< မဿဲ 6 >
1 ၁ ``သင်တို့သည်အများမြင်သာအောင်လူမြင်ကွင်း တွင် အလှူဒါနမပြုမိစေရန်သတိပြုကြလော့။ သို့မဟုတ်ပါမူကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် သင်တို့အားမည်သည့်ကောင်း ချီးကိုမျှပေးသနားတော်မူလိမ့်မည်မဟုတ်။
Take heed that you perform not your religious duties before men, in order to be observed by them; otherwise you will obtain no reward from your Father who is in heaven.
2 ၂ ``ထိုကြောင့်သင်သည်လှူဒါန်းသောအခါသူတော် ကောင်းယောင်ဆောင်သူတို့ကဲ့သို့ တရားဇရပ်များ နှင့်လမ်းဆုံလမ်းခွများတွင်မိမိတို့ကိုယ်ကိုထင် ပေါ်အောင်မပြုကြနှင့်။ သူတို့သည်လူများ၏ အချီးအမွမ်းကိုခံလို၍ဤသို့ပြုကြခြင်း ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကားထိုသူတို့ခံစားလိုသည့်အကျိုးကို ခံစားရကြ၏။-
When, therefore, you give alms, do not proclaim it by sound of trumpet, as the hypocrites do, in the assemblies and in the streets, that they may be extolled by men. Indeed, I say to you, they have received their reward.
3 ၃ သင်သည်လှူဒါန်းသောအခါမထင်မရှားပြုလော့။-
But you, when you give alms, let not your left hand know what your right hand does;
4 ၄ သင်၏လက်ယာလက်ပြုသောအမှုကိုသင်၏လက်ဝဲ လက်မသိစေနှင့်။ မထင်မရှားပြုသောအမှုကို မြင်တော်မူသောသင်၏အဖသည်သင့်အားကောင်း ချီးပေးသနားတော်မူလိမ့်မည်။
that your alms may be in secret; and your Father, to whom nothing is secret, will himself recompense you.
5 ၅ ``သင်သည်ဆုတောင်းပတ္ထနာပြုသောအခါ သူတော် ယောင်ဆောင်သူတို့ကဲ့သို့မပြုကြနှင့်။ ထိုသူတို့သည် လူများမြင်သာအောင်တရားဇရပ်များနှင့်လမ်းဆုံ လမ်းခွများမှာရပ်လျက်ဆုတောင်းပတ္ထနာပြုတတ် ကြ၏။ အမှန်အကန်သင်တို့အားငါဆိုသည်ကား ထိုသူတို့သည်မိမိတို့ခံစားလိုသည့်အကျိုးကို ခံစားရကြပြီ။-
And when you pray, be not like the hypocrites, who affect to pray standing in the assemblies, and at the corners of the streets, that men may observe them. Indeed, I say to you, they have received their reward.
6 ၆ သို့ရာတွင်သင်တို့သည်ဆုတောင်းပတ္ထနာပြုသော အခါအိမ်အတွင်းခန်းသို့ဝင်၍တံခါးကိုပိတ်ပြီး လျှင် မျက်စိနှင့်မတွေ့မမြင်နိုင်သောသင်တို့၏အဖ ထံတော်သို့ဆုတောင်းပတ္ထနာပြုကြလော့။ မထင် မရှားပြုသောအမှုကိုမြင်တော်မူသောသင်တို့ ၏အဖသည်သင်တို့အားကောင်းချီးပေးသနား တော်မူလိမ့်မည်။
But you, when you would pray, retire to your closet; and having shut the door, pray to your Father; and your Father, to whom, though he is unseen himself, nothing is secret, will recompense you.
7 ၇ ``သင်တို့သည်ဆုတောင်းပတ္ထနာပြုသောအခါ ဘုရားသခင်ကိုမကိုးကွယ်သူတို့နည်းတူ အနက်အဋ္ဌိပ္ပါယ်မရှိသောစကားများကို မသုံးကြနှင့်။ ထိုသူတို့သည်ရှည်လျားစွာ ဆုတောင်းပတ္ထနာပြုလျှင် တောင်းသောဆုရ လိမ့်မည်ဟုထင်မှတ်ကြ၏။-
And in prayer, use not a multiplicity of words as the Pagans do, who think that using many words will gain them acceptance.
8 ၈ သင်တို့မူကားထိုသူတို့ကဲ့သို့မပြုကြနှင့်။ သင်တို့၏အဖသည်သင်တို့မတောင်းမလျှောက် မီကပင် သင်တို့လိုသောအရာတို့ကိုသိနှင့် ပြီးဖြစ်တော်မူ၏။-
Imitate them not; for your Father knows what things you want, before you ask him.
9 ၉ သို့ဖြစ်၍သင်တို့ဆုတောင်းပတ္ထနာပြုသောအခါ `ကောင်းကင်ဘုံရှင်၊ အကျွန်ုပ်တို့၏အဖ၊ကိုယ်တော်၏ နာမတော်အားရိုသေလေးမြတ်ကြပါစေသော။
Thus, therefore, pray you: Our Father, who art in heaven, thy name be hallowed;
10 ၁၀ နိုင်ငံတော်တည်ပါစေသော။ အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့၊ မြေကြီးပေါ်၌လည်းပြည့်စုံပါစေသော။
thy Reign come; thy will be done upon earth, as it is in heaven;
11 ၁၁ ယနေ့အတွက်လိုအပ်သောအစားအစာကို၊ အကျွန်ုပ်တို့အားပေးသနားတော်မူပါ။
give us to-day our daily bread;
12 ၁၂ အကျွန်ုပ်တို့ကိုပြစ်မှားသောသူတို့၏အပြစ်များကို အကျွန်ုပ်တို့ဖြေလွှတ်ကြသကဲ့သို့၊အကျွန်ုပ်တို့၏ အပြစ်များကိုလည်းဖြေလွှတ်တော်မူပါ။
forgive us our debts, as we forgive our debtors;
13 ၁၃ အကျွန်ုပ်တို့အားကြီးမားသောစုံစမ်း သွေးဆောင်ခြင်းကိုခံစေတော်မမူဘဲ၊ စာတန်မာရ်နတ်ဘေးရန်မှကာကွယ်တော်မူပါ' ဟူ၍ဆုတောင်းကြလော့။
and lead us not into temptation, but preserve us from evil.
14 ၁၄ ``သင်တို့သည်သူတစ်ပါးတို့ပြစ်မှားသည့်အပြစ် များကိုဖြေလွှတ်ပါလျှင် ကောင်းကင်ဘုံရှင်သင်တို့ ၏အဖသည်လည်းသင်တို့၏အပြစ်များကို ဖြေလွှတ်တော်မူလိမ့်မည်။-
For if you forgive others their trespasses, your heavenly Father will also forgive you;
15 ၁၅ သို့ရာတွင်သင်တို့သည်သူတစ်ပါးတို့ပြစ်မှား သည့်အပြစ်များကိုမဖြေမလွှတ်ကြလျှင်မူ ကား သင်တို့အဖသည်လည်းသင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူလိမ့်မည်မဟုတ်။
but if you forgive not others their trespasses, neither will your Father forgive your trespasses.
16 ၁၆ ``သင်တို့သည်အစာရှောင်ကြသောအခါ သူတော် ကောင်းယောင်ဆောင်သူတို့ကဲ့သို့ ညှိုးငယ်သောအသွင် ကိုမဆောင်ကြနှင့်။ ထိုသူတို့သည်မိမိတို့အစာ ရှောင်လျက်နေကြောင်းထင်ပေါ်စေလိုသဖြင့် ဆာလောင် မွတ်သိပ်သောအမူအရာဖြင့်သွားလာတတ်ကြ၏။ အမှန်အကန်သင်တို့အားငါဆိုသည်ကား ထို သူတို့သည်မိမိတို့ခံစားလိုသည့်အကျိုးကို အပြည့်အဝခံစားရကြပြီ။-
Moreover, when you fast, look not dismal, as the hypocrites, who disfigure their faces, that men may observe that they fast. Indeed, I say to you, they have their reward.
17 ၁၇ သင်တို့သည်အစာရှောင်ကြသောအခါမျက်စိ ဖြင့်မတွေ့မမြင်နိုင်သော သင်တို့၏အဖမှလွဲ၍ အခြားမည်သူမျှမသိစေရန် မျက်နှာကိုသစ် ၍ဦးခေါင်းကိုဖြီးကြလော့။-
But you, when you fast, anoint your head, and wash your face;
18 ၁၈ သင်တို့မထင်မရှားပြုသောအမှုကိုမြင်တော်မူ သောသင်တို့၏အဖသည် သင်တို့အားကောင်းချီး ပေးသနားတော်မူလိမ့်မည်။
that your fasting may not appear to men, but to your Father; and your Father, to whom, though he is unseen himself, nothing is secret, will recompense you.
19 ၁၉ ``သံချေးပိုးရွဖျက်ဆီးတတ်၍သူခိုးဋ္ဌားပြ ထွင်းဖောက်ခိုးယူနိုင်သောလောကဘဏ္ဍာကို မစုဆောင်းကြနှင့်။-
Amass not for yourselves treasure upon the earth, where moths and rust may consume it, or thieves breaking in may steal it.
20 ၂၀ သံချေးပိုးရွမဖျက်မဆီး၊ သူခိုးဋ္ဌားပြမထွင်း မဖောက်မခိုးမယူနိုင်သောဘဏ္ဍာကိုကောင်းကင်ဘုံ ၌စုဆောင်းကြလော့။-
But provide for yourselves treasure in heaven, where are neither moths nor rust to consume it, nor thieves to break in and steal it.
21 ၂၁ အဘယ်ကြောင့်ဆိုသော်သင်တို့၏ဘဏ္ဍာရှိရာသို့ သင်တို့၏စိတ်ရောက်တတ်သောကြောင့်ဖြစ်၏။
For where your treasure is, your heart will also be.
22 ၂၂ ``မျက်စိသည်ကိုယ်ခန္ဓာ၏ဆီမီးသဖွယ်ဖြစ်၏။ မျက်စိကြည်လင်လျှင်သင်တို့၏ကိုယ်ခန္ဓာတစ်ခု လုံးလင်းလိမ့်မည်။-
The eye is the lamp of the body. If, therefore, your eye be sound, your whole body will be enlightened;
23 ၂၃ သို့ရာတွင်သင်တို့၏မျက်စိမွဲလျှင်မူကားကိုယ် ခန္ဓာတစ်ခုလုံးမှောင်လိမ့်မည်။ သို့ဖြစ်၍သင်တို့ တွင်ရှိသောအလင်းသည်အမှောင်ဖြစ်လျှင်ထို အမှောင်သည်လွန်စွာမှောင်လိမ့်မည်။
but if your eye be distempered, your whole body will be dark. And if even the light which is in you be darkness, how great will the darkness be!
24 ၂၄ ``မည်သူမျှသခင်နှစ်ဦး၏အစေကိုမခံနိုင်။ သခင် တစ်ဦးကိုမုန်း၍တစ်ဦးကိုချစ်လိမ့်မည်။ သခင်တစ်ဦး ကိုသစ္စာစောင့်၍တစ်ဦးကိုမလေးမခန့်ပြုလိမ့်မည်။ သင်တို့သည်တစ်ချိန်တည်း၌ဘုရားသခင်၏ အစေနှင့်လောကစည်းစိမ်၏အစေကိုမခံနိုင်ကြ။
A man can not serve two masters; for either he will hate one, and love the other; or at least he will attend to one, and neglect the other. You cannot serve God and Mammon.
25 ၂၅ ``ထိုကြောင့်သင်တို့အားငါဆိုသည်ကားသင်တို့ သည်အဘယ်အရာကိုစားသောက်ရပါမည်နည်း ဟု အသက်ရှင်ရေးအတွက်မစိုးရိမ်ကြနှင့်။ အဘယ် အရာကိုဝတ်ရပါမည်နည်းဟုကိုယ်ခန္ဓာအတွက် မစိုးရိမ်ကြနှင့်။ အသက်သည်အစားအသောက် ထက်လည်းကောင်း၊ ကိုယ်ခန္ဓာသည်အဝတ်ထက်လည်း ကောင်းပို၍အရေးကြီးသည်မဟုတ်လော။-
Therefore I charge you, be not anxious about your life, what you shall eat, or what you shall drink; nor about your body, what you shall wear. Is not life a greater gift than food; and the body more than raiment?
26 ၂၆ မိုးကောင်းကင်တွင်ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ သူတို့သည်မျိုးကိုမကြဲ၊ ကောက်နှံများကိုမရိတ်မသိမ်း၊ ကျီများတွင်လည်း သိုလှောင်မှုကိုမပြု။ သို့ရာတွင်ကောင်းကင်ဘုံရှင် သင်တို့အဖသည်ထိုငှက်တို့အားကျွေးမွေးတော် မူ၏။ သင်တို့သည်ကားငှက်များထက်များစွာပို ၍မြတ်သည်မဟုတ်လော။-
Observe the fowls of heaven. They neither sow nor reap. They have no storehouse; but your heavenly Father feeds them. Are not you much more valuable than they?
27 ၂၇ သင်တို့တွင်အဘယ်သူသည်စိုးရိမ်ကြောင့်ကြခြင်း အားဖြင့် မိမိ၏အသက်ကိုနှစ်အနည်းငယ်မျှပို ၍ရှည်စေနိုင်သနည်း။
Besides, which of you can, by his anxiety, prolong his life one hour?
28 ၂၈ ``သင်တို့သည်အဘယ်ကြောင့်အဝတ်အတွက်စိုးရိမ် ကြောင့်ကြသနည်း။ တောနှင်းပန်းများအဘယ်သို့ ရှင်သန်လာသည်ကိုကြည့်ရှုဆင်ခြင်ကြလော့။ ထို ပန်းပင်တို့သည်အလုပ်လည်းမလုပ်၊ ဗိုင်းလည်းမငင်၊-
And why are you anxious about raiment? Mark the lilies of the field. How do they grow? They toil not: they spin not.
29 ၂၉ သို့ရာတွင်အလွန်ချမ်းသာကြွယ်ဝသည့်ရှောလမုန် မင်းကြီးပင်လျှင်ထိုပန်းပင်တစ်ပင်ကဲ့သို့လှပ အောင်မဝတ်မဆင်နိုင်ဟုသင်တို့အားငါဆို၏။-
Yet I affirm that even Solomon in all his glory, was not equally adorned with one of these.
30 ၃၀ ဘုရားသခင်အပေါ်ယုံကြည်ကိုးစားမှုနည်း သူတို့၊ ယနေ့တောထဲတွင်ရှိ၍နက်ဖြန်မီးထဲသို့ ရောက်ရသောတောမြက်မျိုးကိုဘုရားသခင်သည် ဤသို့ဆင်ယင်ပေးပါလျှင်သင်တို့အားထိုထက် မကဆင်ယင်ပေးတော်မူမည်မဟုတ်လော။
If, then, God so array the herbage, which to-day is in the field, and to-morrow will be cast into the oven, will he not much more array you, O you distrustful!
31 ၃၁ ``ထို့ကြောင့်အဘယ်သို့စားသောက်ရမည်နည်း၊ အဘယ်သို့ဝတ်ရမည်နည်းဟုမစိုးရိမ်ကြနှင့်။-
Therefore say not anxiously, (as the heathens do, ) What shall we eat; or what shall we drink; or with what shall we be clothed?
32 ၃၂ (ဘုရားသခင်ကိုမယုံကြည်မကိုးစားသူတို့ သည်ထိုသို့စိုးရိမ်တတ်ကြသည်) ကောင်းကင်ဘုံရှင် သင်တို့၏အဖသည်ထိုအရာအားလုံးကိုသင် တို့လိုကြောင်းသိတော်မူ၏။-
For your heavenly Father knows that you need all these things.
33 ၃၃ ဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာရှာကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအခြားလိုအပ်သောအရာများ ကိုပေးသနားတော်မူလိမ့်မည်။-
But seek first the kingdom of God and the righteousness required by him; and all these things shall be superadded to you.
34 ၃၄ ထို့ကြောင့်နက်ဖြန်နေ့အဖို့မစိုးရိမ်ကြနှင့်။ နက်ဖြန် နေ့နှင့်သက်ဆိုင်သည့်စိုးရိမ်စရာများကိုထိုနေ့၌ ကြုံတွေ့ဖြေရှင်းရလိမ့်မည်။ ယနေ့ကြုံတွေ့ရသည့် စိုးရိမ်စရာများသည်ယနေ့အတွက်တော်လောက် ပေ၏။
Be not then anxious about the morrow: the morrow will be anxious about itself. Sufficient for every day is its own trouble.