< မဿဲ 28 >
1 ၁ ဥပုသ်နေ့ကုန်လွန်ပြီးနောက်တနင်္ဂနွေနေ့မိုးလင်း စပြုသောအခါ မာဂဒလမြို့သူမာရိနှင့် အခြားမာရိတို့သည်သင်္ချိုင်းတော်သို့လာကြ၏။-
Men efter Sabbaten, da det gryede ad den første Dag i Ugen, kom Maria Magdalene og den anden Maria for at se til Graven.
2 ၂ ထိုအချိန်၌မြေငလျင်ပြင်းစွာလှုပ်လေသည်။ ဘုရားသခင်၏ကောင်းကင်တမန်သည်ကောင်းကင် ဘုံမှဆင်းသက်လာ၍ သင်္ချိုင်းဂူဝမှကျောက်တုံး ကိုလှိမ့်ဖယ်လိုက်ပြီးလျှင်ထိုကျောက်တုံးပေါ်မှာ ထိုင်နေ၏။-
Og se, der skete et stort Jordskælv; thi en Herrens Engel for ned fra Himmelen og traadte til og væltede Stenen bort og satte sig paa den.
3 ၃ သူ၏အဆင်းသဏ္ဌာန်သည်လျှပ်စစ်လက်သကဲ့သို့ ဖြစ်၍သူ၏အဝတ်သည်မိုးပွင့်ကဲ့သို့ဖြူ၏။-
Men hans Udseende var ligesom et Lyn og hans Klædebon hvidt som Sne.
4 ၄ အစောင့်တပ်သားများသည်လွန်စွာကြောက်လန့် သဖြင့်တုန်လှုပ်ကာသေသကဲ့သို့ဖြစ်ကြ၏။
Men de, som holdt Vagt, skælvede af Frygt for ham og bleve som døde.
5 ၅ ကောင်းကင်တမန်ကအမျိုးသမီးတို့အား ``မ ကြောက်ကြနှင့်။ လက်ဝါးကပ်တိုင်တွင်တင်၍ အသတ်ခံရသည့်ယေရှုကိုသင်တို့ရှာနေ ကြောင်းကိုငါသိ၏။-
Men Engelen tog til Orde og sagde til Kvinderne: „I skulle ikke frygte! thi jeg ved, at I lede efter Jesus den korsfæstede.
6 ၆ ကိုယ်တော်သည်ယခင်ကမိန့်တော်မူသည့်အတိုင်း သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ လျောင်း တော်မူသည့်နေရာကိုကြည့်ကြလော့။-
Han er ikke her; thi han er opstanden, som han har sagt. Kommer hid, ser Stedet, hvor Herren laa!
7 ၇ တပည့်တော်တို့ထံသို့အလျင်အမြန်သွား၍ `ကိုယ် တော်သည်သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ သင်တို့အလျင်ဂါလိလဲပြည်သို့ကြွတော်မူမည် ဖြစ်၍ ထိုအရပ်တွင်ကိုယ်တော်ကိုသင်တို့တွေ့ရ ကြလိမ့်မည်' ဟုပြောကြားကြလော့။ ငါပြော သည့်စကားကိုမမေ့ကြနှင့်'' ဟုဆို၏။
Og gaar hastigt hen og siger hans Disciple, at han er opstanden fra de døde; og se, han gaar forud for eder til Galilæa; der skulle I se ham. Se, jeg har sagt eder det.”
8 ၈ အမျိုးသမီးတို့သည်ကြောက်လန့်သော်လည်း အလွန်ရွှင်လန်းဝမ်းမြောက်စွာသင်္ချိုင်းဂူမှအလျင် အမြန်ထွက်ခွာ၍ တပည့်တော်တို့အားထိုသတင်း ကိုပြောကြားရန်ပြေးကြ၏။
Og de gik hastigt bort fra Graven med Frygt og stor Glæde og løb hen for at forkynde hans Disciple det.
9 ၉ ထိုအချိန်၌သခင်ယေရှုသည်သူတို့၏ထံသို့ ရောက်ရှိလာကာ ``သင်တို့သည်မင်္ဂလာရှိပါစေ သော'' ဟုမိန့်တော်မူ၏။ ထိုအမျိုးသမီးတို့ သည်အထံတော်သို့ချဉ်းကပ်၍ခြေတော်ကို ဖက်ယမ်းလျက်ပျပ်ဝပ်ရှိခိုးကြ၏။-
Men medens de gik for at forkynde hans Disciple det, se, da mødte Jesus dem og sagde: „Hil være eder!” Men de traadte til og omfavnede hans Fødder og tilbade ham.
10 ၁၀ ထိုအခါသခင်ယေရှုက ``မကြောက်ကြနှင့်။ သွား၍ငါ၏ညီအစ်ကိုများအားဂါလိလဲ ပြည်သို့သွားရန်ပြောကြားကြလော့။ သူတို့ သည်ထိုပြည်တွင်ငါ့ကိုမြင်ရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Da siger Jesus til dem: „Frygter ikke! gaar hen og forkynder mine Brødre, at de skulle gaa bort til Galilæa, og der skulle de se mig.”
11 ၁၁ အမျိုးသမီးတို့ထွက်ခွာသွားကြစဉ်အစောင့် တပ်သားအချို့တို့သည်မြို့ထဲသို့ဝင်၍ ယဇ်ပုရော ဟိတ်ကြီးများအားဖြစ်ပျက်သည့်အကြောင်း အရာအလုံးစုံကိုကြားပြောကြ၏။-
Men medens de gik derhen, se, da kom nogle af Vagten ind i Staden og meldte Ypperstepræsterne alt det, som var sket.
12 ၁၂ ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာရေးခေါင်း ဆောင်များသည်စုရုံးတိုင်ပင်ကြပြီးနောက်စစ် သားများအားငွေအမြောက်အမြားပေး၍၊-
Og de samledes med de Ældste og holdt Raad og gave Stridsmændene rigelige Penge
13 ၁၃ ``ညဥ့်အခါငါတို့အိပ်ပျော်နေခိုက်ထိုသူ၏ တပည့်တို့သည်လာ၍အလောင်းကိုခိုးယူသွား ကြပါသည်'' ဟုပြောကြလော့။-
og sagde: „Siger: Hans Disciple kom om Natten og stjal ham, medens vi sov.
14 ၁၄ အကယ်၍ထိုသတင်းကိုဘုရင်ခံမင်းကြားသိ သွားပါလျှင် သင်တို့အပေါ်တွင်အမှုမပတ်စေရန် သူ့အားငါတို့ဖျောင်းဖျပေးမည်'' ဟုဆိုကြ၏။
Og dersom Landshøvdingen faar det at høre, ville vi stille ham tilfreds og holde eder angerløse.”
15 ၁၅ စစ်သားတို့သည်ငွေကိုယူ၍ယဇ်ပုရောဟိတ်ကြီး များသင်ကြားပေးလိုက်သည့်အတိုင်းပြောကြ၏။ စစ်သားတို့ပြောကြားသည့်သတင်းကိုယနေ့တိုင် အောင်ယုဒအမျိုးသားတို့သည်အနှံ့အြုပားပြောဆို ကြ၏။
Men de toge Pengene og gjorde, som det var lært dem. Og dette Ord blev udspredt iblandt Jøderne indtil den Dag i Dag.
16 ၁၆ တပည့်တော်တစ်ဆယ့်တစ်ဦးတို့သည်သခင်ယေရှု မှာကြားတော်မူသည့်အတိုင်းဂါလိလဲပြည် တောင်ပေါ်သို့သွားကြ၏။-
Men de elleve Disciple gik til Galilæa, til det Bjerg, hvor Jesus havde sat dem Stævne.
17 ၁၇ သူတို့သည်ကိုယ်တော်ကိုတွေ့မြင်သောအခါ ပျပ်ဝပ်ရှိခိုးကြ၏။ သို့ရာတွင်ထိုသူတို့အနက် အချို့သောသူတို့သည်ယုံမှားသံသယဖြစ် ကြ၏။-
Og da de saa ham, tilbade de ham; men nogle tvivlede.
18 ၁၈ သခင်ယေရှုသည်တပည့်တော်တို့အနီးသို့ကြွလာ တော်မူလျက် ``ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်းရှိသမျှသောတန်ခိုး အာဏာတို့ကိုငါခံယူရရှိထားလေပြီ။-
Og Jesus traadte frem, talte til dem og sagde: „Mig er given al Magt i Himmelen og paa Jorden.
19 ၁၉ သို့ဖြစ်၍သင်တို့သည်သွား၍လူမျိုးတကာတို့ ကိုငါ့တပည့်ဖြစ်စေကြလော့။ သူတို့အားခမည်း တော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ ကိုအမှီပြု၍ဗတ္တိဇံမင်္ဂလာကိုပေးကြလော့။-
Gaar derfor hen og gører alle Folkeslagene til mine Disciple, idet I døbe dem til Faderens og Sønnens og den Helligaands Navn,
20 ၂၀ သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။ (aiōn )
og idet I lære dem at holde alt det, som jeg har befalet eder. Og se, jeg er med eder alle Dage indtil Verdens Ende.” (aiōn )