< မဿဲ 26 >

1 ဤ​သို့​ဟော​ပြော​သွန်​သင်​တော်​မူ​ပြီး​သော​အ​ခါ ကိုယ်​တော်​က၊
Quando Jesus terminou de dizer todas essas coisas, disse para [nós, ] seus discípulos:
2 ``နောက်​နှစ်​ရက်​မျှ​ကြာ​လျှင်​ပ​သ​ခါ​ပွဲ​ကျ​ရောက် မည်​ကို​သင်​တို့​သိ​ကြ​၏။ ထို​အ​ခါ​လူ​သား​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​စေ​ရန်​ရန်​သူ့ လက်​သို့​အပ်​ကြ​လိမ့်​မည်'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။
“Vocês sabem que daqui a dois dias [nós celebraremos] a festa da Páscoa. [Naquele tempo] eu, aquele que veio do céu, serei entregue {me entregarão, aquele que veio do céu, } nas mãos daqueles que vão pregar-me em uma cruz”.
3 ထို​အ​ချိန်​၌​ပင်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည်​က​ယာ​ဖ နာ​မည်​ရှိ​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကျောင်း တော်​ဝင်း​အ​တွင်း​တွင်​စု​ရုံး​လျက်​နေ​ကြ​၏။-
Nessa mesma hora os principais sacerdotes e os anciãos dos [judeus] se reuniram na casa do sumo sacerdote, que se chamava Caifás.
4 သူ​တို့​သည်​သ​ခင်​ယေ​ရှု​ကို​တိတ်​တ​ဆိတ် ဖမ်း​ဆီး​၍​သတ်​ရန်​ဆွေး​နွေး​တိုင်​ပင်​ကြ​၏။-
[Ali] eles planejaram como podiam prender Jesus de uma maneira enganosa/desonesta e depois matá-lo.
5 သူ​တို့​က ``လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည် ကို​စိုး​ရိမ်​စ​ရာ​ရှိ​သ​ဖြင့်​ပွဲ​တော်​ရက်​အ​တွင်း ၌​မ​ဖမ်း​မ​ဆီး​ကြ​နှင့်'' ဟု​ဆို​ကြ​၏။
Mas disseram: “Não [podemos fazê-lo] durante a Festa da [Páscoa], porque [se fizermos naquele dia], o povo é capaz de criar uma rebelião”.
6 သ​ခင်​ယေ​ရှု​သည်​ဗေ​သ​နိ​ရွာ​တွင်​အ​ရေ​ပြား ရော​ဂါ​စွဲ​ကပ်​ခဲ့​ဖူး​သူ​ရှိ​မုန်​၏​အိမ်​၌​ရှိ​၍ အ​စား​အ​စာ​သုံး​ဆောင်​လျက်​နေ​တော်​မူ သော​အ​ခါ၊-
Quando Jesus estava [conosco, os discípulos], no povoado de Betânia, na casa de Simão, que [Jesus tinha curado de] lepra,
7 အ​မျိုး​သ​မီး​တစ်​ယောက်​သည်​အ​လွန်​အ​ဖိုး ထိုက်​သည့်​ဆီ​မွှေး​ကျောက်​ဖြူ​ဗူး​ကို​ယူ​ဆောင်​၍ အ​ထံ​တော်​သို့​လာ​ပြီး​လျှင်​ထို​ဆီ​မွှေး​ကို ကိုယ်​တော်​၏​ခေါင်း​တော်​ထက်​တွင်​သွန်း​လောင်း လေ​သည်။-
uma mulher chegou perto dele. Ela trazia um jarro de pedra que [continha] perfume muito caro. [Para mostrar o quanto ela valorizava] Jesus, derramou o perfume na cabeça dele enquanto Ele comia.
8 ထို​အ​ခြင်း​အ​ရာ​ကို​တ​ပည့်​တော်​တို့​မြင်​လျှင် အ​မျက်​ထွက်​၍ ``အဘယ်​ကြောင့်​ဤ​သို့​ဖြုန်း​တီး ပါ​သ​နည်း။-
Quando vimos isso, [alguns de nós] ficamos zangados. Um de nós disse: “––É terrível/Por que é–– [RHQ] que este perfume – seja/está sendo desperdiçado!/?
9 ဤ​ဆီ​မွှေး​ကို​ငွေ​အ​မြောက်​အ​မြား​နှင့်​ရောင်း ၍​ဆင်း​ရဲ​သူ​များ​အား​ပေး​ကမ်း​သင့်​၏'' ဟု ဆို​ကြ​သည်။
Podia ter sido vendido e muito dinheiro ganho {Podíamos ter vendido e ganho muito dinheiro} por ele! Depois o dinheiro podia ter sido dado {podíamos ter dado o dinheiro} para os pobres”.
10 ၁၀ သ​ခင်​ယေ​ရှု​သည်​ကြား​သိ​တော်​မူ​သော အ​ခါ ``အ​ဘယ်​ကြောင့်​ဤ​အ​မျိုး​သ​မီး​ကို သင်​တို့​နှောင့်​ယှက်​ကြ​သ​နည်း။ သူ​ပြု​သော အ​မှု​သည်​လွန်​စွာ​လျောက်​ပတ်​ပေ​၏။-
Mas Jesus sabia o que estávamos dizendo. Por isso Ele nos disse: “––Vocês não deviam estar/Por que vocês estão–– [RHQ] perturbando esta mulher!/? Ela fez uma coisa linda para mim.
11 ၁၁ ဆင်း​ရဲ​သူ​များ​သည်​သင်​တို့​နှင့်​အ​မြဲ​ရှိ​နေ ကြ​မည်။ ငါ​မူ​ကား​သင်​တို့​နှင့်​အ​မြဲ​ရှိ​နေ မည်​မ​ဟုတ်။-
[Lembrem-se de que] sempre haverá pessoas pobres entre vocês [e podem ajudá-las sempre que quiserem.] Porém eu não estarei sempre com vocês, [por isso é bom ela mostrar agora que me valoriza]!
12 ၁၂ ဤ​အ​မျိုး​သ​မီး​သည်​ငါ့​အ​ပေါ်​သို့​ဆီ​မွှေး သွန်း​လောင်း​သည်​မှာ​ငါ​၏​ရုပ်​အ​လောင်း​ကို သင်္ဂြိုဟ်​ရန်​ပြင်​ဆင်​ခြင်း​ပင်​ဖြစ်​၏။-
Quando ela derramou este perfume no meu corpo, [era como se soubesse que eu morreria daqui a pouco e] ela tem ungido meu corpo para as pessoas enterrá-lo.
13 ၁၃ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သ​တင်း​ကောင်း​ကို​ကမ္ဘာ​အ​ရပ်​ရပ်​တွင်​ကြေ ညာ​သော​အ​ခါ ဤ​အ​မျိုး​သ​မီး​ကို​အောက်​မေ့ သ​တိ​ရ​ကြ​စေ​ရန် သူ​ပြု​ခဲ့​သော​ကောင်း​မှု ကို​ပြော​ကြား​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Direi isto para vocês: onde quer que seja pregada esta boa mensagem a meu respeito {as pessoas preguem esta boa mensagem a meu respeito} pelo mundo inteiro, o que esta mulher fez também será relatado {também relatarão aos [outros] o que esta mulher fez}, e como resultado as [pessoas] vão lembrar-se disso”.
14 ၁၄ ထို​နောက်​တစ်​ကျိပ်​နှစ်​ပါး​အ​ပါ​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ ထံ​သို့​သွား​၍၊-
Então Judas Iscariotes, [embora fosse] um de [nós, ] discípulos, foi aos sumo sacerdotes.
15 ၁၅ ``ယေ​ရှု​ကို​သင်​တို့​လက်​သို့​အ​ကျွန်ုပ်​ပေး​အပ်​ပါ လျှင်​အ​ကျွန်ုပ်​အား​ငွေ​မည်​မျှ​ပေး​မည်​နည်း'' ဟု မေး​၏။ ထို​သူ​တို့​သည်​လည်း​သူ့​အား​ငွေ​ဒင်္ဂါး သုံး​ဆယ်​ပေး​ကြ​၏။-
Perguntou-lhes: “Se eu fizer com que vocês possam prender [Jesus], quanto [dinheiro] vocês estão dispostos a me dar?” Eles [concordaram em dar-lhe] trinta moedas de prata. Então eles contaram as moedas e [deram] a ele.
16 ၁၆ ထို​အ​ချိန်​မှ​စ​၍​ယု​ဒ​သည်​ကိုယ်​တော်​ကို ရန်​သူ့​လက်​သို့​အပ်​ရန်​အ​ခွင့်​ကောင်း​ကို​ရှာ လျက်​နေ​၏။
Daquele momento em diante Judas procurou uma oportunidade de ajudá-los a prender Jesus.
17 ၁၇ တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ပ​ထ​မ​နေ့​၌​တ​ပည့်​တော် တို့​သည်​သ​ခင်​ယေ​ရှု​ထံ​တော်​သို့​လာ​၍ ``အ​ရှင့် အ​တွက်​ပ​သ​ခါ​ပွဲ​ည​စာ​ကို​အ​ကျွန်ုပ်​တို့ အ​ဘယ်​အ​ရပ်​တွင်​ပြင်​ဆင်​ရ​ပါ​မည်​နည်း'' ဟု မေး​လျှောက်​ကြ​၏။
No primeiro dia da festa [que dura uma semana] quando [nós judeus comemos] pão que não contém fermento, nós, discípulos, fomos a Jesus e perguntamos: “Onde é que o senhor quer que preparemos a refeição para a celebração da Páscoa para [nós] comermos [com o senhor]?”
18 ၁၈ ကိုယ်​တော်​က ``မြို့​ထဲ​သို့​ဝင်​၍​ဤ​မည်​သော​သူ​ထံ သို့​သွား​၍​ဆ​ရာ​တော်​က `ငါ့​အ​တွက်​သတ်​မှတ် ထား​သည့်​အ​ချိန်​ရောက်​လာ​ပြီ​ဖြစ်​၍​ငါ့​တ​ပည့် များ​နှင့်​အ​တူ​သင်​၏​အိမ်​တွင်​ပ​သ​ခါ​ပွဲ​ကို ကျင်း​ပ​လို​သည်' ဟု​မှာ​ကြား​လိုက်​ကြောင်း​ပြော ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
Ele [deu instruções a dois dos seus discípulos sobre onde deviam ir]. Disse a eles: “Vão à cidade de [Jerusalém] a um homem [com quem já arranjei isto anteriormente]. Digam-lhe: ‘O mestre diz: ‘a hora de [que já falei com você] está perto. Eu celebrarei a [refeição da] Páscoa com meus discípulos na sua casas [e eu estou enviando estes dois discípulos para preparar a refeição]’’.
19 ၁၉ တ​ပည့်​တော်​တို့​သည်​လည်း​ကိုယ်​တော်​မိန့်​တော်​မူ သည်​အ​တိုင်း​လိုက်​နာ​ဆောင်​ရွက်​၍​ပ​သ​ခါ​ပွဲ ကို​အ​သင့်​ပြင်​ကြ​၏။
Em seguida, esses [dois] discípulos fizeram como Jesus lhes disse e prepararam a [refeição da] Páscoa [naquela casa].
20 ၂၀ ည​ချမ်း​အ​ချိန်​ရောက်​သော်​ကိုယ်​တော်​သည်​တစ်​ကျိပ် နှစ်​ပါး​တို့​နှင့်​အ​တူ​စား​ပွဲ​တွင်​ထိုင်​၍​ည​စာ​စား တော်​မူ​၏။-
Quando chegou a noite, Jesus estava jantando com seus doze discípulos.
21 ၂၁ ထို​အ​ခါ​ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့ အား​ငါ​ဆို​သည်​ကား၊ သင်​တို့​အ​နက်​က​တစ်​စုံ တစ်​ယောက်​သော​သူ​သည်​ငါ့​ကို​ရန်​သူ့​လက်​သို့ အပ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
Enquanto estávamos comendo, Ele nos disse: “Ouçam com cuidado: um de vocês fará com que meus inimigos me peguem.
22 ၂၂ တပည့်​တော်​တို့​သည်​လွန်​စွာ​စိတ်​မ​ချမ်း​မ​သာ​ဖြစ် ကြ​လျက် ``ထို​သူ​သည်​အ​ကျွန်ုပ်​ပေ​လော'' ဟု​တစ် ဦး​နောက်​တစ်​ဦး​မေး​လျှောက်​ကြ​၏။
Ficamos muito tristes e começamos a dizer para Ele, um após outro: “Senhor, ––certamente não sou/será que sou– [RHQ] eu!/? [RHQ]”
23 ၂၃ ကိုယ်​တော်​က ``ငါ​နှင့်​အ​တူ​ဟင်း​ခွက်​တွင်​နှိုက်​၍ စား​သော​သူ​သည်​ငါ့​ကို​ရန်​သူ့​လက်​သို့​အပ် လိမ့်​မည်။-
Ele respondeu: “Aquele que fará com que meus inimigos me peguem é um de vocês que está mergulhando seu pão no molho junto comigo.
24 ၂၄ ကျမ်း​စာ​လာ​သည်​အ​တိုင်း​လူ​သား​သည်​အ​သေ​ခံ ရန်​သွား​ရ​မည်။ သို့​ရာ​တွင်​လူ​သား​ကို​ရန်​သူ​လက် သို့​အပ်​သူ​သည်​အ​မင်္ဂ​လာ​ရှိ​၏။ မွေး​ဖွား​ခြင်း​ကို မ​ခံ​ရ​လျှင်​သူ့​အ​ဖို့​ကောင်း​သေး​၏'' ဟု​မိန့်​တော် မူ​သည်။
É [certo que] eu, aquele que veio do céu, [morrerei, porque] é isso que foi escrito {os profetas escreveram} sobre mim. Mas será horrível para aquele por quem eu serei traído {que ––me trairá/ajudará meus inimigos a me pegar}! Seria melhor para esse homem se ele não tivesse nascido”!
25 ၂၅ ကိုယ်​တော်​ကို​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ​ယု​ဒ က ``အ​ရှင်​ဘု​ရား၊ ထို​သူ​သည်​အ​ကျွန်ုပ်​ပေ​လော'' ဟု​မေး​လျှောက်​လျှင်၊ ကိုယ်​တော်​က ``သင်​ပြော​သည့်​အ​တိုင်း​ပင်​မှန်​၏'' ဟု​မိန့်​တော်​မူ​၏။
Então Judas, aquele que ia traí-lo, disse: “Rabi/Mestre, ––certamente não sou/será que sou–– [RHQ] eu!/?” Jesus respondeu: “Sim, é você”.
26 ၂၆ ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​နှင့်​အ​တူ​ညစာ စား​လျက်​နေ​တော်​မူ​စဉ်​မုန့်​ကို​ယူ​၍​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​တော်​မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍ ``ဤ​မုန့် ကား​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ယူ​၍​စား​ကြ​လော့'' ဟု မိန့်​တော်​မူ​ပြီး​လျှင်​တ​ပည့်​တော်​တို့​အား​ဝေ​ပေး တော်​မူ​၏။
Enquanto estávamos comendo, Jesus pegou um pão pequeno e deu graças a Deus por ele. Depois Ele o rasgou em pedaços e deu a nós, discípulos, dizendo: “Peguem este pão e comam. Ele representa meu corpo”.
27 ၂၇ စ​ပျစ်​ရည်​ခွက်​ကို​လည်း​ယူ​၍​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​နောက်​တ​ပည့်​တော်​တို့​အား​ပေး​တော် မူ​၏။ ကိုယ်​တော်​က ``သင်​တို့​အား​လုံး​သောက်​ကြ လော့။-
Mais tarde Ele pegou uma xícara [de vinho] e deu graças a [Deus] por ele. Então Ele deu a nós, dizendo: “Tomem [um pouco do vinho deste copo], todos vocês.
28 ၂၈ ဤ​စ​ပျစ်​ရည်​ကား​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တော်​ကို​တံ​ဆိပ်​ခတ်​သော၊ လူ​တို့​အ​ပြစ်​ပြေ လွှတ်​ရန်​အ​တွက်​သွန်း​သော​ငါ​၏​သွေး​ဖြစ်​၏။-
O vinho neste copo [representa] meu sangue que está para ser derramado {que [em pouco tempo] eu derramarei}. Este sangue porá em prática o [novo] acordo [que Deus está fazendo] com muitas pessoas para perdoar os pecados delas.
29 ၂၉ သင်​တို့​အား​ငါ​ဆို​သည်​ကား​ယ​ခု​အ​ချိန်​မှ စ​၍​ငါ့​ခ​မည်း​တော်​၏​နိုင်​ငံ​တော်​တွင်​သင်​တို့ နှင့်​အ​တူ​စ​ပျစ်​ရည်​သစ်​ကို​သောက်​ရ​သည့်​နေ့ မ​တိုင်​မီ​ငါ​သည်​ဤ​စ​ပျစ်​ရည်​ကို​နောက်​တစ်​ဖန် မ​သောက်​တော့​ပြီ'' ဟု​မိန့်​တော်​မူ​၏။
Notem isto com cuidado: eu não beberei mais nenhum vinho como este até o dia quando beberei com vocês com um novo [significado, ] quando meu Pai fizer com que eu possa começar a governar”.
30 ၃၀ ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဋ္ဌမ္မ​သီ​ချင်း​ကို​ဆို​ပြီး​နောက်​သံ​လွင်​တောင်​သို့ ထွက်​သွား​ကြ​၏။
Depois que cantamos um hino, saímos para o Monte das Oliveiras.
31 ၃၁ ထို​နောက်​သ​ခင်​ယေ​ရှု​က ``ကျမ်း​စာ​တော်​တွင် `ဘု​ရား သ​ခင်​သည်​သိုး​ထိန်း​ကို​ရိုက်​သ​ဖြင့်​သိုး​တို့​သည် က​စဥ့်​က​ရဲ​ဖြစ်​ကြ​လိမ့်​မည်' ဟု​ပါ​ရှိ​သည်​နှင့် အ​ညီ​ယ​နေ့​ည​၌​ပင်​လျှင်​သင်​တို့​သည်​ငါ့​ကို စွန့်​ပစ်​၍​ပြေး​ကြ​လိမ့်​မည်။-
Então Jesus nos disse: “Hoje à noite todos vocês me abandonarão por causa do [que acontecerá comigo]. Isso acontecerá porque ––um profeta/Zacarias–– escreveu [estas palavras que Deus disse]: ‘Eu [fazerei com que as pessoas] matem o pastor, e depois todas as ovelhas serão espalhadas {se espalharão}.’”
32 ၃၂ သို့​ရာ​တွင်​ငါ​သည်​သေ​ခြင်း​မှ​ထ​မြောက် ပြီး​နောက်​သင်​တို့​အ​လျင်​ဂါ​လိ​လဲ​ပြည် သို့​သွား​နှင့်​မည်'' ဟု​တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။
Mas depois que eu tiver [morrido] e tornado a viver outra vez, vou diante de vocês para o [distrito] da Galileia”.
33 ၃၃ ပေ​တ​ရု​က ``အ​ခြား​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​စွန့်​ပစ်​ကြ​သော်​လည်း​အ​ကျွန်ုပ် သည်​အ​ဘယ်​အ​ခါ​မျှ​စွန့်​ပစ်​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​ထား​၏။-
Pedro respondeu: “Talvez todos os outros discípulos abandonem o senhor [quando virem o que acontecerá ao senhor], mas, com certeza, eu nunca [vou abandoná-lo]”!
34 ၃၄ သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား၊ ယ​နေ့​ည​၌​ပင်​ကြက်​မ​တွန်​မီ​သင် သည်​ငါ့​ကို​မ​သိ​ဟု​သုံး​ကြိမ်​တိုင်​တိုင်​ငြင်း​ဆို လိမ့်​မည်'' ဟု​ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။
Jesus respondeu: “Ouça com cuidado: esta mesma noite, antes do galo cantar, você dirá três vezes que não me conhece”!
35 ၃၅ ပေ​တ​ရု​က ``အ​ကျွန်ုပ်​သည်​ကိုယ်​တော်​နှင့်​အ​တူ သေ​ပင်​သေ​ရ​ပါ​စေ၊ ကိုယ်​တော်​ကို​မ​သိ​ဟု​ငြင်း ဆို​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​ထား​၏။ အခြား တ​ပည့်​တော်​တို့​သည်​လည်း​ဤ​နည်း​အ​တိုင်း လျှောက်​ထား​ကြ​၏။
Pedro disse-lhe: “Mesmo que eles me matem [enquanto eu defender o senhor], eu nunca direi que não conheço o senhor!” Todos nós, discípulos, também dissemos a mesma coisa.
36 ၃၆ ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​နှင့် အ​တူ​ဂေ​သ​ရှေ​မန်​နာ​မည်​ရှိ​သော​အ​ရပ်​သို့ ရောက်​ရှိ​တော်​မူ​၏။ ကိုယ်​တော်​က ``ငါ​သည်​ထို နေ​ရာ​သို့​သွား​၍​ဆု​တောင်း​နေ​စဉ်​သင်​တို့ ဤ​နေ​ရာ​တွင်​စောင့်​နေ​ကြ​လော့'' ဟု​တ​ပည့် တော်​တို့​အား​မှာ​ကြား​တော်​မူ​ပြီး​လျှင်၊-
Então Jesus foi conosco ao um lugar chamado {que as pessoas chamam} Getsêmani. Ali ele disse [a quase todos] nós: “Fiquem aqui enquanto eu for ali para orar”.
37 ၃၇ ပေ​တ​ရု​နှင့်​ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက်​တို့​ကို ခေါ်​သွား​တော်​မူ​၏။ ကိုယ်​တော်​သည်​စိတ်​မ​ချမ်း မ​သာ​ဖြစ်​တော်​မူ​လျက်​လွန်​စွာ​သော​က​ရောက် တော်​မူ​သ​ဖြင့်၊-
Ele levou Pedro, Tiago e João consigo. Ele ficou extremamente angustiado/aflito.
38 ၃၈ ``ငါ​သည်​သေ​လု​အောင်​စိတ်​ဒုက္ခ​ရောက်​လှ​၏။ သင်​တို့​သည်​ဤ​နေ​ရာ​တွင်​ငါ​နှင့်​အ​တူ​စောင့် နေ​ကြ​လော့'' ဟု​တ​ပည့်​တော်​သုံး​ဦး​အား မိန့်​တော်​မူ​၏။-
Então Ele disse-lhes: “Estou muito triste! É como se eu estivesse quase para morrer! Fiquem aqui e permaneçam acordados comigo!”
39 ၃၉ ထို​နောက်​ရှေ့​သို့​အ​နည်း​ငယ်​ကြွ​တော်​မူ​၍​မြေ ပေါ်​တွင်​ပျပ်​ဝပ်​တော်​မူ​ပြီး​လျှင် ``အို အ​ကျွန်ုပ် ၏​အ​ဖ၊ ဖြစ်​နိုင်​ပါ​က​ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို အ​ကျွန်ုပ်​ထံ​မှ​လွှဲ​ဖယ်​ပေး​တော်​မူ​ပါ။ သို့​ရာ​တွင် အ​ကျွန်ုပ်​၏​အ​လို​အ​တိုင်း​မ​ဟုတ်​ပါ။ ကိုယ်​တော် ၏​အ​လို​တော်​အ​တိုင်း​သာ​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​တော်​မူ​၏။
Depois de caminhar um curta distância, Ele se prostrou para que seu rosto tocasse no chão e orou: “Pai, se for possível, não me deixe sofrer. Porém, não faça assim como eu quero. Pelo contrário, faça o que o senhor quer!”
40 ၄၀ ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​သုံး​ဦး​တို့ ထံ​သို့​ပြန်​လာ​တော်​မူ​ရာ၊ အိပ်​ပျော်​လျက်​နေ ကြ​သည်​ကို​တွေ့​တော်​မူ​သ​ဖြင့် ``သင်​တို့​သုံး ယောက်​သည်​တစ်​နာ​ရီ​မျှ​ပင်​စောင့်​၍​မ​နေ နိုင်​ကြ​သ​လော။-
Então Ele voltou aos [três ]discípulos e viu que estavam dormindo. Ele [acordou] Pedro e disse-lhe: “––Estou desapontado por vocês não ficarem acordados comigo por/Por que é que–– [RHQ] vocês não podiam ficar acordados comigo por – -apenas um tempo curto/uma hora./?
41 ၄၁ စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို​ခံ​ရပ်​နိုင်​မည့်​အ​ကြောင်း ဆု​တောင်း​၍​စောင့်​နေ​ကြ​လော့။ စိတ်​ဆန္ဒ​ရှိ​သော်​လည်း ကိုယ်​ခန္ဓာ​ကား​အား​နည်း​၏'' ဟု​ပေ​တ​ရု​အား မိန့်​တော်​မူ​၏။
Vocês devem ficar atentos e orar, para resistir quando algo tenta vocês. Vocês querem fazer o que digo, mas não têm força suficiente para realmente fazerem o que eu digo”.
42 ၄၂ ထို​နောက်​ကိုယ်​တော်​သည်​ဒု​တိ​ယ​အ​ကြိမ်​ကြွ သွား​တော်​မူ​ပြန်​၍ ``အ​ကျွန်ုပ်​၏​အ​ဖ၊ ဤ​ဒုက္ခ ဝေ​ဒ​နာ​ခွက်​ကို​အ​ကျွန်ုပ်​ထံ​မှ​လွှဲ​ဖယ်​၍ မ​ဖြစ်​ပါ​က​ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​တော်​မူ​၏။-
Ele foi embora uma segunda vez e orou: “Meu Pai, se for necessário eu sofrer [LIT], que aconteça assim como o senhor quer!”
43 ၄၃ ကိုယ်​တော်​နောက်​တစ်​ကြိမ်​ပြန်​လာ​တော်​မူ​သော အ​ခါ​တ​ပည့်​တော်​တို့​သည်​မျက်​စိ​လေး​လံ သ​ဖြင့်​အိပ်​ပျော်​လျက်​နေ​ကြ​သည်​ကို​တွေ့ တော်​မူ​၏။
Quando voltou aos [três] discípulos, viu que estavam dormindo [de novo]. Não podiam manter os olhos abertos.
44 ၄၄ ကိုယ်​တော်​သည်​သူ​တို့​ထံ​မှ​တစ်​ဖန်​ကြွ​သွား တော်​မူ​ပြီး​လျှင်​ယ​ခင်​က​မြွက်​ဆို​သည် အ​တိုင်း​တတိယ​အ​ကြိမ်​ဆု​တောင်း​တော်​မူ​၏။-
Então Ele os deixou e foi embora de novo. Ele orou pela terceira vez, dizendo a mesma coisa [que tinha orado antes].
45 ၄၅ ထို​နောက်​တ​ပည့်​တော်​တို့​ထံ​သို့​ပြန်​လာ​၍ ``သင် တို့​သည်​အိပ်​လျက်​နား​လျက်​ပင်​ရှိ​နေ​ကြ​သေး သ​လော။ လူ​သား​ကို​ဆိုး​ယုတ်​သူ​များ​လက်​သို့ အပ်​နှံ​သည့်​အ​ချိန်​ရောက်​လာ​ပြီ။-
Depois Ele voltou para [todos] os discípulos. Ele [os acordou e] disse-lhes: “Estou desapontado que vocês estão/Por que é que vocês estão –– [RHQ] dormindo e descansando! Vejam! Alguém logo fará com que homens maus me prendam, aquele que veio do céu!
46 ၄၆ ထ​ကြ။ ငါ​တို့​သွား​ကြ​ကုန်​အံ့။ ငါ့​ကို​ရန်​သူ့​လက် သို့​အပ်​မည့်​သူ​ရောက်​လာ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
Levantem-se! Vamos ao encontro deles! Aí vem aquele que está –– ajudando meus inimigos a me prenderem/traindo-me!”
47 ၄၇ ယင်း​သို့​ကိုယ်​တော်​မိန့်​တော်​မူ​စဉ်​၌​ပင်​လျှင် တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သူ​ယု​ဒ​သည်​တုတ်၊ ဋ္ဌား​ကိုင်​ဆောင်​သူ​လူ​အ​မြောက်​အ​မြား​နှင့်​အ​တူ ရောက်​ရှိ​လာ​လေ​သည်။ ထို​သူ​တို့​သည်​ယဇ်​ပု​ရော ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ က​စေ​လွှတ်​လိုက်​သူ​များ​ဖြစ်​၏။-
Enquanto Ele ainda estava falando, Judas chegou [para ajudar seus inimigos a prendê-lo, mesmo que] Judas fosse um de nós doze discípulos. Uma multidão de pessoas que carregavam espadas e porretes estava com ele. Os principais sacerdotes e os anciãos dos [judeus] a tinha mandado.
48 ၄၈ ကိုယ်​တော်​ကို​ရန်​သူ့​လက်​သို့​အပ်​နှံ​သူ​က​မိ​မိ နှင့်​လိုက်​ပါ​လာ​သူ​တို့​အား ``ငါ​နမ်း​၍​နှုတ်​ဆက် သူ​သည်​ယေ​ရှု​ဖြစ်​၏။ သူ့​ကို​ဖမ်း​ဆီး​ကြ​လော့'' ဟု အ​ချက်​ပေး​ထား​၏။
Judas antes tinha combinado de dar-lhes um sinal. Ele disse: “O homem que eu beijar é o [que querem]. Peguem–no!”
49 ၄၉ ယု​ဒ​သည်​ချက်​ချင်း​ပင်​ကိုယ်​တော်​၏​ထံ​သို့​ချဉ်း​ကပ် ကာ ``အ​ရှင်​ဘု​ရား၊ မင်္ဂ​လာ​ရှိ​ပါ​စေ​သော'' ဟု​ဆို ၍​ကိုယ်​တော်​ကို​နမ်း​လေ​၏။
Logo ele foi a Jesus e disse: “Saudações, Rabi/mestre!” Então ele beijou Jesus [no pescoço/na face].
50 ၅၀ သ​ခင်​ယေ​ရှု​က ``အ​ဆွေ၊ သင်​ဆောင်​ရွက်​ရန်​လာ သည့်​ကိစ္စ​ကို​အ​မြန်​ဆောင်​ရွက်​လော့'' ဟု​မိန့်​တော် မူ​၏။ လူ​တို့​သည်​လာ​၍​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ချုပ်​ကိုင် ထား​ကြ​၏။-
Jesus respondeu: “Amigo, é para [me beijar] que você está aqui?” (OU: “Faça que veio fazer!”) Então os homens [que chegaram com Judas] avançaram e prenderam Jesus.
51 ၅၁ ထို​အ​ခါ​သ​ခင်​ယေ​ရှု​နှင့်​လိုက်​ပါ​သော​လူ တစ်​ယောက်​သည်​ဋ္ဌား​ကို​ဆွဲ​ထုတ်​ပြီး​လျှင် ယဇ် ပု​ရော​ဟိတ်​မင်း​၏​ကျွန်​တစ်​ယောက်​ကို​ခုတ်​လိုက် ရာ​ထို​သူ​နား​ရွက်​ပြတ်​လေ​၏။-
Inesperadamente, um dos homens que estava com Jesus tirou sua espada [da sua porta-espada]. Ele bateu no servo do sumo sacerdote [com ela para matá-lo, mas só] cortou a orelha dele.
52 ၅၂ သ​ခင်​ယေ​ရှု​က ``သင်​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​သို့​ပြန်​သွင်း လော့။ ဋ္ဌား​ကို​စွဲ​ကိုင်​သူ​သည်​ဋ္ဌား​အား​ဖြင့်​သေ​ကြေ ပျက်​စီး​ရ​လိမ့်​မည်။-
Jesus disse a Pedro: “Coloque sua espada de novo no seu porta-espada! Alguém matará com espada todos os que tentam matar os outros com espada!
53 ၅၃ ငါ​သည်​ခ​မည်း​တော်​ထံ​မှ​အ​ကူ​အ​ညီ​တောင်း​ခံ လျှင်​ခ​မည်း​တော်​သည်​တပ်​ကြီး​တစ်​ဆယ့်​နှစ်​တပ် ထက်​များ​ပြား​လှ​သော​ကောင်း​ကင်​တ​မန်​တို့​ကို ငါ့​ထံ​သို့​စေ​လွှတ်​တော်​မူ​မည်​ကို​သင်​တို့​မ​သိ ကြ​သ​လော။-
Você acha que [RHQ] se eu pedisse a meu Pai, Ele não enviaria logo mais de [doze exércitos de/Setenta e dois mil ] anjos para me ajudar?
54 ၅၄ သို့​ရာ​တွင်​ငါ​ဤ​သို့​ပြု​ပါ​မူ​ကျမ်း​စာ​လာ​သည် အ​တိုင်း​အ​ဘယ်​သို့​လျှင်​ဖြစ်​ပျက်​တော့​မည်​နည်း'' ဟု​မိန့်​တော်​မူ​၏။
[Mas se eu fizesse isso, o que os profetas] escreveram nas Escrituras [sobre o que aconteceria com o Messias] não seria cumprido {ocorreria} [RHQ]”.
55 ၅၅ ထို​နောက်​ကိုယ်​တော်​က​လူ​ပ​ရိ​သတ်​တို့​အား``သင် တို့​သည်​ဋ္ဌား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ရန် တုတ်​များ​ဋ္ဌား​များ​နှင့်​လာ​ကြ​သ​လော။ ငါ​သည် နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင်​ထိုင်​၍​ဟော​ပြော သွန်​သင်​နေ​စဉ်​အ​ခါ​သင်​တို့​သည်​ငါ့​ကို​မ​ဖမ်း မ​ဆီး​ခဲ့​ကြ။-
Naquela hora Jesus disse à multidão [que estava prendendo-o]: “É ridículo que vocês venham/será que vocês vêm–– [RHQ] aqui para me pegarem com espadas e tacapes, como se eu fosse um bandido!/? Dia trás dia eu sentei no pátio do templo, ensinando o povo. Por que vocês não me prenderam naquele tempo?
56 ၅၆ သို့​သော်​ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ရ​ခြင်း​မှာ ကျမ်း​စာ​တော်​တွင်​ပ​ရော​ဖက်​များ​ဟော​ကြား​ခဲ့ သ​မျှ​အ​တိုင်း အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန် ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ ထို​အခါ​တပည့်​တော်​အပေါင်း​တို့​သည် ကိုယ်​တော် ကို​စွန့်​ပစ်​၍​ပြေး​ကြ​၏။
Mas tudo isso está acontecendo para que seja cumprido {para cumprir} o que os profetas escreveram [nas Escrituras a meu respeito]”. Então todos nós, discípulos, o abandonamos e fugimos.
57 ၅၇ သ​ခင်​ယေ​ရှု​ကို​ဖမ်း​ဆီး​ကြ​သော​သူ​တို့​သည် ကိုယ်​တော်​အား​ယဇ်​ပု​ရော​ဟိတ်​မင်း​က​ယာ​ဖ​၏ ကျောင်း​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ကျမ်း​တတ် ဆ​ရာ​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည် ထို​အ​ရပ်​တွင်​စု​ရုံး​လျက်​နေ​ကြ​၏။-
Os homens que tinham prendido Jesus o levaram à casa de Caifás, o sumo sacerdote. Os homens que ensinavam as leis [judaicas] e os anciãos [dos judeus] já estavam reunidos ali.
58 ၅၈ ပေ​တ​ရု​သည်​ခပ်​လှမ်း​လှမ်း​က​နေ​၍​ယဇ်​ပု​ရော ဟိတ်​မင်း​၏​ကျောင်း​တော်​ဝင်း​တိုင်​အောင်​ကိုယ်​တော် ၏​နောက်​က​လိုက်​လာ​ခဲ့​၏။ ထို​နောက်​ဝင်း​ထဲ​သို့ ဝင်​၍​ကိုယ်​တော်​၏​အ​မှု​မည်​သို့​အ​ဆုံး​သတ်​မည် ကို​သိ​ရှိ​နိုင်​ရန် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော် တပ်​သား​များ​နှင့်​အ​တူ​ထိုင်​လျက်​နေ​၏။-
Pedro seguiu Jesus a uma distância. Ele entrou no pátio do sumo sacerdote e sentou-se com os guardas para ver o que aconteceria.
59 ၅၉ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​တ​ကွ​ယု​ဒ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​သည်​သ​ခင်​ယေ​ရှု အား သေ​ဒဏ်​ပေး​နိုင်​ရန်​မ​ဟုတ်​မ​မှန်​သော​သက်​သေ ကို​ရှာ​ကြ​၏။-
Os sumo sacerdotes e os outros do Concílio dos judeus estavam tentando achar pessoas que fossem mentir sobre Jesus para que pudessem [convencer as autoridades romanas a] matá-lo.
60 ၆၀ သို့​ရာ​တွင်​မ​တွေ့​ကြ။ မု​သား​သက်​သေ​ကား​အ​များ ပင်​ရှိ​၏။ နောက်​ဆုံး​၌​လူ​နှစ်​ယောက်​သည်​ရှေ့​သို့​ထွက် လာ​ပြီး​လျှင်၊-
Mas mesmo que muitas pessoas falassem mentiras a respeito dele, não acharam ninguém que dissesse qualquer coisa útil. Porém, mais tarde dois homens se levantaram
61 ၆၁ ``ဤ​သူ​က `ငါ​သည်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို ဖြို​ဖျက်​၍​သုံး​ရက်​အ​တွင်း​ပြန်​လည်​ဆောက်​နိုင်​သည်' ဟု​ပြော​ဆို​ပါ​သည်'' ဟူ​၍​သက်​သေ​ခံ​ကြ​၏။
e disseram: “Este homem disse: ‘Posso destruir o templo de Deus e também posso reconstruí-lo dentro de três dias’”.
62 ၆၂ ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​နေ​ရာ​မှ​ထ​၍ ``သင့်​အား ထို​သူ​တို့​မည်​သို့​စွပ်​စွဲ​ထွက်​ဆို​ကြ​ပါ​သ​နည်း။ သင့်​မှာ​မည်​သို့​မျှ​ဖြေ​ကြား​စ​ရာ​မ​ရှိ​ပါ​သ​လော'' ဟု​ကိုယ်​တော်​အား​မေး​၏။-
Então o sumo sacerdote se levantou e perguntou a Ele: “O senhor não responderá? O que o senhor diz a respeito destas coisas que estão dizendo para [acusá-lo]?”
63 ၆၃ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​ဆိတ်​ဆိတ်​နေ​တော် မူ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က ``သင်​သည်​ဘု​ရား သ​ခင်​၏​သား​တော်​မေ​ရှိ​ယ​လော။ ငါ့​အား​ဖြေ ကြား​လော့။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​ကို​တိုင်​တည်​၍​သင့်​အား​ငါ​မေး​၏'' ဟု ဆို​၏။
Mas Jesus ficou calado. Então o sumo sacerdote disse a Ele: “Ordeno que o senhor nos diga a verdade, sabendo que o Deus Todo–-poderoso está ouvindo o senhor: O senhor é o Messias, ––o Filho de Deus/o homem que também é Deus?”
64 ၆၄ သ​ခင်​ယေ​ရှု​က ``သင်​ဆို​သည်​အ​တိုင်း​မှန်​၏။ သို့ ရာ​တွင်​သင်​တို့​အား​ငါ​ဆို​သည်​ကား​နောင်​အ​ခါ တွင်​လူ​သား​သည်​အ​နန္တ​တန်​ခိုး​ရှင်​၏​လက်​ယာ ဘက်​တွင်​ထိုင်​လျက်​နေ​သည်​ကို​လည်း​ကောင်း၊ မိုး တိမ်​ကို​စီး​၍​ကြွ​လာ​တော်​မူ​သည်​ကို​လည်း​ကောင်း သင်​တို့​မြင်​ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။
Jesus respondeu: “Sou, sim. Mas também direi isto a todos vocês: um dia vocês me verão, aquele que veio do céu, sentado ao lado de Deus, o Altíssimo, e governando. Vocês também me verão descendo do céu pelas nuvens!”
65 ၆၅ ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​မိ​မိ​၏​အ​ဝတ် ကို​ဆွဲ​ဆုတ်​ပြီး​လျှင် ``ထို​သူ​သည်​ဘု​ရား​သ​ခင်​ကို ပြစ်​မှား​ပြော​ဆို​ချေ​ပြီ။ ငါ​တို့​သက်​သေ​များ​ထပ်​၍ မ​လို​တော့​ပြီ။ ဘု​ရား​သ​ခင်​အား​သူ​ပြစ်​မှား​ပြော ဆို​သည်​ကို​သင်​တို့​ယ​ခု​ကြား​ရ​ကြ​ပြီ။-
Então o sumo sacerdote rasgou sua roupa exterior. [Este era o costume deles para mostrar que ele estava horrorizado ao ouvir Jesus dizer que era igual a Deus]. Ele disse: “Ele diz ser igual a Deus! Nós certamente não precisamos/Por que devíamos procurar–– [RHQ] mais pessoas que testifiquem contra este homem!/? Escutem o que Ele acaba de dizer agora contra Deus!
66 ၆၆ အ​ဘယ်​သို့​ဆုံး​ဖြတ်​ချက်​ချ​ရ​မည်​နည်း'' ဟု​မေး​၏။ ထို​သူ​တို့​က ``ပြစ်​မှု​ထင်​ရှား​သ​ဖြင့်​သူ့​ကို​သေ​ဒဏ် ပေး​ရ​မည်'' ဟု​ဆို​ကြ​၏။
Qual é a decisão de vocês?” Responderam: “[Segundo as nossas leis], Ele é culpado e merece que nós o matemos!”
67 ၆၇ ထို​နောက်​သူ​တို့​သည်​ကိုယ်​တော်​၏​မျက်​နှာ​တော်​ကို တံ​တွေး​နှင့်​ထွေး​ကြ​၏။ ကိုယ်​တော်​ကို​လက်​သီး​နှင့် ထိုး​ကြ​၏။ အ​ချို့​သော​သူ​တို့​သည်​ပါး​တော်​ကို လက်​ဝါး​ဖြင့်​ရိုက်​ပြီး​လျှင်၊-
Então [alguns deles] cuspiram na cara dele. [Outros] bateram nele com seus punhos. Outros, [depois de terem tampado os olhos] dele, deram-lhe tapas
68 ၆၈ ``အ​ရှင်​မေ​ရှိ​ယ၊ အ​ရှင့်​အား​မည်​သူ​ရိုက်​သည်​ကို ဟော​တော်​မူ​ပါ'' ဟု​ဆို​ကြ​၏။
e disseram: “[Já que você diz que é] o Messias, revele para nós quem foi que bateu em você!”
69 ၆၉ ပေ​တ​ရု​သည်​အ​ပြင်​ဖက်​ကျောင်း​တော်​ဝင်း​အ​တွင်း ၌​ထိုင်​လျက်​နေ​စဉ်​အ​စေ​ခံ​မ​က​လေး​တစ်​ယောက် သည်​ရောက်​လာ​၍ `သင်​သည်​လည်း​ဂါလိလဲ​ပြည်​သား ယေ​ရှု​နှင့်​ပေါင်း​ဖော်​သူ​ဖြစ်​သည်'' ဟု​ဆို​၏။
Pedro estava sentado no pátio. Uma serva aproximou-se dele [e olhou para ele]. Ela disse: “Você também estava com Jesus, [aquele homem do distrito] da Galileia!”
70 ၇၀ သို့​သော်​ပေ​တ​ရု​က ``သင်​ပြော​သည့်​အ​ရာ​ကို​ငါ မ​သိ'' ဟု​လူ​အ​ပေါင်း​တို့​ရှေ့​တွင်​ငြင်း​ဆို​ပြီး လျှင်​အိမ်​တော်​ဝင်း​တံ​ခါး​ဝ​သို့​ထ​သွား​လေ​၏။-
Mas enquanto todos estavam ouvindo, ele negou esse fato. Ele disse: “Não sei de que você está falando!”
71 ၇၁ အ​ခြား​အ​စေ​ခံ​မ​က​လေး​တစ်​ယောက်​သည်​သူ့ ကို​မြင်​လျှင်​ထို​နေ​ရာ​တွင်​ရှိ​သော​သူ​တို့​အား ``ဤ သူ​သည်​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့်​ပေါင်း​ဖော် သူ​ဖြစ်​၏'' ဟု​ဆို​၏။
Então Pedro saiu para o portão do pátio. Outra [serva] o viu e disse às pessoas que estavam ali, “Este homem estava com Jesus, [o homem de] Nazaré”.
72 ၇၂ ပေ​တ​ရု​က ``ထို​သူ​ကို​ငါ​မ​သိ'' ဟု​ကျိန်​ဆို​ပြန်​၏။
Mas outra vez Pedro negou, dizendo: “Que Deus me castigue [se estou mentindo]! Eu não conheço esse homem!”
73 ၇၃ ထို​နောက်​အ​ချိန်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​အ​နီး တွင်​ရပ်​နေ​သော​သူ​များ​သည်​ပေ​တ​ရု​ထံ​လာ​၍ ``သင် သည်​အ​မှန်​ပင်​ထို​သူ​နှင့်​အ​ပေါင်း​ပါ​ဖြစ်​ကြောင်း​သင် ပြော​ပုံ​ဆို​ပုံ​အား​ဖြင့်​သိ​သာ​၏'' ဟု​ဆို​ကြ​၏။
Pouco tempo depois, as pessoas que estavam em pé ali aproximaram-se de Pedro e disseram a ele: “Certamente você é um daqueles [que acompanhavam esse homem], pois a sua maneira de falar nos indica que você [é da Galileia]”.
74 ၇၄ ပေ​တ​ရု​က ``ထို​သူ​ကို​ငါ​မ​သိ'' ဟု​ဘု​ရား​သ​ခင် ကို​တိုင်​တည်​၍​ကျိန်​ဆို​လေ​၏။ ထို​ခ​ဏ​၌​ကြက်​တွန်​လေ​၏။-
Então Pedro começou a proclamar em voz bem alta que Deus devia amaldiçoá-lo [se ele estivesse mentindo]. Ele pediu para que Deus no céu testemunhasse que ele estava dizendo a verdade e disse: “Não conheço esse homem!” Logo um galo cantou.
75 ၇၅ ထို​အ​ခါ ``ကြက်​မ​တွန်​မီ​သင်​သည်​ငါ့​ကို​မ​သိ ဟု​သုံး​ကြိမ်​မြောက်​အောင်​ငြင်း​ဆို​လိမ့်​မည်'' ဟု သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သည့်​စ​ကား​ကို ပေ​တ​ရု​သည်​ပြန်​လည်​သ​တိ​ရ​သ​ဖြင့်​အ​ပြင် သို့​ထွက်​၍​ဝမ်း​နည်း​ပက်​လက်​ငို​ကြွေး​လေ​၏။
Aí Pedro se lembrou das palavras que Jesus tinha dito [a ele]: “Antes do galo cantar, você dirá três vezes que não me conhece”. Então Pedro saiu e chorou bem alto.

< မဿဲ 26 >