< မဿဲ 26 >
1 ၁ ဤသို့ဟောပြောသွန်သင်တော်မူပြီးသောအခါ ကိုယ်တော်က၊
Yesu alipomaliza kusema hayo yote, aliwaambia wanafunzi wake,
2 ၂ ``နောက်နှစ်ရက်မျှကြာလျှင်ပသခါပွဲကျရောက် မည်ကိုသင်တို့သိကြ၏။ ထိုအခါလူသားကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်စေရန်ရန်သူ့ လက်သို့အပ်ကြလိမ့်မည်'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။
“Mnajua kwamba baada ya siku mbili tutakuwa na sikukuu ya Pasaka, na Mwana wa Mtu atatolewa ili asulubiwe.”
3 ၃ ထိုအချိန်၌ပင်ယဇ်ပုရောဟိတ်ကြီးများနှင့် ဘာသာရေးခေါင်းဆောင်များသည်ကယာဖ နာမည်ရှိသောယဇ်ပုရောဟိတ်မင်း၏ကျောင်း တော်ဝင်းအတွင်းတွင်စုရုံးလျက်နေကြ၏။-
Wakati huo makuhani wakuu na wazee wa watu walikutana pamoja katika ukumbi wa Kayafa, Kuhani Mkuu.
4 ၄ သူတို့သည်သခင်ယေရှုကိုတိတ်တဆိတ် ဖမ်းဆီး၍သတ်ရန်ဆွေးနွေးတိုင်ပင်ကြ၏။-
Wakashauriana jinsi ya kumtia Yesu nguvuni kwa hila wamuue.
5 ၅ သူတို့က ``လူတို့ရုန်းရင်းဆန်ခတ်ဖြစ်မည် ကိုစိုးရိမ်စရာရှိသဖြင့်ပွဲတော်ရက်အတွင်း ၌မဖမ်းမဆီးကြနှင့်'' ဟုဆိုကြ၏။
Lakini wakaamua jambo hilo lisifanyike wakati wa sikukuu, kusije kukatokea ghasia kati ya watu.
6 ၆ သခင်ယေရှုသည်ဗေသနိရွာတွင်အရေပြား ရောဂါစွဲကပ်ခဲ့ဖူးသူရှိမုန်၏အိမ်၌ရှိ၍ အစားအစာသုံးဆောင်လျက်နေတော်မူ သောအခါ၊-
Yesu alipokuwa Bethania, nyumbani kwa Simoni, aitwaye Mkoma,
7 ၇ အမျိုးသမီးတစ်ယောက်သည်အလွန်အဖိုး ထိုက်သည့်ဆီမွှေးကျောက်ဖြူဗူးကိုယူဆောင်၍ အထံတော်သို့လာပြီးလျှင်ထိုဆီမွှေးကို ကိုယ်တော်၏ခေါင်းတော်ထက်တွင်သွန်းလောင်း လေသည်။-
mama mmoja aliyekuwa na chupa ya alabasta yenye marashi ya thamani kubwa, alimjia pale mezani alipokuwa amekaa kula chakula, akammiminia hayo marashi kichwani.
8 ၈ ထိုအခြင်းအရာကိုတပည့်တော်တို့မြင်လျှင် အမျက်ထွက်၍ ``အဘယ်ကြောင့်ဤသို့ဖြုန်းတီး ပါသနည်း။-
Wanafunzi wake walipoona hayo wakakasirika, wakasema, “Ya nini hasara hii?
9 ၉ ဤဆီမွှေးကိုငွေအမြောက်အမြားနှင့်ရောင်း ၍ဆင်းရဲသူများအားပေးကမ်းသင့်၏'' ဟု ဆိုကြသည်။
Marashi haya yangaliweza kuuzwa kwa bei kubwa, maskini wakapewa hizo fedha.”
10 ၁၀ သခင်ယေရှုသည်ကြားသိတော်မူသော အခါ ``အဘယ်ကြောင့်ဤအမျိုးသမီးကို သင်တို့နှောင့်ယှက်ကြသနည်း။ သူပြုသော အမှုသည်လွန်စွာလျောက်ပတ်ပေ၏။-
Yesu alitambua mawazo yao, akawaambia, “Mbona mnamsumbua huyu mama? Yeye amenitendea jambo jema.
11 ၁၁ ဆင်းရဲသူများသည်သင်တို့နှင့်အမြဲရှိနေ ကြမည်။ ငါမူကားသင်တို့နှင့်အမြဲရှိနေ မည်မဟုတ်။-
Maskini mnao daima pamoja nanyi, lakini mimi sitakuwapo pamoja nanyi daima.
12 ၁၂ ဤအမျိုးသမီးသည်ငါ့အပေါ်သို့ဆီမွှေး သွန်းလောင်းသည်မှာငါ၏ရုပ်အလောင်းကို သင်္ဂြိုဟ်ရန်ပြင်ဆင်ခြင်းပင်ဖြစ်၏။-
Huyu mama amenimiminia marashi ili kunitayarisha kwa maziko.
13 ၁၃ အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ သတင်းကောင်းကိုကမ္ဘာအရပ်ရပ်တွင်ကြေ ညာသောအခါ ဤအမျိုးသမီးကိုအောက်မေ့ သတိရကြစေရန် သူပြုခဲ့သောကောင်းမှု ကိုပြောကြားကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Nawaambieni kweli, popote ambapo hii Habari Njema itahubiriwa ulimwenguni, kitendo hiki alichofanya mama huyu kitatajwa kwa kumkumbuka yeye.”
14 ၁၄ ထိုနောက်တစ်ကျိပ်နှစ်ပါးအပါအဝင်ဖြစ်သော ယုဒရှကာရုတ်သည်ယဇ်ပုရောဟိတ်ကြီးများ ထံသို့သွား၍၊-
Kisha, Yuda Iskarioti, mmoja wa wale kumi na wawili, akaenda kwa makuhani wakuu,
15 ၁၅ ``ယေရှုကိုသင်တို့လက်သို့အကျွန်ုပ်ပေးအပ်ပါ လျှင်အကျွန်ုပ်အားငွေမည်မျှပေးမည်နည်း'' ဟု မေး၏။ ထိုသူတို့သည်လည်းသူ့အားငွေဒင်္ဂါး သုံးဆယ်ပေးကြ၏။-
akawaambia, “Mtanipa kitu gani kama nikimkabidhi Yesu kwenu?” Wakamhesabia sarafu thelathini za fedha;
16 ၁၆ ထိုအချိန်မှစ၍ယုဒသည်ကိုယ်တော်ကို ရန်သူ့လက်သို့အပ်ရန်အခွင့်ကောင်းကိုရှာ လျက်နေ၏။
na tangu wakati huo Yuda akawa anatafuta nafasi ya kumsaliti.
17 ၁၇ တဆေးမဲ့မုန့်ပွဲတော်ပထမနေ့၌တပည့်တော် တို့သည်သခင်ယေရှုထံတော်သို့လာ၍ ``အရှင့် အတွက်ပသခါပွဲညစာကိုအကျွန်ုပ်တို့ အဘယ်အရပ်တွင်ပြင်ဆင်ရပါမည်နည်း'' ဟု မေးလျှောက်ကြ၏။
Siku ya kwanza kabla ya Sikukuu ya Mikate Isiyotiwa Chachu, wanafunzi walimwendea Yesu wakamwuliza, “Unataka tukuandalie wapi chakula cha Pasaka?”
18 ၁၈ ကိုယ်တော်က ``မြို့ထဲသို့ဝင်၍ဤမည်သောသူထံ သို့သွား၍ဆရာတော်က `ငါ့အတွက်သတ်မှတ် ထားသည့်အချိန်ရောက်လာပြီဖြစ်၍ငါ့တပည့် များနှင့်အတူသင်၏အိမ်တွင်ပသခါပွဲကို ကျင်းပလိုသည်' ဟုမှာကြားလိုက်ကြောင်းပြော ကြလော့'' ဟုမိန့်တော်မူ၏။
Yeye akawajibu, “Nendeni mjini kwa mtu fulani, mkamwambie: Mwalimu anasema, wakati wangu umefika; kwako nitakula Pasaka pamoja na wanafunzi wangu.”
19 ၁၉ တပည့်တော်တို့သည်လည်းကိုယ်တော်မိန့်တော်မူ သည်အတိုင်းလိုက်နာဆောင်ရွက်၍ပသခါပွဲ ကိုအသင့်ပြင်ကြ၏။
Wanafunzi wakafanya kama Yesu alivyowaagiza, wakaandaa Pasaka.
20 ၂၀ ညချမ်းအချိန်ရောက်သော်ကိုယ်တော်သည်တစ်ကျိပ် နှစ်ပါးတို့နှင့်အတူစားပွဲတွင်ထိုင်၍ညစာစား တော်မူ၏။-
Kulipokuwa jioni, Yesu akakaa mezani pamoja na wanafunzi wake kumi na wawili.
21 ၂၁ ထိုအခါကိုယ်တော်က ``အမှန်အကန်သင်တို့ အားငါဆိုသည်ကား၊ သင်တို့အနက်ကတစ်စုံ တစ်ယောက်သောသူသည်ငါ့ကိုရန်သူ့လက်သို့ အပ်လိမ့်မည်'' ဟုမိန့်တော်မူ၏။-
Walipokuwa wakila, Yesu akasema, “Nawaambieni kweli, mmoja wenu atanisaliti.”
22 ၂၂ တပည့်တော်တို့သည်လွန်စွာစိတ်မချမ်းမသာဖြစ် ကြလျက် ``ထိုသူသည်အကျွန်ုပ်ပေလော'' ဟုတစ် ဦးနောက်တစ်ဦးမေးလျှောက်ကြ၏။
Wanafunzi wakahuzunika sana, wakaanza kuuliza mmojammoja, “Bwana! Je, ni mimi?”
23 ၂၃ ကိုယ်တော်က ``ငါနှင့်အတူဟင်းခွက်တွင်နှိုက်၍ စားသောသူသည်ငါ့ကိုရန်သူ့လက်သို့အပ် လိမ့်မည်။-
Yesu akajibu, “Atakayechovya mkate pamoja nami katika bakuli ndiye atakayenisaliti.
24 ၂၄ ကျမ်းစာလာသည်အတိုင်းလူသားသည်အသေခံ ရန်သွားရမည်။ သို့ရာတွင်လူသားကိုရန်သူလက် သို့အပ်သူသည်အမင်္ဂလာရှိ၏။ မွေးဖွားခြင်းကို မခံရလျှင်သူ့အဖို့ကောင်းသေး၏'' ဟုမိန့်တော် မူသည်။
Naam, Mwana wa Mtu anakwenda zake kama Maandiko Matakatifu yasemavyo, lakini ole wake mtu yule atakayemsaliti Mwana wa Mtu! Ingalikuwa afadhali kwa mtu huyo kama hangalizaliwa.”
25 ၂၅ ကိုယ်တော်ကိုရန်သူ့လက်သို့အပ်မည့်သူယုဒ က ``အရှင်ဘုရား၊ ထိုသူသည်အကျွန်ုပ်ပေလော'' ဟုမေးလျှောက်လျှင်၊ ကိုယ်တော်က ``သင်ပြောသည့်အတိုင်းပင်မှန်၏'' ဟုမိန့်တော်မူ၏။
Yuda, ambaye ndiye aliyetaka kumsaliti, akamwuliza, “Mwalimu! Je, ni mimi?” Yesu akamjibu, “Wewe umesema.”
26 ၂၆ ကိုယ်တော်သည်တပည့်တော်တို့နှင့်အတူညစာ စားလျက်နေတော်မူစဉ်မုန့်ကိုယူ၍ကျေးဇူးတော် ကိုချီးမွမ်းတော်မူ၏။ ထိုနောက်မုန့်ကိုဖဲ့၍ ``ဤမုန့် ကားငါ၏ကိုယ်ခန္ဓာဖြစ်၏။ ယူ၍စားကြလော့'' ဟု မိန့်တော်မူပြီးလျှင်တပည့်တော်တို့အားဝေပေး တော်မူ၏။
Walipokuwa wanakula, Yesu akatwaa mkate, akashukuru, akaumega, akawapa wanafunzi wake akisema, “Twaeni mle; huu ni mwili wangu.”
27 ၂၇ စပျစ်ရည်ခွက်ကိုလည်းယူ၍ကျေးဇူးတော်ကို ချီးမွမ်းပြီးနောက်တပည့်တော်တို့အားပေးတော် မူ၏။ ကိုယ်တော်က ``သင်တို့အားလုံးသောက်ကြ လော့။-
Kisha akatwaa kikombe, akamshukuru Mungu, akawapa akisema, “Nyweni nyote;
28 ၂၈ ဤစပျစ်ရည်ကားဘုရားသခင်၏ပဋိညာဉ် တော်ကိုတံဆိပ်ခတ်သော၊ လူတို့အပြစ်ပြေ လွှတ်ရန်အတွက်သွန်းသောငါ၏သွေးဖြစ်၏။-
maana hii ni damu yangu inayothibitisha agano, damu inayomwagwa kwa ajili ya watu wengi ili kuwaondolea dhambi.
29 ၂၉ သင်တို့အားငါဆိုသည်ကားယခုအချိန်မှ စ၍ငါ့ခမည်းတော်၏နိုင်ငံတော်တွင်သင်တို့ နှင့်အတူစပျစ်ရည်သစ်ကိုသောက်ရသည့်နေ့ မတိုင်မီငါသည်ဤစပျစ်ရည်ကိုနောက်တစ်ဖန် မသောက်တော့ပြီ'' ဟုမိန့်တော်မူ၏။
Nawaambieni, sitakunywa tena divai ya zabibu mpaka siku ile nitakapoinywa mpya pamoja nanyi katika Ufalme wa Baba yangu.”
30 ၃၀ ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် ဋ္ဌမ္မသီချင်းကိုဆိုပြီးနောက်သံလွင်တောင်သို့ ထွက်သွားကြ၏။
Baada ya kuimba wimbo, wakaondoka, wakaenda katika mlima wa Mizeituni.
31 ၃၁ ထိုနောက်သခင်ယေရှုက ``ကျမ်းစာတော်တွင် `ဘုရား သခင်သည်သိုးထိန်းကိုရိုက်သဖြင့်သိုးတို့သည် ကစဥ့်ကရဲဖြစ်ကြလိမ့်မည်' ဟုပါရှိသည်နှင့် အညီယနေ့ည၌ပင်လျှင်သင်တို့သည်ငါ့ကို စွန့်ပစ်၍ပြေးကြလိမ့်မည်။-
Kisha Yesu akawaambia, “Usiku huu wa leo, ninyi nyote mtakuwa na mashaka nami, maana Maandiko Matakatifu yasema: Nitampiga mchungaji, na kondoo wa kundi watatawanyika.
32 ၃၂ သို့ရာတွင်ငါသည်သေခြင်းမှထမြောက် ပြီးနောက်သင်တို့အလျင်ဂါလိလဲပြည် သို့သွားနှင့်မည်'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။
Lakini baada ya kufufuka kwangu, nitawatangulieni Galilaya.”
33 ၃၃ ပေတရုက ``အခြားသူအပေါင်းတို့သည် ကိုယ်တော်ကိုစွန့်ပစ်ကြသော်လည်းအကျွန်ုပ် သည်အဘယ်အခါမျှစွန့်ပစ်မည်မဟုတ်ပါ'' ဟုလျှောက်ထား၏။-
Petro akamwambia Yesu “Hata kama wote watakuwa na mashaka nawe na kukuacha, mimi sitakuacha kamwe.”
34 ၃၄ သခင်ယေရှုက ``အမှန်အကန်သင့်အားငါဆို သည်ကား၊ ယနေ့ည၌ပင်ကြက်မတွန်မီသင် သည်ငါ့ကိုမသိဟုသုံးကြိမ်တိုင်တိုင်ငြင်းဆို လိမ့်မည်'' ဟုပေတရုအားမိန့်တော်မူ၏။
Yesu akamwambia, “Kweli nakwambia, usiku huu kabla jogoo hajawika, utanikana mara tatu.”
35 ၃၅ ပေတရုက ``အကျွန်ုပ်သည်ကိုယ်တော်နှင့်အတူ သေပင်သေရပါစေ၊ ကိုယ်တော်ကိုမသိဟုငြင်း ဆိုမည်မဟုတ်ပါ'' ဟုလျှောက်ထား၏။ အခြား တပည့်တော်တို့သည်လည်းဤနည်းအတိုင်း လျှောက်ထားကြ၏။
Petro akamwambia, “Hata kama ni lazima nife pamoja nawe, sitakukana kamwe.” Wale wanafunzi wengine wote wakasema vivyo hivyo.
36 ၃၆ ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့နှင့် အတူဂေသရှေမန်နာမည်ရှိသောအရပ်သို့ ရောက်ရှိတော်မူ၏။ ကိုယ်တော်က ``ငါသည်ထို နေရာသို့သွား၍ဆုတောင်းနေစဉ်သင်တို့ ဤနေရာတွင်စောင့်နေကြလော့'' ဟုတပည့် တော်တို့အားမှာကြားတော်မူပြီးလျှင်၊-
Kisha Yesu akaenda pamoja nao bustanini Gethsemane, akawaambia wanafunzi wake, “Kaeni hapa nami niende pale mbele kusali.”
37 ၃၇ ပေတရုနှင့်ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွားတော်မူ၏။ ကိုယ်တော်သည်စိတ်မချမ်း မသာဖြစ်တော်မူလျက်လွန်စွာသောကရောက် တော်မူသဖြင့်၊-
Akawachukua Petro na wana wawili wa Zebedayo, akaanza kuwa na huzuni na mahangaiko.
38 ၃၈ ``ငါသည်သေလုအောင်စိတ်ဒုက္ခရောက်လှ၏။ သင်တို့သည်ဤနေရာတွင်ငါနှင့်အတူစောင့် နေကြလော့'' ဟုတပည့်တော်သုံးဦးအား မိန့်တော်မူ၏။-
Hapo akawaambia, “Nina huzuni kubwa moyoni hata karibu kufa. Kaeni hapa mkeshe pamoja nami.”
39 ၃၉ ထိုနောက်ရှေ့သို့အနည်းငယ်ကြွတော်မူ၍မြေ ပေါ်တွင်ပျပ်ဝပ်တော်မူပြီးလျှင် ``အို အကျွန်ုပ် ၏အဖ၊ ဖြစ်နိုင်ပါကဤဒုက္ခဝေဒနာခွက်ကို အကျွန်ုပ်ထံမှလွှဲဖယ်ပေးတော်မူပါ။ သို့ရာတွင် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ပါ။ ကိုယ်တော် ၏အလိုတော်အတိုင်းသာဖြစ်စေတော်မူပါ'' ဟုဆုတောင်းတော်မူ၏။
Basi, akaenda mbele kidogo, akaanguka kifudifudi, akasali: “Baba yangu, kama inawezekana, aacha kikombe hiki cha mateso kinipite; lakini isiwe nitakavyo mimi, ila utakavyo wewe.”
40 ၄၀ ထိုနောက်ကိုယ်တော်သည်တပည့်တော်သုံးဦးတို့ ထံသို့ပြန်လာတော်မူရာ၊ အိပ်ပျော်လျက်နေ ကြသည်ကိုတွေ့တော်မူသဖြင့် ``သင်တို့သုံး ယောက်သည်တစ်နာရီမျှပင်စောင့်၍မနေ နိုင်ကြသလော။-
Akawaendea wale wanafunzi, akawakuta wamelala. Akamwambia Petro, “Ndiyo kusema hamkuweza kukesha pamoja nami hata saa moja?
41 ၄၁ စုံစမ်းသွေးဆောင်ခြင်းကိုခံရပ်နိုင်မည့်အကြောင်း ဆုတောင်း၍စောင့်နေကြလော့။ စိတ်ဆန္ဒရှိသော်လည်း ကိုယ်ခန္ဓာကားအားနည်း၏'' ဟုပေတရုအား မိန့်တော်မူ၏။
Kesheni na kusali ili msije mkaingia katika majaribu. Roho i tayari lakini mwili ni dhaifu.”
42 ၄၂ ထိုနောက်ကိုယ်တော်သည်ဒုတိယအကြိမ်ကြွ သွားတော်မူပြန်၍ ``အကျွန်ုပ်၏အဖ၊ ဤဒုက္ခ ဝေဒနာခွက်ကိုအကျွန်ုပ်ထံမှလွှဲဖယ်၍ မဖြစ်ပါကကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ'' ဟုဆုတောင်းတော်မူ၏။-
Akaenda tena mara ya pili akasali: “Baba yangu, kama haiwezekani kikombe hiki kinipite bila mimi kukinywa, basi, mapenzi yako yafanyike.”
43 ၄၃ ကိုယ်တော်နောက်တစ်ကြိမ်ပြန်လာတော်မူသော အခါတပည့်တော်တို့သည်မျက်စိလေးလံ သဖြင့်အိပ်ပျော်လျက်နေကြသည်ကိုတွေ့ တော်မူ၏။
Akawaendea tena, akawakuta wamelala, maana macho yao yalikuwa yamebanwa na usingizi.
44 ၄၄ ကိုယ်တော်သည်သူတို့ထံမှတစ်ဖန်ကြွသွား တော်မူပြီးလျှင်ယခင်ကမြွက်ဆိုသည် အတိုင်းတတိယအကြိမ်ဆုတောင်းတော်မူ၏။-
Basi, akawaacha, akaenda tena kusali mara ya tatu kwa maneno yaleyale.
45 ၄၅ ထိုနောက်တပည့်တော်တို့ထံသို့ပြန်လာ၍ ``သင် တို့သည်အိပ်လျက်နားလျက်ပင်ရှိနေကြသေး သလော။ လူသားကိုဆိုးယုတ်သူများလက်သို့ အပ်နှံသည့်အချိန်ရောက်လာပြီ။-
Kisha akawaendea wale wanafunzi, akawaambia, “Je, mngali mmelala na kupumzika? Tazameni! Saa yenyewe imefika, na Mwana wa Mtu atatolewa kwa watu wenye dhambi.
46 ၄၆ ထကြ။ ငါတို့သွားကြကုန်အံ့။ ငါ့ကိုရန်သူ့လက် သို့အပ်မည့်သူရောက်လာပြီ'' ဟုမိန့်တော်မူ၏။
Amkeni, twendeni zetu. Tazameni! Anakuja yule atakayenisaliti.”
47 ၄၇ ယင်းသို့ကိုယ်တော်မိန့်တော်မူစဉ်၌ပင်လျှင် တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သူယုဒသည်တုတ်၊ ဋ္ဌားကိုင်ဆောင်သူလူအမြောက်အမြားနှင့်အတူ ရောက်ရှိလာလေသည်။ ထိုသူတို့သည်ယဇ်ပုရော ဟိတ်ကြီးများနှင့်ဘာသာရေးခေါင်းဆောင်များ ကစေလွှတ်လိုက်သူများဖြစ်၏။-
Basi, Yesu alipokuwa bado anasema nao, mara akaja Yuda, mmoja wa wale kumi na wawili. Pamoja naye walikuja watu wengi wenye mapanga na marungu ambao walitumwa na makuhani wakuu na wazee wa watu.
48 ၄၈ ကိုယ်တော်ကိုရန်သူ့လက်သို့အပ်နှံသူကမိမိ နှင့်လိုက်ပါလာသူတို့အား ``ငါနမ်း၍နှုတ်ဆက် သူသည်ယေရှုဖြစ်၏။ သူ့ကိုဖမ်းဆီးကြလော့'' ဟု အချက်ပေးထား၏။
Huyo aliyetaka kumsaliti Yesu, alikuwa amekwisha wapa ishara akisema: “Yule nitakayembusu ndiye; mkamateni.”
49 ၄၉ ယုဒသည်ချက်ချင်းပင်ကိုယ်တော်၏ထံသို့ချဉ်းကပ် ကာ ``အရှင်ဘုရား၊ မင်္ဂလာရှိပါစေသော'' ဟုဆို ၍ကိုယ်တော်ကိုနမ်းလေ၏။
Basi, Yuda akamkaribia Yesu, akamwambia, “Shikamoo, Mwalimu!” Kisha akambusu.
50 ၅၀ သခင်ယေရှုက ``အဆွေ၊ သင်ဆောင်ရွက်ရန်လာ သည့်ကိစ္စကိုအမြန်ဆောင်ရွက်လော့'' ဟုမိန့်တော် မူ၏။ လူတို့သည်လာ၍ကိုယ်တော်ကိုဖမ်းဆီးချုပ်ကိုင် ထားကြ၏။-
Yesu akamwambia, “Rafiki, fanya ulichokuja kufanya.” Hapo wale watu wakaja, wakamkamata Yesu, wakamtia nguvuni.
51 ၅၁ ထိုအခါသခင်ယေရှုနှင့်လိုက်ပါသောလူ တစ်ယောက်သည်ဋ္ဌားကိုဆွဲထုတ်ပြီးလျှင် ယဇ် ပုရောဟိတ်မင်း၏ကျွန်တစ်ယောက်ကိုခုတ်လိုက် ရာထိုသူနားရွက်ပြတ်လေ၏။-
Mmoja wa wale waliokuwa pamoja na Yesu akanyosha mkono, akauchomoa upanga wake, akampiga mtumishi wa Kuhani Mkuu, akamkata sikio.
52 ၅၂ သခင်ယေရှုက ``သင်၏ဋ္ဌားကိုဋ္ဌားအိမ်သို့ပြန်သွင်း လော့။ ဋ္ဌားကိုစွဲကိုင်သူသည်ဋ္ဌားအားဖြင့်သေကြေ ပျက်စီးရလိမ့်မည်။-
Hapo Yesu akamwambia, “Rudisha upanga wako alani, maana yeyote anayeutumia upanga, atakufa kwa upanga.
53 ၅၃ ငါသည်ခမည်းတော်ထံမှအကူအညီတောင်းခံ လျှင်ခမည်းတော်သည်တပ်ကြီးတစ်ဆယ့်နှစ်တပ် ထက်များပြားလှသောကောင်းကင်တမန်တို့ကို ငါ့ထံသို့စေလွှတ်တော်မူမည်ကိုသင်တို့မသိ ကြသလော။-
Je, hamjui kwamba ningeweza kumwomba Baba yangu naye mara angeniletea zaidi ya majeshi kumi na mawili ya malaika?
54 ၅၄ သို့ရာတွင်ငါဤသို့ပြုပါမူကျမ်းစာလာသည် အတိုင်းအဘယ်သို့လျှင်ဖြစ်ပျက်တော့မည်နည်း'' ဟုမိန့်တော်မူ၏။
Lakini yatatimiaje Maandiko Matakatifu yasemayo kwamba ndivyo inavyopaswa kuwa?”
55 ၅၅ ထိုနောက်ကိုယ်တော်ကလူပရိသတ်တို့အား``သင် တို့သည်ဋ္ဌားပြကိုဖမ်းသကဲ့သို့ငါ့ကိုဖမ်းရန် တုတ်များဋ္ဌားများနှင့်လာကြသလော။ ငါသည် နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင်ထိုင်၍ဟောပြော သွန်သင်နေစဉ်အခါသင်တို့သည်ငါ့ကိုမဖမ်း မဆီးခဲ့ကြ။-
Wakati huohuo Yesu akauambia huo umati wa watu waliokuja kumtia nguvuni, “Je, mmekuja kunikamata kwa mapanga na marungu kama kwamba mimi ni mnyang'anyi? Kila siku nilikuwa Hekaluni nikifundisha, na hamkunikamata!
56 ၅၆ သို့သော်ဤအမှုအရာများဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတော်တွင်ပရောဖက်များဟောကြားခဲ့ သမျှအတိုင်း အကောင်အထည်ပေါ်လာစေရန် ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။ ထိုအခါတပည့်တော်အပေါင်းတို့သည် ကိုယ်တော် ကိုစွန့်ပစ်၍ပြေးကြ၏။
Lakini haya yote yametendeka ili Maandiko ya manabii yatimie.” Kisha wanafunzi wote wakamwacha, wakakimbia.
57 ၅၇ သခင်ယေရှုကိုဖမ်းဆီးကြသောသူတို့သည် ကိုယ်တော်အားယဇ်ပုရောဟိတ်မင်းကယာဖ၏ ကျောင်းတော်သို့ခေါ်ဆောင်သွားကြ၏။ ကျမ်းတတ် ဆရာများနှင့်ဘာသာရေးခေါင်းဆောင်များသည် ထိုအရပ်တွင်စုရုံးလျက်နေကြ၏။-
Basi, hao watu waliomkamata Yesu walimpeleka nyumbani kwa Kayafa, Kuhani Mkuu, walikokusanyika walimu wa Sheria na wazee.
58 ၅၈ ပေတရုသည်ခပ်လှမ်းလှမ်းကနေ၍ယဇ်ပုရော ဟိတ်မင်း၏ကျောင်းတော်ဝင်းတိုင်အောင်ကိုယ်တော် ၏နောက်ကလိုက်လာခဲ့၏။ ထိုနောက်ဝင်းထဲသို့ ဝင်၍ကိုယ်တော်၏အမှုမည်သို့အဆုံးသတ်မည် ကိုသိရှိနိုင်ရန် ယဇ်ပုရောဟိတ်မင်း၏ကိုယ်ရံတော် တပ်သားများနှင့်အတူထိုင်လျက်နေ၏။-
Petro alimfuata kwa mbali mpaka uani kwa Kuhani Mkuu, akaingia ndani pamoja na walinzi ili apate kuona mambo yatakavyokuwa.
59 ၅၉ ယဇ်ပုရောဟိတ်ကြီးများနှင့်တကွယုဒတရား လွှတ်တော်အဖွဲ့ဝင်အပေါင်းတို့သည်သခင်ယေရှု အား သေဒဏ်ပေးနိုင်ရန်မဟုတ်မမှန်သောသက်သေ ကိုရှာကြ၏။-
Basi, makuhani wakuu na Baraza lote wakatafuta ushahidi wa uongo dhidi ya Yesu wapate kumwua,
60 ၆၀ သို့ရာတွင်မတွေ့ကြ။ မုသားသက်သေကားအများ ပင်ရှိ၏။ နောက်ဆုံး၌လူနှစ်ယောက်သည်ရှေ့သို့ထွက် လာပြီးလျှင်၊-
lakini hawakupata ushahidi wowote, ingawa walikuja mashahidi wengi wa uongo. Mwishowe wakaja mashahidi wawili,
61 ၆၁ ``ဤသူက `ငါသည်ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍သုံးရက်အတွင်းပြန်လည်ဆောက်နိုင်သည်' ဟုပြောဆိုပါသည်'' ဟူ၍သက်သေခံကြ၏။
wakasema, “Mtu huyu alisema: Ninaweza kuliharibu Hekalu la Mungu na kulijenga tena kwa siku tatu.”
62 ၆၂ ယဇ်ပုရောဟိတ်မင်းသည်နေရာမှထ၍ ``သင့်အား ထိုသူတို့မည်သို့စွပ်စွဲထွက်ဆိုကြပါသနည်း။ သင့်မှာမည်သို့မျှဖြေကြားစရာမရှိပါသလော'' ဟုကိုယ်တော်အားမေး၏။-
Kuhani Mkuu akasimama, akamwuliza Yesu, “Je, hujibu neno? Watu hawa wanashuhudia nini dhidi yako?”
63 ၆၃ သို့ရာတွင်သခင်ယေရှုသည်ဆိတ်ဆိတ်နေတော် မူ၏။ ယဇ်ပုရောဟိတ်မင်းက ``သင်သည်ဘုရား သခင်၏သားတော်မေရှိယလော။ ငါ့အားဖြေ ကြားလော့။ အသက်ရှင်တော်မူသောဘုရား သခင်ကိုတိုင်တည်၍သင့်အားငါမေး၏'' ဟု ဆို၏။
Lakini Yesu akakaa kimya. Kuhani Mkuu akamwambia, “Nakuapisha kwa Mungu aliye hai, twambie kama wewe ndiwe Kristo, Mwana wa Mungu!”
64 ၆၄ သခင်ယေရှုက ``သင်ဆိုသည်အတိုင်းမှန်၏။ သို့ ရာတွင်သင်တို့အားငါဆိုသည်ကားနောင်အခါ တွင်လူသားသည်အနန္တတန်ခိုးရှင်၏လက်ယာ ဘက်တွင်ထိုင်လျက်နေသည်ကိုလည်းကောင်း၊ မိုး တိမ်ကိုစီး၍ကြွလာတော်မူသည်ကိုလည်းကောင်း သင်တို့မြင်ရကြလတ္တံ့'' ဟုမိန့်တော်မူ၏။
Yesu akamwambia, “Wewe umesema! Lakini nawaambieni, tangu sasa mtamwona Mwana wa Mtu ameketi upande wa kulia wa Mwenyezi, akija juu ya mawingu ya mbinguni.”
65 ၆၅ ထိုအခါယဇ်ပုရောဟိတ်မင်းသည်မိမိ၏အဝတ် ကိုဆွဲဆုတ်ပြီးလျှင် ``ထိုသူသည်ဘုရားသခင်ကို ပြစ်မှားပြောဆိုချေပြီ။ ငါတို့သက်သေများထပ်၍ မလိုတော့ပြီ။ ဘုရားသခင်အားသူပြစ်မှားပြော ဆိုသည်ကိုသင်တို့ယခုကြားရကြပြီ။-
Hapo, Kuhani Mkuu akararua mavazi yake, akasema, “Amekufuru! Tuna haja gani tena ya mashahidi? Sasa mmesikia kufuru yake.
66 ၆၆ အဘယ်သို့ဆုံးဖြတ်ချက်ချရမည်နည်း'' ဟုမေး၏။ ထိုသူတို့က ``ပြစ်မှုထင်ရှားသဖြင့်သူ့ကိုသေဒဏ် ပေးရမည်'' ဟုဆိုကြ၏။
Ninyi mwaonaje?” Wao wakamjibu, “Anastahili kufa!”
67 ၆၇ ထိုနောက်သူတို့သည်ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးကြ၏။ ကိုယ်တော်ကိုလက်သီးနှင့် ထိုးကြ၏။ အချို့သောသူတို့သည်ပါးတော်ကို လက်ဝါးဖြင့်ရိုက်ပြီးလျှင်၊-
Kisha wakamtemea mate usoni, wakampiga makofi. Wengine wakiwa wanampiga makofi,
68 ၆၈ ``အရှင်မေရှိယ၊ အရှင့်အားမည်သူရိုက်သည်ကို ဟောတော်မူပါ'' ဟုဆိုကြ၏။
wakasema, “Haya Kristo, tutabirie; ni nani amekupiga!”
69 ၆၉ ပေတရုသည်အပြင်ဖက်ကျောင်းတော်ဝင်းအတွင်း ၌ထိုင်လျက်နေစဉ်အစေခံမကလေးတစ်ယောက် သည်ရောက်လာ၍ `သင်သည်လည်းဂါလိလဲပြည်သား ယေရှုနှင့်ပေါင်းဖော်သူဖြစ်သည်'' ဟုဆို၏။
Petro alikuwa ameketi nje uani. Basi, mtumishi mmoja wa kike akamwendea, akasema, “Wewe ulikuwa pamoja na Yesu wa Galilaya.”
70 ၇၀ သို့သော်ပေတရုက ``သင်ပြောသည့်အရာကိုငါ မသိ'' ဟုလူအပေါင်းတို့ရှေ့တွင်ငြင်းဆိုပြီး လျှင်အိမ်တော်ဝင်းတံခါးဝသို့ထသွားလေ၏။-
Petro akakana mbele ya wote akisema, “Sijui hata unasema nini.”
71 ၇၁ အခြားအစေခံမကလေးတစ်ယောက်သည်သူ့ ကိုမြင်လျှင်ထိုနေရာတွင်ရှိသောသူတို့အား ``ဤ သူသည်နာဇရက်မြို့သားယေရှုနှင့်ပေါင်းဖော် သူဖြစ်၏'' ဟုဆို၏။
Alipokuwa akitoka mlangoni, mtumishi mwingine wa kike akamwona, akawaambia wale waliokuwa pale, “Mtu huyu alikuwa pamoja na Yesu wa Nazareti.”
72 ၇၂ ပေတရုက ``ထိုသူကိုငါမသိ'' ဟုကျိန်ဆိုပြန်၏။
Petro akakana tena kwa kiapo: “Simjui mtu huyo.”
73 ၇၃ ထိုနောက်အချိန်အနည်းငယ်ကြာသောအခါအနီး တွင်ရပ်နေသောသူများသည်ပေတရုထံလာ၍ ``သင် သည်အမှန်ပင်ထိုသူနှင့်အပေါင်းပါဖြစ်ကြောင်းသင် ပြောပုံဆိုပုံအားဖြင့်သိသာ၏'' ဟုဆိုကြ၏။
Baadaye kidogo, watu waliokuwa pale wakamwendea Petro, wakamwambia, “Hakika, wewe pia ni mmoja wao, maana msemo wako unakutambulisha.”
74 ၇၄ ပေတရုက ``ထိုသူကိုငါမသိ'' ဟုဘုရားသခင် ကိုတိုင်တည်၍ကျိန်ဆိုလေ၏။ ထိုခဏ၌ကြက်တွန်လေ၏။-
Hapo Petro akaanza kujilaani na kuapa akisema, “Simjui mtu huyo!” Mara jogoo akawika.
75 ၇၅ ထိုအခါ ``ကြက်မတွန်မီသင်သည်ငါ့ကိုမသိ ဟုသုံးကြိမ်မြောက်အောင်ငြင်းဆိုလိမ့်မည်'' ဟု သခင်ယေရှုမိန့်တော်မူခဲ့သည့်စကားကို ပေတရုသည်ပြန်လည်သတိရသဖြင့်အပြင် သို့ထွက်၍ဝမ်းနည်းပက်လက်ငိုကြွေးလေ၏။
Petro akakumbuka maneno aliyoambiwa na Yesu: “Kabla jogoo hajawika, utanikana mara tatu.” Basi, akatoka nje akalia sana.