< မဿဲ 3 >
1 ၁ ထိုအခါကာလ၌ဗတ္တိဇံဆရာယောဟန် သည် ``နောင်တရကြလော့။ ကောင်းကင်နိုင်ငံ တော်တည်လုနီးပြီ'' ဟုယုဒတောကန္တာရ၌ ဟောပြောလျက်ပေါ်ထွန်းလာ၏။-
In those days, John the Baptizer came, preaching in the wilderness of Judea, saying,
“Repent, for the Kingdom of Heaven is at hand!”
3 ၃ ပရောဖက်ဟေရှာယက၊ `` `ကိုယ်တော်ရှင်ကြွတော်မူရာလမ်းကို အသင့်ပြင်ဆင်ကြလော့။ ထိုအရှင်၏လမ်းကိုဖြောင့်တန်းအောင် ပြုကြလော့' ဟု တောကန္တာရ၌လူတစ်ယောက်ကြွေးကြော်လျက်နေ၏'' ဟူ၍ဖော်ပြရာ၌ယောဟန်ကိုပင်ဆိုလိုသတည်း။
For this is he who was spoken of by Isaiah the prophet, saying, “The voice of one crying in the wilderness, make the way of the Lord ready! Make his paths straight!”
4 ၄ ယောဟန်သည်ကုလားအုတ်မွေးအဝတ်ကြမ်းကို ဝတ်၍ သားရေခါးပန်းကြိုးကိုစည်းထား၏။ သူ ၏အစားအစာမှာကျိုင်းကောင်နှင့်ပျားရည်ဖြစ်၏။-
Now John himself wore clothing made of camel’s hair with a leather belt around his waist. His food was locusts and wild honey.
5 ၅ ယေရုရှလင်မြို့သူမြို့သားတို့သည်လည်းကောင်း၊ ယုဒပြည်တစ်ပြည်လုံးနှင့်ယော်ဒန်မြစ်ဝှမ်းဒေသ မှလူအပေါင်းတို့သည်လည်းကောင်းယောဟန်ထံ သို့လာကြ၏။-
Then people from Jerusalem, all of Judea, and all the region around the Jordan went out to him.
6 ၆ သူတို့သည်မိမိတို့၏အပြစ်များကိုဖော်ပြ ဝန်ခံကြသဖြင့် ယောဟန်သည်ယော်ဒန်မြစ် တွင်သူတို့အားဗတ္တိဇံမင်္ဂလာကိုပေး၏။
They were baptized by him in the Jordan, confessing their sins.
7 ၇ ဖာရိရှဲနှင့်ဇဒ္ဒုကဲအမြောက်အမြားပင်ဗတ္တိဇံ မင်္ဂလာခံယူရန်လာကြသည်ကိုမြင်လျှင် ယောဟန် က ``အချင်းမြွေဆိုးတို့၊ သက်ရောက်လတ္တံ့သောဘုရား သခင်၏အမျက်တော်မှလွတ်မြောက်နိုင်သည်ဟု သင်တို့အားအဘယ်သူပြောသနည်း။-
But when he saw many of the Pharisees and Sadducees coming for his baptism, he said to them, “You offspring of vipers, who warned you to flee from the wrath to come?
8 ၈ အကယ်ပင်နောင်တရကြောင်းကိုသင်တို့၏ အကျင့်အားဖြင့်ပြကြလော့။-
Therefore produce fruit worthy of repentance!
9 ၉ အာဗြဟံသည်ငါတို့၏အဖဖြစ်သည်ဟူ၍ ပြောဆိုရုံမျှဖြင့် သင်တို့သည်အပြစ်မှလွတ်ငြိမ်း ခွင့်ကိုရရှိလိမ့်မည်ဟုမထင်ကြနှင့်။ ဘုရားသခင် သည်ဤကျောက်ခဲများမှ အာဗြဟံ၏သားများ ကိုဖန်ဆင်းတော်မူနိုင်သည်ဟုသင်တို့အား ငါဆို၏။-
Don’t think to yourselves, ‘We have Abraham for our father,’ for I tell you that God is able to raise up children to Abraham from these stones.
10 ၁၀ သစ်ပင်များအားအမြစ်ရင်းမှခုတ်လှဲပစ်ရန် ပုဆိန်ကိုအသင့်ထားရှိပြီဖြစ်၍ အသီးကောင်း ကိုမသီးသည့်အပင်ဟူသမျှသည်ခုတ်လှဲ၍ မီးထဲသို့ပစ်ချခြင်းခံရလိမ့်မည်။-
Even now the ax lies at the root of the trees. Therefore every tree that doesn’t produce good fruit is cut down, and cast into the fire.
11 ၁၁ သင်တို့နောင်တရသည့်အတွက် ငါသည်သင်တို့ အားရေဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ ငါ၏နောက် တွင်ကြွလာမည့်အရှင်သည်ကား သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း၊ ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလတ္တံ့။ ထိုအရှင်သည် ငါ့ထက်ကြီးမြတ်၏။ ငါသည်ထိုအရှင်၏ဖိနပ် ကိုမျှမကိုင်ဆောင်ထိုက်။-
“I indeed baptize you in water for repentance, but he who comes after me is mightier than I, whose sandals I am not worthy to carry. He will baptize you in the Holy Spirit.
12 ၁၂ လက်တော်တွင်စပါးလှေ့ရန်ဆန်ကောကိုကိုင်၍ ထားတော်မူ၏။ မိမိ၏ကောက်နယ်တလင်းကို ရှင်းလင်းပြီးနောက် ဂျုံစပါးကိုကျီတွင်စုသိမ်း ထားတော်မူလိမ့်မည်။ အဖျင်းများကိုမူငြိမ်း သတ်၍မရနိုင်သောမီးနှင့်ရှို့တော်မူလိမ့်မည်'' ဟုဟောပြော၏။
His winnowing fork is in his hand, and he will thoroughly cleanse his threshing floor. He will gather his wheat into the barn, but the chaff he will burn up with unquenchable fire.”
13 ၁၃ ထိုအခါသခင်ယေရှုသည်ယောဟန်ထံတွင် ဗတ္တိဇံမင်္ဂလာကိုခံယူရန်ဂါလိလဲပြည်မှ ယော်ဒန်မြစ်သို့ကြွလာတော်မူ၏။-
Then Jesus came from Galilee to the Jordan to John, to be baptized by him.
14 ၁၄ သို့ရာတွင်ယောဟန်က ``အကျွန်ုပ်သည်အရှင်၏ ထံတွင် ဗတ္တိဇံမင်္ဂလာကိုခံယူသင့်သူဖြစ်ပါ လျက် အရှင်သည်အကျွန်ုပ်၏ထံသို့ကြွလာတော် မူပါသလော'' ဟုဆို၍ဆီးတားလေ၏။
But John would have hindered him, saying, “I need to be baptized by you, and you come to me?”
15 ၁၅ သခင်ယေရှုက ``ဘုရားသခင်ပြဋ္ဌာန်းတော်မူ သမျှသောအမှုတို့ကိုလိုက်နာဆောင်ရွက်သင့် သည်ဖြစ်၍ ယခုငါ့အားဗတ္တိဇံမင်္ဂလာပေးပါ လော့'' ဟုမိန့်တော်မူ၏။ ထိုအခါယောဟန်သည် သဘောတူလေ၏။
But Jesus, answering, said to him, “Allow it now, for this is the fitting way for us to fulfill all righteousness.” Then he allowed him.
16 ၁၆ သခင်ယေရှုသည်ဗတ္တိဇံကိုခံယူပြီးလျှင်ပြီး ချင်း ရေမှတက်တော်မူသောအခါ၊ မိုးကောင်းကင် သည်ကိုယ်တော်ရှင်အတွက်ကွဲဟလျက် ဘုရား သခင်၏ဝိညာဉ်တော်သည်ချိုးငှက်အသွင်ဖြင့် ကိုယ်တော်၏အပေါ်မှာနားတော်မူသည်ကိုမြင် တော်မူ၏။-
Jesus, when he was baptized, went up directly from the water: and behold, the heavens were opened to him. He saw the Spirit of God descending as a dove, and coming on him.
17 ၁၇ ထိုနောက် ``ဤသူကားငါ၏ချစ်သားဖြစ်၏။ သူ့ကိုငါနှစ်သက်မြတ်နိုး၏'' ဟုကောင်းကင်မှ အသံတော်ပေါ်ထွက်လာ၏။
Behold, a voice out of the heavens said, “This is my beloved Son, with whom I am well pleased.”