< မဿဲ 4 >

1 ထို​နောက်​မာရ်​နတ်​၏​စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို ခံ​စေ​ရန် ဝိ​ညာဉ်​တော်​သည်​သ​ခင်​ယေ​ရှု​ကို တော​ကန္တာ​ရ​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။-
さて、イエスは、悪魔の試みを受けるため、御霊に導かれて荒野に上って行かれた。
2 ကိုယ်​တော်​သည်​ရက်​လေး​ဆယ်​ပတ်​လုံး​အ​စာ ရှောင်​လျက်​နေ​ပြီး​နောက်​မွတ်​သိပ်​၍​လာ​တော် မူ​၏။-
そして、四十日四十夜断食したあとで、空腹を覚えられた。
3 ထို​အ​ခါ​မာရ်​နတ်​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``အ​ရှင်​သည်​ဘု​ရား​သ​ခင်​၏​သား​တော်​မှန် လျှင်​ဤ​ကျောက်​ခဲ​များ​ကို​မုန့်​ဖြစ်​လာ​စေ​ရန် အ​မိန့်​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။
すると、試みる者が近づいて来て言った。「あなたが神の子なら、この石がパンになるように、命じなさい。」
4 သို့​ရာ​တွင်​ကိုယ်​တော်​က ``လူ​သည်​အ​စား​အ​စာ အား​ဖြင့်​သာ​အ​သက်​ရှင်​ရ​မည်​မ​ဟုတ်။ ဘု​ရား သ​ခင်​၏​နှုတ်​တော်​ထွက်​စ​ကား​ရှိ​သ​မျှ​အား ဖြင့်​အ​သက်​ရှင်​ရ​မည်​ဟု​ကျမ်း​စာ​လာ​၏'' ဟူ ၍​မိန့်​တော်​မူ​၏။
イエスは答えて言われた。「『人はパンだけで生きるのではなく、神の口から出る一つ一つのことばによる。』と書いてある。」
5 ထို​အ​ခါ​မာရ်​နတ်​သည်​ကိုယ်​တော်​ကို​သန့်​ရှင်း မြင့်​မြတ်​သော​မြို့​တော်​ရှိ​ဗိ​မာန်​တော်​ထိပ်​ဖျား သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင်၊
すると、悪魔はイエスを聖なる都に連れて行き、神殿の頂に立たせて、
6 ``ဘု​ရား​သ​ခင်​သည်​သင့်​အား​ကာ​ကွယ်​စောင့် ရှောက်​ရန်​ကောင်း​ကင်​တ​မန်​တို့​အား အ​မိန့်​ပေး​တော်​မူ​မည်​ဖြစ်​ရာ၊သူ​တို့​သည် သင်​၏​ခြေ​ကို​ကျောက်​ခဲ​များ​နှင့်​မ​ထိ​မ​ခိုက်​မိ စေ​ရန်၊ သင့်​အား​ချီ​ပင့်​ကြ​လိမ့်​မည်​ဟု​ကျမ်း​စာ​တော်​တွင် ပါ​ရှိ​ပါ​၏။ သို့​ဖြစ်​၍​အ​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏ သား​တော်​မှန်​လျှင်​အောက်​သို့​ခုန်​ချ​ပါ​လော့'' ဟု​လျှောက်​၏။
言った。「あなたが神の子なら、下に身を投げてみなさい。『神は御使いたちに命じて、その手にあなたをささえさせ、あなたの足が石に打ち当たることのないようにされる。』と書いてありますから。」
7 သ​ခင်​ယေ​ရှု​က​လည်း ``သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​အ​စုံ​အ​စမ်း​မ​ပြု​ရ​ဟူ ၍​လည်း​ကျမ်း​စာ​တော်​တွင်​ပါ​ရှိ​၏'' ဟု​မိန့် တော်​မူ​၏။
イエスは言われた。「『あなたの神である主を試みてはならない。』とも書いてある。」
8 ထို​မှ​တစ်​ဖန်​မာရ်​နတ်​သည်​ကိုယ်​တော်​အား​မြင့် သော​တောင်​ပေါ်​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် လော​က နိုင်​ငံ​ရှိ​သ​မျှ​နှင့်​ထို​နိုင်​ငံ​တို့​၏​ဘုန်း​စည်း​စိမ် ကို​ညွှန်​ပြ​၏။-
今度は悪魔は、イエスを非常に高い山に連れて行き、この世のすべての国々とその栄華を見せて、
9 ထို​နောက် ``ကိုယ်​တော်​သည်​ငါ့​အား​ဦး​ညွှတ်​ရှိ​ခိုး မည်​ဆို​ပါ​က​ဤ​အ​ရာ​အ​လုံး​စုံ​ကို​ငါ​ပေး မည်'' ဟု​ဆို​၏။
言った。「もしひれ伏して私を拝むなら、これを全部あなたに差し上げましょう。」
10 ၁၀ ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``အ​ချင်း​မာရ်​နတ်၊ ငါ့​ထံ​မှ​ထွက်​ခွာ​သွား​လော့။ သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ​လျှင်​ဝတ်​ပြု​ရှိ​ခိုး​ရ​မည်။ ထို​အ​ရှင်​၏​အ​စေ​ကို​သာ​လျှင်​ခံ​ရ​မည်​ဟု ကျမ်း​စာ​လာ​သည်'' ဟု​မိန့်​တော်​မူ​၏။
イエスは言われた。「引き下がれ、サタン。『あなたの神である主を拝み、主にだけ仕えよ。』と書いてある。」
11 ၁၁ ထို​အ​ခါ​မာရ်​နတ်​သည်​အ​ထံ​တော်​မှ​ထွက်​ခွာ သွား​လေ​သည်။ ထို​နောက်​ကောင်း​ကင်​တ​မန်​တို့ သည်​ကိုယ်​တော်​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင်​လုပ် ကျွေး​ပြု​စု​ကြ​၏။
すると悪魔はイエスを離れて行き、見よ、御使いたちが近づいて来て仕えた。
12 ၁၂ သ​ခင်​ယေ​ရှု​သည်​ယော​ဟန်​အ​ဖမ်း​ခံ​ရ​ကြောင်း ကို​ကြား​သော​အ​ခါ​ဂါ​လိ​လဲ​ပြည်​သို့​ထွက်​ခွာ သွား​တော်​မူ​၏။-
ヨハネが捕えられたと聞いてイエスは、ガリラヤへ立ちのかれた。
13 ၁၃ ကိုယ်​တော်​သည်​နာ​ဇ​ရက်​မြို့​တွင်​နေ​ထိုင်​တော် မ​မူ​ဘဲ​ဇာ​ဗု​လုန်​နယ်​နှင့်​န​ဿ​လိ​နယ်​စပ်​ကြား၊ ဂါ​လိ​လဲ​အိုင်​အ​နီး​ရှိ​က​ပေ​ရ​နောင်​မြို့​သို့ သွား​ရောက်​နေ​ထိုင်​တော်​မူ​၏။-
そしてナザレを去って、カペナウムに来て住まわれた。ゼブルンとナフタリとの境にある、湖のほとりの町である。
14 ၁၄ ဤ​သို့​ပြု​တော်​မူ​ရ​ခြင်း​မှာ​ပ​ရော​ဖက်​ဟေ ရှာ​ယ​၏​ဟော​ကြား​ချက်​မှန်​ကန်​လာ​စေ​ရန် ပင်​ဖြစ်​သ​တည်း။ ပ​ရော​ဖက်​ဟေ​ရှာ​ယ​က၊
これは、預言者イザヤを通して言われた事が、成就するためであった。すなわち、
15 ၁၅ ``အို ဇာ​ဗု​လုန်​နယ်​နှင့်​န​ဿ​လိ​နယ်၊ယော်​ဒန်​မြစ် တစ်​ဖက်​ကမ်း၊အိုင်​လမ်း​တစ်​လျှောက်၊ လူ​မျိုး​ခြား​တို့​နေ​ထိုင်​ရာ​ဂါ​လိ​လဲ​ပြည်၊
「ゼブルンの地とナフタリの地、湖に向かう道、 ヨルダンの向こう岸、異邦人のガリラヤ。
16 ၁၆ အ​မှောင်​တွင်​နေ​ထိုင်​ကြ​သော​သူ​တို့​သည် အ​လင်း​ရောင်​ကြီး​ကို​မြင်​ရ​လေ​ပြီ။ သေ​မင်း​အ​ရိပ်​တွင်​နေ​ထိုင်​ကြ​သူ​တို့​၏​အ​ပေါ်​သို့ အ​လင်း​ရောင်​သက်​ရောက်​လိမ့်​မည်'' ဟု​ဟော​ကြား​ခဲ့​၏။
暗やみの中にすわっていた民は偉大な光を見、 死の地と死の陰にすわっていた人々に、 光が上った。」
17 ၁၇ ထို​အ​ခါ​မှ​စ​၍​သ​ခင်​ယေ​ရှု​သည် ``နောင်​တ​ရ ကြ​လော့။ ကောင်း​ကင်​နိုင်​ငံ​တော်​တည်​လု​နီး​ပြီ'' ဟု​ဟော​ကြား​တော်​မူ​၏။
この時から、イエスは宣教を開始して、言われた。「悔い改めなさい。天の御国が近づいたから。」
18 ၁၈ သ​ခင်​ယေ​ရှု​သည်​ဂါ​လိ​လဲ​အိုင်​အ​နီး​တွင်​လျှောက် သွား​တော်​မူ​စဉ် တံ​ငါ​သည်​ညီ​အစ်​ကို​နှစ်​ယောက်​ကို မြင်​တော်​မူ​၏။ သူ​တို့​ကား​ပေ​တ​ရု​ခေါ်​ရှိ​မုန်​နှင့် သူ​၏​ညီ​အန္ဒြေ-တို့​ပင်​ဖြစ်​၏။ သူ​တို့​သည်​အိုင်​ထဲ တွင်​ကွန်​ပစ်​လျက်​နေ​ကြ​၏။-
イエスがガリラヤ湖のほとりを歩いておられたとき、ふたりの兄弟、ペテロと呼ばれるシモンとその兄弟アンデレをご覧になった。彼らは湖で網を打っていた。漁師だったからである。
19 ၁၉ သ​ခင်​ယေ​ရှု​က ``လာ​ကြ။ ငါ့​နောက်​သို့​လိုက်​ကြ။ သင်​တို့​ကို​လူ​ဖမ်း​တံ​ငါ​များ​ဖြစ်​စေ​မည်'' ဟု သူ​တို့​အား​မိန့်​တော်​မူ​၏။-
イエスは彼らに言われた。「わたしについて来なさい。あなたがたを、人間をとる漁師にしてあげよう。」
20 ၂၀ သူ​တို့​သည်​ချက်​ချင်း​ပင်​မိ​မိ​တို့​၏​ပိုက်​ကွန် များ​ကို​စွန့်​ပစ်​၍​နောက်​တော်​သို့​လိုက်​ကြ​၏။
彼らはすぐに網を捨てて従った。
21 ၂၁ ကိုယ်​တော်​သည်​ထို​အ​ရပ်​မှ​ဆက်​လက်​၍​လျှောက် သွား​တော်​မူ​သော​အ​ခါ အ​ခြား​ညီ​အစ်​ကို​နှစ် ယောက်​ဖြစ်​သော​ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​ကို မြင်​တော်​မူ​၏။ သူ​တို့​သည်​ဇေ​ဗေ​ဒဲ​၏​သား​များ ဖြစ်​၍ မိ​မိ​တို့​ဖ​ခင်​နှင့်​အ​တူ​လှေ​ထဲ​တွင်​ပိုက် ကွန်​များ​ကို​အ​သင့်​ပြင်​လျက်​ရှိ​နေ​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​နောက်​တော်​သို့ လိုက်​ရန်​ခေါ်​ယူ​တော်​မူ​သော​အ​ခါ၊-
そこからなお行かれると、イエスは、別のふたりの兄弟、ゼベダイの子ヤコブとその兄弟ヨハネが、父ゼベダイといっしょに舟の中で網を繕っているのをご覧になり、ふたりをお呼びになった。
22 ၂၂ သူ​တို့​သည်​ချက်​ချင်း​ပင်​လှေ​နှင့်​ဖ​ခင်​ကို ထား​ခဲ့​၍​နောက်​တော်​သို့​လိုက်​ကြ​၏။
彼らはすぐに舟も父も残してイエスに従った。
23 ၂၃ ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်​တစ်​လျှောက်​လုံး ကြွ​တော်​မူ​လျက်​တ​ရား​ဇ​ရပ်​များ​တွင်​သွန် သင်​တော်​မူ​၏။ နိုင်​ငံ​တော်​အ​ကြောင်း​သ​တင်း ကောင်း​ကို​ဟော​ပြော​တော်​မူ​၏။-
イエスはガリラヤ全土を巡って、会堂で教え、御国の福音を宣べ伝え、民の中のあらゆる病気、あらゆるわずらいを直された。
24 ၂၄ ကိုယ်​တော်​၏​သ​တင်း​သည်​ရှု​ရိ​ပြည်​တစ်​ဝှမ်း​လုံး တွင်​ပျံ့​နှံ့​၍​သွား​သ​ဖြင့်​လူ​တို့​သည်​နတ်​ပူး​ဝင် သူ၊ ဝက်​ရူး​နာ​စွဲ​ကပ်​သူ၊ ခြေ​လက်​သေ​သူ​မှ​စ​၍ အ​မျိုး​မျိုး​သော​အ​နာ​ရောဂါ​စွဲ​ကပ်​သူ​ဝေ​ဒ​နာ ရှင်​များ​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​အ​ပေါင်း​တို့​အား​ရော​ဂါ ပျောက်​ကင်း​စေ​တော်​မူ​၏။-
イエスのうわさはシリヤ全体に広まった。それで、人々は、さまざまの病気と痛みに苦しむ病人、悪霊につかれた人、てんかん持ちや、中風の者などをみな、みもとに連れて来た。イエスは彼らをお直しになった。
25 ၂၅ ဂါ​လိ​လဲ​ပြည်၊ ဒေ​က​ပေါ​လိ​ပြည်၊ ယေ​ရု​ရှ​လင် မြို့၊ ယု​ဒ​ပြည်​နှင့်​ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​မှ လူ​ပ​ရိ​သတ်​ကြီး​များ​သည်​ကိုယ်​တော်​၏​နောက် တော်​သို့​လိုက်​ကြ​ကုန်​၏။
こうしてガリラヤ、デカポリス、エルサレム、ユダヤおよびヨルダンの向こう岸から大ぜいの群衆がイエスにつき従った。

< မဿဲ 4 >