင်းဂူများအကြားမှ ထွက်လာပြီးလျှင်ကိုယ်တော်နှင့်တွေ့ဆုံကြ၏။ ထိုသူတို့သည်လွန်စွာဆိုးသွမ်းသဖြင့် မည်သူ မျှထိုလမ်းကိုမသွားဝံ့ကြ။-
29 ၂၉ ထိုသူတို့က ``ဘုရားသခင်၏သားတော်၊ အရှင် သည်အကျွန်ုပ်တို့ကိုမည်သို့ပြုလိုတော်မူပါ သနည်း။ အချိန်မကျမီအကျွန်ုပ်တို့အားဒဏ် ခတ်ရန်ဤအရပ်သို့ကြွလာတော်မူပါသလော'' ဟုဟစ်အော်လျှောက်ထားကြ၏။
30 ၃၀ ထိုသူတို့နှင့်အနည်းငယ်မျှဝေးသောနေရာတွင် ဝက်အုပ်ကြီးတစ်အုပ်သည်အစာစားလျက်ရှိ၏။-
31 ၃၁ နတ်မိစ္ဆာတို့က ``အရှင်၊ အကျွန်ုပ်တို့ကိုနှင်ထုတ်မည် ဆိုပါကအကျွန်ုပ်တို့အားထိုဝက်များကိုပူးဝင် ခွင့်ပြုတော်မူပါ'' ဟုတောင်းပန်ကြ၏။
32 ၃၂ ကိုယ်တော်ကလည်း ``သွားကြလော့'' ဟုမိန့်တော်မူ၏။ နတ်မိစ္ဆာတို့သည်ထိုသူတို့ထံမှထွက်ခွာ၍ ဝက်များ ကိုပူးဝင်ကြသဖြင့်ဝက်အုပ်တစ်အုပ်လုံးပင် ချောက် ကမ်းပါးအတိုင်းပြေးဆင်းကာအိုင်ထဲတွင်နစ်မြုပ် သေဆုံးကြ၏။
33 ၃၃ ဝက်ထိန်းများသည်မြို့သို့ထွက်ပြေးပြီးနောက် နတ်မိစ္ဆာပူးဝင်သူလူနှစ်ယောက်အကြောင်းနှင့် မိမိ တို့တွေ့ကြုံရသည့်အဖြစ်အပျက်အလုံးစုံ ကိုပြောကြားကြ၏။-
34 ၃၄ သို့ဖြစ်၍ထိုမြို့တစ်မြို့လုံးပင်လျှင်သခင်ယေရှု ထံသို့လိုက်လာကြလေသည်။ ကိုယ်တော်ကိုတွေ့သော အခါမိမိတို့ဒေသမှထွက်ခွာသွားတော်မူရန် တောင်းပန်ကြ၏။