< မဿဲ 27 >
1 ၁ နံနက်စောစော၌ယဇ်ပုရောဟိတ်ကြီးများနှင့် ဘာသာရေးခေါင်းဆောင်များသည် သခင်ယေရှု ကိုသတ်ရန်တိုင်ပင်ကြ၏။-
Venuto il mattino, tutti i sommi sacerdoti e gli anziani del popolo tennero consiglio contro Gesù, per farlo morire.
2 ၂ ထိုနောက်ကိုယ်တော်ကိုချည်နှောင်၍ရောမဘုရင်ခံ ပိလတ်မင်းထံပို့ဆောင်၍အပ်လိုက်ကြ၏။
Poi, messolo in catene, lo condussero e consegnarono al governatore Pilato.
3 ၃ ထိုနောက်ကိုယ်တော်အားရန်သူ့လက်သို့အပ်ခဲ့သူ ယုဒသည် ကိုယ်တော်သေဒဏ်စီရင်ခြင်းခံရကြောင်း ကိုသိမြင်လျှင် နောင်တရလျက်ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာရေးခေါင်း ဆောင်များထံသို့ပြန်၍ယူခဲ့ပြီးလျှင်၊-
Allora Giuda, il traditore, vedendo che Gesù era stato condannato, si pentì e riportò le trenta monete d'argento ai sommi sacerdoti e agli anziani
4 ၄ ``အကျွန်ုပ်သည်အပြစ်ကင်းသူကိုသေစေရန်အပ် မိပါပြီ'' ဟုဆို၏။ သို့ရာတွင်ထိုသူတို့က ``ဤ ကိစ္စသည်ငါတို့နှင့်မည်သို့ဆိုင်ပါသနည်း။ သင် ၏တာဝန်သာဖြစ်၏'' ဟုပြန်ပြောကြ၏။-
dicendo: «Ho peccato, perché ho tradito sangue innocente». Ma quelli dissero: «Che ci riguarda? Veditela tu!».
5 ၅ ထိုအခါယုဒသည်ငွေဒင်္ဂါးသုံးဆယ်ကိုဗိမာန် တော်တွင်ပစ်ချကာထွက်သွား၏။ ထိုနောက်အခြား သို့သွားပြီးလျှင်ကြိုးဆွဲချ၍သေလေ၏။
Ed egli, gettate le monete d'argento nel tempio, si allontanò e andò ad impiccarsi.
6 ၆ ယဇ်ပုရောဟိတ်ကြီးများသည်ထိုငွေကိုကောက်ယူ ၍ ``ဤငွေကားသွေးဖိုးငွေဖြစ်၏။ သို့ဖြစ်၍ဤငွေ ကိုဘဏ္ဍာတော်တိုက်ထဲသို့မသွင်းအပ်'' ဟုဆိုကြ၏။-
Ma i sommi sacerdoti, raccolto quel denaro, dissero: «Non è lecito metterlo nel tesoro, perché è prezzo di sangue».
7 ၇ သူတို့သည်ဆွေးနွေးတိုင်ပင်ကြပြီးလျှင်ထိုငွေ ဖြင့် အိုးထိန်းသည်၏လယ်မြေကိုလူမျိုးခြားသား သင်္ချိုင်းအဖြစ်အသုံးပြုရန်ဝယ်ယူကြ၏။-
E tenuto consiglio, comprarono con esso il Campo del vasaio per la sepoltura degli stranieri.
8 ၈ သို့ဖြစ်၍ထိုလယ်သည်ယနေ့တိုင်အောင် ``သွေးမြေ'' ဟူ၍ခေါ်တွင်သတည်း။
Perciò quel campo fu denominato "Campo di sanguè'fino al giorno d'oggi.
9 ၉ ပရောဖက်ယေရမိက ``သူတို့သည်ထိုသူ၏ တန်ဖိုးအဖြစ်ဣသရေလအမျိုးသားတို့အကဲ ဖြတ်ပေးသည့်ငွေဒင်္ဂါးသုံးဆယ်ကိုယူပြီးလျှင် ထာဝရဘုရားငါ့အားမှာကြားတော်မူသည့် အတိုင်းအိုးထိန်းသည်၏လယ်မြေကိုဝယ်ယူ ကြ၏'' ဟုဟောကြားခဲ့သည့်စကားသည်ထို အချိန်၌မှန်၍လာတော့၏။
Allora si adempì quanto era stato detto dal profeta Geremia: E presero trenta denari d'argento, il prezzo del venduto, che i figli di Israele avevano mercanteggiato,
e li diedero per il campo del vasaio, come mi aveva ordinato il Signore.
11 ၁၁ ရောမဘုရင်ခံမင်း၏ရှေ့သို့သခင်ယေရှုရောက်ရှိ သောအခါဘုရင်ခံမင်းက ``သင်သည်ယုဒရှင် ဘုရင်ပေလော'' ဟုမေး၏။ ကိုယ်တော်က ``သင်ဆို သည်အတိုင်းငါဖြစ်၏'' ဟုမိန့်တော်မူ၏။
Gesù intanto comparve davanti al governatore, e il governatore l'interrogò dicendo: «Sei tu il re dei Giudei?». Gesù rispose «Tu lo dici».
12 ၁၂ သို့ရာတွင်ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာ ရေးခေါင်းဆောင်များပြစ်တင်စွပ်စွဲချက်များကို ကိုယ်တော်သည်မည်သို့မျှဖြေကြားတော်မမူ။
E mentre lo accusavano i sommi sacerdoti e gli anziani, non rispondeva nulla.
13 ၁၃ ထိုအခါပိလတ်မင်းက ``သင့်အားထိုသူတို့သည် မည်မျှပြစ်တင်စွပ်စွဲလျက်ရှိကြသည်ကိုသင် သည်မကြားပါသလော'' ဟုဆို၏။
Allora Pilato gli disse: «Non senti quante cose attestano contro di te?».
14 ၁၄ သို့ရာတွင်ကိုယ်တော်သည်စကားတစ်ခွန်းကိုမျှ ပြန်လည်မိန့်ကြားတော်မမူ။ သို့ဖြစ်၍ဘုရင်ခံ မင်းသည်လွန်စွာအံ့သြလေ၏။
Ma Gesù non gli rispose neanche una parola, con grande meraviglia del governatore.
15 ၁၅ ရောမဘုရင်ခံမင်းသည်ပသခါပွဲအခါကျ တိုင်း လူပရိသတ်တို့တောင်းသည့်အကျဉ်းသမား တစ်ယောက်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့ ရှိ၏။-
Il governatore era solito, per ciascuna festa di Pasqua, rilasciare al popolo un prigioniero, a loro scelta.
16 ၁၆ ထိုအချိန်၌ယေရှုဗာရဗ္ဗဆိုသူနာမည်ဆိုး အကျဉ်းသမားတစ်ယောက်ရှိ၏။-
Avevano in quel tempo un prigioniero famoso, detto Barabba.
17 ၁၇ သို့ဖြစ်၍လူတို့စုရုံးလာကြသောအခါပိလတ်မင်း က ``သင်တို့အတွက်မည်သူ့အားလွတ်ငြိမ်းချမ်းသာ ခွင့်ပေးစေလိုသနည်း။ ယေရှုဗာရဗ္ဗလော။ ခရစ်တော် ဆိုသူယေရှုလော'' ဟုမေး၏။-
Mentre quindi si trovavano riuniti, Pilato disse loro: «Chi volete che vi rilasci: Barabba o Gesù chiamato il Cristo?».
18 ၁၈ ထိုသူတို့မနာလို၍ယေရှုအားမိမိလက်သို့ အပ်နှံကြကြောင်းကိုပိလတ်မင်းသိသတည်း။
Sapeva bene infatti che glielo avevano consegnato per invidia.
19 ၁၉ ပိလတ်မင်းသည်တရားခွင်တွင်ထိုင်လျက်နေစဉ် သူ၏ဇနီးသည်လူတစ်ယောက်ကိုစေလွှတ်၍ ``ထို အပြစ်ကင်းသူနှင့်ပတ်သက်၍မည်သည့်အရာ ကိုမျှမပြုပါနှင့်။ အကျွန်ုပ်သည်ယမန်ညက အိပ်မက်တွင်သူ၏အတွက်စိတ်ဒုက္ခများစွာ ရောက်ရပါ၏'' ဟုပြောစေ၏။
Mentre egli sedeva in tribunale, sua moglie gli mandò a dire: «Non avere a che fare con quel giusto; perché oggi fui molto turbata in sogno, per causa sua».
20 ၂၀ ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာရေးခေါင်း ဆောင်များသည် ``ဗာရဗ္ဗအားလွတ်ငြိမ်းချမ်းသာ ခွင့်ပေးပါ။ ယေရှုကိုသတ်ပါ'' ဟုပိလတ်မင်း ထံတောင်းဆိုရန်ပရိသတ်တို့အားတိုက်တွန်း ကြ၏။-
Ma i sommi sacerdoti e gli anziani persuasero la folla a richiedere Barabba e a far morire Gesù.
21 ၂၁ ဘုရင်ခံမင်းက ``ဤသူနှစ်ယောက်အနက်မည်သူ့ ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးစေလိုသနည်း'' ဟု မေး၏။ လူတို့က ``ဗာရဗ္ဗကိုလွှတ်ပေးပါ'' ဟုဆို ကြ၏။
Allora il governatore domandò: «Chi dei due volete che vi rilasci?». Quelli risposero: «Barabba!».
22 ၂၂ ပိလတ်မင်းက ``သို့ဖြစ်လျှင်ခရစ်တော်ဆိုသူ ကိုငါအဘယ်သို့ပြုရမည်နည်း'' ဟုမေး၏။ ထိုသူအပေါင်းတို့က ``သူ့အားလက်ဝါးကပ် တိုင်တွင်တင်၍သတ်ပါ'' ဟုဆိုကြ၏။
Disse loro Pilato: «Che farò dunque di Gesù chiamato il Cristo?». Tutti gli risposero: «Sia crocifisso!».
23 ၂၃ ပိလတ်မင်းက ``သူသည်အဘယ်အပြစ်ကို ကူးလွန်သနည်း'' ဟုမေး၏။ သို့ရာတွင်ထိုသူတို့က ``သူ့အားလက်ဝါးကပ် တိုင်တွင်တင်၍သတ်ပါ'' ဟုအသံကုန်ဟစ်အော် ကြ၏။
Ed egli aggiunse: «Ma che male ha fatto?». Essi allora urlarono: «Sia crocifisso!».
24 ၂၄ ပိလတ်မင်းသည်မိမိရှေ့ဆက်လက်ပြောဆိုရန် မဖြစ်၊ ရုန်းရင်းဆန်ခတ်ဖြစ်မည့်အရိပ်အရောင် ကိုသာသိမြင်လာသဖြင့်ရေကိုယူ၍ ``ဤသူ သေရခြင်းမှာငါ၏တာဝန်မဟုတ်၊ သင်တို့၏ တာဝန်သာဖြစ်သည်'' ဟုဆိုကာလူတို့ရှေ့တွင် မိမိ၏လက်ကိုဆေး၏။
Pilato, visto che non otteneva nulla, anzi che il tumulto cresceva sempre più, presa dell'acqua, si lavò le mani davanti alla folla: «Non sono responsabile, disse, di questo sangue; vedetevela voi!».
25 ၂၅ လူအပေါင်းတို့က ``ထိုသူသေရခြင်းအတွက် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏သားမြေးများ ၏တာဝန်ဖြစ်ပါစေ'' ဟုဆိုကြ၏။
E tutto il popolo rispose: «Il suo sangue ricada sopra di noi e sopra i nostri figli».
26 ၂၆ ထိုအခါပိလတ်မင်းသည်ဗာရဗ္ဗကိုလွတ်ငြိမ်းချမ်း သာခွင့်ပေး၍သခင်ယေရှုကိုကြိမ်ဒဏ်ခတ်စေပြီး လျှင် လက်ဝါးကပ်တိုင်တွင်တင်၍သတ်ရန်အပ်လိုက်၏။
Allora rilasciò loro Barabba e, dopo aver fatto flagellare Gesù, lo consegnò ai soldati perché fosse crocifisso.
27 ၂၇ ပိလတ်မင်း၏စစ်သားများသည်သခင်ယေရှုကို ဘုရင်ခံမင်းအိမ်တော်သို့ခေါ်ဆောင်သွားကြ၏။ ထိုနောက်ခြေလျင်တပ်ခွဲတစ်တပ်လုံးသည်ကိုယ် တော်ပတ်လည်စုရုံးလာကြ၏။-
Allora i soldati del governatore condussero Gesù nel pretorio e gli radunarono attorno tutta la coorte.
28 ၂၈ စစ်သားများသည်ကိုယ်တော်အားအဝတ်တော် ကိုချွတ်၍ကမ္ဗလာနီဝတ်လုံကိုခြုံပေးကြ၏။-
Spogliatolo, gli misero addosso un manto scarlatto
29 ၂၉ ထိုနောက်ဆူးခက်ဖြင့်ရက်သည့်သရဖူကိုဆောင်း ပေးကြ၏။ ကူရိုးတစ်ချောင်းကိုလက်ယာလက်တော် တွင်ထည့်ပေးကြ၏။ ထိုနောက်ရှေ့တော်တွင်ဒူးထောက် လျက် ``ယုဒဘုရင်၊ သက်တော်ရှည်ပါစေသော'' ဟု ပြက်ရယ်ပြုကြ၏။-
e, intrecciata una corona di spine, gliela posero sul capo, con una canna nella destra; poi mentre gli si inginocchiavano davanti, lo schernivano: «Salve, re dei Giudei!».
30 ၃၀ သူတို့သည်ကိုယ်တော်ကိုတံတွေးနှင့်ထွေးကြ၏။ ကူရိုးကိုယူ၍ခေါင်းတော်ကိုရိုက်ကြ၏။-
E sputandogli addosso, gli tolsero di mano la canna e lo percuotevano sul capo.
31 ၃၁ ဤသို့ပြောင်လှောင်ကြပြီးလျှင်ကမ္ဗလာနီဝတ်လုံ ကိုချွတ်၍ကိုယ်တော်၏အဝတ်ကိုပြန်ဝတ်ပေးကြ ၏။ ထိုနောက်လက်ဝါးကပ်တိုင်တွင်တင်၍သတ်ရန် ကိုယ်တော်ကိုခေါ်ဆောင်သွားကြ၏။
Dopo averlo così schernito, lo spogliarono del mantello, gli fecero indossare i suoi vestiti e lo portarono via per crocifiggerlo.
32 ၃၂ သူတို့သည်ထွက်လာကြစဉ်ရှိမုန်နာမည်ရှိသူ ကုရေနေပြည်သားတစ်ယောက်ကိုတွေ့သဖြင့် ထိုသူအားအတင်းအကြပ်ခေါ်၍ကိုယ်တော်၏ လက်ဝါးကပ်တိုင်ကိုထမ်းစေကြ၏။-
Mentre uscivano, incontrarono un uomo di Cirene, chiamato Simone, e lo costrinsero a prender su la croce di lui.
33 ၃၃ ဦးခေါင်းခွံအရပ်ဟုအဋ္ဌိပ္ပါယ်ရှိသောဂေါလ ဂေါသနာမည်တွင်သည့်အရပ်သို့ရောက်လျှင်၊-
Giunti a un luogo detto Gòlgota, che significa luogo del cranio,
34 ၃၄ သူတို့သည်ဆေးခါးနှင့်ရောစပ်ထားသောစပျစ် ရည်ကိုကိုယ်တော်အားတိုက်ကြ၏။ ကိုယ်တော်သည် မြည်းစမ်းကြည့်တော်မူပြီးလျှင်မသောက်ဘဲနေ တော်မူ၏။
gli diedero da bere vino mescolato con fiele; ma egli, assaggiatolo, non ne volle bere.
35 ၃၅ ထိုနောက်သူတို့သည်ကိုယ်တော်ကိုလက်ဝါးကပ် တိုင်တွင်တင်၍သတ်ကြ၏။ အဝတ်တော်များကို မဲချ၍ခွဲဝေကြ၏။-
Dopo averlo quindi crocifisso, si spartirono le sue vesti tirandole a sorte.
36 ၃၆ ထိုနောက်ထိုင်၍ကိုယ်တော်ကိုစောင့်ကြည့်နေကြ၏။-
E sedutisi, gli facevano la guardia.
37 ၃၇ ကိုယ်တော်အားစွဲချက်တင်သည့်အပြစ်ကိုဦးခေါင်း တော်အထက်တွင် ``ဤသူကားယုဒရှင်ဘုရင်ဖြစ်၏'' ဟူ၍ကမ္ပည်းရေးထိုးထားကြ၏။-
Al di sopra del suo capo, posero la motivazione scritta della sua condanna: « Questi è Gesù, il re dei Giudei ».
38 ၃၈ ထိုအချိန်၌ဋ္ဌားပြနှစ်ယောက်ကိုလည်းကိုယ်တော် နှင့်အတူလက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲ တော်ဘက်တွင်တစ်ယောက်၊ လက်ဝါးကပ်တိုင်တွင် တင်၍သတ်ကြ၏။
Insieme con lui furono crocifissi due ladroni, uno a destra e uno a sinistra.
39 ၃၉ လမ်းသွားလမ်းလာများကဦးခေါင်းခါလျက် ``ဗိမာန် တော်ကိုဖြိုဖျက်၍သုံးရက်အတွင်းပြန်လည်တည် ဆောက်မည့်သူ၊ သင့်ကိုယ်ကိုသင်ကယ်တင်လော့။ သင် သည်ဘုရားသခင်၏သားတော်မှန်လျှင် လက်ဝါး ကပ်တိုင်ပေါ်မှဆင်းခဲ့လော့'' ဟုကိုယ်တော်အား ကဲ့ရဲ့ကြ၏။
E quelli che passavano di là lo insultavano scuotendo il capo e dicendo:
«Tu che distruggi il tempio e lo ricostruisci in tre giorni, salva te stesso! Se tu sei Figlio di Dio, scendi dalla croce!».
41 ၄၁ ထိုနည်းတူစွာယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်း တတ်ဆရာများနှင့်ဘာသာရေးခေါင်းဆောင် များကလည်းပြောင်လှောင်ကြ၏။-
Anche i sommi sacerdoti con gli scribi e gli anziani lo schernivano:
42 ၄၂ ``ဤသူသည်သူတစ်ပါးကိုကယ်တင်၏။ မိမိ ကိုယ်ကိုမူမကယ်တင်နိုင်ပါတကား။ သူသည် ဣသရေလရှင်ဘုရင်မဟုတ်ပါလော။ လက်ဝါး ကပ်တိုင်မှယခုဆင်းလာလျှင်ငါတို့သူ့ကို ယုံကြည်ကြပေအံ့။-
«Ha salvato gli altri, non può salvare se stesso. E' il re d'Israele, scenda ora dalla croce e gli crederemo.
43 ၄၃ သူသည်ဘုရားသခင်ကိုယုံကြည်ကိုးစား၏။ `ငါ သည်ဘုရားသခင်၏သားတော်ဖြစ်သည်' ဟုဆို၏။ သို့ဖြစ်၍ဘုရားသခင်သည်သူ့ကိုအလိုတော် ရှိလျှင် ယခုပင်ကယ်တင်တော်မူပါစေ'' ဟုဆို ကြ၏။
Ha confidato in Dio; lo liberi lui ora, se gli vuol bene. Ha detto infatti: Sono Figlio di Dio!».
44 ၄၄ ကိုယ်တော်နှင့်အတူလက်ဝါးကပ်တိုင်တွင်အတင် ခံရသူဋ္ဌားပြများကပင်လျှင် ထိုနည်းတူကိုယ် တော်ကိုပြောင်လှောင်ကြ၏။
Anche i ladroni crocifissi con lui lo oltraggiavano allo stesso modo.
45 ၄၅ မွန်းတည့်ချိန်မှအစပြု၍မွန်းလွဲသုံးနာရီတိုင် အောင် မြေတစ်ပြင်လုံးတွင်မှောင်အတိကျလေ၏။-
Da mezzogiorno fino alle tre del pomeriggio si fece buio su tutta la terra.
46 ၄၆ မွန်းလွဲသုံးနာရီအချိန်၌သခင်ယေရှုသည် ``ဧလိ၊ ဧလိ၊ လာမရှာဗခသာနိ'' ဟုကျယ်သောအသံ နှင့်မိန့်တော်မူ၏။ ဆိုလိုသည့်အနက်ကား ``အကျွန်ုပ် ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ် ကိုစွန့်ပစ်တော်မူပါသနည်း'' ဟူ၏။
Verso le tre, Gesù gridò a gran voce: « Elì, Elì, lemà sabactàni? », che significa: « Dio mio, Dio mio, perché mi hai abbandonato? ».
47 ၄၇ အနီးတွင်ရပ်နေသူလူအချို့တို့သည်ထိုစကားကို ကြားလျှင် ``သူသည်ဧလိယကိုခေါ်နေ၏'' ဟုဆို ကြ၏။-
Udendo questo, alcuni dei presenti dicevano: «Costui chiama Elia».
48 ၄၈ ထိုသူတို့အနက်လူတစ်ယောက်သည်ချက်ချင်းပြေး ၍ပင်လယ်ရေမြှုပ်ကိုယူကာပုံးရည်ကိုစုပ်ပြီးလျှင် ထိုရေမြှုပ်ကိုကူရိုးဖျားတွင်ပတ်၍ကိုယ်တော် သောက်ရန်ပေးလေ၏။
E subito uno di loro corse a prendere una spugna e, imbevutala di aceto, la fissò su una canna e così gli dava da bere.
49 ၄၉ အခြားသောသူတို့က ``ရှိစေတော့။ သူ့ကိုကယ်ရန် ဧလိယလာမလာကိုငါတို့ကြည့်ကြကုန်အံ့'' ဟုဆိုကြ၏။
Gli altri dicevano: «Lascia, vediamo se viene Elia a salvarlo!».
50 ၅၀ သခင်ယေရှုသည်တစ်ဖန်ကျယ်စွာဟစ်အော်တော်မူ ပြီးလျှင်အသက်ချုပ်တော်မူ၏။-
E Gesù, emesso un alto grido, spirò.
51 ၅၁ ထိုအခါဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင်နှစ်ခြမ်းကွဲလေ၏။ မြေငလျင် လှုပ်၏။ ကျောက်ဆောင်များပြိုကွဲကြ၏။-
Ed ecco il velo del tempio si squarciò in due da cima a fondo, la terra si scosse, le rocce si spezzarono,
52 ၅၂ သင်္ချိုင်းဂူများပွင့်လစ်သဖြင့်သေလွန်ပြီးသူ ဘုရားသခင်၏လူစုတော်ဝင်အမြောက် အမြားပင်ရှင်ပြန်ထမြောက်ကြကုန်၏။-
i sepolcri si aprirono e molti corpi di santi morti risuscitarono.
53 ၅၃ သခင်ယေရှုရှင်ပြန်ထမြောက်တော်မူပြီးနောက် ထိုသူတို့သည်သင်္ချိုင်းထဲမှထွက်လာကာ သန့်ရှင်း သောမြို့တော်သို့ဝင်သွားကြသဖြင့်လူအများ ပင်သူတို့ကိုတွေ့မြင်ကြ၏။
E uscendo dai sepolcri, dopo la sua risurrezione, entrarono nella città santa e apparvero a molti.
54 ၅၄ တပ်မှူးနှင့်တကွသခင်ယေရှုကိုစောင့်ကြည့် နေကြသောစစ်သားများသည်မြေငလျင်လှုပ် သည်ကိုလည်းကောင်း၊ အခြားအဖြစ်အပျက်များ ကိုလည်းကောင်းတွေ့မြင်ကြသောအခါလွန်စွာ ကြောက်လန့်ကြ၍ ``ဤသူကားအကယ်ပင်ဘုရား သခင်၏သားတော်ဖြစ်၏'' ဟုဆိုကြ၏။
Il centurione e quelli che con lui facevano la guardia a Gesù, sentito il terremoto e visto quel che succedeva, furono presi da grande timore e dicevano: «Davvero costui era Figlio di Dio!».
55 ၅၅ ထိုအရပ်တွင်အဝေးကရပ်လျက်ကြည့်နေသော အမျိုးသမီးများရှိ၏။ သူတို့သည်ကားဂါလိလဲ ပြည်မှသခင်ယေရှု၏နောက်တော်သို့လိုက်၍လုပ် ကျွေးသမှုပြုကြသူများတည်း။-
C'erano anche là molte donne che stavano a osservare da lontano; esse avevano seguito Gesù dalla Galilea per servirlo.
56 ၅၆ ထိုသူတို့အထဲတွင်မာဂဒလမြို့သူမာရိ၊ ယာကုပ်နှင့်ယောသပ်တို့၏အမိဖြစ်သူမာရိ နှင့်ဇေဗေဒဲ၏သားများ၏အမိတို့ပါကြ၏။
Tra costoro Maria di Màgdala, Maria madre di Giacomo e di Giuseppe, e la madre dei figli di Zebedèo.
57 ၅၇ ညချမ်းအချိန်ကျသောအခါအရိမဿဲမြို့မှ ယောသပ်ဆိုသူသူဌေးတစ်ယောက်ရောက်ရှိလာ၏။ သူသည်သခင်ယေရှု၏တပည့်တော်တစ်ဦးဖြစ်၏။-
Venuta la sera giunse un uomo ricco di Arimatèa, chiamato Giuseppe, il quale era diventato anche lui discepolo di Gesù.
58 ၅၈ သူသည်ပိလတ်မင်းထံသို့ဝင်ပြီးလျှင်သခင် ယေရှု၏အလောင်းတော်ကိုတောင်း၏။ ပိလတ်မင်း သည်အလောင်းတော်ကိုယောသပ်အားပေးရန် အမိန့်ချမှတ်လိုက်၏။-
Egli andò da Pilato e gli chiese il corpo di Gesù. Allora Pilato ordinò che gli fosse consegnato.
59 ၅၉ ယောသပ်သည်အလောင်းတော်ကိုယူ၍ဖြူစင်သော ပိတ်ဖြင့်ပတ်၏။-
Giuseppe, preso il corpo di Gesù, lo avvolse in un candido lenzuolo
60 ၆၀ ထိုနောက်ကျောက်ဆောင်၌မကြာမီကထွင်းထားသည့် မိမိသင်္ချိုင်းဂူတွင်သင်္ဂြိုဟ်ကာ ဂူဝကိုကျောက်တုံးတစ်ခု လှိမ့်၍ပိတ်ထားလိုက်ပြီးနောက်ပြန်သွားလေသည်။-
e lo depose nella sua tomba nuova, che si era fatta scavare nella roccia; rotolata poi una gran pietra sulla porta del sepolcro, se ne andò.
61 ၆၁ သင်္ချိုင်းရှေ့တွင်မာဂဒလမြို့သူမာရိနှင့်အခြား မာရိတို့သည်ထိုင်လျက်ရှိနေကြ၏။
Erano lì, davanti al sepolcro, Maria di Màgdala e l'altra Maria.
62 ၆၂ သောကြာနေ့ကုန်လွန်၍ဥပုသ်နေ့ရောက်သော် ယဇ်ပုရောဟိတ်ကြီးများနှင့်ဖာရိရှဲများသည် ပိလတ်မင်းထံသို့သွားပြီးလျှင်၊-
Il giorno seguente, quello dopo la Parasceve, si riunirono presso Pilato i sommi sacerdoti e i farisei, dicendo:
63 ၆၃ ``အရှင်၊ ထိုလူလိမ်အသက်ရှင်စဉ်အခါက၊ `ငါ သည်သုံးရက်ကြာသော်သေခြင်းမှထမြောက်မည်' ဟုပြောဆိုခဲ့သည်ကိုအကျွန်ုပ်တို့မှတ်မိပါ၏။-
«Signore, ci siamo ricordati che quell'impostore disse mentre era vivo: Dopo tre giorni risorgerò.
64 ၆၄ သို့ဖြစ်၍သုံးရက်မြောက်သောနေ့အထိသင်္ချိုင်းဂူ ကိုလုံခြုံစွာပိတ်၍စောင့်ကြပ်စေရန်အမိန့်ပေး တော်မူပါ။ သို့မဟုတ်ပါမူသူ၏တပည့်များသည် လာ၍ရုပ်အလောင်းကိုခိုးယူကာသူသည်သေခြင်း မှထမြောက်လေပြီဟုလူတို့အားပြောကြလိမ့်မည်။ ထိုအခါနောက်ဆုံးလှည့်စားချက်သည်ပထမ လှည့်စားချက်ထက်ပို၍ဆိုးပါလိမ့်မည်'' ဟု လျှောက်ထားကြ၏။
Ordina dunque che sia vigilato il sepolcro fino al terzo giorno, perché non vengano i suoi discepoli, lo rubino e poi dicano al popolo: E' risuscitato dai morti. Così quest'ultima impostura sarebbe peggiore della prima!».
65 ၆၅ ပိလတ်မင်းက ``အစောင့်တပ်တစ်တပ်ကိုခေါ်၍ သင်္ချိုင်းဂူကိုအတတ်နိုင်ဆုံးစောင့်ကြပ်စေလော့'' ဟုဆို၏။
Pilato disse loro: «Avete la vostra guardia, andate e assicuratevi come credete».
66 ၆၆ သို့ဖြစ်၍ထိုသူတို့သည် သင်္ချိုင်းဂူသို့သွားပြီးလျှင် ကျောက်တုံးကိုချိပ်တံဆိပ်ခတ်နှိပ်ကာ သင်္ချိုင်းဂူကို လုံခြုံစွာပိတ်ထားကြ၏။ ထိုနောက်စောင့်ကြပ်ရန် အစောင့်တပ်သားများကိုချထားကြ၏။
Ed essi andarono e assicurarono il sepolcro, sigillando la pietra e mettendovi la guardia.