< မဿဲ 26 >
1 ၁ ဤသို့ဟောပြောသွန်သင်တော်မူပြီးသောအခါ ကိုယ်တော်က၊
Og det skete, da Jesus havde fuldendt alle disse Ord, sagde han til sine Disciple:
2 ၂ ``နောက်နှစ်ရက်မျှကြာလျှင်ပသခါပွဲကျရောက် မည်ကိုသင်တို့သိကြ၏။ ထိုအခါလူသားကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်စေရန်ရန်သူ့ လက်သို့အပ်ကြလိမ့်မည်'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။
„I vide, at om to Dage er det Paaske; saa forraades Menneskesønnen til at korsfæstes.”
3 ၃ ထိုအချိန်၌ပင်ယဇ်ပုရောဟိတ်ကြီးများနှင့် ဘာသာရေးခေါင်းဆောင်များသည်ကယာဖ နာမည်ရှိသောယဇ်ပုရောဟိတ်မင်း၏ကျောင်း တော်ဝင်းအတွင်းတွင်စုရုံးလျက်နေကြ၏။-
Da forsamledes Ypperstepræsterne og Folkets Ældste i Ypperstepræstens Gaard; han hed Kajfas.
4 ၄ သူတို့သည်သခင်ယေရှုကိုတိတ်တဆိတ် ဖမ်းဆီး၍သတ်ရန်ဆွေးနွေးတိုင်ပင်ကြ၏။-
Og de raadsloge om at gribe Jesus med List og ihjelslaa ham.
5 ၅ သူတို့က ``လူတို့ရုန်းရင်းဆန်ခတ်ဖြစ်မည် ကိုစိုးရိမ်စရာရှိသဖြင့်ပွဲတော်ရက်အတွင်း ၌မဖမ်းမဆီးကြနှင့်'' ဟုဆိုကြ၏။
Men de sagde: „Ikke paa Højtiden, for at der ikke skal blive Oprør iblandt Folket.”
6 ၆ သခင်ယေရှုသည်ဗေသနိရွာတွင်အရေပြား ရောဂါစွဲကပ်ခဲ့ဖူးသူရှိမုန်၏အိမ်၌ရှိ၍ အစားအစာသုံးဆောင်လျက်နေတော်မူ သောအခါ၊-
Men da Jesus var kommen til Bethania, i Simon den spedalskes Hus,
7 ၇ အမျိုးသမီးတစ်ယောက်သည်အလွန်အဖိုး ထိုက်သည့်ဆီမွှေးကျောက်ဖြူဗူးကိုယူဆောင်၍ အထံတော်သို့လာပြီးလျှင်ထိုဆီမွှေးကို ကိုယ်တော်၏ခေါင်းတော်ထက်တွင်သွန်းလောင်း လေသည်။-
kom der en Kvinde til ham, som havde en Alabastkrukke med saare kostbar Salve, og hun udgød den paa hans Hoved, medens han sad til Bords.
8 ၈ ထိုအခြင်းအရာကိုတပည့်တော်တို့မြင်လျှင် အမျက်ထွက်၍ ``အဘယ်ကြောင့်ဤသို့ဖြုန်းတီး ပါသနည်း။-
Men da Disciplene saa det, bleve de vrede og sagde: „Hvortil denne Spilde?
9 ၉ ဤဆီမွှေးကိုငွေအမြောက်အမြားနှင့်ရောင်း ၍ဆင်းရဲသူများအားပေးကမ်းသင့်၏'' ဟု ဆိုကြသည်။
Dette kunde jo være solgt til en høj Pris og være givet til fattige.”
10 ၁၀ သခင်ယေရှုသည်ကြားသိတော်မူသော အခါ ``အဘယ်ကြောင့်ဤအမျိုးသမီးကို သင်တို့နှောင့်ယှက်ကြသနည်း။ သူပြုသော အမှုသည်လွန်စွာလျောက်ပတ်ပေ၏။-
Men da Jesus mærkede det, sagde han til dem: „Hvorfor volde I Kvinden Fortrædeligheder? Hun har jo gjort en god Gerning imod mig.
11 ၁၁ ဆင်းရဲသူများသည်သင်တို့နှင့်အမြဲရှိနေ ကြမည်။ ငါမူကားသင်တို့နှင့်အမြဲရှိနေ မည်မဟုတ်။-
Thi de fattige have I altid hos eder; men mig have I ikke altid.
12 ၁၂ ဤအမျိုးသမီးသည်ငါ့အပေါ်သို့ဆီမွှေး သွန်းလောင်းသည်မှာငါ၏ရုပ်အလောင်းကို သင်္ဂြိုဟ်ရန်ပြင်ဆင်ခြင်းပင်ဖြစ်၏။-
Thi da hun udgød denne Salve over mit Legeme, gjorde hun det for at berede mig til at begraves.
13 ၁၃ အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ သတင်းကောင်းကိုကမ္ဘာအရပ်ရပ်တွင်ကြေ ညာသောအခါ ဤအမျိုးသမီးကိုအောက်မေ့ သတိရကြစေရန် သူပြုခဲ့သောကောင်းမှု ကိုပြောကြားကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Sandelig, siger jeg eder, hvor som helst i hele Verden dette Evangelium bliver prædiket, skal ogsaa det, som hun har gjort, omtales til hendes Ihukommelse.”
14 ၁၄ ထိုနောက်တစ်ကျိပ်နှစ်ပါးအပါအဝင်ဖြစ်သော ယုဒရှကာရုတ်သည်ယဇ်ပုရောဟိတ်ကြီးများ ထံသို့သွား၍၊-
Da gik en af de tolv, han, som hed Judas Iskariot, hen til Ypperstepræsterne
15 ၁၅ ``ယေရှုကိုသင်တို့လက်သို့အကျွန်ုပ်ပေးအပ်ပါ လျှင်အကျွန်ုပ်အားငွေမည်မျှပေးမည်နည်း'' ဟု မေး၏။ ထိုသူတို့သည်လည်းသူ့အားငွေဒင်္ဂါး သုံးဆယ်ပေးကြ၏။-
og sagde: „Hvad ville I give mig, saa skal jeg forraade ham til eder?” Men de betalte ham tredive Sølvpenge.
16 ၁၆ ထိုအချိန်မှစ၍ယုဒသည်ကိုယ်တော်ကို ရန်သူ့လက်သို့အပ်ရန်အခွင့်ကောင်းကိုရှာ လျက်နေ၏။
Og fra den Stund søgte han Lejlighed til at forraade ham.
17 ၁၇ တဆေးမဲ့မုန့်ပွဲတော်ပထမနေ့၌တပည့်တော် တို့သည်သခင်ယေရှုထံတော်သို့လာ၍ ``အရှင့် အတွက်ပသခါပွဲညစာကိုအကျွန်ုပ်တို့ အဘယ်အရပ်တွင်ပြင်ဆင်ရပါမည်နည်း'' ဟု မေးလျှောက်ကြ၏။
Men paa den første Dag af de usyrede Brøds Højtid kom Disciplene til Jesus og sagde: „Hvor vil du, at vi skulle træffe Forberedelse for dig til at spise Paaskelammet?”
18 ၁၈ ကိုယ်တော်က ``မြို့ထဲသို့ဝင်၍ဤမည်သောသူထံ သို့သွား၍ဆရာတော်က `ငါ့အတွက်သတ်မှတ် ထားသည့်အချိန်ရောက်လာပြီဖြစ်၍ငါ့တပည့် များနှင့်အတူသင်၏အိမ်တွင်ပသခါပွဲကို ကျင်းပလိုသည်' ဟုမှာကြားလိုက်ကြောင်းပြော ကြလော့'' ဟုမိန့်တော်မူ၏။
Men han sagde: „Gaar ind i Staden til den og den Mand, og siger til ham: Mesteren siger: Min Time er nær; hos dig holder jeg Paaske med mine Disciple.”
19 ၁၉ တပည့်တော်တို့သည်လည်းကိုယ်တော်မိန့်တော်မူ သည်အတိုင်းလိုက်နာဆောင်ရွက်၍ပသခါပွဲ ကိုအသင့်ပြင်ကြ၏။
Og Disciplene gjorde, som Jesus befalede dem, og beredte Paaskelammet.
20 ၂၀ ညချမ်းအချိန်ရောက်သော်ကိုယ်တော်သည်တစ်ကျိပ် နှစ်ပါးတို့နှင့်အတူစားပွဲတွင်ထိုင်၍ညစာစား တော်မူ၏။-
Men da det var blevet Aften, sad han til Bords med de tolv.
21 ၂၁ ထိုအခါကိုယ်တော်က ``အမှန်အကန်သင်တို့ အားငါဆိုသည်ကား၊ သင်တို့အနက်ကတစ်စုံ တစ်ယောက်သောသူသည်ငါ့ကိုရန်သူ့လက်သို့ အပ်လိမ့်မည်'' ဟုမိန့်တော်မူ၏။-
Og medens de spiste, sagde han: „Sandelig, siger jeg eder, en af eder vil forraade mig.”
22 ၂၂ တပည့်တော်တို့သည်လွန်စွာစိတ်မချမ်းမသာဖြစ် ကြလျက် ``ထိုသူသည်အကျွန်ုပ်ပေလော'' ဟုတစ် ဦးနောက်တစ်ဦးမေးလျှောက်ကြ၏။
Og de bleve saare bedrøvede og begyndte hver især at sige til ham: „Det er dog vel ikke mig, Herre?”
23 ၂၃ ကိုယ်တော်က ``ငါနှင့်အတူဟင်းခွက်တွင်နှိုက်၍ စားသောသူသည်ငါ့ကိုရန်သူ့လက်သို့အပ် လိမ့်မည်။-
Men han svarede og sagde: „Den, som dyppede Haanden tillige med mig i Fadet, han vil forraade mig.
24 ၂၄ ကျမ်းစာလာသည်အတိုင်းလူသားသည်အသေခံ ရန်သွားရမည်။ သို့ရာတွင်လူသားကိုရန်သူလက် သို့အပ်သူသည်အမင်္ဂလာရှိ၏။ မွေးဖွားခြင်းကို မခံရလျှင်သူ့အဖို့ကောင်းသေး၏'' ဟုမိန့်တော် မူသည်။
Menneskesønnen gaar vel bort, som der er skrevet om ham; men ve det Menneske, ved hvem Menneskesønnen bliver forraadt! Det var godt for det Menneske, om han ikke var født.”
25 ၂၅ ကိုယ်တော်ကိုရန်သူ့လက်သို့အပ်မည့်သူယုဒ က ``အရှင်ဘုရား၊ ထိုသူသည်အကျွန်ုပ်ပေလော'' ဟုမေးလျှောက်လျှင်၊ ကိုယ်တော်က ``သင်ပြောသည့်အတိုင်းပင်မှန်၏'' ဟုမိန့်တော်မူ၏။
Men Judas, som forraadte ham, svarede og sagde: „Det er dog vel ikke mig, Rabbi?” Han siger til ham: „Du har sagt det.”
26 ၂၆ ကိုယ်တော်သည်တပည့်တော်တို့နှင့်အတူညစာ စားလျက်နေတော်မူစဉ်မုန့်ကိုယူ၍ကျေးဇူးတော် ကိုချီးမွမ်းတော်မူ၏။ ထိုနောက်မုန့်ကိုဖဲ့၍ ``ဤမုန့် ကားငါ၏ကိုယ်ခန္ဓာဖြစ်၏။ ယူ၍စားကြလော့'' ဟု မိန့်တော်မူပြီးလျှင်တပည့်တော်တို့အားဝေပေး တော်မူ၏။
Men medens de spiste, tog Jesus Brød, og han velsignede og brød det og gav Disciplene det og sagde: „Tager, æder; dette er mit Legeme.”
27 ၂၇ စပျစ်ရည်ခွက်ကိုလည်းယူ၍ကျေးဇူးတော်ကို ချီးမွမ်းပြီးနောက်တပည့်တော်တို့အားပေးတော် မူ၏။ ကိုယ်တော်က ``သင်တို့အားလုံးသောက်ကြ လော့။-
Og han tog en Kalk og takkede, gav dem den og sagde: „Drikker alle deraf;
28 ၂၈ ဤစပျစ်ရည်ကားဘုရားသခင်၏ပဋိညာဉ် တော်ကိုတံဆိပ်ခတ်သော၊ လူတို့အပြစ်ပြေ လွှတ်ရန်အတွက်သွန်းသောငါ၏သွေးဖြစ်၏။-
thi dette er mit Blod, Pagtens, hvilket udgydes for mange til Syndernes Forladelse.
29 ၂၉ သင်တို့အားငါဆိုသည်ကားယခုအချိန်မှ စ၍ငါ့ခမည်းတော်၏နိုင်ငံတော်တွင်သင်တို့ နှင့်အတူစပျစ်ရည်သစ်ကိုသောက်ရသည့်နေ့ မတိုင်မီငါသည်ဤစပျစ်ရည်ကိုနောက်တစ်ဖန် မသောက်တော့ပြီ'' ဟုမိန့်တော်မူ၏။
Men jeg siger eder, fra nu af skal jeg ingenlunde drikke af denne Vintræets Frugt indtil den Dag, da jeg skal drikke den ny med eder i min Faders Rige.”
30 ၃၀ ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် ဋ္ဌမ္မသီချင်းကိုဆိုပြီးနောက်သံလွင်တောင်သို့ ထွက်သွားကြ၏။
Og da de havde sunget Lovsangen, gik de ud til Oliebjerget.
31 ၃၁ ထိုနောက်သခင်ယေရှုက ``ကျမ်းစာတော်တွင် `ဘုရား သခင်သည်သိုးထိန်းကိုရိုက်သဖြင့်သိုးတို့သည် ကစဥ့်ကရဲဖြစ်ကြလိမ့်မည်' ဟုပါရှိသည်နှင့် အညီယနေ့ည၌ပင်လျှင်သင်တို့သည်ငါ့ကို စွန့်ပစ်၍ပြေးကြလိမ့်မည်။-
Da siger Jesus til dem: „I skulle alle forarges paa mig i denne Nat; thi der er skrevet: Jeg vil slaa Hyrden, og Hjordens Faar skulle adspredes.
32 ၃၂ သို့ရာတွင်ငါသည်သေခြင်းမှထမြောက် ပြီးနောက်သင်တို့အလျင်ဂါလိလဲပြည် သို့သွားနှင့်မည်'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။
Men efter at jeg er bleven oprejst, vil jeg gaa forud for eder til Galilæa.”
33 ၃၃ ပေတရုက ``အခြားသူအပေါင်းတို့သည် ကိုယ်တော်ကိုစွန့်ပစ်ကြသော်လည်းအကျွန်ုပ် သည်အဘယ်အခါမျှစွန့်ပစ်မည်မဟုတ်ပါ'' ဟုလျှောက်ထား၏။-
Men Peter svarede og sagde til ham: „Om end alle ville forarges paa dig, saa vil jeg dog aldrig forarges.”
34 ၃၄ သခင်ယေရှုက ``အမှန်အကန်သင့်အားငါဆို သည်ကား၊ ယနေ့ည၌ပင်ကြက်မတွန်မီသင် သည်ငါ့ကိုမသိဟုသုံးကြိမ်တိုင်တိုင်ငြင်းဆို လိမ့်မည်'' ဟုပေတရုအားမိန့်တော်မူ၏။
Jesus sagde til ham: „Sandelig, siger jeg dig, i denne Nat, førend Hanen galer, skal du fornægte mig tre Gange.”
35 ၃၅ ပေတရုက ``အကျွန်ုပ်သည်ကိုယ်တော်နှင့်အတူ သေပင်သေရပါစေ၊ ကိုယ်တော်ကိုမသိဟုငြင်း ဆိုမည်မဟုတ်ပါ'' ဟုလျှောက်ထား၏။ အခြား တပည့်တော်တို့သည်လည်းဤနည်းအတိုင်း လျှောက်ထားကြ၏။
Peter siger til ham: „Om jeg end skulde dø med dig, vil jeg ingenlunde fornægte dig.” Ligesaa sagde ogsaa alle Disciplene.
36 ၃၆ ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့နှင့် အတူဂေသရှေမန်နာမည်ရှိသောအရပ်သို့ ရောက်ရှိတော်မူ၏။ ကိုယ်တော်က ``ငါသည်ထို နေရာသို့သွား၍ဆုတောင်းနေစဉ်သင်တို့ ဤနေရာတွင်စောင့်နေကြလော့'' ဟုတပည့် တော်တို့အားမှာကြားတော်မူပြီးလျှင်၊-
Da kommer Jesus med dem til en Gaard, som kaldes Gethsemane, og han siger til Disciplene: „Sætter eder her, medens jeg gaar derhen og beder.”
37 ၃၇ ပေတရုနှင့်ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွားတော်မူ၏။ ကိုယ်တော်သည်စိတ်မချမ်း မသာဖြစ်တော်မူလျက်လွန်စွာသောကရောက် တော်မူသဖြင့်၊-
Og han tog Peter og Zebedæus's to Sønner med sig, og han begyndte at bedrøves og svarlig at ængstes.
38 ၃၈ ``ငါသည်သေလုအောင်စိတ်ဒုက္ခရောက်လှ၏။ သင်တို့သည်ဤနေရာတွင်ငါနှင့်အတူစောင့် နေကြလော့'' ဟုတပည့်တော်သုံးဦးအား မိန့်တော်မူ၏။-
Da siger han til dem: „Min Sjæl er dybt bedrøvet indtil Døden; bliver her og vaager med mig!”
39 ၃၉ ထိုနောက်ရှေ့သို့အနည်းငယ်ကြွတော်မူ၍မြေ ပေါ်တွင်ပျပ်ဝပ်တော်မူပြီးလျှင် ``အို အကျွန်ုပ် ၏အဖ၊ ဖြစ်နိုင်ပါကဤဒုက္ခဝေဒနာခွက်ကို အကျွန်ုပ်ထံမှလွှဲဖယ်ပေးတော်မူပါ။ သို့ရာတွင် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ပါ။ ကိုယ်တော် ၏အလိုတော်အတိုင်းသာဖြစ်စေတော်မူပါ'' ဟုဆုတောင်းတော်မူ၏။
Og han gik lidt frem, faldt paa sit Ansigt, bad og sagde: „Min Fader! er det muligt, da gaa denne Kalk mig forbi; dog ikke som jeg vil, men som du vil.”
40 ၄၀ ထိုနောက်ကိုယ်တော်သည်တပည့်တော်သုံးဦးတို့ ထံသို့ပြန်လာတော်မူရာ၊ အိပ်ပျော်လျက်နေ ကြသည်ကိုတွေ့တော်မူသဖြင့် ``သင်တို့သုံး ယောက်သည်တစ်နာရီမျှပင်စောင့်၍မနေ နိုင်ကြသလော။-
Og han kommer til Disciplene og finder dem sovende, og han siger til Peter: „Saa kunde I da ikke vaage een Time med mig!
41 ၄၁ စုံစမ်းသွေးဆောင်ခြင်းကိုခံရပ်နိုင်မည့်အကြောင်း ဆုတောင်း၍စောင့်နေကြလော့။ စိတ်ဆန္ဒရှိသော်လည်း ကိုယ်ခန္ဓာကားအားနည်း၏'' ဟုပေတရုအား မိန့်တော်မူ၏။
Vaager og beder, for at I ikke skulle falde i Fristelse! Aanden er vel redebon, men Kødet er skrøbeligt.”
42 ၄၂ ထိုနောက်ကိုယ်တော်သည်ဒုတိယအကြိမ်ကြွ သွားတော်မူပြန်၍ ``အကျွန်ုပ်၏အဖ၊ ဤဒုက္ခ ဝေဒနာခွက်ကိုအကျွန်ုပ်ထံမှလွှဲဖယ်၍ မဖြစ်ပါကကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ'' ဟုဆုတောင်းတော်မူ၏။-
Han gik atter anden Gang hen, bad og sagde: „Min Fader! hvis denne Kalk ikke kan gaa mig forbi, uden jeg drikker den, da ske din Villie!”
43 ၄၃ ကိုယ်တော်နောက်တစ်ကြိမ်ပြန်လာတော်မူသော အခါတပည့်တော်တို့သည်မျက်စိလေးလံ သဖြင့်အိပ်ပျော်လျက်နေကြသည်ကိုတွေ့ တော်မူ၏။
Og han kom og fandt dem atter sovende, thi deres Øjne vare betyngede.
44 ၄၄ ကိုယ်တော်သည်သူတို့ထံမှတစ်ဖန်ကြွသွား တော်မူပြီးလျှင်ယခင်ကမြွက်ဆိုသည် အတိုင်းတတိယအကြိမ်ဆုတောင်းတော်မူ၏။-
Og han forlod dem og gik atter hen og bad tredje Gang og sagde atter det samme Ord.
45 ၄၅ ထိုနောက်တပည့်တော်တို့ထံသို့ပြန်လာ၍ ``သင် တို့သည်အိပ်လျက်နားလျက်ပင်ရှိနေကြသေး သလော။ လူသားကိုဆိုးယုတ်သူများလက်သို့ အပ်နှံသည့်အချိန်ရောက်လာပြီ။-
Da kommer han til Disciplene og siger til dem: „Sove I fremdeles og hvile eder? Se, Timen er nær, og Menneskesønnen forraades i Synderes Hænder.
46 ၄၆ ထကြ။ ငါတို့သွားကြကုန်အံ့။ ငါ့ကိုရန်သူ့လက် သို့အပ်မည့်သူရောက်လာပြီ'' ဟုမိန့်တော်မူ၏။
Staar op, lader os gaa; se, han, som forraader mig, er nær.”
47 ၄၇ ယင်းသို့ကိုယ်တော်မိန့်တော်မူစဉ်၌ပင်လျှင် တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သူယုဒသည်တုတ်၊ ဋ္ဌားကိုင်ဆောင်သူလူအမြောက်အမြားနှင့်အတူ ရောက်ရှိလာလေသည်။ ထိုသူတို့သည်ယဇ်ပုရော ဟိတ်ကြီးများနှင့်ဘာသာရေးခေါင်းဆောင်များ ကစေလွှတ်လိုက်သူများဖြစ်၏။-
Og medens han endnu talte, se, da kom Judas, en af de tolv, og med ham en stor Skare, med Sværd og Knipler, fra Ypperstepræsterne og Folkets Ældste.
48 ၄၈ ကိုယ်တော်ကိုရန်သူ့လက်သို့အပ်နှံသူကမိမိ နှင့်လိုက်ပါလာသူတို့အား ``ငါနမ်း၍နှုတ်ဆက် သူသည်ယေရှုဖြစ်၏။ သူ့ကိုဖမ်းဆီးကြလော့'' ဟု အချက်ပေးထား၏။
Men han, som forraadte ham, havde givet dem et Tegn og sagt: „Den, som jeg kysser, ham er det; griber ham!”
49 ၄၉ ယုဒသည်ချက်ချင်းပင်ကိုယ်တော်၏ထံသို့ချဉ်းကပ် ကာ ``အရှင်ဘုရား၊ မင်္ဂလာရှိပါစေသော'' ဟုဆို ၍ကိုယ်တော်ကိုနမ်းလေ၏။
Og han traadte straks hen til Jesus og sagde: „Hil være dig, Rabbi!” og kyssede ham.
50 ၅၀ သခင်ယေရှုက ``အဆွေ၊ သင်ဆောင်ရွက်ရန်လာ သည့်ကိစ္စကိုအမြန်ဆောင်ရွက်လော့'' ဟုမိန့်တော် မူ၏။ လူတို့သည်လာ၍ကိုယ်တော်ကိုဖမ်းဆီးချုပ်ကိုင် ထားကြ၏။-
Men Jesus sagde til ham: „Ven, hvorfor kommer du her?” Da traadte de til og lagde Haand paa Jesus og grebe ham.
51 ၅၁ ထိုအခါသခင်ယေရှုနှင့်လိုက်ပါသောလူ တစ်ယောက်သည်ဋ္ဌားကိုဆွဲထုတ်ပြီးလျှင် ယဇ် ပုရောဟိတ်မင်း၏ကျွန်တစ်ယောက်ကိုခုတ်လိုက် ရာထိုသူနားရွက်ပြတ်လေ၏။-
Og se, en af dem, som vare med Jesus, rakte Haanden ud og drog sit Sværd og slog Ypperstepræstens Tjener og huggede hans Øre af.
52 ၅၂ သခင်ယေရှုက ``သင်၏ဋ္ဌားကိုဋ္ဌားအိမ်သို့ပြန်သွင်း လော့။ ဋ္ဌားကိုစွဲကိုင်သူသည်ဋ္ဌားအားဖြင့်သေကြေ ပျက်စီးရလိမ့်မည်။-
Da siger Jesus til ham: „Stik dit Sværd igen paa dets Sted; thi alle de, som tage Sværd, skulle omkomme ved Sværd.
53 ၅၃ ငါသည်ခမည်းတော်ထံမှအကူအညီတောင်းခံ လျှင်ခမည်းတော်သည်တပ်ကြီးတစ်ဆယ့်နှစ်တပ် ထက်များပြားလှသောကောင်းကင်တမန်တို့ကို ငါ့ထံသို့စေလွှတ်တော်မူမည်ကိုသင်တို့မသိ ကြသလော။-
Eller mener du, at jeg ikke kan bede min Fader, saa han nu tilskikker mig mere end tolv Legioner Engle?
54 ၅၄ သို့ရာတွင်ငါဤသို့ပြုပါမူကျမ်းစာလာသည် အတိုင်းအဘယ်သို့လျှင်ဖြစ်ပျက်တော့မည်နည်း'' ဟုမိန့်တော်မူ၏။
Hvorledes skulde da Skrifterne opfyldes, at det bør gaa saaledes til?”
55 ၅၅ ထိုနောက်ကိုယ်တော်ကလူပရိသတ်တို့အား``သင် တို့သည်ဋ္ဌားပြကိုဖမ်းသကဲ့သို့ငါ့ကိုဖမ်းရန် တုတ်များဋ္ဌားများနှင့်လာကြသလော။ ငါသည် နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင်ထိုင်၍ဟောပြော သွန်သင်နေစဉ်အခါသင်တို့သည်ငါ့ကိုမဖမ်း မဆီးခဲ့ကြ။-
I den samme Time sagde Jesus til Skarerne: „I ere gaaede ud ligesom imod en Røver med Sværd og Knipler for at fange mig. Daglig sad jeg i Helligdommen og lærte, og I grebe mig ikke.
56 ၅၆ သို့သော်ဤအမှုအရာများဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတော်တွင်ပရောဖက်များဟောကြားခဲ့ သမျှအတိုင်း အကောင်အထည်ပေါ်လာစေရန် ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။ ထိုအခါတပည့်တော်အပေါင်းတို့သည် ကိုယ်တော် ကိုစွန့်ပစ်၍ပြေးကြ၏။
Men det er alt sammen sket, for at Profeternes Skrifter skulde opfyldes.” Da forlode alle Disciplene ham og flyede.
57 ၅၇ သခင်ယေရှုကိုဖမ်းဆီးကြသောသူတို့သည် ကိုယ်တော်အားယဇ်ပုရောဟိတ်မင်းကယာဖ၏ ကျောင်းတော်သို့ခေါ်ဆောင်သွားကြ၏။ ကျမ်းတတ် ဆရာများနှင့်ဘာသာရေးခေါင်းဆောင်များသည် ထိုအရပ်တွင်စုရုံးလျက်နေကြ၏။-
Men de, som havde grebet Jesus, førte ham hen til Ypperstepræsten Kajfas, hvor de skriftkloge og de Ældste vare forsamlede.
58 ၅၈ ပေတရုသည်ခပ်လှမ်းလှမ်းကနေ၍ယဇ်ပုရော ဟိတ်မင်း၏ကျောင်းတော်ဝင်းတိုင်အောင်ကိုယ်တော် ၏နောက်ကလိုက်လာခဲ့၏။ ထိုနောက်ဝင်းထဲသို့ ဝင်၍ကိုယ်တော်၏အမှုမည်သို့အဆုံးသတ်မည် ကိုသိရှိနိုင်ရန် ယဇ်ပုရောဟိတ်မင်း၏ကိုယ်ရံတော် တပ်သားများနှင့်အတူထိုင်လျက်နေ၏။-
Men Peter fulgte ham i Frastand indtil Ypperstepræstens Gaard, og han gik indenfor og satte sig hos Svendene for at se, hvad Udgang det vilde faa.
59 ၅၉ ယဇ်ပုရောဟိတ်ကြီးများနှင့်တကွယုဒတရား လွှတ်တော်အဖွဲ့ဝင်အပေါင်းတို့သည်သခင်ယေရှု အား သေဒဏ်ပေးနိုင်ရန်မဟုတ်မမှန်သောသက်သေ ကိုရှာကြ၏။-
Men Ypperstepræsterne og hele Raadet søgte falsk Vidnesbyrd imod Jesus, for at de kunde aflive ham.
60 ၆၀ သို့ရာတွင်မတွေ့ကြ။ မုသားသက်သေကားအများ ပင်ရှိ၏။ နောက်ဆုံး၌လူနှစ်ယောက်သည်ရှေ့သို့ထွက် လာပြီးလျှင်၊-
Og de fandt intet, endskønt der traadte mange falske Vidner frem. Men til sidst traadte to frem og sagde:
61 ၆၁ ``ဤသူက `ငါသည်ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍သုံးရက်အတွင်းပြန်လည်ဆောက်နိုင်သည်' ဟုပြောဆိုပါသည်'' ဟူ၍သက်သေခံကြ၏။
„Denne har sagt: Jeg kan nedbryde Guds Tempel og bygge det op i tre Dage.”
62 ၆၂ ယဇ်ပုရောဟိတ်မင်းသည်နေရာမှထ၍ ``သင့်အား ထိုသူတို့မည်သို့စွပ်စွဲထွက်ဆိုကြပါသနည်း။ သင့်မှာမည်သို့မျှဖြေကြားစရာမရှိပါသလော'' ဟုကိုယ်တော်အားမေး၏။-
Og Ypperstepræsten stod op og sagde til ham: „Svarer du intet paa, hvad disse vidne imod dig?”
63 ၆၃ သို့ရာတွင်သခင်ယေရှုသည်ဆိတ်ဆိတ်နေတော် မူ၏။ ယဇ်ပုရောဟိတ်မင်းက ``သင်သည်ဘုရား သခင်၏သားတော်မေရှိယလော။ ငါ့အားဖြေ ကြားလော့။ အသက်ရှင်တော်မူသောဘုရား သခင်ကိုတိုင်တည်၍သင့်အားငါမေး၏'' ဟု ဆို၏။
Men Jesus tav. Og Ypperstepræsten tog til Orde og sagde til ham: „Jeg besværger dig ved den levende Gud, at du siger os, om du er Kristus, Guds Søn.”
64 ၆၄ သခင်ယေရှုက ``သင်ဆိုသည်အတိုင်းမှန်၏။ သို့ ရာတွင်သင်တို့အားငါဆိုသည်ကားနောင်အခါ တွင်လူသားသည်အနန္တတန်ခိုးရှင်၏လက်ယာ ဘက်တွင်ထိုင်လျက်နေသည်ကိုလည်းကောင်း၊ မိုး တိမ်ကိုစီး၍ကြွလာတော်မူသည်ကိုလည်းကောင်း သင်တို့မြင်ရကြလတ္တံ့'' ဟုမိန့်တော်မူ၏။
Jesus siger til ham: „Du har sagt det; dog jeg siger eder: Fra nu af skulle I se Menneskesønnen sidde ved Kraftens højre Haand og komme paa Himmelens Skyer.”
65 ၆၅ ထိုအခါယဇ်ပုရောဟိတ်မင်းသည်မိမိ၏အဝတ် ကိုဆွဲဆုတ်ပြီးလျှင် ``ထိုသူသည်ဘုရားသခင်ကို ပြစ်မှားပြောဆိုချေပြီ။ ငါတို့သက်သေများထပ်၍ မလိုတော့ပြီ။ ဘုရားသခင်အားသူပြစ်မှားပြော ဆိုသည်ကိုသင်တို့ယခုကြားရကြပြီ။-
Da sønderrev Ypperstepræsten sine Klæder og sagde: „Han har talt bespotteligt; hvad have vi længere Vidner nødig? se, nu have I hørt Bespottelsen.
66 ၆၆ အဘယ်သို့ဆုံးဖြတ်ချက်ချရမည်နည်း'' ဟုမေး၏။ ထိုသူတို့က ``ပြစ်မှုထင်ရှားသဖြင့်သူ့ကိုသေဒဏ် ပေးရမည်'' ဟုဆိုကြ၏။
Hvad tykkes eder?” Og de svarede og sagde: „Han er skyldig til Døden.”
67 ၆၇ ထိုနောက်သူတို့သည်ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးကြ၏။ ကိုယ်တော်ကိုလက်သီးနှင့် ထိုးကြ၏။ အချို့သောသူတို့သည်ပါးတော်ကို လက်ဝါးဖြင့်ရိုက်ပြီးလျှင်၊-
Da spyttede de ham i Ansigtet og gave ham Næveslag; andre sloge ham paa Kinden
68 ၆၈ ``အရှင်မေရှိယ၊ အရှင့်အားမည်သူရိုက်သည်ကို ဟောတော်မူပါ'' ဟုဆိုကြ၏။
og sagde: „Profetér os, Kristus, hvem var det, der slog dig?”
69 ၆၉ ပေတရုသည်အပြင်ဖက်ကျောင်းတော်ဝင်းအတွင်း ၌ထိုင်လျက်နေစဉ်အစေခံမကလေးတစ်ယောက် သည်ရောက်လာ၍ `သင်သည်လည်းဂါလိလဲပြည်သား ယေရှုနှင့်ပေါင်းဖော်သူဖြစ်သည်'' ဟုဆို၏။
Men Peter sad udenfor i Gaarden; og en Pige kom hen til ham og sagde: „Ogsaa du var med Jesus Galilæeren.”
70 ၇၀ သို့သော်ပေတရုက ``သင်ပြောသည့်အရာကိုငါ မသိ'' ဟုလူအပေါင်းတို့ရှေ့တွင်ငြင်းဆိုပြီး လျှင်အိမ်တော်ဝင်းတံခါးဝသို့ထသွားလေ၏။-
Men han nægtede det i alles Paahør og sagde: „Jeg forstaar ikke, hvad du siger.”
71 ၇၁ အခြားအစေခံမကလေးတစ်ယောက်သည်သူ့ ကိုမြင်လျှင်ထိုနေရာတွင်ရှိသောသူတို့အား ``ဤ သူသည်နာဇရက်မြို့သားယေရှုနှင့်ပေါင်းဖော် သူဖြစ်၏'' ဟုဆို၏။
Men da han gik ud i Portrummet, saa en anden Pige ham; og hun siger til dem, som vare der: „Denne var med Jesus af Nazareth.”
72 ၇၂ ပေတရုက ``ထိုသူကိုငါမသိ'' ဟုကျိန်ဆိုပြန်၏။
Og han nægtede det atter med en Ed: „Jeg kender ikke det Menneske.”
73 ၇၃ ထိုနောက်အချိန်အနည်းငယ်ကြာသောအခါအနီး တွင်ရပ်နေသောသူများသည်ပေတရုထံလာ၍ ``သင် သည်အမှန်ပင်ထိုသူနှင့်အပေါင်းပါဖြစ်ကြောင်းသင် ပြောပုံဆိုပုံအားဖြင့်သိသာ၏'' ဟုဆိုကြ၏။
Men lidt efter kom de, som stode der, hen og sagde til Peter: „Sandelig, ogsaa du er en af dem, dit Maal røber dig jo ogsaa.”
74 ၇၄ ပေတရုက ``ထိုသူကိုငါမသိ'' ဟုဘုရားသခင် ကိုတိုင်တည်၍ကျိန်ဆိုလေ၏။ ထိုခဏ၌ကြက်တွန်လေ၏။-
Da begyndte han at forbande sig og sværge: „Jeg kender ikke det Menneske.” Og straks galede Hanen.
75 ၇၅ ထိုအခါ ``ကြက်မတွန်မီသင်သည်ငါ့ကိုမသိ ဟုသုံးကြိမ်မြောက်အောင်ငြင်းဆိုလိမ့်မည်'' ဟု သခင်ယေရှုမိန့်တော်မူခဲ့သည့်စကားကို ပေတရုသည်ပြန်လည်သတိရသဖြင့်အပြင် သို့ထွက်၍ဝမ်းနည်းပက်လက်ငိုကြွေးလေ၏။
Og Peter kom Jesu Ord i Hu, at han havde sagt: „Førend Hanen galer, skal du fornægte mig tre Gange.” Og han gik udenfor og græd bitterligt.