< မဿဲ 7 >
1 ၁ ``သူတစ်ပါးအားမစစ်ကြောမစီရင်ကြနှင့်။ သို့ မှသာဘုရားသခင်သည်သင်တို့ကိုစစ်ကြော စီရင်တော်မူမည်မဟုတ်။-
၁သင်တို့သည် စစ်ကြော ဆုံးဖြတ်ခြင်းနှင့် ကင်းလွတ် ရမည်အကြောင်း သူတစ်ပါး၏အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မ ပြုကြနှင့်။
2 ၂ သူတစ်ပါးအားသင်တို့စစ်ကြောစီရင်သကဲ့သို့ ဘုရားသခင်သည်သင်တို့အားစစ်ကြောစီရင် တော်မူမည်။ သူတစ်ပါးတို့အားစီရင်ရာတွင် သင်တို့အသုံးပြုသည့်နည်းအတိုင်း သင်တို့ အားစီရင်တော်မူမည်။-
၂သင်တို့သည် အကြင်တရားအတိုင်း သူတစ်ပါးကိုစီရင် ကြ၏။ ထိုတရားအတိုင်းစီရင် ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏ နှင့် သူတစ်ပါးအား ပေး၏။ ထိုပမာဏ အတိုင်း ကိုယ်ခံရ ကြမည်။
3 ၃ သို့ဖြစ်၍သင်တို့သည်အဘယ်ကြောင့်ကိုယ့် မျက်စိထဲကသစ်တုံးကိုမမြင်ဘဲ ညီအစ် ကို၏မျက်စိထဲကငြောင့်ငယ်ကိုမြင်သနည်း။-
၃ကိုယ် မျက်စိ ၌ ရှိသော တံကျင် ကို မ အောက်မေ့ ဘဲ ညီအစ်ကို မျက်စိ ၌ ရှိသော ငြောင့်ငယ် ကို အဘယ်ကြောင့် ကြည့်ရှု သနည်း။
4 ၄ သင်၏မျက်စိထဲကသစ်တုံးရှိနေပါလျက် အဘယ်ကြောင့်ညီအစ်ကိုအား `သင်၏မျက်စိ ထဲကငြောင့်ငယ်ကိုထုတ်ပေးပါရစေ' ဟုပြော သနည်း။-
၄ကိုယ် မျက်စိ ၌ တံကျင် ရှိလျက်ပင်ညီအစ်ကို အားသင် ၏မျက်စိ ၌ ရှိသောငြောင့်ငယ် ကို ထုတ် ပါရစေ ဟု အဘယ်သို့ ဆို သနည်း။
5 ၅ အချင်းကြောင်သူတော်၊ သင်၏မျက်စိထဲက သစ်တုံးကိုဦးစွာထုတ်ပစ်လော့။ သို့မှသာသင့် ညီအစ်ကို၏မျက်စိထဲကငြောင့်ငယ်ကို ကောင်းစွာမြင်၍ထုတ်ယူနိုင်လိမ့်မည်။
၅လျှို့ဝှက် သောသူ၊ ကိုယ် မျက်စိ ၌ ရှိသောတံကျင် ကိုရှေးဦးစွာ ထုတ်ပစ် လော့။ နောက်မှ ညီအစ်ကို မျက်စိ ၌ ရှိသော ငြောင့်ငယ် ကို ထုတ်ပစ် ခြင်းငှာရှင်းလင်း စွာမြင်လိမ့်မည်။
6 ၆ ``မွန်မြတ်သောအရာကိုခွေးတို့အားမပေးကြနှင့်။ သို့ပြုပါမူသူတို့သည်လှည့်၍သင်တို့အားကိုက် လိမ့်မည်။ ပုလဲရတနာများကိုဝက်တို့ရှေ့မှာ မချထားကြနှင့်။ သို့ပြုပါမူသူတို့သည် ထို အရာတို့ကိုကျော်နင်းသွားကြလိမ့်မည်။
၆ဖြူစင် သောအရာ ကို ခွေး တို့အား မ ပေး ကြနှင့်။ ပုလဲ ရတနာတို့ကို ဝက် တို့ရှေ့ မှာမ ချ မထားကြနှင့်။ သို့ပြုလျှင်ထိုအရာတို့ကို ကျော်နင်း ၍ သင် တို့ကိုလှည့် လျက် ကိုက်ဖြတ် ကြလိမ့်မည်။
7 ၇ ``တောင်းကြလော့။ တောင်းလျှင်ရကြလိမ့်မည်။ ရှာ ကြလော့။ ရှာလျှင်တွေ့ကြလိမ့်မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင်တံခါးကိုဖွင့်ပေး လိမ့်မည်။-
၇တောင်း ကြလော့။ တောင်းလျှင် ရ မည်။ ရှာ ကြလော့။ ရှာလျှင် တွေ့ မည်။ တံခါးကိုခေါက် ကြလော့။ ခေါက်လျှင် ဖွင့် မည်။
8 ၈ တောင်းသောသူသည်ရ၏။ ရှာသောသူသည်တွေ့၏။ တံခါးခေါက်သူအား တံခါးကိုဖွင့်၍ပေးလိမ့်မည်။-
၈တောင်း သောသူ မည်သည်ကား ရ ၏။ ရှာ သောသူ လည်း တွေ့ ၏။ ခေါက် သောသူ အားလည်း တံခါးကို ဖွင့် ၏။
9 ၉ သင်တို့တွင်မိမိ၏သားကမုန့်ကိုတောင်းလျှင် ကျောက်ခဲကိုပေးမည့်သူ၊-
၉သားသည် မုန့် ကိုတောင်း လျှင် မိမိ သား အား ကျောက် ကိုပေး မည်သူ၊
10 ၁၀ ငါးကိုတောင်းလျှင်မြွေကိုပေးမည့်သူတစ်စုံ တစ်ယောက်ရှိပါသလော။-
၁၀ငါး ကို တောင်း လျှင် မြွေ ကို ပေး မည်သူ တစ်စုံတစ်ယောက် မျှသင် တို့တွင် ရှိ သလော။
11 ၁၁ သင်တို့သည်အပြစ်သားများပင်ဖြစ်သော်လည်း မိမိတို့၏သားသမီးများအားကောင်းမွန်သော အရာများကိုပေးတတ်ကြလျှင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည်လည်း မိမိထံတောင်းလျှောက် သူတို့အားကောင်းမွန်သောအရာတို့ကိုသာ၍ ပင်ပေးတော်မူမည်မဟုတ်လော။
၁၁သင် တို့သည် အဆိုး ဖြစ် လျက်ပင် ကိုယ် သား တို့အား ကောင်း သောအရာ ကို ပေး တတ်လျှင် ၊ ထိုမျှမက ကောင်းကင် ဘုံ၌ ရှိတော်မူသော သင် တို့အဘ သည် ဆုတောင်း သောသူ တို့အား ကောင်း သော အရာ ကို သာ၍ ပေး တော်မူမည် မဟုတ်လော။
12 ၁၂ ``သင်တို့သည်မိမိတို့အားကျေးဇူးပြုစေလိုသည့် အတိုင်း သူတစ်ပါးတို့အားကျေးဇူးပြုကြလော့။ ဤကားပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းများ၏ သွန်သင်ချက်အချုပ်အခြာဖြစ်သတည်း။
၁၂သင် တို့သည် ကိုယ် ၌သူတစ်ပါး ပြု စေ လိုသမျှ အတိုင်းသူတစ်ပါး ၌ပြု ကြလော့။ ဤ ပညတ်ကား ပညတ္တိ ကျမ်း နှင့် အနာဂတ္တိ ကျမ်းတို့၏ အချုပ်အခြာပင် ဖြစ် သတည်း။
13 ၁၃ ``ကျဉ်းမြောင်းသောတံခါးပေါက်ကိုဝင်ကြလော့။ ငရဲသို့ပို့ဆောင်ရာလမ်းနှင့်တံခါးပေါက်သည် ကျယ်ဝန်းသဖြင့် ထိုလမ်းကိုလိုက်သူတို့သည် များကြ၏။-
၁၃ကျဉ်း သောတံခါး ကိုဝင် ကြလော့။ ပျက်စီး ခြင်းသို့ ရောက် သောလမ်း နှင့် တံခါး သည် ကျယ်ဝန်း သည် ဖြစ်၍ဝင် သောသူ တို့သည်များ ကြ၏။
14 ၁၄ ထာဝရအသက်သို့ပို့ဆောင်ရာလမ်းနှင့်တံခါး ပေါက်သည်ကျဉ်းမြောင်းသောကြောင့် ထိုလမ်းကို တွေ့ရှိသူတို့သည်နည်းကြ၏။
၁၄အသက် ရှင်ခြင်းသို့ ရောက် သောလမ်း နှင့် တံခါး သည် အလွန်ကျဉ်းမြောင်း သည်ဖြစ်၍၊ တွေ့ ဝင်သော သူ တို့သည် နည်း ကြ၏။
15 ၁၅ ``သိုးရေခြုံဝံပုလွေသားရဲနှင့်တူသောမိစ္ဆာ ပရောဖက်တို့ကိုသတိနှင့်ရှောင်ကြလော့။-
၁၅အတွင်း ၌ကြမ်းတမ်း သော တောခွေး ဖြစ် လျက် သိုး ရေ ကိုခြုံ၍ သင် တို့ရှိရာ သို့လာ သော မိစ္ဆာ ပရောဖက် တို့ကို သတိ နှင့် ရှောင်ကြလော့။
16 ၁၆ သူတို့သည်မိစ္ဆာပရောဖက်များဖြစ်ကြောင်းကို သူတို့၏အပြုအမူအားဖြင့် သင်တို့သိရှိကြ လိမ့်မည်။ စပျစ်သီးကိုဆူးပင်မှလည်းကောင်း၊ သင်္ဘောသဖန်းသီးကိုဆူးချုံမှလည်းကောင်း လူတို့ဆွတ်ခူးကြသလော။-
၁၆ထိုသူ တို့၏အကျင့် ကိုထောက် ၍ သူ တို့၏သဘောကို သိ ကြလိမ့်မည်။ ဆူးပင် ၌ စပျစ်သီး ကို ဆွတ် တတ် သလော ။ ဆူးလေ ပင်၌ သင်္ဘောသဖန်း သီးကို ဆွတ် တတ် သလော။
17 ၁၇ အပင်ကောင်းသည်အသီးကောင်းကိုသီးတတ်၏။ အပင်ညံ့သည်အသီးညံ့ကိုသီးတတ်၏။-
၁၇ကောင်း သောအပင် သည် ကောင်း သောအသီး ၊ မကောင်း သောအပင် သည် မကောင်း သောအသီး ကို သီး တတ်၏။
18 ၁၈ အပင်ကောင်းသည်အသီးညံ့မသီးနိုင်။ အပင်ညံ့ သည်လည်း အသီးကောင်းကိုမသီးနိုင်။-
၁၈ကောင်း သောအပင် သည် မကောင်း သောအသီး ၊ မကောင်း သောအပင် သည် ကောင်း သောအသီး ကို မ သီး နိုင် ။
19 ၁၉ လူတို့သည်အသီးကောင်းကိုမသီးသည့်အပင် ရှိသမျှကိုခုတ်လှဲ၍ မီးထဲသို့ပစ်ချတတ်ကြ၏။-
၁၉ကောင်း သောအသီး မ သီး သောအပင် ရှိသမျှ တို့ကိုခုတ်လှဲ ၍ မီး ထဲသို့ ချ လိုက်တတ်၏။
20 ၂၀ သို့ဖြစ်၍မိစ္ဆာပရောဖက်တို့ကိုသူတို့၏အပြု အမူအားဖြင့် သင်တို့သိရှိကြလိမ့်မည်။
၂၀သို့ဖြစ်လျှင် ထိုပရောဖက် တို့၏အကျင့် ကိုထောက် သော် သူ တို့၏သဘောကို သိ ရကြလိမ့်မည်။
21 ၂၁ ``ငါ့ကို `သခင်၊ သခင်' ဟုခေါ်သောသူတိုင်းကောင်း ကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင် ဘုံရှင်ငါ့အဖ၏အလိုတော်အတိုင်းလိုက်လျှောက် သူသာလျှင်ဝင်ရလိမ့်မည်။-
၂၁သခင် ၊ သခင် ဟု ငါ့ ကိုလျှောက် သောသူ တိုင်း ကောင်းကင် နိုင်ငံ တော်သို့ ဝင် ရလိမ့်မည်မ ဟုတ်။ ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ ခမည်းတော် ၏အလို ကိုဆောင် သောသူ သာလျှင် ဝင်ရလိမ့်မည်။
22 ၂၂ တရားစီရင်ရာနေ့ရက်ရောက်သောအခါ `သခင်၊ သခင်၊ အကျွန်ုပ်တို့သည်ကိုယ်တော်၏နာမတော်ကိုအမှီပြု ၍ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောကြားခဲ့ ကြသည်မဟုတ်ပါလော။ ကိုယ်တော်၏နာမတော်ကို အမှီပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်ခဲ့ကြသည် မဟုတ်ပါလော။ ကိုယ်တော်၏နာမတော်ကိုအမှီ ပြု၍ အံ့သြဖွယ်အမှုအရာများကိုပြုခဲ့ကြ သည်မဟုတ်ပါလော' ဟုလူအများပင်ငါ့အား ပြောကြားကြလိမ့်မည်။-
၂၂ထို နေ့ ၌ ကား၊ သခင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ကိုယ်တော် အခွင့် နှင့် ဆုံးမ ဩဝါဒပေးပါပြီမ ဟုတ်လော။ ကိုယ်တော် အခွင့် နှင့် နတ်ဆိုး တို့ကို နှင်ထုတ် ပါပြီ မဟုတ် လော။ ကိုယ်တော် အခွင့် နှင့် များစွာ သော တန်ခိုး တို့ကို ပြ ပါပြီ မဟုတ် လောဟု အများ သောသူ တ ို့သည် လျှောက် ကြလိမ့်မည်။
23 ၂၃ ထိုအခါ `ဆိုးသွမ်းသူတို့၊ သင်တို့ကိုအဘယ် အခါကမျှငါမသိ။ ငါ့ထံမှထွက်သွား ကြလော့' ဟုထိုသူတို့အားငါပြောမည်။
၂၃ထိုသို့ လျှောက်ကြသောအခါ သင် တို့ကို ငါအလျင်း မသိ ၊ အဓမ္မ အမှုကို ပြု သောသူ တို့၊ ငါ့ ထံမှ ဖယ် ကြဟု ထိုသူ တို့အား အတည့်အလင်း ငါပြောမည်။
24 ၂၄ `ငါဟောပြောသောဤတရားစကားကိုကြား၍ လိုက်လျှောက်သူသည်ကျောက်ပေါ်တွင်အိမ်ဆောက် သည့်ပညာရှိနှင့်တူ၏။-
၂၄အကြင်သူ သည်ငါ ဟောပြောသော ဤ စကား ကို ကြား၍နားထောင် ၏။ ထိုသူ သည် ကျောက် ပေါ်မှာ အိမ် ဆောက် သော ပညာရှိ နှင့် တူကြောင်းကို ငါပုံပြ မည်။
25 ၂၅ မိုးသည်းထန်စွာရွာ၍မြစ်ရေလျှံကာမုန်တိုင်းထန် လျက် ထိုအိမ်ကိုတိုက်ခတ်သော်လည်းထိုအိမ်သည် ကျောက်ပေါ်မှာတည်သောကြောင့်မပြိုမလဲချေ။-
၂၅မိုး ရွာ ၍ ရေစီး သည်နှင့် လေ လာ ၍ ထို အိမ် ကိုတိုက် သည်ရှိသော်၊ ကျောက် ပေါ်မှာ တည် သောကြောင့် မ ပြို မလဲနေ၏။
26 ၂၆ ငါဟောပြောသောဤတရားစကားကိုကြား ပြီးနောက် မလိုက်မလျှောက်သူသည်သဲပေါ်မှာ အိမ်ဆောက်သောလူမိုက်နှင့်တူ၏။-
၂၆အကြင်သူသည်ငါ ဟောပြောသော ဤ စကား ကိုကြား ၍ နား မ ထောင်ဘဲနေ၏။ ထိုသူ သည် သဲ ပေါ်မှာ အိမ် ဆောက် သော လူ မိုက် နှင့် တူ ကြောင်း ကို ငါပုံပြ မည်။
27 ၂၇ မိုးသည်းထန်စွာရွာ၍မြစ်ရေလျှံကာမုန်တိုင်းထန် လျက် ထိုအိမ်ကိုတိုက်ခတ်သည်ရှိသော်ထိုအိမ်သည် ပြိုလဲ၍သွား၏။ ထိုအိမ်၏အပျက်အစီးမှာ ကြီးလှစွာတကား။''
၂၇မိုဃ်း ရွာ ၍ ရေစီး သည်နှင့် လေ လာ ၍ ထို အိမ် ကို တိုက် သောအခါ ၊ ကြီးစွာ သောပြိုလဲ ခြင်းသို့ ရောက် လေသည် ဟု ဟော တော်မူ ၏။
28 ၂၈ သခင်ယေရှုဤသို့ဟောပြောပြီးသည့်အဆုံး၌ လူပရိသတ်တို့သည်ကိုယ်တော်၏သွန်သင်ပုံကို လွန်စွာအံ့သြကြကုန်၏။-
၂၈ထို ဒေသနာ တော်ကို ယေရှု ဟောတော်မူသည်အဆုံး ၌ ပရိသတ် အပေါင်းတို့သည် ဆုံးမ ဩဝါဒ ပေး တော်မူခြင်းကို အလွန်အံ့ဩ ကြ၏။
29 ၂၉ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည်ကျမ်းတတ် ဆရာတို့ကဲ့သို့မဟုတ်ဘဲ အာဏာရှိကဲ့သို့ဟော ပြောသွန်သင်တော်မူသောကြောင့်ဖြစ်သည်။
၂၉အကြောင်းမူကား ၊ ကျမ်းပြု ဆရာနည်းတူ မ ဟုတ်၊ အစိုးရ သော သူနည်းတူ ဆုံးမ ဩဝါဒ ပေး တော်မူ၏။