< မဿဲ 7 >
1 ၁ ``သူတစ်ပါးအားမစစ်ကြောမစီရင်ကြနှင့်။ သို့ မှသာဘုရားသခင်သည်သင်တို့ကိုစစ်ကြော စီရင်တော်မူမည်မဟုတ်။-
비판을 받지 아니하려거든 비판하지 말라
2 ၂ သူတစ်ပါးအားသင်တို့စစ်ကြောစီရင်သကဲ့သို့ ဘုရားသခင်သည်သင်တို့အားစစ်ကြောစီရင် တော်မူမည်။ သူတစ်ပါးတို့အားစီရင်ရာတွင် သင်တို့အသုံးပြုသည့်နည်းအတိုင်း သင်တို့ အားစီရင်တော်မူမည်။-
너희의 비판하는 그 비판으로 너희가 비판을 받을 것이요 너희의 헤아리는 그 헤아림으로 너희가 헤아림을 받을 것이니라
3 ၃ သို့ဖြစ်၍သင်တို့သည်အဘယ်ကြောင့်ကိုယ့် မျက်စိထဲကသစ်တုံးကိုမမြင်ဘဲ ညီအစ် ကို၏မျက်စိထဲကငြောင့်ငယ်ကိုမြင်သနည်း။-
어찌하여 형제의 눈 속에 있는 티는 보고 네 눈 속에 있는 들보는 깨닫지 못하느냐?
4 ၄ သင်၏မျက်စိထဲကသစ်တုံးရှိနေပါလျက် အဘယ်ကြောင့်ညီအစ်ကိုအား `သင်၏မျက်စိ ထဲကငြောင့်ငယ်ကိုထုတ်ပေးပါရစေ' ဟုပြော သနည်း။-
보라 네 눈 속에 들보가 있는데 어찌하여 형제에게 말하기를 나로 네 눈 속에 있는 티를 빼게 하라 하겠느냐?
5 ၅ အချင်းကြောင်သူတော်၊ သင်၏မျက်စိထဲက သစ်တုံးကိုဦးစွာထုတ်ပစ်လော့။ သို့မှသာသင့် ညီအစ်ကို၏မျက်စိထဲကငြောင့်ငယ်ကို ကောင်းစွာမြင်၍ထုတ်ယူနိုင်လိမ့်မည်။
외식하는 자여! 먼저 네 눈 속에서 들보를 빼어라 그 후에야 밝히 보고 형제의 눈 속에서 티를 빼리라
6 ၆ ``မွန်မြတ်သောအရာကိုခွေးတို့အားမပေးကြနှင့်။ သို့ပြုပါမူသူတို့သည်လှည့်၍သင်တို့အားကိုက် လိမ့်မည်။ ပုလဲရတနာများကိုဝက်တို့ရှေ့မှာ မချထားကြနှင့်။ သို့ပြုပါမူသူတို့သည် ထို အရာတို့ကိုကျော်နင်းသွားကြလိမ့်မည်။
거룩한 것을 개에게 주지 말며 너희 진주를 돼지 앞에 던지지 말라 저희가 그것을 발로 밟고 돌이켜 너희를 찢어 상할까 염려하라
7 ၇ ``တောင်းကြလော့။ တောင်းလျှင်ရကြလိမ့်မည်။ ရှာ ကြလော့။ ရှာလျှင်တွေ့ကြလိမ့်မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင်တံခါးကိုဖွင့်ပေး လိမ့်မည်။-
구하라! 그러면 너희에게 주실 것이요 찾으라! 그러면 찾을 것이요 문을 두드리라! 그러면 너희에게 열릴 것이니
8 ၈ တောင်းသောသူသည်ရ၏။ ရှာသောသူသည်တွေ့၏။ တံခါးခေါက်သူအား တံခါးကိုဖွင့်၍ပေးလိမ့်မည်။-
구하는 이마다 얻을 것이요 찾는 이가 찾을 것이요 두드리는 이에게 열릴 것이니라
9 ၉ သင်တို့တွင်မိမိ၏သားကမုန့်ကိုတောင်းလျှင် ကျောက်ခဲကိုပေးမည့်သူ၊-
너희 중에 누가 아들이 떡을 달라 하면 돌을 주며
10 ၁၀ ငါးကိုတောင်းလျှင်မြွေကိုပေးမည့်သူတစ်စုံ တစ်ယောက်ရှိပါသလော။-
생선을 달라 하면 뱀을 줄 사람이 있겠느냐
11 ၁၁ သင်တို့သည်အပြစ်သားများပင်ဖြစ်သော်လည်း မိမိတို့၏သားသမီးများအားကောင်းမွန်သော အရာများကိုပေးတတ်ကြလျှင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည်လည်း မိမိထံတောင်းလျှောက် သူတို့အားကောင်းမွန်သောအရာတို့ကိုသာ၍ ပင်ပေးတော်မူမည်မဟုတ်လော။
너희가 악한 자라도 좋은 것으로 자식에게 줄 줄 알거든 하물며 하늘에 계신 너희 아버지께서 구하는 자에게 좋은 것으로 주시지 않겠느냐?
12 ၁၂ ``သင်တို့သည်မိမိတို့အားကျေးဇူးပြုစေလိုသည့် အတိုင်း သူတစ်ပါးတို့အားကျေးဇူးပြုကြလော့။ ဤကားပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းများ၏ သွန်သင်ချက်အချုပ်အခြာဖြစ်သတည်း။
그러므로 무엇이든지 남에게 대접을 받고자 하는대로 너희도 남을 대접하라 이것이 율법이요 선지자니라
13 ၁၃ ``ကျဉ်းမြောင်းသောတံခါးပေါက်ကိုဝင်ကြလော့။ ငရဲသို့ပို့ဆောင်ရာလမ်းနှင့်တံခါးပေါက်သည် ကျယ်ဝန်းသဖြင့် ထိုလမ်းကိုလိုက်သူတို့သည် များကြ၏။-
좁은 문으로 들어가라 멸망으로 인도하는 문은 크고 그 길이 넓어 그리로 들어가는 자가 많고
14 ၁၄ ထာဝရအသက်သို့ပို့ဆောင်ရာလမ်းနှင့်တံခါး ပေါက်သည်ကျဉ်းမြောင်းသောကြောင့် ထိုလမ်းကို တွေ့ရှိသူတို့သည်နည်းကြ၏။
생명으로 인도하는 문은 좁고 길이 협착하여 찾는 이가 적음이니라
15 ၁၅ ``သိုးရေခြုံဝံပုလွေသားရဲနှင့်တူသောမိစ္ဆာ ပရောဖက်တို့ကိုသတိနှင့်ရှောင်ကြလော့။-
거짓 선지자들을 삼가라 양의 옷을 입고 너희에게 나아오나 속에는 노략질하는 이리라
16 ၁၆ သူတို့သည်မိစ္ဆာပရောဖက်များဖြစ်ကြောင်းကို သူတို့၏အပြုအမူအားဖြင့် သင်တို့သိရှိကြ လိမ့်မည်။ စပျစ်သီးကိုဆူးပင်မှလည်းကောင်း၊ သင်္ဘောသဖန်းသီးကိုဆူးချုံမှလည်းကောင်း လူတို့ဆွတ်ခူးကြသလော။-
그의 열매로 그들을 알지니 가시나무에서 포도를 또는 엉겅퀴에서 무화과를 따겠느냐?
17 ၁၇ အပင်ကောင်းသည်အသီးကောင်းကိုသီးတတ်၏။ အပင်ညံ့သည်အသီးညံ့ကိုသီးတတ်၏။-
이와 같이 좋은 나무마다 아름다운 열매를 맺고 못된 나무가 나쁜 열매를 맺나니
18 ၁၈ အပင်ကောင်းသည်အသီးညံ့မသီးနိုင်။ အပင်ညံ့ သည်လည်း အသီးကောင်းကိုမသီးနိုင်။-
좋은 나무가 나쁜 열매를 맺을 수 없고 못된 나무가 아름다운 열매를 맺을 수 없느니라
19 ၁၉ လူတို့သည်အသီးကောင်းကိုမသီးသည့်အပင် ရှိသမျှကိုခုတ်လှဲ၍ မီးထဲသို့ပစ်ချတတ်ကြ၏။-
아름다운 열매를 맺지 아니하는 나무마다 찍혀 불에 던지우느니라
20 ၂၀ သို့ဖြစ်၍မိစ္ဆာပရောဖက်တို့ကိုသူတို့၏အပြု အမူအားဖြင့် သင်တို့သိရှိကြလိမ့်မည်။
이러므로 그의 열매로 그들을 알리라
21 ၂၁ ``ငါ့ကို `သခင်၊ သခင်' ဟုခေါ်သောသူတိုင်းကောင်း ကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင် ဘုံရှင်ငါ့အဖ၏အလိုတော်အတိုင်းလိုက်လျှောက် သူသာလျှင်ဝင်ရလိမ့်မည်။-
나더러 주여! 주여! 하는 자마다 천국에 다 들어갈 것이 아니요 다만 하늘에 계신 내 아버지의 뜻대로 행하는 자라야 들어가리라
22 ၂၂ တရားစီရင်ရာနေ့ရက်ရောက်သောအခါ `သခင်၊ သခင်၊ အကျွန်ုပ်တို့သည်ကိုယ်တော်၏နာမတော်ကိုအမှီပြု ၍ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောကြားခဲ့ ကြသည်မဟုတ်ပါလော။ ကိုယ်တော်၏နာမတော်ကို အမှီပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်ခဲ့ကြသည် မဟုတ်ပါလော။ ကိုယ်တော်၏နာမတော်ကိုအမှီ ပြု၍ အံ့သြဖွယ်အမှုအရာများကိုပြုခဲ့ကြ သည်မဟုတ်ပါလော' ဟုလူအများပင်ငါ့အား ပြောကြားကြလိမ့်မည်။-
그 날에 많은 사람이 나더러 이르되 주여, 주여 우리가 주의 이름으로 선지자 노릇하며 주의 이름으로 귀신을 쫓아 내며 주의 이름으로 많은 권능을 행치 아니하였나이까 하리니
23 ၂၃ ထိုအခါ `ဆိုးသွမ်းသူတို့၊ သင်တို့ကိုအဘယ် အခါကမျှငါမသိ။ ငါ့ထံမှထွက်သွား ကြလော့' ဟုထိုသူတို့အားငါပြောမည်။
그 때에 내가 저희에게 밝히 말하되 내가 너희를 도무지 알지 못하니 불법을 행하는 자들아 내게서 떠나가라 하리라
24 ၂၄ `ငါဟောပြောသောဤတရားစကားကိုကြား၍ လိုက်လျှောက်သူသည်ကျောက်ပေါ်တွင်အိမ်ဆောက် သည့်ပညာရှိနှင့်တူ၏။-
그러므로 누구든지 나의 이 말을 듣고 행하는 자는 그 집을 반석위에 지은 지혜로운 사람 같으리니
25 ၂၅ မိုးသည်းထန်စွာရွာ၍မြစ်ရေလျှံကာမုန်တိုင်းထန် လျက် ထိုအိမ်ကိုတိုက်ခတ်သော်လည်းထိုအိမ်သည် ကျောက်ပေါ်မှာတည်သောကြောင့်မပြိုမလဲချေ။-
비가 내리고 창수가 나고 바람이 불어 그 집에 부딪히되 무너지지 아니하나니 이는 주초를 반석 위에 놓은 연고요
26 ၂၆ ငါဟောပြောသောဤတရားစကားကိုကြား ပြီးနောက် မလိုက်မလျှောက်သူသည်သဲပေါ်မှာ အိမ်ဆောက်သောလူမိုက်နှင့်တူ၏။-
나의 이 말을 듣고 행치 아니하는 자는 그 집을 모래 위에 지은 어리석은 사람 같으리니
27 ၂၇ မိုးသည်းထန်စွာရွာ၍မြစ်ရေလျှံကာမုန်တိုင်းထန် လျက် ထိုအိမ်ကိုတိုက်ခတ်သည်ရှိသော်ထိုအိမ်သည် ပြိုလဲ၍သွား၏။ ထိုအိမ်၏အပျက်အစီးမှာ ကြီးလှစွာတကား။''
비가 내리고 창수가 나고 바람이 불어 그 집에 부딪히매 무너져 그 무너짐이 심하니라
28 ၂၈ သခင်ယေရှုဤသို့ဟောပြောပြီးသည့်အဆုံး၌ လူပရိသတ်တို့သည်ကိုယ်တော်၏သွန်သင်ပုံကို လွန်စွာအံ့သြကြကုန်၏။-
예수께서 이 말씀을 마치시매 무리들이 그 가르치심에 놀래니
29 ၂၉ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည်ကျမ်းတတ် ဆရာတို့ကဲ့သို့မဟုတ်ဘဲ အာဏာရှိကဲ့သို့ဟော ပြောသွန်သင်တော်မူသောကြောင့်ဖြစ်သည်။
이는 그 가르치시는 것이 권세 있는 자와 같고 저희 서기관들과 같지 아니함일러라