< မဿဲ 5 >
1 ၁ ကိုယ်တော်သည်လူပရိသတ်တို့ကိုမြင်တော် မူသဖြင့်တောင်ပေါ်သို့တက်တော်မူ၏။ ကိုယ်တော် ထိုင်တော်မူသောအခါတပည့်တော်တို့သည် အထံတော်သို့လာကြ၏။-
İsa izdihamı görüb dağa çıxdı. Oturan kimi şagirdləri Onun yanına gəldi.
2 ၂ ထိုအခါကိုယ်တော်သည်သူတို့အားအောက် ပါအတိုင်းဟောပြောသွန်သင်တော်မူ၏။
İsa danışmağa başlayıb onları öyrədərək dedi:
3 ၃ ``စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာ ရှိကြ၏။ ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံ ဖြစ်၏။
«Nə bəxtiyardır ruhən yoxsullar! Çünki Səmavi Padşahlıq onlarındır.
4 ၄ ``ဝမ်းနည်းပူဆွေးသောသူတို့သည် မင်္ဂလာရှိကြ၏။ ဘုရားသခင်သည်ထိုသူတို့အားစိတ်သက်သာ မှုကို ပေးတော်မူလတ္တံ့။
Nə bəxtiyardır yaslı olanlar! Çünki onlar təsəlli tapacaq.
5 ၅ ``စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်ကတိထားတော် မူသောကောင်းချီးကိုခံစားရကြလတ္တံ့။
Nə bəxtiyardır həlimlər! Çünki onlar yer üzünü irs alacaq.
6 ၆ ``ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာကျင့်သုံးရန်လိုလားတောင့်တသော သူတို့သည်မင်္ဂလာရှိကြ၏။ ထိုသူတို့သည်တောင့်တသည်အတိုင်း အပြည့်အဝရရှိကြလတ္တံ့။
Nə bəxtiyardır salehlik üçün acıb-susayanlar! Çünki onlar doyacaq.
7 ၇ ``သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ ဘုရားသခင်သည်ထိုသူတို့အား သနားကြင်နာတော်မူလတ္တံ့။
Nə bəxtiyardır mərhəmətli olanlar! Çünki onlara mərhəmət ediləcək.
8 ၈ ``စိတ်နှလုံးဖြူစင်သောသူတို့သည်မင်္ဂလာ ရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်ကိုဖူးမြင်ရကြလတ္တံ့။
Nə bəxtiyardır ürəyi təmiz olanlar! Çünki onlar Allahı görəcək.
9 ၉ ``ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်သော သူတို့သည်မင်္ဂလာရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်၏သားများဟု အခေါ်ခံရကြလတ္တံ့။
Nə bəxtiyardır sülhyaradanlar! Çünki onlar Allahın övladları adlanacaq.
10 ၁၀ ``ဘုရားသခင်၏အလိုတော်အတိုင်း ဆောင်ရွက်သဖြင့် နှိပ်စက်ညှဉ်းဆဲခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံ ဖြစ်၏။
Nə bəxtiyardır salehlik uğrunda təqib edilənlər! Çünki Səmavi Padşahlıq onlarındır.
11 ၁၁ ``လူတို့သည်ငါ့ကြောင့်သင်တို့ကိုကဲ့ရဲ့ညှဉ်းဆဲ လျက် မဟုတ်မမှန်ဘဲအမျိုးမျိုးပြစ်တင်စွပ်စွဲကြသော အခါ၊ သင်တို့သည်မင်္ဂလာရှိကြ၏။
İnsanlar Mənə görə sizi təhqir edib təqib edəndə, yalan söyləyib sizə hər cür böhtan atanda siz nə bəxtiyarsınız!
12 ၁၂ ``ဝမ်းမြောက်ရွှင်မြူးကြလော့။ ကောင်းကင်ဘုံတွင် သင်တို့ခံစားရမည့်အကျိုးသည်ကြီးလှပေ၏။ ရှေးပရောဖက်တို့ကိုထိုနည်းတူညှဉ်းဆဲကြပြီ။
Sevinin və şadlanın! Çünki göylərdə mükafatınız böyükdür. Axı sizdən qabaq gələn peyğəmbərləri də belə təqib ediblər.
13 ၁၃ ``သင်တို့သည်လောက၏ဆားသဖွယ်ဖြစ်ကြ၏။ ဆားသည်အငန်ကင်းပျောက်သွားလျှင် အဘယ် သို့ပြန်၍ငန်အောင်ပြုလုပ်နိုင်ပါမည်နည်း။ မည် သို့မျှအသုံးမဝင်တော့ဘဲအပြင်သို့ပစ်လိုက် သဖြင့်လူတို့ကျော်နင်းသွားကြ၏။
Siz yer üzünün duzusunuz. Amma duz öz dadını itirərsə, nə ilə duzlanar? Artıq çölə atılıb insanlar tərəfindən tapdalanmaqdan başqa bir şeyə yaramaz.
14 ၁၄ ``သင်တို့သည်လောက၏အလင်းသဖွယ်ဖြစ် ကြ၏။ တောင်ပေါ်မှာတည်ထားသောမြို့ကိုဖုံး ကွယ်၍မထားနိုင်။-
Siz dünyanın nurusunuz. Dağın zirvəsində qurulan şəhər gizli qala bilməz.
15 ၁၅ ဆီမီးကိုထွန်းညှိ၍တင်းတောင်းဖြင့်အုပ်၍မ ထားတတ်ကြ။ အိမ်သူအိမ်သားအပေါင်းတို့ အလင်းရောင်ရစေရန်ဆီမီးခုံပေါ်မှာသာ တင်ထားတတ်ကြ၏။-
Heç kim çırağı yandırıb qabın altına qoymaz. Əksinə, çıraqdana qoyar ki, evdəkilərin hamısını işıqlandırsın.
16 ၁၆ ထိုနည်းတူစွာလူတို့သည်သင်တို့၏ကောင်းသော အကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏ဂုဏ်တော်ကိုချီးကူးစေရန် သင် တို့၏အလင်းကိုလူတို့ရှေ့၌ထွန်းလင်းစေကြ လော့။
Eləcə də sizin nurunuz insanların qarşısında elə parlasın ki, onlar xeyirxah işlərinizi görüb göylərdə olan Atanızı izzətləndirsinlər.
17 ၁၇ ``ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းတို့ကိုဖျက် သိမ်းရန်ငါလာသည်ဟုမထင်ကြနှင့်။ ဖျက်သိမ်း ရန်လာသည်မဟုတ်။ ထိုကျမ်းများတွင်ဖော်ပြ ပါရှိသည့်အတိုင်းဖြစ်ပျက်စေရန်သာငါလာ သတည်း။-
Sanmayın ki, Mən Qanun və Peyğəmbərlərin sözlərini ləğv etmək üçün gəldim. Mən onları ləğv etmək üçün yox, yerinə yetirmək üçün gəldim.
18 ၁၈ သင်တို့အားအမှန်အကန်ငါဆိုသည်ကားကောင်း ကင်နှင့်မြေကြီးတည်ရှိသမျှကာလပတ်လုံး ပညတ်ကျမ်းမှအက္ခရာတစ်လုံး၊ ဝစ္စတစ်လုံးမျှ ပင်မပျောက်ပျက်ရ။ ထိုကျမ်းတွင်ဖော်ပြသော အမှုအရာအလုံးစုံတို့သည်ဖြစ်ပျက်ရမည်။-
Sizə doğrusunu deyirəm: göy və yer keçib getmədən, hər şey icra olmadan Qanundan ən kiçik bir hərf və ya bir nöqtə belə, yox olmayacaq.
19 ၁၉ အသေးငယ်ဆုံးသောပညတ်ကိုကူးလွန်၍ သူတစ်ပါးတို့ကူးလွန်ရန်ကိုလည်းဟောပြော သွန်သင်သူသည် ကောင်းကင်နိုင်ငံတော်တွင်အသိမ် ငယ်ဆုံးသောသူဖြစ်လိမ့်မည်။ သို့ရာတွင်ပညတ်တော် များကိုလိုက်နာကျင့်သုံး၍ သူတစ်ပါးတို့လိုက်နာ ကျင့်သုံးရန်ကိုလည်းဟောပြောသွန်သင်သူသည် ကောင်းကင်နိုင်ငံတော်တွင်ကြီးမြတ်သူဖြစ်လိမ့် မည်။-
Beləliklə, bu əmrlərdən ən kiçiyindən birini kim pozarsa və başqalarına da bu cür öyrədərsə, Səmavi Padşahlıqda ən kiçik sayılacaq. Amma kim bu əmrləri yerinə yetirər və başqalarına da öyrədərsə, Səmavi Padşahlıqda böyük sayılacaq.
20 ၂၀ ဘုရားသခင်၏အလိုတော်ကိုလိုက်လျှောက်ကျင့် သုံးရာတွင် သင်တို့သည်ဖာရိရှဲနှင့်ကျမ်းတတ် ဆရာတို့ထက်မသာလျှင် ကောင်းကင်နိုင်ငံတော် သို့ဝင်ရလိမ့်မည်မဟုတ်ဟုငါဆို၏။
Sizə bunu deyirəm: əgər sizin salehliyiniz ilahiyyatçılarla fariseylərin salehliyindən artıq olmasa, Səmavi Padşahlığa əsla girə bilməzsiniz.
21 ၂၁ ``လူ့အသက်ကိုမသတ်ရ။ သတ်သောသူသည် တရားသူကြီး၏ရှေ့မှောက်သို့ရောက်ရမည် ဟူသောပညတ်ကိုသင်တို့ကြားရလေပြီ။-
Siz qədim zamanlarda adamlara “Qətl etmə, kim qətl edərsə, mühakiməyə məruz qalacaq” deyildiyini eşitmisiniz.
22 ၂၂ သို့ရာတွင်မိမိ၏ညီအစ်ကိုအားအမျက် ထွက်သောသူသည် တရားသူကြီး၏ရှေ့မှောက် သို့ရောက်ရမည်ဟုသင်တို့အားငါဆို၏။ အချင်း ချင်းဆဲရေးတိုင်းထွာသူသည်တရားရုံးတော် တွင်အပြစ်ပေးခြင်းကိုခံရလိမ့်မည်။ ညီအစ်ကို အချင်းချင်းမထီမဲ့မြင်ပြုသောသူသည်ငရဲ သို့လားရလိမ့်မည်။- (Geenna )
Mənsə sizə deyirəm ki, qardaşına hirslənən hər kəs mühakiməyə məruz qalacaq. Kim qardaşına “axmaq” deyərsə, Ali Şuranın hökmünə məruz qalacaq. Kim qardaşına “səfeh” deyərsə, cəhənnəm oduna məruz qalacaq. (Geenna )
23 ၂၃ သို့ဖြစ်၍သင်သည်ယဇ်ပလ္လင်တော်တွင်ပူဇော် သကာဆက်သမည်ပြုစဉ် မိမိအပေါ်၌ညီအစ်ကို တစ်ဦးတစ်ယောက်၏မကျေနပ်မှုကိုသတိရ ခဲ့သော်၊-
Buna görə də qurbangah qarşısına qurbanını gətirdiyin zaman yadına düşsə ki, qardaşının sənə qarşı bir şikayəti var,
24 ၂၄ ပူဇော်သကာကိုထားခဲ့ပြီးလျှင်ထိုသူ၏ကျေ နပ်မှုကိုရယူလော့။ ထိုနောက်ပြန်၍သင်၏ပူဇော် သကာကိုဆက်သလော့။
qurbanını qurbangahın qarşısında qoy, get, əvvəlcə qardaşınla barış və ondan sonra gəl, qurbanını təqdim et.
25 ၂၅ ``တစ်စုံတစ်ယောက်သည်ရုံးတော်တွင်သင့်အား တရားစွဲလျှင်သူနှင့်အတူလမ်းခရီး၌ရှိနေ စဉ်သူနှင့်လျင်မြန်စွာပြန်လည်သင့်မြတ်အောင်ပြု လော့။ သို့မပြုပါမူသူသည်သင့်အားတရား သူကြီး၏လက်သို့အပ်၍ တရားသူကြီးသည် လည်းထောင်မှူးလက်သို့အပ်ပြီးလျှင်သင့်ကို ထောင်ချထားလိမ့်မည်။-
Səni ittiham edənlə yolda ikən tez razılaş ki, o səni hakimə, hakim də səni mühafizəçiyə verməsin və zindana atılmayasan.
26 ၂၆ ပေးဆပ်ရန်ရှိသောငွေအကုန်အစင်မပေးမ ဆပ်မချင်းသင်သည်ထောင်ထဲမှထွက်ရလိမ့်မည် မဟုတ်ဟုငါဆို၏။
Sənə doğrusunu deyirəm: axırıncı qəpik-quruşunu verməyincə oradan əsla çıxmayacaqsan.
27 ၂၇ ``သူ့အိမ်ရာကိုမပြစ်မှားနှင့်ဟူသောပညတ် ကိုသင်တို့ကြားသိရလေပြီ။-ထွ၊ ၂၀:၁၄။ တရား၊ ၅:၁၈။
“Zina etmə” deyildiyini eşitmisiniz.
28 ၂၈ သို့ရာတွင်တပ်မက်သောစိတ်ဖြင့်အမျိုးသမီး တစ်ဦးကိုကြည့်သူသည် မိမိ၏စိတ်တွင်ထိုအမျိုး သမီးကိုပြစ်မှားပြီဟုသင်တို့အားငါဆို၏။-
Mənsə sizə deyirəm ki, qadına şəhvətlə baxan hər adam artıq ürəyində onunla zina etmiş olur.
29 ၂၉ သင်၏လက်ယာမျက်စိသည်သင့်အားမှောက်မှား စေလျှင်ထိုမျက်စိကိုထုတ်ပစ်လော့။ သင်၏ကိုယ် ခန္ဓာတစ်ခုလုံးငရဲသို့လားရသည်ထက်ကိုယ် အင်္ဂါတစ်ခုချို့တဲ့ရခြင်းကသာ၍ကောင်း၏။- (Geenna )
Əgər sağ gözün səni pis yola çəkərsə, onu çıxar at. Çünki sənin üçün bədən üzvlərindən birinin məhv olması bütün bədəninin cəhənnəmə atılmasından yaxşıdır. (Geenna )
30 ၃၀ သင်၏လက်ယာလက်သည်သင့်အားမှောက်မှားစေ လျှင်ထိုလက်ကိုဖြတ်ပစ်လော့။ သင်၏ကိုယ်ခန္ဓာတစ် ခုလုံးငရဲသို့လားရသည်ထက်ကိုယ်အင်္ဂါတစ်ခု ချို့တဲ့ရခြင်းကသာ၍ကောင်း၏။ (Geenna )
Əgər sağ əlin səni pis yola çəkərsə, onu kəs at. Çünki sənin üçün bədən üzvlərindən birinin məhv olması bütün bədəninin cəhənnəmə düşməsindən yaxşıdır. (Geenna )
31 ၃၁ ``မိမိ၏မယားနှင့်ကွာရှင်းလိုသူသည်ဖြတ်စာ ကိုပေးအပ်ရမည်ဟုဆိုရိုးစကားရှိ၏။-
“Kim arvadını boşayarsa, ona talaq kağızı versin” deyilmişdir.
32 ၃၂ သို့ရာတွင်လူတစ်စုံတစ်ယောက်သည်မိမိ၏ဇနီး အားအကျင့်ဖောက်ပြားမှုမရှိဘဲကွာရှင်း၍ ထို အမျိုးသမီးကလည်းနောက်အိမ်ထောင်ပြုသည် ဆိုပါမူ ထိုသူသည်မိမိ၏ဇနီးအားမျောက်မ ထားစေရာရောက်၏။ ထိုအမျိုးသမီးနှင့်အိမ် ထောင်ပြုသူသည်လည်းသူတစ်ပါး၏အိမ်ရာ ကိုပြစ်မှားရာရောက်၏ဟုသင်တို့အားငါဆို၏။
Mənsə sizə deyirəm ki, cinsi əxlaqsızlıqdan başqa bir səbəbə görə arvadını boşayan hər kəs onu zinaya sövq edir. Boşanmış qadınla evlənən də zina edir.
33 ၃၃ ``ထို့အပြင်`သင်သည်သစ္စာကတိကိုမဖျက်ရ။ ဘုရားသခင်၏ရှေ့တော်တွင်သင်ထားရှိသည့် သစ္စာကတိအတိုင်းဆောင်ရွက်ရမည်' ဟူသော ပညတ်ကိုသင်တို့ကြားသိရလေပြီ။-
Yenə qədim zamanlarda adamlara “Yalandan and içmə, amma andlarını Rəbbin önündə yerinə yetir” deyildiyini eşitmisiniz.
34 ၃၄ သို့ရာတွင်သင်တို့သည်တစ်စုံတစ်ခုကိုကတိပြု သောအခါလုံးဝကျိန်ဆို၍မပြောကြနှင့်ဟု သင်တို့အားငါဆို၏။ ကောင်းကင်ဘုံကိုတိုင်တည် ၍မကျိန်ဆိုကြနှင့်။ ကောင်းကင်ဘုံသည်ဘုရား သခင်၏ပလ္လင်တော်ဖြစ်၏။-
Mənsə sizə deyirəm ki, heç and içmə, nə göyə, çünki o, Allahın taxtıdır;
35 ၃၅ ကမ္ဘာမြေကြီးကိုတိုင်တည်၍မကျိန်ဆိုကြနှင့်။ ကမ္ဘာမြေကြီးသည်ကိုယ်တော်၏ခြေတင်ခုံဖြစ်၏။ ယေရုရှလင်မြို့ကိုတိုင်တည်၍မကျိန်ဆိုကြနှင့်။ ယေရုရှလင်မြို့သည်ဘုရင်မင်းမြတ်၏နေပြည် တော်ဖြစ်၏။-
nə yerə, çünki yer Onun ayaqlarının altındakı kətildir; nə də Yerusəlimə, çünki ora böyük Padşahın şəhəridir.
36 ၃၆ မိမိ၏ဦးခေါင်းကိုတိုင်တည်၍လည်းမကျိန်ဆို ကြနှင့်။ အဘယ်ကြောင့်ဆိုသော်သင်တို့သည်ဆံပင် တစ်ပင်မျှကိုပင်ဖြူအောင်မတတ်နိုင်ကြသော ကြောင့်တည်း။-
Başına da and içmə, çünki sən hətta bir dənə saçı belə, ağ və ya qara edə bilməzsən.
37 ၃၇ သင်တို့သည် `ဟုတ်ပါသည်' သို့မဟုတ် `မဟုတ်ပါ' ဟူ၍သာပြောဆိုကြလော့။ ဤထက်ပိုသော စကားသည်မာရ်နတ်၏ထံမှရသောစကား ဖြစ်၏။
Ancaq sözünüzdə “bəli”niz bəli, “xeyr”iniz xeyr olsun. Bundan qalanı şər olandandır.
38 ၃၈ ``မျက်စိအစားမျက်စိ၊ သွားအစားသွားဟူ သောပညတ်ကိုသင်တို့ကြားသိရလေပြီ။-
“Göz əvəzinə göz, diş əvəzinə diş” deyildiyini eşitmisiniz.
39 ၃၉ သို့ရာတွင်သင့်အားပြစ်မှားသူကိုလက်စားမချေ နှင့်ဟုငါဆို၏။ သင်၏လက်ယာပါးကိုရိုက်သူ အားအခြားပါးတစ်ဖက်လည်းရိုက်စေဦးလော့။-
Mənsə sizə deyirəm ki, pis adama qarşı durma. Əksinə, sağ üzünə şillə vurana o birini də çevir.
40 ၄၀ သင်၏အတွင်းအင်္ကျီကိုယူလို၍တရားတွေ့သော သူအားသင်၏ဝတ်လုံကိုလည်းယူခွင့်ပြုလော့။-
Səni məhkəməyə verib köynəyini götürmək istəyənə üst paltarını da ver.
41 ၄၁ သင့်အားအနိုင်အထက်ပြု၍ခရီးတစ်မိုင်သွား စေသူနှင့်ခရီးနှစ်မိုင်သွားလော့။-
Kim səni min addım yol getməyə məcbur edirsə, sən onunla iki min addım yol get.
42 ၄၂ တောင်းခံသူအားပေးကမ်းလော့။ ချေးငှားလိုသူ အားလည်းချေးငှားလော့။
Səndən bir şey diləyənə ver, səndən borc istəyəni geri qaytarma.
43 ၄၃ ``မိတ်ဆွေကိုချစ်လော့။ ရန်သူကိုမုန်းလော့ဟူ သောပညတ်ကိုသင်တို့ ကြားသိရလေပြီ။-
“Qonşunu sev və düşməninə nifrət et” deyildiyini eşitmisiniz.
44 ၄၄ သို့ရာတွင်ရန်သူကိုချစ်ကြလော့ဟုသင်တို့ အားငါဆို၏။ သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူ တို့အတွက်မေတ္တာပို့ကြလော့။-
Mənsə sizə deyirəm ki, düşmənlərinizi sevin, sizi təqib edənlər üçün dua edin.
45 ၄၅ သို့မှသာသင်တို့သည်ကောင်းကင်ဘုံရှင်သင်တို့ အဖ၏သားများဖြစ်ကြလိမ့်မည်။ ကိုယ်တော်သည် လူဆိုးလူကောင်းများအပေါ်၌နေရောင်ခြည် ကိုသက်ရောက်စေတော်မူ၏။ သူတော်ကောင်း၊ သူ ယုတ်မာများအပေါ်၌မိုးကိုရွာစေတော်မူ၏။-
Belə ki siz göylərdə olan Atanızın övladları olasınız. Çünki O, günəşini həm pislərin, həm yaxşıların üzərinə doğurur, yağışını da həm salehlərin, həm də saleh olmayanların üzərinə yağdırır.
46 ၄၆ သင်တို့သည်မိမိတို့အားချစ်သောသူများကိုသာ ချစ်တုံ့ပြန်ပါမူ အဘယ်သို့လျှင်ဘုရားသခင်ထံ တော်မှကောင်းချီးကိုခံစားထိုက်ပါမည်နည်း။ အခွန် ခံသူများပင်လျှင်ဤသို့ပြုကြသည်မဟုတ်လော။-
Əgər sizi sevənləri sevirsinizsə, nə mükafatınız olacaq? Vergiyığanlar da belə etmirmi?
47 ၄၇ ထိုမှတစ်ပါးလည်းသင်တို့သည်ညီအစ်ကိုအချင်း ချင်းနှင့်သာလျှင်နှုတ်ဆက်ကြမည်ဆိုပါက သင်တို့ ၏အပြုအမူသည်အဘယ်သို့ထူးခြားမှုရှိနိုင် ပါမည်နည်း။ ဘုရားသခင်ကိုမသိသောသူများ ပင်လျှင်ဤသို့ပြုကြသည်။-
Əgər yalnız qardaşlarınızı salamlayırsınızsa, başqalarından artıq nə etmiş olursunuz? Bütpərəstlər də belə etmirmi?
48 ၄၈ ကောင်းကင်ဘုံရှင်သင်တို့၏အဖသည်ကောင်းမြတ် စုံလင်တော်မူသကဲ့သို့သင်တို့သည်လည်းကောင်း မြတ်စုံလင်ကြလော့။
Ona görə də Səmavi Atanız kamil olduğu kimi siz də kamil olun.