< မဿဲ 5 >

1 ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​ကို​မြင်​တော် မူ​သ​ဖြင့်​တောင်​ပေါ်​သို့​တက်​တော်​မူ​၏။ ကိုယ်​တော် ထိုင်​တော်​မူ​သော​အ​ခါ​တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​၏။-
Seeing the multitude of people, Jesus went up the Hill. There He seated Himself, and when His disciples came to Him,
2 ထို​အ​ခါ​ကိုယ်​တော်​သည်​သူ​တို့​အား​အောက် ပါ​အ​တိုင်း​ဟော​ပြော​သွန်​သင်​တော်​မူ​၏။
He proceeded to teach them, and said:
3 ``စိတ်​နှ​လုံး​နှိမ့်​ချ​သော​သူ​တို့​သည်​မင်္ဂ​လာ ရှိ​ကြ​၏။ ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ထို​သူ​တို့​၏​နိုင်​ငံ ဖြစ်​၏။
"Blessed are the poor in spirit, for to them belongs the Kingdom of the Heavens.
4 ``ဝမ်း​နည်း​ပူ​ဆွေး​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အား​စိတ်​သက်​သာ မှု​ကို ပေး​တော်​မူ​လတ္တံ့။
"Blessed are the mourners, for they shall be comforted.
5 ``စိတ်​နူး​ညံ့​သိမ်​မွေ့​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​က​တိ​ထား​တော် မူ​သော​ကောင်း​ချီး​ကို​ခံ​စား​ရ​ကြ​လတ္တံ့။
"Blessed are the meek, for they as heirs shall obtain possession of the earth.
6 ``ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​တိုင်း လိုက်​နာ​ကျင့်​သုံး​ရန်​လို​လား​တောင့်​တ​သော သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ ထို​သူ​တို့​သည်​တောင့်​တ​သည်​အ​တိုင်း အ​ပြည့်​အ​ဝ​ရ​ရှိ​ကြ​လတ္တံ့။
"Blessed are those who hunger and thirst for righteousness, for they shall be completely satisfied.
7 ``သ​နား​ကြင်​နာ​တတ်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အား သ​နား​ကြင်​နာ​တော်​မူ​လတ္တံ့။
"Blessed are the compassionate, for they shall receive compassion.
8 ``စိတ်​နှ​လုံး​ဖြူ​စင်​သော​သူ​တို့​သည်​မင်္ဂ​လာ ရှိ​ကြ​၏။ ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​ဖူး​မြင်​ရ​ကြ​လတ္တံ့။
"Blessed are the pure in heart, for they shall see God.
9 ``ငြိမ်း​ချမ်း​ရေး​အ​တွက်​ဆောင်​ရွက်​သော သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ​ဟု အ​ခေါ်​ခံ​ရ​ကြ​လတ္တံ့။
"Blessed are the peacemakers, for it is they who will be recognized as sons of God.
10 ၁၀ ``ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​တိုင်း ဆောင်​ရွက်​သ​ဖြင့် နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ထို​သူ​တို့​၏​နိုင်​ငံ ဖြစ်​၏။
"Blessed are those who have borne persecution in the cause of Righteousness, for to them belongs the Kingdom of the Heavens.
11 ၁၁ ``လူ​တို့​သည်​ငါ့​ကြောင့်​သင်​တို့​ကို​ကဲ့​ရဲ့​ညှဉ်း​ဆဲ လျက် မ​ဟုတ်​မ​မှန်​ဘဲ​အ​မျိုး​မျိုး​ပြစ်​တင်​စွပ်​စွဲ​ကြ​သော အ​ခါ၊ သင်​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။
"Blessed are you when they have insulted and persecuted you, and have said every cruel thing about you falsely for my sake.
12 ၁၂ ``ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ ကောင်း​ကင်​ဘုံ​တွင် သင်​တို့​ခံ​စား​ရ​မည့်​အ​ကျိုး​သည်​ကြီး​လှ​ပေ​၏။ ရှေး​ပ​ရော​ဖက်​တို့​ကို​ထို​နည်း​တူ​ညှဉ်း​ဆဲ​ကြ​ပြီ။
Be joyful and triumphant, because your reward is great in the Heavens; for so were the Prophets before you persecuted.
13 ၁၃ ``သင်​တို့​သည်​လော​က​၏​ဆား​သ​ဖွယ်​ဖြစ်​ကြ​၏။ ဆား​သည်​အ​ငန်​ကင်း​ပျောက်​သွား​လျှင် အ​ဘယ် သို့​ပြန်​၍​ငန်​အောင်​ပြု​လုပ်​နိုင်​ပါ​မည်​နည်း။ မည် သို့​မျှ​အ​သုံး​မ​ဝင်​တော့​ဘဲ​အ​ပြင်​သို့​ပစ်​လိုက် သ​ဖြင့်​လူ​တို့​ကျော်​နင်း​သွား​ကြ​၏။
"You are the salt of the earth; but if salt has become tasteless, in what way can it regain its saltness? It is no longer good for anything but to be thrown away and trodden on by the passers by.
14 ၁၄ ``သင်​တို့​သည်​လော​က​၏​အ​လင်း​သ​ဖွယ်​ဖြစ် ကြ​၏။ တောင်​ပေါ်​မှာ​တည်​ထား​သော​မြို့​ကို​ဖုံး ကွယ်​၍​မ​ထား​နိုင်။-
You are the light of the world; a town cannot be hid if built on a hill-top.
15 ၁၅ ဆီ​မီး​ကို​ထွန်း​ညှိ​၍​တင်း​တောင်း​ဖြင့်​အုပ်​၍​မ ထား​တတ်​ကြ။ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့ အ​လင်း​ရောင်​ရ​စေ​ရန်​ဆီ​မီး​ခုံ​ပေါ်​မှာ​သာ တင်​ထား​တတ်​ကြ​၏။-
Nor is a lamp lighted to be put under a bushel, but on the lampstand; and then it gives light to all in the house.
16 ၁၆ ထို​နည်း​တူ​စွာ​လူ​တို့​သည်​သင်​တို့​၏​ကောင်း​သော အ​ကျင့်​ကို​မြင်​၍ ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဖ​၏​ဂုဏ်​တော်​ကို​ချီး​ကူး​စေ​ရန် သင် တို့​၏​အ​လင်း​ကို​လူ​တို့​ရှေ့​၌​ထွန်း​လင်း​စေ​ကြ လော့။
Just so let your light shine before all men, in order that they may see your holy lives and may give glory to your Father who is in Heaven.
17 ၁၇ ``ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း​တို့​ကို​ဖျက် သိမ်း​ရန်​ငါ​လာ​သည်​ဟု​မ​ထင်​ကြ​နှင့်။ ဖျက်​သိမ်း ရန်​လာ​သည်​မ​ဟုတ်။ ထို​ကျမ်း​များ​တွင်​ဖော်​ပြ ပါ​ရှိ​သည့်​အ​တိုင်း​ဖြစ်​ပျက်​စေ​ရန်​သာ​ငါ​လာ သ​တည်း။-
"Do not for a moment suppose that I have come to abrogate the Law or the Prophets: I have not come to abrogate them but to give them their completion.
18 ၁၈ သင်​တို့​အား​အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား​ကောင်း ကင်​နှင့်​မြေ​ကြီး​တည်​ရှိ​သ​မျှ​ကာ​လ​ပတ်​လုံး ပ​ညတ်​ကျမ်း​မှ​အက္ခ​ရာ​တစ်​လုံး၊ ဝစ္စ​တစ်​လုံး​မျှ ပင်​မ​ပျောက်​ပျက်​ရ။ ထို​ကျမ်း​တွင်​ဖော်​ပြ​သော အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည်​ဖြစ်​ပျက်​ရ​မည်။-
Solemnly I tell you that until Heaven and earth pass away, not one iota or smallest detail will pass away from the Law until all has taken place.
19 ၁၉ အ​သေး​ငယ်​ဆုံး​သော​ပ​ညတ်​ကို​ကူး​လွန်​၍ သူ​တစ်​ပါး​တို့​ကူး​လွန်​ရန်​ကို​လည်း​ဟော​ပြော သွန်​သင်​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​အ​သိမ် ငယ်​ဆုံး​သော​သူ​ဖြစ်​လိမ့်​မည်။ သို့​ရာ​တွင်​ပညတ်​တော် များ​ကို​လိုက်​နာ​ကျင့်​သုံး​၍ သူ​တစ်​ပါး​တို့​လိုက်​နာ ကျင့်​သုံး​ရန်​ကို​လည်း​ဟော​ပြော​သွန်​သင်​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​ကြီး​မြတ်​သူ​ဖြစ်​လိမ့် မည်။-
Whoever therefore breaks one of these least commandments and teaches others to break them, will be called the least in the Kingdom of the Heavens; but whoever practises them and teaches them, he will be acknowledged as great in the Kingdom of the Heavens.
20 ၂၀ ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​လိုက်​လျှောက်​ကျင့် သုံး​ရာ​တွင် သင်​တို့​သည်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ် ဆ​ရာ​တို့​ထက်​မ​သာ​လျှင် ကောင်း​ကင်​နိုင်​ငံ​တော် သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​ငါ​ဆို​၏။
For I assure you that unless your righteousness greatly surpasses that of the Scribes and the Pharisees, you will certainly not find entrance into the Kingdom of the Heavens.
21 ၂၁ ``လူ့​အ​သက်​ကို​မ​သတ်​ရ။ သတ်​သော​သူ​သည် တ​ရား​သူ​ကြီး​၏​ရှေ့​မှောက်​သို့​ရောက်​ရ​မည် ဟူ​သော​ပ​ညတ်​ကို​သင်​တို့​ကြား​ရ​လေ​ပြီ။-
"You have heard that it was said to the ancients, 'Thou shalt not commit murder', and whoever commits murder will be answerable to the magistrate.
22 ၂၂ သို့​ရာ​တွင်​မိ​မိ​၏​ညီ​အစ်​ကို​အား​အ​မျက် ထွက်​သော​သူ​သည် တ​ရား​သူ​ကြီး​၏​ရှေ့​မှောက် သို့​ရောက်​ရ​မည်​ဟု​သင်​တို့​အား​ငါ​ဆို​၏။ အ​ချင်း ချင်း​ဆဲ​ရေး​တိုင်း​ထွာ​သူ​သည်​တ​ရား​ရုံး​တော် တွင်​အ​ပြစ်​ပေး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ညီ​အစ်​ကို အ​ချင်း​ချင်း​မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည်​င​ရဲ သို့​လား​ရ​လိမ့်​မည်။- (Geenna g1067)
But I say to you that every one who becomes angry with his brother shall be answerable to the magistrate; that whoever says to his brother 'Raca,' shall be answerable to the Sanhedrin; and that whoever says, 'You fool!' shall be liable to the Gehenna of Fire. (Geenna g1067)
23 ၂၃ သို့​ဖြစ်​၍​သင်​သည်​ယဇ်​ပလ္လင်​တော်​တွင်​ပူ​ဇော် သကာ​ဆက်​သ​မည်​ပြု​စဉ် မိ​မိ​အ​ပေါ်​၌​ညီ​အစ်​ကို တစ်​ဦး​တစ်​ယောက်​၏​မ​ကျေ​နပ်​မှု​ကို​သ​တိ​ရ ခဲ့​သော်၊-
If therefore when you are offering your gift upon the altar, you remember that your brother has a grievance against you,
24 ၂၄ ပူ​ဇော်​သကာ​ကို​ထား​ခဲ့​ပြီး​လျှင်​ထို​သူ​၏​ကျေ နပ်​မှု​ကို​ရ​ယူ​လော့။ ထို​နောက်​ပြန်​၍​သင်​၏​ပူ​ဇော် သကာ​ကို​ဆက်​သ​လော့။
leave your gift there before the altar, and go and make friends with your brother first, and then return and proceed to offer your gift.
25 ၂၅ ``တစ်​စုံ​တစ်​ယောက်​သည်​ရုံး​တော်​တွင်​သင့်​အား တ​ရား​စွဲ​လျှင်​သူ​နှင့်​အ​တူ​လမ်း​ခ​ရီး​၌​ရှိ​နေ စဉ်​သူ​နှင့်​လျင်​မြန်​စွာ​ပြန်​လည်​သင့်​မြတ်​အောင်​ပြု လော့။ သို့​မ​ပြု​ပါ​မူ​သူ​သည်​သင့်​အား​တ​ရား သူ​ကြီး​၏​လက်​သို့​အပ်​၍ တ​ရား​သူ​ကြီး​သည် လည်း​ထောင်​မှူး​လက်​သို့​အပ်​ပြီး​လျှင်​သင့်​ကို ထောင်​ချ​ထား​လိမ့်​မည်။-
Come to terms without delay with your opponent while you are yet with him on the way to the court; for fear he should obtain judgement from the magistrate against you, and the magistrate should give you in custody to the officer and you be thrown into prison.
26 ၂၆ ပေး​ဆပ်​ရန်​ရှိ​သော​ငွေ​အ​ကုန်​အ​စင်​မ​ပေး​မ ဆပ်​မ​ချင်း​သင်​သည်​ထောင်​ထဲ​မှ​ထွက်​ရ​လိမ့်​မည် မ​ဟုတ်​ဟု​ငါ​ဆို​၏။
I solemnly tell you that you will certainly not be released till you have paid the very last farthing.
27 ၂၇ ``သူ့​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်​ဟူ​သော​ပ​ညတ် ကို​သင်​တို့​ကြား​သိ​ရ​လေ​ပြီ။-ထွ၊ ၂၀:၁၄။ တရား၊ ၅:၁၈။
"You have heard that it was said, 'Thou shalt not commit adultery.'
28 ၂၈ သို့​ရာ​တွင်​တပ်​မက်​သော​စိတ်​ဖြင့်​အ​မျိုး​သ​မီး တစ်​ဦး​ကို​ကြည့်​သူ​သည် မိ​မိ​၏​စိတ်​တွင်​ထို​အ​မျိုး သ​မီး​ကို​ပြစ်​မှား​ပြီ​ဟု​သင်​တို့​အား​ငါ​ဆို​၏။-
But I tell you that whoever looks at a woman and cherishes lustful thoughts has already in his heart become guilty with regard to her.
29 ၂၉ သင်​၏​လက်​ယာ​မျက်​စိ​သည်​သင့်​အား​မှောက်​မှား စေ​လျှင်​ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့။ သင်​၏​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​င​ရဲ​သို့​လား​ရ​သည်​ထက်​ကိုယ် အင်္ဂါ​တစ်​ခု​ချို့​တဲ့​ရ​ခြင်း​က​သာ​၍​ကောင်း​၏။- (Geenna g1067)
If therefore your eye, even the right eye, is a snare to you, tear it out and away with it; it is better for you that one member should be destroyed rather than that your whole body should be thrown into Gehenna. (Geenna g1067)
30 ၃၀ သင်​၏​လက်​ယာ​လက်​သည်​သင့်​အား​မှောက်​မှား​စေ လျှင်​ထို​လက်​ကို​ဖြတ်​ပစ်​လော့။ သင်​၏​ကိုယ်​ခန္ဓာ​တစ် ခု​လုံး​င​ရဲ​သို့​လား​ရ​သည်​ထက်​ကိုယ်​အင်္ဂါ​တစ်​ခု ချို့​တဲ့​ရ​ခြင်း​က​သာ​၍​ကောင်း​၏။ (Geenna g1067)
And if your right hand is a snare to you, cut it off and away with it; it is better for you that one member should be destroyed rather than that your whole body should go into Gehenna. (Geenna g1067)
31 ၃၁ ``မိ​မိ​၏​မ​ယား​နှင့်​ကွာ​ရှင်း​လို​သူ​သည်​ဖြတ်​စာ ကို​ပေး​အပ်​ရ​မည်​ဟု​ဆို​ရိုး​စ​ကား​ရှိ​၏။-
"It was also said, 'If any man puts away his wife, let him give her a written notice of divorce.'
32 ၃၂ သို့​ရာ​တွင်​လူ​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​၏​ဇ​နီး အား​အ​ကျင့်​ဖောက်​ပြား​မှု​မ​ရှိ​ဘဲ​ကွာ​ရှင်း​၍ ထို အ​မျိုး​သ​မီး​က​လည်း​နောက်​အိမ်​ထောင်​ပြု​သည် ဆို​ပါ​မူ ထို​သူ​သည်​မိ​မိ​၏​ဇ​နီး​အား​မျောက်​မ ထား​စေ​ရာ​ရောက်​၏။ ထို​အ​မျိုး​သ​မီး​နှင့်​အိမ် ထောင်​ပြု​သူ​သည်​လည်း​သူ​တစ်​ပါး​၏​အိမ်​ရာ ကို​ပြစ်​မှား​ရာ​ရောက်​၏​ဟု​သင်​တို့​အား​ငါ​ဆို​၏။
But I tell you that every man who puts away his wife except on the ground of unfaithfulness causes her to commit adultery, and whoever marries her when so divorced commits adultery.
33 ၃၃ ``ထို့​အ​ပြင်`သင်​သည်​သစ္စာ​က​တိ​ကို​မ​ဖျက်​ရ။ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​သင်​ထား​ရှိ​သည့် သစ္စာ​က​တိ​အ​တိုင်း​ဆောင်​ရွက်​ရ​မည်' ဟူ​သော ပညတ်​ကို​သင်​တို့​ကြား​သိ​ရ​လေ​ပြီ။-
"Again, you have heard that it was said to the ancients, 'Thou shalt not swear falsely, but shalt perform thy vows to the Lord.'
34 ၃၄ သို့​ရာ​တွင်​သင်​တို့​သည်​တစ်​စုံ​တစ်​ခု​ကို​က​တိ​ပြု သော​အ​ခါ​လုံး​ဝ​ကျိန်​ဆို​၍​မ​ပြော​ကြ​နှင့်​ဟု သင်​တို့​အား​ငါ​ဆို​၏။ ကောင်း​ကင်​ဘုံ​ကို​တိုင်​တည် ၍​မ​ကျိန်​ဆို​ကြ​နှင့်။ ကောင်း​ကင်​ဘုံ​သည်​ဘု​ရား သ​ခင်​၏​ပလ္လင်​တော်​ဖြစ်​၏။-
But I tell you not to swear at all; neither by Heaven, for it is God's throne;
35 ၃၅ ကမ္ဘာ​မြေ​ကြီး​ကို​တိုင်​တည်​၍​မ​ကျိန်​ဆို​ကြ​နှင့်။ ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​၏​ခြေ​တင်​ခုံ​ဖြစ်​၏။ ယေ​ရု​ရှ​လင်​မြို့​ကို​တိုင်​တည်​၍​မ​ကျိန်​ဆို​ကြ​နှင့်။ ယေ​ရု​ရှ​လင်​မြို့​သည်​ဘု​ရင်​မင်း​မြတ်​၏​နေ​ပြည် တော်​ဖြစ်​၏။-
nor by the earth, for it is the footstool under His feet; nor by Jerusalem, for it is the City of the Great King.
36 ၃၆ မိ​မိ​၏​ဦး​ခေါင်း​ကို​တိုင်​တည်​၍​လည်း​မ​ကျိန်​ဆို ကြ​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​ဆံ​ပင် တစ်​ပင်​မျှ​ကို​ပင်​ဖြူ​အောင်​မ​တတ်​နိုင်​ကြ​သော ကြောင့်​တည်း။-
And do not swear by your head, for you cannot make one hair white or black.
37 ၃၇ သင်​တို့​သည် `ဟုတ်​ပါ​သည်' သို့​မ​ဟုတ် `မ​ဟုတ်​ပါ' ဟူ​၍​သာ​ပြော​ဆို​ကြ​လော့။ ဤ​ထက်​ပို​သော စ​ကား​သည်​မာရ်​နတ်​၏​ထံ​မှ​ရ​သော​စ​ကား ဖြစ်​၏။
But let your language be, 'Yes, yes,' or 'No, no.' Anything in excess of this comes from the Evil one.
38 ၃၈ ``မျက်​စိ​အ​စား​မျက်​စိ၊ သွား​အ​စား​သွား​ဟူ သော​ပ​ညတ်​ကို​သင်​တို့​ကြား​သိ​ရ​လေ​ပြီ။-
"You have heard that it was said, 'Eye for eye, tooth for tooth.'
39 ၃၉ သို့​ရာ​တွင်​သင့်​အား​ပြစ်​မှား​သူ​ကို​လက်​စား​မ​ချေ နှင့်​ဟု​ငါ​ဆို​၏။ သင်​၏​လက်​ယာ​ပါး​ကို​ရိုက်​သူ အား​အ​ခြား​ပါး​တစ်​ဖက်​လည်း​ရိုက်​စေ​ဦး​လော့။-
But I tell you not to resist a wicked man, but if any one strikes you on the right cheek, turn the other to him as well.
40 ၄၀ သင်​၏​အ​တွင်း​အင်္ကျီ​ကို​ယူ​လို​၍​တ​ရား​တွေ့​သော သူ​အား​သင်​၏​ဝတ်​လုံ​ကို​လည်း​ယူ​ခွင့်​ပြု​လော့။-
If any one wishes to go to law with you and to deprive you of your under garment, let him take your outer one also.
41 ၄၁ သင့်​အား​အ​နိုင်​အ​ထက်​ပြု​၍​ခ​ရီး​တစ်​မိုင်​သွား စေ​သူ​နှင့်​ခ​ရီး​နှစ်​မိုင်​သွား​လော့။-
And whoever shall compel you to convey his goods one mile, go with him two.
42 ၄၂ တောင်း​ခံ​သူ​အား​ပေး​ကမ်း​လော့။ ချေး​ငှား​လို​သူ အား​လည်း​ချေး​ငှား​လော့။
To him who asks, give: from him who would borrow, turn not away.
43 ၄၃ ``မိတ်​ဆွေ​ကို​ချစ်​လော့။ ရန်​သူ​ကို​မုန်း​လော့​ဟူ သော​ပ​ညတ်​ကို​သင်​တို့ ကြား​သိ​ရ​လေ​ပြီ။-
"You have heard that it was said, 'Thou shalt love thy neighbour and hate thine enemy.'
44 ၄၄ သို့​ရာ​တွင်​ရန်​သူ​ကို​ချစ်​ကြ​လော့​ဟု​သင်​တို့ အား​ငါ​ဆို​၏။ သင်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သူ တို့​အ​တွက်​မေတ္တာ​ပို့​ကြ​လော့။-
But I command you all, love your enemies, and pray for your persecutors;
45 ၄၅ သို့​မှ​သာ​သင်​တို့​သည်​ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့ အ​ဖ​၏​သား​များ​ဖြစ်​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည် လူ​ဆိုး​လူ​ကောင်း​များ​အ​ပေါ်​၌​နေ​ရောင်​ခြည် ကို​သက်​ရောက်​စေ​တော်​မူ​၏။ သူ​တော်​ကောင်း၊ သူ ယုတ်​မာ​များ​အ​ပေါ်​၌​မိုး​ကို​ရွာ​စေ​တော်​မူ​၏။-
that so you may become true sons of your Father in Heaven; for He causes His sun to rise on the wicked as well as the good, and sends rain upon those who do right and those who do wrong.
46 ၄၆ သင်​တို့​သည်​မိ​မိ​တို့​အား​ချစ်​သော​သူ​များ​ကို​သာ ချစ်​တုံ့​ပြန်​ပါ​မူ အ​ဘယ်​သို့​လျှင်​ဘု​ရား​သ​ခင်​ထံ တော်​မှ​ကောင်း​ချီး​ကို​ခံ​စား​ထိုက်​ပါ​မည်​နည်း။ အ​ခွန် ခံ​သူ​များ​ပင်​လျှင်​ဤ​သို့​ပြု​ကြ​သည်​မ​ဟုတ်​လော။-
For if you love only those who love you, what reward have you earned? Do not even the tax-gatherers do that?
47 ၄၇ ထို​မှ​တစ်​ပါး​လည်း​သင်​တို့​သည်​ညီ​အစ်​ကို​အ​ချင်း ချင်း​နှင့်​သာ​လျှင်​နှုတ်​ဆက်​ကြ​မည်​ဆို​ပါ​က သင်​တို့ ၏​အ​ပြု​အ​မူ​သည်​အ​ဘယ်​သို့​ထူး​ခြား​မှု​ရှိ​နိုင် ပါ​မည်​နည်း။ ဘု​ရား​သ​ခင်​ကို​မ​သိ​သော​သူ​များ ပင်​လျှင်​ဤ​သို့​ပြု​ကြ​သည်။-
And if you salute only your near relatives, what praise is due to you? Do not even the Gentiles do the same?
48 ၄၈ ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့​၏​အ​ဖ​သည်​ကောင်း​မြတ် စုံ​လင်​တော်​မူ​သ​ကဲ့​သို့​သင်​တို့​သည်​လည်း​ကောင်း မြတ်​စုံ​လင်​ကြ​လော့။
You however are to be complete in goodness, as your Heavenly Father is complete.

< မဿဲ 5 >